Friday, September 30, 2011

Google+ ကို လူတိုင်းသုံးစွဲနိုင်ပြီ

Googleသည် ၎င်းတို့​​၏ Social Networking ဝန်​​ဆောင်မှုသစ်ဖြစ်​​သော Google+ကို အသုံး​​ပြုလိုသူ အား​​လုံး​​အတွက် ဖွင့်​​​ပေး​​လိုက်ပြီဖြစ်သည်။
စမ်းသပ်ဆဲကာလတွင် လူဦး​​​ရေအကန့်အသတ်ဖြင့်​​သာ သုံး​​စွဲခွင့်​​ပြုခဲ့​​​သော Google+သည် ယခုအခါ လူတိုင်း​​အတွက် အလွယ်တကူသုံး​​စွဲရန် ဖြစ်လာ​​တော့​​မည်ဟု နာမည်​​ကျော် အင်တာနက်ရှာ​​ဖွေ​​ရေး​​ ဝန်​​ဆောင်မှုလုပ်ငန်း​​ကြီး​​က ​​ကြေညာခဲ့​​သည်။ Googleသည် Social Networking ​​လောကတွင် မင်း​​မူ​​နေသည့်​​ Facebook ကို ယှဉ်ပြိုင်ရန် Google+ကို အသက်သွင်း​​ခဲ့​​ခြင်း​​ဖြစ်သည်။ စတင်​​ကြေညာပြီး​​ ၂ ပတ်အတွင်း​​ မိမိတို့အ​​နေနှင့်​​ သုံး​​စွဲသူ ၁၀ သန်း​​ထိ ရရှိ​​နေပြီဟု Google က ​​ကြေညာနိုင်ခဲ့​​သည်။
ထိုစဉ်ကတည်း ​​က Google+ အသုံး​​ပြုသူ အ​​ရေအတွက်ကို Googleက တရား​​ဝင်ထပ်မံ​​ကြေညာခြင်း​​ မရှိ​​တော့​​​သော်လည်း​​ ​​လေ့​​လာသူများ​​က တစ်လအတွင်း​​ ၂၅ သန်း​​မျှထိ ရှိလာပြီဟု ယူဆရ​​ကြောင်း​​ သုံး​​သပ်ခဲ့​​သည်။ သုံး​​စွဲသူဦး​​​ရေ တိုး​​ပွား​​လာ​​သော်လည်း​​ အသုံး​​ပြုသူများ​​၏ Post တင်မှုမှာ တစ်စထက်တစ်စ ကျဆင်း​​လာ​​ကြောင်း​​ ဩစ​​တြေး​​လျ အင်တာနက် သု​​တေသနဌာနတစ်ခုက သုံး​​သပ်ခဲ့​​သည်။ သို့သော် ယင်း​​​လေ့​​လာမှုတွင် လူတစ်ဦး​​ချင်း​​စီ၏ ပုဂ္ဂိုလ်​​ရေး​​ Post များ​​ကို ထည့်​​သွင်း​​တွက်ချက်မှု မရှိ​​ပေ။
ယခုအခါ Google သည် ၎င်း​​အောင်မြင်မှုကို ချဲ့ထွင်ရန် လူတိုင်း​​အတွက် Google+သုံး​​စွဲခွင့်​​ကို အတည်ပြုပေး​​လိုက်ပြီဖြစ်သည်။ Google+အရ ကွန်ပျူတာ အသုံး​​ပြုနေသူများ​​သည် Screen​​ ပေါ်ရှိ အချက်အလက်များ​​ကို မိမိ၏မိတ်​​ဆွေများ​​ထံ အလွယ်တကူမျှ​​ဝေ ​​ပေး​​ပို့နိုင်သည်။ ​​လေ့​​လာသူအများ​​စုက Facebook အ​​နေနှင့်​​ Google+ထံမှ ကြီး​​မား​​​သော စိန်​​ခေါ်မှုများ​​ကို ရင်ဆိုင်ရဖွယ်ရှိ​​ကြောင်း​​ သုံး​​သပ်ခန့်မှန်း​​ခဲ့​​ကြသည်။
Posted by မောင်စူးစမ်း(MTLA GTI)

Thursday, September 29, 2011

GTalk Portable (Black Colour) (3.52 Mb)

ဒါလေးကလည်း  စတိုင်တစ်မျိုးပေါ့ဗျာ။ အကောင့်များများရှိသူတွေ အပေါ်ကပန်းရောင်ကော အောက်က
အနက်ရောင်ပါနှစ်ခုစလုံးဖွင့်ပြီ စိတ်ကြိုက်သာချက်ကြပါတော့လို့ ပြောပါရစေ။ကဲ ဒီနေရာလေးမှာ ယူလိုက်ပါ။
Posted by မောင်စူးစမ်း(MTLA GTI)

GTalk Portable (Pink Colour) (3.57 Mb)

ကဲသုံးနေကျ ပုံစံမဟုတ်တဲ့ အလန်းလေးပါဗျာ။ပေါ့ပေါ့ပါးပါး Portable လေးမို့  စတစ်လေးထဲထည့်ယူ
သွားယုံပါဘဲ ။ ဒီနေရာမှာ ယူပါ။
Posted by မောင်စူးစမ်း(MTLA GTI)

Wednesday, September 28, 2011

အမေ့ပျောက်ခံသွေးရင်း (သို့) တောင်ဘက်အစွန်းက ဂျစ်ပစီများ

        Dr Anderson ရေးပြီး ၁၈၁၈ မှာ Walter Hamilton စာအုပ်တိုက်ကထုတ်ဝေတဲ့ The Chalomes ဆိုတဲ့ စာအုပ် ထဲမှာ ဒေါက်တာ အန်ဒါဆန်က ဆလုံဆိုတဲ့ စကားဟာ ရှေးပသျှူးတွေရဲ့ အစေခံ (ကျွန်)တွေကို သုံးနှုံးတဲ့ အသုံး လိုပြော ပါ တယ်...

        ဒါပေမဲ့ လက်ရှိဆလုံတွေနေထိုင်ပုံက ကျွန်တစ်ယောက်လို နေထိုင်နေကြတာမျိုးမဟုတ်ပါဘူး။ သူတို့ ဘာသာ စကား နဲ့ Kabang (ကဘန်း) ဆိုတဲ့ လှေအိမ်ပေါ်မှာမိသားစုလိုက် နွေးထွေးသိုက်မြိုက်စွာနေရင်း ကျွန်းတစ်ကျွန်းမှတစ်ကျွန်းဆီ အုပ်စုလိုက် လွတ်လွတ်လပ်လပ်ဘဲ လှည့်လည်ရှာဖွေစားသောက်နေကြတာပါ။

        ဒီကျွန်းမှာရေခပ်မယ်၊ ဟိုကျွန်းမှာ ငါးရှာမယ် ခရင်းခွာမယ်၊ ဟိုးနောက်တစ်ကျွန်းမှာ ထမင်းတည်စားသောက် မယ် ၊  ပြီးရင်နေ့လည်နေ့ခင်း သဲသောင်ပြင်ဖြူဖြူပေါ်တက် သစ်ပင်ရိပ်အောက်မှာ တရေးတမောနှပ်ချင်နှပ်မယ်၊ အဲ ဝါ သနာ ပါ သူတွေက ၃ပုံဖဲ-ကက်ဆွဲမယ် (ရှေးမြန်မာကက်ဖဲ) ဝါသနာပါသူဆိုလို့ ဆလုံမတွေဟာ ကက်ဆွဲတာကို အတော် ဝါသ နာ ပါကြ ပါတယ်၊ အားလုံးလိုလို ကက်ဆွဲကြတာတွေ့ရပါတယ်။

        ကျွန်းတစ်ကျွန်းမှာ ဆလုံအုပ်စုကိုတွေ့ရင် သောင်ပြင်ပေါ်က အရိပ်ကောင်းတဲ့ သစ်ပင်အောက်မှာ ဆလုံ ကက် ဆွဲ ဝိုင်းတွေကို တွေ့ရပါမယ်....ကက်ဆွဲနေတဲ့ အမေရင်ခွင်ထဲမှာနို့စိုရင်းအိပ်နေတဲ့ ကလေးတွေ၊ ဝိုင်းဘေးမှာ နှပ်တစ် ရွဲရွဲနဲ့ တဂျီ ဂျီငိုနေတဲ့ ကလေးတွေ၊ သောင်ပြင်ပူပူပေါ်မှာ ဟိုပြေးဒီလွှာလုပ်နေတဲ့ကလေးတွေ၊ လှေသစ်တစ်စီး ဒါမှမဟုတ် တစ်ခုခု ကို ခုတ်ထစ်နေတဲ့ ဆလုံယောင်္ကျားတွေ နှီးဖြာသူဖြာ၊ သဂျစ်လို့ခေါ်တဲ့ ပင်လယ်နာနတ်ရွက်တမျိုးကို အမိုးအဖြစ်ရော ရွက် အဖြစ် ပါသုံးဖို့ နှီးဖြစ်ချုပ်ထိုးနေတဲ့ ဆလုံအဖိုးကြီးအဖွားကြီးတွေ၊ တစုံတရာကို ပြောရင်းစရင်း ဟီးဟီးဟားဟားနဲ့ စကားများရင်း တစ်ယောက်ကိုတစ်ယောက် သန်းဆွဲပေးနေကြတဲ့ ဆလုံမပျိုတွေ ဒါကိုမလှမ်းမကမ်းကနေ ဆေးပေါ့လိပ်-ပွတ်ချွန်း ဖွာ ရင်း စောင်းငန်းကြည့်နေတဲ့ ဆလုံယောင်္ကျားပျိုလေးတွေ စတဲ့မြင်ကွင်း ...
         နေစောင်းရင် သားငါးရှာမယ် ခရုကောက်မယ် ထမင်းချက်စားမယ် ပြီးရင်အိပ်မယ်၊ ဒါမှမဟုတ် မအိပ်ခင် အုန်းတယော -ဗုံတိုလေးတွေတီးပြီး ဧယဉ်ကြူးသလိုလို ကွက်စိတ်ရွတ်သလိုလိုအသံနဲ့ သီချင်းဆိုမယ် ကဗျာရွတ်မယ် (ကဗျာရွတ် တယ် ဆိုပေမဲ့ ကာရန်တွေ ရစ်သမ်တွေအကြောင်း သွားမမေးနဲ့ ဘာမှမသိဘူး ပါးစပ်ထဲ ဆိုကောင်းသလို ရွတ်လိုက်တာဘဲ) စ တဲ့ မြင်ကွင်းတွေတွေဟာ ဆလုံတွေရဲ့ ဘဝကို ရိုးရိုးလေးရှင်းပြနေတဲ့ မြင်ကွင်းတွေပါ။

