Tuesday, May 24, 2011

စာမူခ

       တစ်နေ့တစ်နေ့ ရုံးက မောမော နဲ့ ပြန်လာတိုင်း (တခါတလေလည်း စိတ်ညစ် စိတ်ရှုတ်ပြီး ပြန်လာတိုင်း) အတူနေတဲ့ ချစ် friend ကြီးက ဒီ Blog မှာတင်ဖို့ စာမူတောင်းလေ့ ရှိပါတယ် (စာမူလို့ပဲ ဆိုပါတော့ဗျာ)။ ကျန်တဲ့ သူငယ်ချင်း တွေကို သူတွန်းလို့ မရတိုင်း (ဘာ Response မှကို မရသောကြောင့်) ဘယ်လိုမှ ရှောင်ပြေး လို့မရသော ကျွန်တော့်ကို သာ ပူညံ ပူညံ လုပ်လေ့ရှိ ပါသည်။ ကျွန်တော်ကတော့ သူ့ကို မင်းသား သီဟတင်စိုး နှင့် နှိုင်းလေ့ ရှိပါသည်။ သီဟတင်စိုးက တော်လှန်ရေးကားတွေ ရိုက်ရင်း အခုထိ လွတ်လပ်ရေး မရသေး သလို ကျွန်တော့် ချစ် friend ကြီးကလည်း ကျောင်းပြီးတာ ဆယ်စုနှစ် တစ်ခုကျော် ကြာခဲ့ ပြီ ဖြစ်သော်လည်း အခုချိန်ထိ ကျောင်းတော်ကြီး (သူပြောတာပဲ၊ တခြားအရာတွေလည်း ပါမည်ဟုထင်ပါသည်) ကို လွမ်းလို့ ကိုမ၀နိုင်သေးတာ ကျွန်တော့် မျက်မြင် ကိုယ်တွေ့ပါ။
          ကျွန်တော်လည်း သတိရပါသည်၊ လွမ်းမိပါသည်။ ဘ၀ရဲ့ အလွတ်လပ်ဆုံး နှင့် ပျော်စရာ အကောင်း ဆုံးအချိန်များ ကိုအကြောင်းတိုက်ဆိုင် တိုင်း သတိရမိပါသည်။ အခုတော့ ပြောဆိုနေရုံ မျှနှင့် မပြီးတော့ ပဲ Blog မှာ တင်ဖို့ အတင်း Force ပေးနေတော့ လည်း ဘာရေးရ မှန်း မသိတော့ ထင်ရာမြင်ရာ သာရေးရန် ရှိပေ တော့သည်။ ဓါတ်သိ များအကြောင်းသာ ဖွရုံ ပဲရှိ တော့သည် ဟုစိတ်ကို ပိုင်းဖြတ်ကာ ယနေ့မှ စ၍ လှော်ပေ တော့မည် ဖြစ်သည်။ မကြည်သော သူများ ရှိပါကလည်း ၎င်းတို့၏ အကြောင်းများကို Mail ပို့၍ ပြောပြ ခြင်း ဖြင့် ကူညီကြပါ လို့ တောင်းဆိုပါရစေ။
          ကျွန်တော့် ချစ် friend ကြီးနှင့် ပတ်သက်၍ အတင်းတွန်းလွန်း သဖြင့် တခါ တခါ စိတ်ညစ် မိသော်လည်း (သူလို လိုက်မလုပ်နိုင်သောကြောင့်) သူလို လူမျိုးတွေသာ ကျွန်တော် တို့ အဖွဲ့ ထဲတွင် ခပ်များများ ရှိပါက ဒီ Blog သည် အတော်ပင် ဝေစည် လာမည် ဖြစ်မှာ ကတော့  အမှန်ပါ။ ဘာပဲပြောပြော ကျွန်တော့် အတွက် စာမူခ မရသော်လည်း ထမင်းချက်ကျွေး နေသဖြင့် ဒါ စာမူခပဲဟု သာ စိတ်ကို ဇွတ်နှစ် ၍  ထင်ရာမြင်ရာ Post များကို ပဲ ရှေ့ဆက် ရေးသွား ရန်သာ ရှိပေတော့ သည်။

Posted by ငခဲ

3 comments:

  1. သူငယ်ချင်းတဦး24 May 2011 at 22:23

    Post ရေးစရာခေါင်းစဉ် စဉ်းစားလို့ မရဖြစ်နေတယ်နဲ့ တူပါတယ်။ ဒါကြောင့် ကုလားမနိုင် ရခိုင်မဲတယ်ထင်ပါတယ်။ဘာပဲရေးရေး ငခဲရေ... ငါတို့ကတော့ အမြဲအားပေးနေတယ်ကွ။

    ReplyDelete
  2. ထွန်းမြင့်ဌေး25 May 2011 at 20:12

    မင်းတို့နှစ်ယောက် ဒုတ်ခက မသေးပါ့လား..........

    ReplyDelete
  3. သူငယ်ချင်းတစ်ဦး25 May 2011 at 21:45

    ထွန်းမြင့်ဌေးရေ...
    အဲဒါ ဒုက္ခမဟုတ်ကွ။ သူတို့က မိတ္ထီလာ GTI ကျောင်းသားတွေပဲ။ ရေးရမှာပေါ့။

    ReplyDelete