မွေးဖွားခြင်းနှင့် အိမ်ထောင်ထူထောင်ခြင်း

          တကယ်လို့ ကျွန်းတစ်ကျွန်းရဲ့ အရိပ်ကောင်းတဲ့ ကမ်းစပ်မှာ ဆလုံလှေတွေကျောက်ချထားမယ်၊ သောင်ပြင်ရဲ့ အ ရိပ်ကောင်းတဲ့ တနေရာမှာ လှေပေါ်က အမိုးကိုချပြီး ယာယီတဲထိုးထားမယ်၊ ယောင်္ကျားကြီးငယ်တွေက စုရုံးစုရုံးနဲ့ စ ကားပြောဝိုင်းဖွဲနေမယ်၊ မိန်းမတွေက ထမင်းတည်သူတည် စကားများသူများနေမယ် မကြာခင် ယာယီတဲအိပ်ထဲက ကလေး ငိုသံကြားမယ်ဆိုရင် အဲဒါ ဆလုံးကလေးတစ်ယောက် လောကထဲရောက်လာတဲ့ မြင်ကွင်းပါဘဲ။
          ဆလုံတွေမွေးဖွားတာ ဘာမှမထူးဆန်းပါ။ မီးဖွားမဲ့ မိန်မရယ် အကူတစ်ယောက်ရယ် (နတ်ဆရာမ) ဝမ်းဆွဲ တစ်ယောက်ရယ် ဒါဘဲလိုပါတယ်။ လက်သည်အတွက် ဘာမှပေးစရာမလိုပါ (အများအားဖြစ် လက်သည်ဟာ ဆေးဆရာ နတ်ဝင်သည် ပယောဂဆရာလည်းဖြစ်ကြပါတယ်)။ကလေးမမွေးခင် လက်သည်က တူဒါနတ်ကို ဆုတောင်း မယ် ရေမန်းတိုက်မယ်၊ ရေမွှာပေါက်ရင် အမေကိုညှစ်ခိုင်းမယ် ကလေးထွက်လာရင် နှီးကြောနဲ့ ချက်ကြိုးဖြတ် မယ် ပြီးရင် ရေထည့်ထားတဲ့ အိုးထဲထည့်ပြီးရေဆေးမယ် (ရေချို ရေငန်အရေးမကြီးပါ) ပြီးရင် အဝတ်တစ်ခုနဲ့ ပတ်လိုက်မယ်။ ဒါဆို မီးဖွားတဲ့ ကိစ္စပြီးပြီ ....တကယ်လို့ လှေပေါ်မှာမွေးရင် ကလေးကို ပင်လယ်ရေနဲ့ နှစ်ဆေးလိုက်တာဘဲ လွယ်တာကိုး ...

ဆက်ရန် ...

Credit to Mokenlay (Myanmar Cupid)
Posted by ဂျစ်တီး

iPhone 5 အောက်တိုဘာလ ၄ ရက်နေ့တွင် ထွက်ရှိမည်

 Apple ထုတ် iPhone 5 ဟာ အောက်တိုဘာလ ၄ ရက်နေ့မှာ ထွက်ရှိမယ်လို့ ကြေညာလိုက်ပါပြီ။
iPhone 5 ထွက်ရှိတော့မှာဖြစ်တဲ့အတွက် ကမ္ဘာတစ်ဝှမ်းးက Apple စတိုးတွေမှာ ကြိုတင်မှာယူထားမှုနဲ့လည်း ပြည့်နက်နေပြီ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ ခန့်မှန်းချက်အနေနဲ့ကတော့ စတင်ရောင်းချပြီး တစ်ပတ်အတွင်းမှာ ကုန်ပစ္စည်း ပြတ်လပ်မှုရှိမယ်လို့ သိရပါတယ်။ ပစ္စည်းပြတ်လပ်မှု ပြဿနာ ကိုဖြေရှင်းဖို့အတွက် Apple ဟာ Foxconn Manufacturer ကုမ္ပဏီနဲ့ ချိတ်ဆက်ထားပြီးပါပြီ။ တစ်ရက်ကို iPhone 5 အလုံးရေ တစ်သိန်းခွဲ ထုတ်လုပ်နိုင်မယ်လို့ ကတိပြုထားတဲ့ Foxconn နဲ့ စာချုပ်ချုပ်ဆိုထားပြီး ဖြစ်တဲ့အတွက် စိုးရိမ်စရာမရှိပါဘူး။
ယခင်ကလဲ Foxconn ကသာ Apple ထုတ် ကုန်ပစ္စည်းများကို ထုတ်လုပ်ပေးနေကြဖြစ်ပါတယ်။ ဒါ့အပြင် iPhone 5 ကာဗာ အတွက်လဲ Case Mate ကုမ္ပဏီမှ ထုတ်လုပ်နေပါပြီ။ ဒီ iPhone 5 ကာဗာများဟာ ဒီဇိုင်းအားဖြင့်လှပပြီး ဈေးနှုန်းသက်သက်သာသာနဲ့ ရောင်းချနိုင်အောင် ရည်ရွယ်ထားတယ်လို့ Cade Mate မှ ပြောကြားခဲ့ပါတယ်။
Ref: PCworld
Posted by မောင်စူးစမ်း(MTLA GTI)

မျိုးဆက်သစ် iPhone ကို အောက်တိုဘာ ၄ ရက်တွင် မိတ်ဆက်ဖွယ်ရှိ

Appleကုမ္ပဏီသည် ပဉ္စမမြောက် iPhoneမျိုးဆက်ကို အောက်တိုဘာ(၄)ရက်နေ့တွင် စတင်ပွဲထုတ်ဖွယ် ရှိနေကြောင်း သိရှိရသည်။ Apple၏ အမှုဆောင်ချုပ်အသစ်ဖြစ်သူ တင်မ်ကွတ်ခ်သည် ယင်းမိတ်ဆက်ပွဲကို ဦးဆောင်လိမ့်မည်ဟုလည်း All Things Digitalက ဖော်ပြခဲ့သည်။ Apple၏ အမည်ဖော်မပြသော အတွင်းလူတစ်ဦး၏အဆိုကို ကိုးကားပြီး ယခုလို သတင်းထွက်လာခြင်းဖြစ်သည်။ Appleသည် iPhone အသစ်ကို သီတင်းပတ်အနည်းငယ်အကြာတွင် မိတ်ဆက်ပြသမည်ဟု အရိပ်အမြွက် ပြောဆိုထားသည်။ iPhone 5 ဟု လက်တလော အမည်သတ်မှတ်ထားသည့် မိုဘိုင်းလ်ဖုန်းသည် ဈေးကွက်အတွင်း အပြင်းအထန် ပြိုင်ဆိုင်လာသည့် Android OSသုံး ဖုန်းများကို အသာစီးယူနိုင်မည်ဟု iPhone ပရိသတ်များက မျှော်လင့်နေသည်။ အတည်မပြုနိုင်သော သတင်းများအရ iPhone 5 ၏ ကိုယ်ထည်တည်ဆောက်ပုံသည် iPhone 4 ထက် ပိုမိုပါးလွှာနိုင်ပြီး CPU မြန်နှုန်း ပိုမိုမြင့်မားလာနိုင်ကြောင်း သိရသည်။ ထို့အပြင် iPhoneကို Hardware ပိုင်း တာဝန်ယူ ထုတ်လုပ်ပေးနေသည့် Foxconnသည် တစ်နေ့လျှင် iPhone 5 မော်ဒယ်လ် အလုံးရေ တစ်သိန်းခွဲမျှ ထုတ်လုပ်နေပြီ ဖြစ်ကြောင်းလည်း သိရှိရသည်။
Source: zdnetasia
Posted by မောင်စူးစမ်း(MTLA GTI)

Tuesday, September 27, 2011

အင်္ဂလိပ်စကားပြော ပိုကောင်းစေရန်နည်းလမ်းများ (အပိုင်း-၁)

ယနေ့ခေတ်မှာ လူတိုင်းကိုမေးလိုက်။ ဘာလုပ်နေလဲ “အင်္ဂလိပ် စပီကင် တက်နေတယ်” ဟူသည့်အဖြေကို ညံညံစီစီ ကြားနေရသည်။ အင်္ဂလိပ်စာ၏အရေးကြီးပုံကို လူတိုင်း သဘောပေါက်နေကြပြီဖြစ်သည်။ တစ်ချိန်ကလို ကျွန်လုပ်ချင်သည့်သူများအတွက် စာနှင့် စကားဟု ယိုးစွပ်သည့်ခေတ်မဟုတ်တော့ပြီ။
သူသူငှာငှာ အင်္ဂလိပ်စကားပြောတတ်ချင်ကြသည်။ အင်္ဂလိပ်လို ဒွတ်ဒက်ရွှတ်ရှက် နှင့်ပြောနေသူတစ်ယောက်ကို မြင်ရကြားရတိုင်း သူတို့လို ပြောတတ်ချင်စိတ်တွေ တဖွားဖွားပေါ်လာ တတ်ပါသည်။ ဒါကြောင့်လဲ ဟိုသင်တန်း ဒီသင်တန်းတွေကို ဈေးကြီးပေးပြီး တက်ကြပြန်သည်။ သင်တန်းတွေကလည်း သင်ပေးကြပါသည်။ ဒါပေမယ့် တကယ့်တစ်ကယ် မြို့ထဲမှာ တိုးရစ်တစ်ယောက်က ကိုယ့်ကိုအိမ်သာ ဘယ်နေရာမှာရှိသလဲလို့ လာလဲမေးရော ရင်တွေတဒိန်းဒိန်းခုန်၊ ပါးစပ်က အာစေးထည့်ထားသလို ပြောမထွက်၊ တိုးရစ်က တစ်လုံးချင်းအသံအကျယ်ကြီးထွက်ပြောတာကိုလည်း နားမလည်၊ အင်း- အဲ လုပ်ရင်း ကိုယ်ပြောချင်တာက တစ်မျိုး၊ တစ်ကယ်ညွှန်ပြလိုက်တာက တစ်ခြားနဲ့ ဧည့်သည်လဲ ရောက်ချင်ရာရောက်။ နောက်ပိုင်း သွေးအေးသွားသည့်အချိန် ပြန်စဉ်းစားလိုက်မှ ငါ ဒီလို ပြောလိုက်ရင်ရတာပဲ။ ဘာဖြစ်လို့ အဲဒီလိုပြောဖို့ သတိမရခဲ့ရတာလဲ ဟု မကျေမချမ်းနှင့် ကိုယ့်ကိုယ်ကို ပြစ်တင်ရသည့်အဖြစ်မျိုး ကြုံဖူးကြမည် ထင်ပါသည်။ မိမိတစ်ယောက်တည်း မဟုတ်ပါ။ စာသင်သားအများစုဖြစ်ပါသည်။ အင်္ဂလိပ်စကားကို သွက်သွက်လက်လက်နှင့် ကိုယ်ပြောတာကို သူများနားလည်၊ သူများပြောတာကိုလည်း ကိုယ်ကနားလည် ဖြစ်ချင်ပါက အောက်ပါနည်းလမ်းများက မိမိဆန္ဒများကို ဖြည့်ဆည်း ပေးနိုင်ပါလိမ့်မည်။ အင်္ဂလိပ်ဘာသာစကားကို ဘာကြောင့်တတ်ချင်ရတာလဲ။ အင်္ဂလိပ်စာသင်ကြားပေးနေတဲ့ ဆရာတစ်ဦးအနေနဲ့ ဒီမေးခွန်းကို သင်တန်းသား များစွာကို အကြိမ်ပေါင်းများစွာ မေးခဲ့ဖူးပါတယ်။ အများစုကတော့ အင်မတန်ယေဘုယျကျတဲ့ အဖြေကိုပဲပေးတတ်ကြပါတယ်။
”အင်္ဂလိပ်လိုပြောတတ်ချင်လို့”  ”I want to speak English.”
”အင်္ဂလိပ်စာတိုးတက်ချင်လို့”    ”I want to improve my English.”
”အင်္ဂလိပ်စာက နိုင်ငံတကာသုံးဘာသာဖြစ်လို့”  ”... because English is an international language.”
နည်းနည်းလေးတိုးတက်တဲ့ တပည့်တွေကတော့ . . .
”အလုပ်အတွက်လိုအပ်လို့”     ”I need it for my job.”
”ပညာရေးအတွက် လိုအပ်လို့”   ”I need it for my study.”

သက်တမ်းရင့်ကားဟောင်းများ အစားထိုးဝယ်ယူလိုသူများ အွန်လိုင်းမှတဆင့် ကြည့်ရှုဝယ်ယူနိုင်ပြီး မြန်မာနိုင်ငံသို့ အရောင်းတင်သွင်းပေးမည်


(နေပြည်တော်တွင် ကားအို၊ ကားဟောင်းများ လာရောက်အပ်နှံစဉ်)
ပြည်ပနိုင်ငံများရှိအွန်လိုင်းဝက်ဘ်ဆိုက်များတွင် ရောင်းချပေးလျက်ရှိသော မော်တော်ယာဉ်အသစ်များ၊ တစ်ပတ်ရစ်များအား အွန်လိုင်းတွင် စိတ်ကြိုက်ကြည့်ရှုရွေးချယ် ၀ယ်ယူနိုင်မည်ဖြစ်ကြောင်း ယင်းအား ၀န်ဆောင်မှုပေးလျက်ရှိသော DE FAMILY အွန်လိုင်းစတိုးမှ သိရသည်။
ယာဉ်သက်တမ်းကြာမြင့်သော ယာဉ်များအားအပ်နှံကာ ပြည်ပနိုင်ငံများမှ ၁၉၉၅ နှင့်အထက် မော်ဒယ်လ် မော်တော်ယာဉ်အသစ်များတင်သွင်းခွင့်အား စက်တင်ဘာ ၁၉ ရက်မှစတင် ဆောင်ရွက်ပေးလျက်ရှိပြီး ယင်းသို့လုပ်ဆောင်ရာတွင် အချိန်မပေးနိုင်သောသူများအတွက် ကားဟောင်းအပ်နှံသည့် အချိန်မှစတင်ကာ မော်တော်ယာဉ် အသစ်ရောက်ရှိချိန် နံပါတ်ထွက်ရှိသည့်အချိန်အထိ ၀န်ဆောင်မှုပေးလျက်ရှိကြောင်း DE FAMILY အွန်လိုင်းစတိုးမှ CEO  ကို Lဒေးရောင်ကပြောကြားသည်။
“အလုပ်စအပ်တဲ့နေ့မှာ စရံငွေတစ်သိန်းကို ကားပိုင်ရှင်ကပေးရပါမယ်။ အဲဒီကမှစပြီး ကားနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေစုမယ်။ ပြီးရင် က.ည.နမှာ ကားသွားအပ်မယ်။ ကားတင်သွင်းခွင့်ပါမစ် ရဖို့အတွက်စပြီး ဆောင်ရွက်ပေးမယ်။ ပါမစ်ကျလာပြီဆိုရင် ပြည်ပကမော်တော်ယာဉ်တွေကို အွန်လိုင်းကတစ်ဆင့်ကြည့်ရှုပြီး မိမိနှစ်သက်တဲ့ ဒေါ်လာ ၃,၅၀၀ တန်ဖိုး အောက်ကားတွေကို စိတ်ကြိုက်ရွေးဝယ်ယူနိုင်အောင် ၀န်ဆောင်မှုပေးပါတယ်။ အွန်လိုင်းမှာ စပြီးကားမှာယူတဲ့နေ့မှာ ကားဖိုးငွေကို အွန်နီ (Earning) ပြည်ပပို့ကုန်ရငွေတန်ဖိုး လက်ရှိပေါက်ဈေးနဲ့ တွက်ချက်ပေးချေရမှာ ဖြစ်ပါတယ်။ ကားဝက်ဘ် ဆိုက်ကတော့ www.tradecarview.com ကရှာပေးပါတယ်။ တခြားဝက်ဘ်ဆိုက်တွေက ၀ယ်ချင်ရင်လည်းရပါတယ်။ ဒီက ဆိပ်ကမ်းရောက်တဲ့အထိ ဘယ်လောက်ကျသင့်မယ်ဆိုတာတွေကိုလည်း တွက်ချက်ပေးပါတယ်။

Monday, September 26, 2011

အာဆီယံနိုင်ငံတချို့တွင် မြန်မာအစိုးရဘဏ်ခွဲများ ဖွင့်မည်

အစိုးရပိုင်ဘဏ်များဖြစ်ကြသော မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (Myanma Foreign Trade Bank)၊ မြန်မာ့ စီးပွားရေးဘဏ် (Myanma Economic Bank) နှင့် မြန်မာ့ရင်းနှီးမြုပ်နှံမှုနှင့်ကုန်သွယ်ရေးဘဏ် (Myanma Investment Commerce Bank) စသည့် ဘဏ်သုံးခုတို့သည် အာဆီယံနိုင်ငံတချို့တွင် ဘဏ်ခွဲများ ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
အစိုးရက နိုင်ငံခြားကုန်သွယ်မှု လုပ်ငန်းများတိုးချဲ့ရန်နှင့် ပြည်ပရင်းနှီးမြုပ်နှံမှုများ တိုးတက်လာရေးအတွက် အာဆီယံနိုင်ငံတချို့တွင် ဘဏ်ခွဲဖွင့်လှစ်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ်အသိုင်းအ၀န်းနှင့် နီးစပ်သူများက ပြောသည်။
“ဘဏ်ခွဲတွေဖွင့်ဖို့ ၀န်ထမ်းစိစစ်ရွေးချယ်တာတွေ လုပ်နေပြီ။ မလေးရှား၊ စင်ကာပူနဲ့ ထိုင်းမှာ ဖွင့်မယ်။ ဘဏ္ဍာနဲ့အခွန်ဝန်ကြီးဌာနက ၀န်ထမ်းတွေကိုပဲ နိုင်ငံခြားလွှတ်ပြီး ဘဏ်လုပ်ငန်းတွေ လုပ်ရမှာပါ” ဟု အမည်မဖော်လိုသော ဘဏ်အရာရှိ တဦးက ပြောသည်။
စင်ကာပူနိုင်ငံတွင် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်ခွဲ၊ မလေးရှားနိုင်ငံတွင် မြန်မာ့ ရင်းနှီးမြုပ်နှံမှုနှင့် ကုန်သွယ်ရေးဘဏ်၊ ထိုင်းနိုင်ငံတွင် မြန်မာ့စီးပွားရေးဘဏ်ခွဲများ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
စီးပွားရေးပိတ်ဆို့မှုများ ကြုံတွေ့နေရသော မြန်မာနိုင်ငံအနေနှင့် ဘဏ်လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲများ ရှိနေကြောင်း၊ မြန်မာကုမ္ပဏီအများစုသည် စင်ကာပူနိုင်ငံတွင် ဘဏ်စာရင်းများ ဖွင့်လှစ်ကာ ရောင်းဝယ်ခြင်း၊ ရင်းနှီးမြုပ်နှံခြင်းများ ပြုလုပ်နေရသဖြင့် အာဆီယံနိုင်ငံတချို့တွင် မြန်မာဘဏ်ခွဲများ ပေါ်ပေါက်လာခြင်းသည် မြန်မာစီးပွားရေး လုပ်ငန်းရှင်များအတွက် များစွာအဆင်ပြေလာမည် ဖြစ်ကြောင်း စီးပွားရေးအသိုင်းအ၀န်းက သုံးသပ်သည်။
“စင်ကာပူမှာ ဘဏ်စာရင်းဖွင့်နိုင်ဖို့ ပွဲစားခပေးပြီး လုပ်ကြရတယ်။ စီးပွားရေးပိတ်ဆို့မှု ရှိတဲ့အတွက် လုံခြုံစိတ်ချရတဲ့ စင်ကာပူ ဘဏ်တွေဆီကပဲ အရောင်းအ၀ယ်၊ အလွှဲအပြောင်း လုပ်ရတာ။ ဘာပဲပြောပြော အခုလို အစိုးရဘဏ်ခွဲတွေ စင်ကာပူတို့၊ မလေးရှားတို့၊ ထိုင်းတို့မှာ ဖွင့်ထားလိုက်ရင် မြန်မာစီးပွားရေး လုပ်ငန်းရှင်တွေအတွက် အများကြီး အားသာချက် ရှိလာမယ်။ မရှိတာထက်စာရင် ရှိတာက ကောင်းတယ်။ ဒါပေမယ့် နိုင်ငံတကာဘဏ်တွေနဲ့ အပြိုင်အဆိုင် လုပ်နိုင်ဖို့လိုတယ်” ဟု ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ အလုပ်အမှုဆောင် တဦးက ပြောသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့်နီးစပ်သော အသိုင်းအ၀န်းများမှ ထွက်ရှိလာသော သတင်းများအရ လာမည့် အောက်တိုဘာလအတွင်း ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ အပြောင်းအလဲသစ်များကို အစိုးရက လုပ်ဆောင်သွားမည်ဟု သိရသည်။
Posted by အိမ်လွမ်းသူ

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၃၃)

ဝါကျတစ်ခုမှာ ပါဝင်တဲ့အစိတ်အပိုင်းများ ဖြစ်ကြတဲ့ S, V, SC, IO, DO တို့ကို လေ့လာခဲ့ပြီးပြီ။ အောက်ပါဝါကျများကို လေ့လာကြည့်ပါ.......။
(A) 1. Thita became a good teacher. S+V+SC
.....2. Thita made a good teacher. S+V+SC
.....3. Thita made a blouse. S+V+DO
.....4. Thita made Putu a blouse. S+V+IO+DO
(B).....Experience made Thita a good teacher. S+V+DO+?
(C).....Experience made Thita efficient. S+V+DO+?
အုပ်စု (A) မှာ ပါဝင်တဲ့ဝါကျတွေဟာ ကျွန်တော်တို့ဆွေးနွေးပြီး ပုံစံတွေဖြစ်ပါတယ်။ ပထမ၀ါကျ သုံးကြောင်းမှာ အပိုင်းသုံးပိုင်စီပါရှိပြီး စတုတ္ထ၀ါကျမှာ လေးပိုင်းပါရှိတယ်။
(B) ၀ါကျကို ကြည့်ရင် (A) က ၀ါကျ (4) လိုပါပဲ.. အပိုင်းလေးပိုင်းပါနေတာကို တွေ့ရမယ်။ ဒါပေမယ့် (A) 1,2 တို့နဲ့ ပိုတူနေတာကို တွေ့ကြရတယ်။ အဓိပ္ပာယ်ကတော့ ( အတွေ့အကြုံက သီတာကို ဆရာမကောင်းတစ်ယောက် ဖြစ်သွားစေတယ် ) တဲ့။ တကယ်ကတော့ ဒီဝါကျတွေမှာပါတဲ့ ( a good teacher ) ဟာ Thita နဲ့ ဆက်စပ်နေတဲ့ Complement ချည်းပဲ ဖြစ်ပါတယ်။ (A) 1 နဲ့ 2 မှာ Thita က Subject ဖြစ်နေတော့ ( a good teacher ) ကို Subject Complement လို့ ခေါ်ရပါတယ်။ (B) မှာတော့ Thita ဟာ DO ဖြစ်နေလေတော့ ( a good teacher ) ကို Object Complement ခေါ်ရတာပါပဲ။
(C) ၀ါကျမှာ efficient ဟာ Object-Thita နဲ့ ဆက်စပ်နေတဲ့အတွက်ကြောင့် Object Complement ပဲ ဖြစ်တယ်။ ဒါပေမယ့် noun မဟုတ်တဲ့ Adj ဖြစ်နေကြောင်း တွေ့ရလိမ့်မယ်။ OC ဟာ N လည်းရ၊ Adj လည်းရတယ်လို့ မှတ်ရမှာပေါ့...။
OC နဲ့ တွဲသုံးလေ့ရှိတဲ့ V များကတော့ အထက်က (B) နဲ့ (C) ဥပမာများမှာပါတဲ့ ( ဖြစ်သွားစေတယ် ) လို့ အဓိပ္ပာယ်ရတဲ့ make, ( ခေါ်တယ် ) လို့ အဓိပ္ပာယ်ရတဲ့ call, ( ရွေးချယ်တယ် ) လို့ အဓိပ္ပာယ်ရတဲ့ elect, ( ထင်တယ် ) လို့ အဓိပ္ပာယ်ထွက်တဲ့ think, ( ယူဆတယ် ) လို့ အဓိပ္ပာယ်ရတဲ့ consider တို့လို့ Verb များပဲ ဖြစ်ကြတယ်။

Sunday, September 25, 2011

ဆဋ္ဌမအကြိမ် ကထိန်သင်္ကန်း စုပေါင်းဆပ်ကပ်လှုဒါန်းပွဲ

အချိန်။       16 October 2011 နံနက် ၁၀ နာရီမှ နေ့လည် ၂ နာရီထိ
နေရာ။        Yunan Ballroom, Fairway Club, 11 Japanese garden road, Singapore 619229
လမ်းညွှန်။   BUS No. 154ကို Boonlay Interchange (သို့) Lateside MRT မျက်နှာချင်းဆိုင်မှတ်တိုင်မှစီး၍  Yuan Ching Road ပေါ်ရှိ စတုတ္ထမြောက်မှတ်တိုင်(B21639) တွင်ဆင်းပါ။ ရှေ့သို့အနဲငယ် ဆက်လျှောက်ပါက Fairway Club သို့ ရောက်ပါမည်။
ဆက်သွယ်ရန်။   ဗုဒ္ဓဂယာ သုခါရာမကျောင်း Mhamuni Buddhuist Society--> NO.45, Corporation Rise, Taman Jurong SINGAPORE 618359
TEL-65-6777 7018 / 91852924  <---> ဒေါ်ဥမ္မာရင် ၉၁၀၇၃၃၄၂ ၊  ဦးမြင့်စိုး ၉၆၄၇၄၉၆၃ ၊ ဦးအောင်မိုးကျော်  ၉၃၃၈၆၄၈၁၊ ဦးသိန်းထွန်းအာင်  ၉၂၃၅၆၅၅၄၊  ဦးကျော်မိုးအောင်  ၉၇၈၆၈၆၆၇၊ ဒေါ်ဝင်းယုနွယ်  ၉၁၇၃၈၀၇၁၊  ဦးဝင်းနိုင်  ၉၆၈၂၅၈၄၄၁၊  ဒေါ်ဋ္ဌေးဋ္ဌေးမွန်  ၉၂၇၂၂၃၅၀၊  ဦးစိုးရီ  ၉၄၈၇၃၆၉၆၊ ဦးလှရီ  ၉၇၈၂၈၀၄၁၊  ဦးမော်စီလွင်  ၉၁၅၀၁၉၉၆၊  ဒေါ်မြင့်မြင့်မော်  ၈၁၆၃၈၁၆၅၊ ဒေါ်ခင်မျိုးမြတ်သန်း(မတူး) ၉၃၉၆၆၉၀၆
အစီအစဉ်။ နံနက်၁၀နာရီတွင် ရေစက်ချ အခန်းအနားစတင်ပါမည်။ နံနက် ၁၁ နာရီတွင် နေ့ဆွမ်း ဆက်အပ်လှုဒါန်းပါမည်။ ဧည့်ပရိတ်သတ်များကို ၁၁း၃၀နာရီမှစ၍ နေ့လည်စာကျွေးမွေးဧည့်ခံပါမည်။ 


 Posted by ထွန်းမြင့်ဌေး

Piping Handbook

Piping Handbook


ပိုက်ပြင်ပိုက်ဆက်လက်စွဲ (Piping Handbook) မြန်မာဘာသာပြန် ထွက်ပါပြီ။ စာရေးသူ ဆရာ ဦးအေးငြိမ်းထံမှာ တစ်အုပ်ကို S$20 နှင့် ၀ယ်ယူနိုင်ပါတယ်။ Soft copy လိုချင်ရင်တော့ ဒီ Blog မှာ ရှာပြီး Download  လုပ်နိုင်ပါတယ်။ Piping အလုပ်လုပ်သူတွေအတွက် တော်တော် အသုံးဝင်ပါတယ်။ သင်သာ Piping Company တစ်ခုမှာ စပြီး အလုပ် လုပ်မယ်ဆိုရင် အများကြီး အထောက်အကူ ပြုပါလိမ့်မယ်။ လက်ရှိအချိန်မှာ မြန်မာအင်ဂျင်နီယာတွေအတွက် လိုအပ်တဲ့ Piping ပညာရပ်အတွက် မြန်မာဘာသာနဲ့ရေးထားတဲ့ စာအုပ်တစ်အုပ်ဖြစ်လို့ လေ့လာဖတ်ရှူနိုင်ဖို့ သတင်းကောင်းပါးလိုက်ပါတယ်။
Posted by ထွန်းမြင့်ဌေး

မြစ်ဆုံဆည်စီမံကိန်း လေ့လာတွေ့ရှိမှုများ ပြည်သူကိုပြောပြလိုတဲ့ ဒေါက်တာထင်လှ

နယူးဒေလီ (မဇ္ဈိမ) ။        ။ မြစ်ဆုံဆည် စီမံကိန်း ကန့်ကွက်မှုများ ဖြစ်ပေါ်နေချိန် ဆည် တည်ဆောက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်များကို လေ့လာခဲ့သော ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း Biodiversity And Nature Conservation Association (BANCA) ဥက္ကဌ ဒေါက်တာထင်လှက သူ၏ လေ့လာတွေ့ရှိချက်များ ပြည်သူလူထုကို ချပြလိုကြောင်းနှင့် ပြောဆိုခွင့်ရရှိရန် အစိုးရနှင့် တရုတ် ကုမ္ပဏီကို တောင်းဆိုပေးပါရန် ပန်ကြားလိုက်သည်။

လေ့လာမှုအတွက် စီမံကိန်း ကုမ္ပဏီနှင့် သဘောတူညီမှုတွင် မည်သည့်ကိစ္စကိုမျှ ထုတ်ဖော်ခြင်းမပြုရန် သဘောတူညီ ထားသည့်အတွက် ပြောဆိုခွင့်မရခြင်းသာဖြစ်ပြီး ခွင့်ပြုချက်မရချင်း ထုတ်ဖော်ခွင့်ရမည် မဟုတ်ကြောင်း ဆိုသည်။

BANCA အဖွဲ့မှာ ဧရာဝတီမြစ်ဝှမ်း ရေအား လျှပ်စစ် စီမံကိန်းကြောင့် ပတ်ဝန်းကျင် အပေါ် သက်ရောက်မှုများနှင့် ပတ်သက်၍ ငါးလကြာ လေ့လာ ဆန်းစစ်ခဲ့သည်။ လေ့လာမှုများအတွင်း သစ်တောပျက်စီးခြင်းများ၊ သဘာဝ
တောရိုင်း တိရစ္ဆာန်များအား စည်းကမ်းမဲ့ ဖမ်းဆီးသတ်ဖြတ်၊ ရောင်းချမှုများ တွေ့ခဲ့ရသည်ဟု ပြောသည်။

စက်တင်ဘာလ ၁၇ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် ဆည်စီမံကိန်းများအလုပ်ရုံဆွေးနွေးပွဲတွင် လည်း လေ့လာခဲ့မှုများအား “သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှု” စာတမ်း
ကို တင်သွင်းခဲ့သည်။ သို့သော် ယင်းစာတမ်းမှ တွေ့ရှိမှုအားလုံး မဟုတ်ဘဲ တချို့အဝက်ကိုသာ တင်ပြခွင့်ရရှိခဲ့ခြင်း
ဟု သိရသည်။

ယင်းအပြင် စက်တင်ဘာလ ၂၃ ရက်နေ့တွင်လည်း သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီး ယင်းကိစ္စများနှင့် ပတ်သက်၍ မဇ္ဈိမသတင်းထောက် ထွန်းထွန်းက ဆက်သွယ်မေးမြန်း ထားသည်။

Saturday, September 24, 2011

ညစ်ညမ်းဝက်ဘ်ဆိုက်များမှလွဲ၍ ဘလော့ဂ်များအပါအ၀င် ၀က်ဘ်ဆိုက်များအားလုံးကို ဖွင့်ပေးလိုက်ပြီဖြစ်သော မြန်မာပြည်

ညစ်ညမ်းဝက်ဘ်ဆိုက်များမှ လွဲ၍ ဘလော့ဂ်များအပါအ၀င် ကြည့်ရှုခွင့်ပိတ်ထားသည့် ၀က်ဘ်ဆိုက်များအားလုံးကို ဖွင့်ပေးလိုက်ပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ သတင်းအချက်အလက်နှင့်နည်းပညာဌာနမှ အင်ဂျင်နီယာချုပ်က အတည်ပြုပြောကြားခဲ့သည်။
“မောင်နဲ့နှမ၊ သားနဲ့အမိ ကြည့်ဖို့မသင့်တော်တဲ့ Porn ၀က်ဘ်ဆိုက်တွေကလွဲရင် တခြားဝက်ဘ်ဆိုက်တွေ၊ ဘလော့ဂ်တွေအကုန်လုံးကို ဖွင့်ပေးလိုက်ပါပြီ။ အရင်ကပိတ်ထားတဲ့ ၀က်ဘ်ဆိုက်အရေအတွက်က ၇ သောင်းဝန်းကျင်ရှိပြီး အခုဖွင့်ပေးလိုက်တာက ၀က်ဘ်ဆိုက်ပေါင်း ၃ သောင်းကျော်လောက် ရှိတယ်။ ညစ်ညမ်းဝက်ဘ်ဆိုက်တွေဖြစ်တဲ့ Porn  ၀က်ဘ်ဆိုက် ၂ သောင်းကျော်ကိုတော့ ဆက်ပိတ်ထားပါတယ်။ ကြည့်လို့မရသေးတဲ့ ၀က်ဘ်ဆိုက်ရှိရင် လာရောက် တောင်းဆိုနိုင်ပါတယ်”ဟု အဆိုပါ တာဝန်ရှိသူက စက်တင်ဘာလ ၁၇ရက်နေ့တွင် ပြောကြားခြင်းဖြစ်သည်။
လက်ရှိတွင် ၀က်ဘ်ဆိုက်များကို Proxy ဖြင့် ကျော်ရန်မလိုဘဲ ကြည့်ခွင့်ရလာသော်လည်း အင်တာနက်မြန်နှုန်းမှာ နှေးကွေးလေးလံလျက်ရှိရာ အဆိုပါအခက်အခဲကို ဖြေရှင်းရန် အစီအစဉ်ရှိကြောင်း သိရသည်။
“အင်တာနက်မြန်နှုန်း နှေးကွေးရတဲ့ အကြောင်းရင်းကို အဖြေရှာဖို့လည်း စီစဉ်နေတယ်။ ပြည်ပ Third Party အဖွဲ့အစည်းတစ်ခုက ပညာရှင်တွေ လာရောက်ပြီးတော့ အင်တာနက်စပေးတဲ့နေရာမှာ ရှိနေတဲ့ မြန်နှုန်းနဲ့ End User ဆီ ရောက်တဲ့အခါရှိနေတဲ့ မြန်နှုန်းတွေ၊ ဘယ်လိုအကြောင်းတွေကြောင့် နှေးရတာလဲဆိုတာတွေကို သေချာလေ့လာပြီး အဖြေရှာသွားမှာဖြစ်ပါတယ်”ဟု ၎င်းကပြောကြားသည်။
လက်ရှိတွင် CNN, Reuters, YouTube, Twitter, Mizzima စသည့် ၀က်ဘ်ဆိုက်များ၊ ဘလော့ဂ်များမှာ ပိတ်ပင်ထားခြင်းမရှိတော့ဘဲ ကြည့်ရှုခွင့်ရနေကြောင်း သိရသည်။
“၀က်ဘ်ဆိုက်တွေ ဖွင့်ပေးလိုက်တာ အားလုံးအတွက်ကောင်းပါတယ်။ အင်တာနက်ဆိုတာ Tools တစ်ခုပဲဖြစ်ပြီး ကောင်းတယ်၊ ဆိုးတယ်ဆိုတာက သုံးတဲ့သူအပေါ်မှာပဲ မူတည်ပါတယ်”ဟု ကွန်ပျူတာ လုပ်ငန်းရှင်အသင်းမှ ဦးအောင်ကျော်မိုး က ပြောကြားခဲ့သည်။
“မဆီမဆိုင် အပိတ်ခံထားရတဲ့ ၀က်ဘ်ဆိုက်တွေကို ဖွင့်ပေးသင့်တာကြာပါပြီ။ အင်တာနက်သုံးတဲ့အခါ အရွယ်မရောက်သေးသူတွေ၊ မရင့်ကျက်သေးသူတွေအနေနဲ့ သတိထားသုံးသင့်ပါတယ်။ နောက်တစ်ခုက pfingo လိုမျိုး အင်တာနက်ပေါ်ကခေါ်ရတဲ့ ဖုန်းဝန်ဆောင်မှုတွေကိုလည်း တရားဝင် ခွင့်ပြုသင့်ပါတယ်။ နိုင်ငံတကာမှာလည်း တခြားဖုန်းဝန်ဆောင်မှုတွေနဲ့ အပြိုင်အဆိုင် လုပ်ကြတာပဲ။ ကိုယ့်ဝန်ဆောင်မှုကို လူတွေသုံးဖို့အတွက် တခြားဝန်ဆောင်မှုကို ပိတ်ပစ်တယ်ဆိုတာမျိုးကတော့ မလုပ်သင့်ပါဘူး” ဟုဆိပ်ကမ်းသာလမ်းရှိ ကွန်ပျူတာပစ္စည်း အရောင်းဆိုင်မှ တာဝန်ရှိသူက သုံးသပ်ခဲ့သည်။
ဝက်ဘ်ဆိုက်များကို ကြည့်ရှုခွင့်ပြုရာတွင် နိုင်ငံတော်၏ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေရန် ပြုလုပ်ဆောင်ရွက်သည့် ၀က်ဘ်ဆိုက်များ၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို  ပြိုကွဲအောင် ပြုလုပ်ဆောင်ရွက်နေသည့် ၀က်ဘ်ဆိုက်များ၊ နိုင်ငံတော်၏အကျိုးစီးပွားကိုပျက်အောင် ပြုလုပ်နေသည့် ၀က်ဘ်ဆိုက်များနှင့် ကြည့်ရှုရန်သင့်တော်မှုမရှိသည့် ညစ်ညမ်းဝက်ဘ်ဆိုက်များအပ ကျန်ဝက်ဘ်ဆိုက်များအားလုံးကို ကြည့်ရှုခွင့်ပေးလိုက်ခြင်း ဖြစ်ကြောင်းသိရှိရသည်။
Posted by အိမ်လွမ်းသူ

ဒယ်အိုးဆရာတော် တရားပွဲ

အမေ့ပျောက်ခံသွေးရင်း (သို့) တောင်ဘက်အစွန်းက ဂျစ်ပစီများ

လူဦးရေ နှင့် အုပ်စုများ

            ဆလုံတွေ ဆိုတာက ဒီကနေ့ ဒီကျွန်း မှာတောဝက် လိုက်နေတာတွေ့ရပေမဲ့ နောက်တစ်နေ့ အခြားကျွန်းမှာ ခရင်း ခွာနေတာတွ့ချင်တွေ့ရတတ်တာမျိုး၊ ပြီးတော့ နယ်နမိတ်တွေ ရေကြောင်းအပိုင်းအခြားတွေလည်း သူတို့မသိ၊ ဒီ ကနေ့ မြန် မာရေမှာတွေ့ပေမဲ့ နောက်တရက်ကျ ထိုင်းရေပိုင်နက်ထဲရောက်နေတတ်ပြန်ရော၊ နောက် ၃-၄ရက်ဆို မလေးရှားရဲ့ လန် ကာ ဝီနားမှာတွေ့ချင်တွေ့နေရပြန်တာမို့ သူတို့ရဲ့လူဦးရေဘယ်လောက် ရှိသလဲဆိုတာပြောရတာအလွန်ခက်တယ်။
(လွန်ခဲ့တဲ့ ၄-၅နှစ်က မြန်မာအစိုးရက မှတ်ပုံတင်ထုတ်ပေးတယ်၊ ထိုင်းအစိုးရကလည်း ဘုရင်ကိုယ်တိုင် မျိုးရိုး နာ မည်တွေ ပေးပြီးထိုင်းလူမျိုးအဖြစ်အသိမှတ်ပြုသလို၊ မလေးရှားကလည်း သူ့နယ်နိမိတ်အတွင်းက ဆလုံတွေကို မလေး ရှား တိုင်းရင်းသားဆိုပြီး အမှတ်အသားတွေ လုပ်တယ်။ ဆိုလိုတာက ဆလုံတွေရဲ့ နယ်မြေကို သူတို့ဆန္ဒမပါဘဲ ခွဲခြားလိုက်တာပေါ့။ ဒီလိုလုပ်လိုက်တဲ့ အကျိုးဆက်ကနေ အဖေဖြစ်သူက မြန်မာရေမှာ မြန်မာမှတ်ပုံတင်ကိုင် သားဖြစ်သူ ထိုင်းမှတ်ပုံတင်နဲ့ ထိုင်းလူမျိုးဖြစ် အဲသလို အဓ္ဓမ ခွဲခြားတာကို ခံလိုက်ရသလို ဖြစ်သွားတာပေါ့ )...
              ဒီတော့ဘာဖြစ်သလဲ မှတ်ပုံတင်ကို လှေခေါင်မိုးမှာထိုးပြီး ဆလုံတွေ သွားချင်ရာသွားနေတာဘဲ၊ ရေတပ်က တခါ တလေပါးနားရိုက်ပြီး မင်းတို့ နောက်တခါ ထိုင်းရေထဲသွားရင် ပစ်မြုတ်မယ်လို့ ခြိမ်းချောက်တာကို မျက်နှာငယ်လေး နဲ့ ပြန်ကြည့်ပြီး၊ ကြောက်ပါဘီ ဆရာရယ် ကျွန်တော်နောက်မသွားတော့ပါဘူး ဆိုပြီး နောက်ဆို ရင် ရေတပ်သင်္ဘောတွေ ကိုရှောင်ပြီး ကျွန်းကြိုကျွန်းကြားက သွားမြဲတိုင်းသွားတာဘဲ...
               ဥပမာ- လာတာ (Lata) လို့ သူတို့ခေါ်တဲ့ ထိုင်းတွေရဲ့ ကော့ဆူရင်း( ရှမ်းကျွန်းမဲ ) - Surin Marine National Park ဟာ ဂျာဒက်လို့ ဆလုံတွေခေါ်တဲ့ မြန်မာ့တောင်ဘက်စွန်း ရေတပ်စခန်းတည်ရှိရာ ဇာဒက်ကြီးကျွန်း-St.Mattew   နဲ့ က နီးနီးလေးရယ်၊ လှမ်းကြည့်ရင်တောင် မြင်နေရတာမို့ ဒီကျွန်းကြီး ၂ကျွန်းမှာ အခြေချတဲ့ ဆလုံတွေက သွားလိုက် လာ လိုက်ပေါ့။ နှစ်နိုင်ငံရေပိုင်နက်ဆိုတာ သူတို့အတွက်ဘယ်လိုမှ မသက်ရောက်ပါဘူး၊ ၂ဘက် ရေတပ်သားတွေရဲ့ မူးမူးနဲ့ တခါ တလေ ပါးအရိုက်ခံရတာ၊ ဆောင့်အကန်ခံရတာ တို့ကလွဲရင်ပေါ့။ ဒီတော့ လူဦးရေ ဘယ်လောက် လဲဆို တာ ပြောဖို့ အရမ်း ခက်တယ်။
             စည်းစနစ်အရမ်းကျတဲ့ ဗြိတိသျှတွေကတော့ Boy Scouts တို့ Girl Guides တို့သုံးပြီး အတတ်နိုင်ဆုံး ဆလုံ လူ ဦးရေကိုရအောင်လုပ်ခဲ့ဖူးတယ် ၁၉၁၁လောက်မှာပေါ့။ အဲဒီဆလုံသန်းခေါင်စာရင်းအရ တစ်ထောင်ရှစ်ရာ ကိုးဆယ့် သုံးယောက် ရှိတယ်လို့ဆိုပါတယ်။ ကျား-၉၆၄ယောက်နဲ့ မ-၉၂၅ယောက်ရှိခဲ့သတဲ့။ ဒီအရေအတွက်ဟာ ထားဝယ် ကျွန်း ကနေ ကော့သောင်းအထိ ဧရိယာမှာပါ။ ထိုင်းနဲ့ မလေးဘက်မှာရှိတဲ့ ဆလုံတွေ မပါသေးပါဘူး။ဒီသန်းခေါင်စာရင်းဟာ ဆလုံ တစ်ယောက်ကို ၂ခါရေတွက်မိတာတို့ လူမရောက်တဲ့ ကျွန်းကြိုကျွန်းကြားမှာ ရောက်နေတဲ့ ဆလုံလှေတွေကို မရေ တွက် မိ တာတို့လည်းရှိနိုင်ပါတယ်။
             Walter Graninge White ကတော့ ညောင်းမှိုင်း (Elphinstone island)၊ ဒုံး (Ross island)၊ ကတန် (King island)၊ ပဉ္စဘု (Bentik island)၊ နဲ့ လက်စွက်အော် (Domel island) ကျွန်းတစ်ဝိုက်မှာတင် သူဖာသာသူ စာရင်းကောက်ယူတာ အနည်းဆုံး ဆလုံ၂၅ဝဝ လောက်ရှိတာ တွေ့တယ်လို့ ဆိုပါတယ်၊ သူ့ကဆက်ပြီး ဇာဒက်ကျွန်းအုပ်စုဟာ ပိုကြီးတဲ့ ဆလုံအုပ်စုဖြစ်လို့ ဒုံးအုပ်စုထက်ပိုများမယ်လို့ ယူဆခဲ့တယ်။ ဒီတော့ မြိတ်ကျွန်းစုမှာ ဆလုံ ၅ဝဝဝလောက်ရှိတယ်လို့ သာမန်ကောက်ချက်ချနိုင်ပါတယ်၊ ဒါက ၁၉၁၁ခုနှစ်ကပေါ့နော် ...
             ဒါပေမဲ့ နှစ်ပေါင်း ၉ဝကြာ ၂ဝဝ၁ခုနှစ်မှာ ဆလုံစုစုပေါင်း ၁ဝဝဝတောင် မပြည့်ချင်တော့တာ အံ့သြ ဘွယ်တွေ့ရ တယ်။ လူဦးရေဆိုတာ ကြာလေများလာလေမဟုတ်လား၊ ပြီးတော့ မြစ်ဝကျွန်း၊ ရန်ကုန်နဲ့ ပဲခူးနယ်က မွန်တွေ ပျောက် ကွယ် သွားသလို၊ တကောင်းကနေ ပြည်အထိကျယ်ပြန့်တဲ့ ဒေသကြီးက ပျူတွေပျောက်သွားသလို၊ လူမျိုးအချင်းချင်း အမြိုခံလိုက် ရတဲ့ ပုံစံလည်း မတွေ့ရဘဲနဲ့ ဘာလို့ဆလုံတွေ ပျောက်ကုန်တာလည်း။
         
၂ဝဝ၁ မှာ ဒေါက်တာဂျက်အီဗာနော့ရဲ့ လေ့လာချက်အရ

   >>> ညောင်ဝီမှာ လှေ ၁၁စင်း နဲ့ အခြေတကျအိမ်ဆောက်နေတာမတွေ့ရဘူး (၂ဝဝ၆ မှာကျွန်တော်တွေ့ရတာ လှေ ၆စီးနဲ့ အိမ်ဆောက်နေတဲ့ ဆလုံတွေပဲတွေ့ရတော့တယ်)
  >>>  ဂျာလန်းမှာ လှေ ၂၉စင်းနဲ့ အခြေတကျအိမ်ဆောက်နေတာမရှိ (အဲဒါတော့ကျွန်တော်မသိဘူး လမ်းကြောင်း မ သင့်တော့ ဂျာလန်းကို ကျွန်တော်မရောက်ခဲ့ရဘူး၊ ပြီးတော့ ဂျာလန်းကျွန်းမှာ အမြှောက်တပ်ထိုင်ထားတာ ဒီပြင် သစ်ဒေါက် တာဘယ်လိုလုပ်ဝင်သွားသလဲ ကျွန်တော်မစဉ်းစားတတ်)
   >>> မကြုံဂလက်မှာ လှေ၂၅စင်း နဲ့ အိမ်ခြေ၅ဝတွေ့ရတယ် (လှေတွေနည်းသွားပေမဲ့ အိမ်တွေအများကြီး ကျွန်တော်တွေ့ ခဲ့ရပါတယ်)
   >>> ဇာဒက်ကြီးမှာ လှေ၃ဝနဲ့ အိမ်၇ဝ (ကျွန်တော်မရောက်ပါ)
   >>> ဆူရင်း မှာ လှေ၁၂စင်း နဲ့ အိမ်၂ဝ (အခု လှေ၂၉စင်းနဲ့ အိမ်တွေ ၄ဝလောက်တွေ့ရတယ်၊ ဆူနာမီဖြစ်ပြီးတဲ့နောက်မှာ အကူညီတွေရတာကြောင့် ဆူရင်းကဆလုံတွေ ပိုအဆင်ပြေနေသလိုဘဲ၊ ဒီတော့ ဇာဒက်က သူတို့ဆွေမျိုးတွေကို သွားခေါ်လာသလားမသိ)
   >>> လငန်းမှာ လှေ၁၅စင်းနဲ့ အိမ်၁၅လုံး (လှေ၁ဝစင်းနဲ့ အိမ်၁၈လုံးတွေခဲ့ရတယ်)
   >>> ပဉ္စဘု နဲ့ မီးစိမ်းမှာ လှေ၁ဝစင်း (ကျွန်တော် ၈စင်းတွေ့ခဲ့ရတယ်)
   >>> ညောင်မှိုင်းမှာ လှေ၂၁စင်းနဲ့ အိမ် ၃ဝ ဒါပေမဲ့ လှေတွေက ဆလုံပုံစံထက် မြန်မာလှေပုံစံပိုများတယ်
   >>> ဒုံမှာက ရွာ ၂ရွာ၊ ဆလုံ၃ဝဝလောက်ရှိမယ်၊ လှေက၁၅စင်းနဲ့ အိမ်ကအလုံး၅ဝ (ဗမာ နဲ့ ကရင်အိမ်တွေနဲ့ရောနေတော့ ကျွန်တော်မခွဲတတ်ဘူး) ....

ဆလုံအုပ်စုများ နှင့် ဘာသာစကား

ယေဘူယျအနေနဲ့ မြိတ်ကျွန်းစုထဲက ဆလုံတွေကို အုပ်စုသုံးစု ခွဲလို့ရပါတယ်။

   ၁) ဒုံးအုပ်စု - ဒုံး (Ross island)၊ ညောင်မှိုင်း (Elphinstone island)၊ မီးစိမ်း (Lioyds island) နှင့် ပဉ္စဘု (Bentik island) ...
    ၂) လန်းပိအုပ်စု - လငန်း (The sisters islands)၊ လန်းပိ (Lampi island)၊ မကြုံဂလက် (Pulu Nala island)၊ ညောင်ဝီ(Pulu Bada)၊ ကျွန်းဖီလာ(Gt.Swinton island)၊ ဂျာလန်း(Lough Brough island) ...
    ၃) ဇာဒက်ကြီးအုပ်စု - ဇာဒက်ကြီး (St.Mattew island)၊ ဇာဒက်ကလေး (St.Luke island)၊ သံကျွန်း (Davis island)၊ ဆူရင်း (Surin island of Thailand)

            ဆိုပြီးတော့ ဖြစ်ပါတယ်။ အုပ်စုခွဲတာ ဦးဆောင်သူကွဲလို့သာ ခွဲနိုင်တာဖြစ်ပြီး အနေအထိုင်၊ အစားအသောက်၊ အလေ့အထနဲ့ ဘာသာစကား ပြောင်းလဲမှုသိပ်မတွေ့ရပါ၊ ဒါပေမဲ့ ဒုံးအုပ်စုနဲ့ ဇာဒက်အုပ်စု စကားပြောတာ နည်းနည်းပါးပါး ကွဲပြားနေတာရှိတယ်လို့ ဆလုံဘာသာစကားကျွမ်းကျင်သူတွေက ဆိုပါတယ်၊ လေသံဝဲတာရှိသလို အခိျု့လုံးဝမတူတဲ့ အခေါ်ဝေါ်တွေလည်းရှိသတဲ့။ ဆလုံတွေစကားရဲ့ ၄ဝရာနုန်းက ပသျှူး(မလေး) စကားပါ -မလေးရှေးဟောင်းစကားဆိုပါတော့။ ဘာသာစကားလေ့လာသူတွေစကားအရ ဟိုး ကမ္ဘောဒီယားနဲ့ ဗီယက်နာမ်တောင်ပိုင်းမှာ တခါက ထွန်းကားခဲ့ဖူးတဲ့ ဃ့ောစေ နိုင်ငံကြီးမှာ ပြောတဲ့ စကားလို့ ဆိုကြပါတယ်...
            ကျွန်တော်သတိထားမိတာကတော့ ဒုံးအုပ်စုမှာ ထိုင်းစကားတတ်တဲ့ ဆလုံတွေအရမ်းနည်းပြီး၊ ဇဒက်ကြီးအုပ်စုက ဆလုံတွေမှာကတော့ ထိုင်းစကားပြောတတ်သူ အတော်များပါတယ်။ အဲဒုံးအုပ်စုနဲ့ လန်းပိအုပ်စုမှာ ပသျှူးစကား (မလေးစကား)တတ်တဲ့ ဆလုံတွေအတော်များများ တွေ့ရပါတယ်။

ဆက်ရန်......

Credit to Mokenlay (Myanmar Cupid)
Posted by ဂျစ်တီး

Friday, September 23, 2011

အားကစားဂျာနယ်ဖတ်ရှုနိုင်ရန်

ခုတလော Eleven Media Group မှတဆင့် အပတ်စဉ်ထုတ်ဝေလျက်ရှိသော First Eleven နှင့် Premier Eleven အားကစားဂျာနယ်(၂)စောင်ကို Internet မှတဆင့် ဖတ်ရှုရတာ အခက်အခဲရှိနေတာကို ဘောလုံးဝါသနာရှင် သူငယ်ချင်းတို့လဲ သိကြမှာပါ။ ကျွန်တော်လက်လှမ်းမှီသလောက် ရှာဖွေထားတဲ့ ဂျာနယ် Link တွေကို သူငယ်ချင်းတို့အတွက် မျှဝေပေးလိုက်ပါတယ်။

Premier Eleven Vol-9 No-4 (New)

First Eleven Vol-12 No-16 (New)

First Eleven Vol-12 No-15 

Premier Eleven Vol-9 No-3



Posted by ဝတီ

လီကွမ်ယုတိုက်တွန်းမူအပေါ် တုံပြန်ချက်

စင်္ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယု၏ ပါရဂူဘွဲ့ရရှိရန် ကြိုးစားနေသည့် ခေတ်ပညာတတ် အမျိုးသမီးများအပေါ် ထားရှိသောသဘောထားကို အမျိုးသမီးအဖွဲ့အစည်းများမှ ဝေဖန်ပြစ်တင်လိုက်သည်။
လွန်ခဲ့သည့်အပတ်က နန်ယန်တက္ကသိုလ်တွင် ပြုလုပ်သည့်ဆွေးနွေးပွဲတစ်ခုအတွင်း ပါရဂူဘွဲ့ယူရန် ကြိုးပမ်းနေသည့် ကျောင်းသူတစ်ဦးမှ စင်္ကာပူနိုင်ငံအတွင်းသို့ နိုင်ငံခြားသားဝင်ရောက်လာမှုနှင့် ပတ်သက်၍သောမေးခွန်းကို ဖြေကြားရာတွင် “ ပါရဂူဘွဲ့ယူဖို့ အချိန်ဖြုန်းမနေနဲ့ အိမ်ထောင်ပြုဖို့ ကြိုးစားပါ၊ မိသားစုဘ၀က သင့်ရဲ့ပါရဂူဘွဲ့ထက် အရေးပါတယ်၊ ကျွန်တော်မျှော်လင့်တာက ပါရဂူဘွဲ့လည်းရ၊ အိမ်ထောင်ဖက်လည်းရဖို့ မျှော်လင့်ပါတယ်” ဟု ဖြေကြားခဲ့သည်။
(ထိုမေးမြန်းချက်ကို စင်္ကာပူနိုင်ငံရဲ့ ဒုက္ခ ဆောင်ပါးတွင်ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။)
လီကွမ်ယု၏ မှတ်ချက်နှင့်စပ်လျဉ်း၍ (Association of women for Action and Research -Aware) မှ ဥက္ကဌ နီကိုးတန်မှ လီကွန်ယု၏မှတ်ချက်ကို ငြင်းချက်ထုတ်လိုက်ပြီး၊ လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်နှင့်အားကစားဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ် ယာကို့ Yacob မှ ကြေငြာချက်ထုတ်ပြန်ကာ တုံ့ပြန်ခဲ့သည်။ စင်္ကာပူနိုင်ငံသည် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုတိုက်ဖျက်ရေး Cedaw ကို လက်မှတ်ရေးထိုးထားသည့် နိုင်ငံဖြစ်သည်။
“ကျားမတန်းတူမှုဟာ စင်္ကာပူရဲ့လူမှုစီးပွားရေးဖွံ့ဖြိုးမှုမှာ အဓိကအရေးပါတယ်။ ကျားမခွဲခြားမှုအပေါ် အခြေမခံတဲ့တစ်ဦးချင်း၏ အရေးပါမှုကိုချဲ့ထွင်ပြီး ဦးစားပေးထားရမည်” ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
“စင်္ကာပူရဲ့စီးပွားရေးဖွံ့ဖြိုးမှုကို ထိန်းထားဖို့အတွက် တစ်နှစ်ကို နိုင်ငံခြားသားအလုပ်သမား ခြောက်သောင်းလိုတယ်။ နိုင်ငံခြားသားအလုပ်သမားဦးရေကို လျော့ချဖို့အတွက် စင်္ကာပူမိသားစုတစု ကလေးမွေးနှုန်းက (၁ ဒသမ ၈) သို့မဟုတ် (၂ ဒသမ ၁) ရှိဖို့လိုတယ်” ဟု နိုင်ငံခြားသား အလုပ်သမား ၀င်ရောက်မှုနှင့် ပတ်သတ်၍ လီကွမ်ယုက မှတ်ချက်ပေးခဲ့သည်။   
Aware ဥက္ကဌ နီကိုးတန်မှ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုတိုက်ဖျက်ရေး Cedaw ကို လက်မှတ် ရေးထိုးထားသည့် နိုင်ငံအနေဖြင့် “ ရှေးရိုးစွဲကိုအခြေခံတဲ့ အမျိုးသား၊ အမျိုးသမီးဆိုတဲ့ အယူအဆကို စင်္ကာပူရဲ့ လူမှုရေးနဲ့ယဉ်ကျေးမှုနယ်ပယ်မှာ သင့်လျှော်သလို ထိန်းညှိဖို့ အစိုးရမှာတာဝန်ရှိကြောင်း” ပြောဆိုခဲ့သည်။ “ လီကွမ်ယုလို သြဇာတိက္ကမကြီးတဲ့ပုဂ္ဂိုလ်က ဒီလိုမှတ်ချက်မျိုးပေးတာ လူမှုရေးပြောင်းလဲမှု ဖြစ်စဉ်မှာ အရေးပါတယ်။ သူ့ရဲ့မှတ်ချက်က အမျိုးသမီးဆိုတာ အိမ်ထောင်မှု အလုပ်လုပ်ဖို့ နဲ့ အမျိုးသားရဲ့တာဝန်က အိမ်ထောင်စုကို ပံ့ပိုးဖို့ဖြစ်တယ်ဆိုတဲ့ ရှေးရိုးစွဲဟာ ဒီနေ့လူမှုအဆင့်အတန်းကို လိုက်မီအောင် ကြိုးစားနေတဲ့ မိသားစုတွေကို အထင်သေးရာရောက်ကြောင်း” ထောက်ပြပြောဆိုခဲ့သည်။
Posted by အိမ်လွမ်းသူ

မြန်မာအပါအ၀င် နိုင်ငံပေါင်း ၁၅ နိုင်ငံကို အင်ဒိုနီးရှားက ဗီဇာကင်းလွတ်ခွင့်ပြု

မြန်မာနိုင်ငံအပါအ၀င် နိုင်ငံပေါင်း (၁၅) နိုင်ငံမှ လာရောက်သူများအား အင်ဒိုနီးရှားနိုင်ငံက ဗီဇာကင်းလွတ်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တစ်ရပ်အရ သိရှိရပါသည်။
ယင်းသို့ ဗီဇာကင်းလွတ်ခွင့်ပြုလိုက်သည့် နိုင်ငံများမှာ မြန်မာ၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ ချီလီ၊ အီကွေ ဒေါ၊ ဟောင်ကောင်၊ လာအို၊ မကာအို၊ မလေးရှား၊ မော်ရိုကို၊ ပီရူး၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့ ဖြစ်ကြောင်း သိရသည်။
အဆိုပါနိုင်ငံများသည် ဗီဇာမလိုအပ်ဘဲ အင်ဒိုနီးရှားနိုင်ငံတွင်း ရက် (၃၀) ကြာနေထိုင်ခွင့်ရှိသည်ဟု  စင်ကာပူနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးက ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်ထားသည်။
အင်ဒိုနီးရှားနိုင်ငံသည် အာဆီယံအဖွဲ့အစည်း၏ဥက္ကဋ္ဌအဖြစ် ယခုနှစ်တွင် ဆောင်ရွက်နေပြီး၊ အာဆီယံအဖွဲ့အစည်းက နှစ်စဉ်ကျင်းပလေ့ရှိသော ထိပ်သီးဆွေးနွေးပွဲနှင့် အစည်းအဝေးများကိုလည်း လက်ခံကျင်းပလျက်ရှိသည်။
အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ယခုနှစ်တွင် လက်ခံကျင်းပရသော အစည်းအဝေးများ၊ ဆွေးနွေးပွဲများ၊ ပြပွဲများသို့ လာရောက်သူများလည်း များပြားခဲ့ကာ ကျန်ရှိနေသေးသည့် အခမ်းအနားများသို့လည်း တက်ရောက်သူ ပိုမိုနိုင်သည်ဟု အင်ဒိုနီးရှားနိုင်ငံ Antara News က ထုတ်ပြန်ထားသည်။
(၁၉)ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများကို အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် နိုဝင်ဘာလ၌ ပြုလုပ်မည်ဖြစ်သည်။ နိုဝင်ဘာလအတွင်းတွင်ပင် (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်)ကိုလည်း ကျင်းပမည်ဖြစ်ရာ ဒေသတွင်းနိုင်ငံများမှ နိုင်ငံသားများရောက်ရှိမှု ပိုမိုလာနိုင်သည်ဟု သိရှိရသည်။
အာဆီယံအတွင်းရေးမှူးချုပ် ရုံးတည်ရှိသည့်အတွက်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အစိုးရအရာရှိများ လာရောက်မှုများမှာ ယခင်ကတည်းက ရှိနေသည်။
၂၀၁၁ ခုနှစ် မတ်လအတွင်း  အာဆီယံဒေသတွင်း နိုင်ငံများမှ ခရီးသွားဦးရေ ၂၁၀၀၀၀ ကျော် အင်ဒိုနီးရှားနိုင်ငံသို့ ၀င်ရောက်ခဲ့ကာ စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနိုင်ငံတို့ အဓိက ပါဝင်ခဲ့သည်ဟု သိရှိရသည်။ အင်ဒိုနီးရှားနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအနက် ခရီးသွားများပြားသော အနေအထားဖြင့်ရပ်တည်နေပြီး ဘာလီကျွန်းမှာလည်း အာရှ၏ကျော်ကြားသော ခရီးသွားဒေသတစ်ခုလည်း ဖြစ်နေသည်။
မြန်မာနိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက်ပါကလည်း ဗီဇာကြိုတင် လျှောက်ထားရန် မလိုအပ်ဘဲ ဆိုက်ရောက်ဗီဇာဖြင့် ၀င်ရောက်ခွင့်ရရှိထားသည်။
Posted by အိမ်လွမ်းသူ

Thursday, September 22, 2011

နိုင်ငံခြားငွေ တရားဝင်ကိုင်ဆောင်ရောင်းဝယ်ဖောက်ကားခွင့် မြန်မာနိုင်ငံပြည်တွင်းဘဏ် (၆) ခုရရှိ

နိုင်ငံခြားငွေ တရားဝင်လဲလှယ်ရေးကောင်တာအား ဖွင့်လှစ်ရန် နေ့ရောညပါ ပြင်ဆင်နေပုံကို စက်တင်ဘာလ ၂၁ ရက်နေ့ ညပိုင်းကတွေ့ရစဉ်
နိုင်ငံခြားငွေကို ပြည်တွင်း၌ တရားဝင်ကိုင်ဆောင် ရောင်းဝယ်ဖောက်ကားခွင့်အား ဘဏ် ၆ ခုမှ ရရှိထားကြောင်းနှင့် ဗဟိုဘဏ်မှ သတ်မှတ်သည့် ငွေလဲနှုန်းဖြင့် နိုင်ငံခြားငွေ တရားဝင်လဲလှယ်ရောင်းဝယ်ရေး ကောင်တာအား ရန်ကုန်တွင် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က ပြောကြားခဲ့ပါသည်။
နိုင်ငံခြားငွေ တရားဝင်ကိုင်ဆောင်ခွင့် ရောင်းဝယ်ဖောက်ကားခွင့် ရရှိသည့် ဘဏ်များမှာ မြ၀တီဘဏ်၊ အင်းဝဘဏ်၊ စီဘီဘဏ်၊ ကမ္ဘောဇဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်နှင့် မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုးရေးဘဏ်တို့ ဖြစ်ကြောင်း ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က ပြောပြခဲ့သည်။
နိုင်ငံခြားငွေ တရားဝင်ကိုင်ဆောင် ရောင်းဝယ်ခွင့်ရသည့်ဘဏ်များအနေဖြင့် နိုင်ငံခြားငွေသုံးမျိုးနှင့် FEC တစ်မျိုး စုစုပေါင်းလေးမျိုးကို ရောင်းဝယ်လဲလှယ်ဖောက်ကား ခွင့်ပြုထားကြောင်း၊ စက်တင်ဘာလ ကုန်နှင့် အောက်တိုဘာလဆန်း ၀န်းကျင်ကာလတွင် အစောဆုံးဖွင့်လှစ်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။   
''မြ၀တီ၊ အင်းဝ၊ စီဘီ၊ ကမ္ဘောဇ၊ မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုးရေးဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ် အားလုံး ဘဏ်ခြောက်ခုက နိုင်ငံခြားငွေတရားဝင် ကိုင်ဆောင်ရောင်းဝယ်ဖောက်ကားခွင့် ရရှိထားပါပြီ။ ဖွင့်မယ့် နေရာက သိမ်ဖြူလမ်း အောက်ဘလောက်က အရင်နိုင်ငံခြားငွေလဲလှယ်ရေးကောင်တာနေရာမှာ ဖွင့်ပါမယ်။ ဘဏ်ခြောက်ဘဏ်စလုံး ပေါင်းဖွင့်မယ်။ ကိုင်ဆောင်လဲလှယ်ခွင့်ရတဲ့ နိုင်ငံခြားငွေက အမေရိကန်ဒေါ်လာ၊ စင်ကာပူဒေါ်လာနဲ့ ယူရိုငွေကြေးတွေ ဖြစ်တယ်။ ဒါ့အပြင် FEC ကိုလည်း လဲလှယ်ခွင့် ရရှိပါတယ်။ ဗဟိုဘဏ်က သတ်မှတ်တဲ့ ငွေလဲနှုန်းနဲ့ လဲလှယ်ပေးမှာပါ။ နိုင်ငံခြားငွေသုံးမျိုးနဲ့ ပြည်တွင်းကြားခံ ငွေကြေးတစ်မျိုး စုစုပေါင်းလေးမျိုး ကိုင်ဆောင်လဲလှယ်ရောင်းဝယ်ပေးမှာပါ။ အခုဖွင့်မယ့်ကောင်တာနေရာကို ပြင်ဆင်မွမ်းမံနေပါတယ်။ ဘဏ်တွေဘက်က အဆင်သင့်ဖြစ်နေပါပြီ။ ကောင်တာ ပြီးတာနဲ့ဖွင့်မှာပါ။ စက်တင်ဘာလကုန်နဲ့ အောက်တိုဘာလဆန်းပိုင်းလောက်မှာ ဖွင့်ဖြစ်မယ်ထင်ပါတယ်'' ဟု ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က ပြောကြားခဲ့ပါသည်။
ဘဏ်ဟောင်းများသာ နိုင်ငံခြားငွေ တရားဝင်ကိုင်ဆောင်ခွင့်ရရှိပြီး ဘဏ်သစ်များနိုင်ငံခြားငွေကိုင်ဆောင် ခွင့်မရရှိသည့်အပေါ် ကမ္ဘောဇဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးသန်းလွင်က ''နိုင်ငံခြားငွေကြေးတရားဝင် ကိုင်ဆောင် လဲလှယ်ခွင့်ပေးတဲ့အခါ ပြည်ပကနိုင်ငံခြားဘဏ်တွေနဲ့ ချိတ်ဆက်ရပါတယ်။ ပြည်ပက နိုင်ငံခြားဘဏ်တွေက ပြည်တွင်းကဘဏ်တွေနဲ့ချိတ်ဆက်တဲ့အခါ အဓိကကတော့ အနည်းဆုံးသက်တမ်း သုံးနှစ် သက်တမ်းရှိရမယ်လို့ သတ်မှတ်လို့ ဘဏ်သစ်တွေမပါတာပါ။ ခိုင်မာမှု-ယုံကြည်စိတ်ချရမှု၊ အကျိုးအမြတ်ရရှိမှု ကိုကြည့်ပြီး ချိတ်ဆက်ကြတာပါ''ဟု ပြောကြားခဲ့ပါသည်။
Posted by အိမ်လွမ်းသူ

အင်္ဂလိပ်စာ လေ့လာနည်းအဖြာဖြာ

(ဆရာဦးတင်ညွန့်ရဲ့ "အင်္ဂလိပ်စာ လေ့လာနည်းအဖြာဖြာ" ဆိုတဲ့ဆောင်းပါးအသစ်ပါ။ နိုင်ငံတကာမှာ အင်္ဂလိပ်စာသင်ကြားနေတဲ့ ၀ါရင့်ဆရာတွေရဲ့ လမ်းညွှန်ချက်တွေကို စုပေါင်းဖော်ပြထားတာဖြစ်ပါတယ်။)
သင်ယူခြင်းဆိုတာ အနုပညာတစ်ခုပါ။ လေ့လာတယ်လို့သာပြောတယ်၊ တွေ့ကရာလျှောက်ဖတ်၊ လုပ်ချင်တိုင်း လုပ်နေလို့ကတော့ ပန်းတိုင်နဲ့ အလှမ်းဝေးနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတကာမှာ အင်္ဂလိပ်စာသင်ကြားနေတဲ့ ၀ါရင့်ဆရာတွေရဲ့ လမ်းညွှန်ချက်တွေကို စုပေါင်းဖော်ပြလိုက်ပါတယ်။
သင်ယူမှုထိရောက်အောင် သိထားသင့်တာတွေက
-       ကိုယ့်ကိုယ်ကို သိပါ။
-       ကိုယ့်သင်ယူလေ့လာနိုင်စွမ်းကို သိပါ။
-       ယခင်လုပ်ဆောင်အောင်မြင်ခဲ့ဖူးတဲ့နည်းလမ်းတွေကို သိပါ။
-       ဘာကိုသိချင်၊ တတ်ချင်၊ လေ့လာချင်ဆိုတာ သိပါ။
ကိုယ့်ကိုယ်ကို လှုံ့ဆော်ပေး
ကိုယ်တိုင်က အင်္ဂလိပ်စာကို စိတ်မ၀င်စားရင် တိုးတက်လာမှာလည်း မဟုတ်ဘူး။ စိတ်ပျက်ပြီး ဘေးထွက်ထိုင်ရင် ပိုဆိုးသွားလိမ့်မယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို အရင်မေးကြည့်ပါ။
အရိုးသားဆုံးဖြေကြည့်ပါ။
-       ဘာကြောင့် အင်္ဂလိပ်စာကို လေ့လာချင်တာလဲ။
-       ဘာကြောင့် အင်္ဂလိပ်စာတတ်ချင်တာလဲ။
-       အင်္ဂလိပ်စာတတ်ရင် ဘယ်နေရာမှာ အသုံးချမှာလဲ။
-       အင်္ဂလိပ်စာရဲ့ ဘယ်အပိုင်းကို လေ့လာချင်တာလဲ။ (Reading/Writing/Listening/Speaking)
-       ဘယ်လောက်ကြာကြာလေ့လာမှာလဲ။
-       အချိန်ဘယ်လောက်ပေးနိုင်သလဲ။
-       ငွေဘယ်လောက် အကုန်ခံနိုင်သလဲ။
-       စီမံချက် သို့မဟုတ် နည်းစနစ်တွေရှိသလား။
လမ်းဆုံးအောင်လျှောက်
အင်္ဂလိပ်စာလေ့လာတော့မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုပါတော့ ပထမဦးဆုံး ကိုယ့်ကိုယ်ကို မေးရမှာက “အချိန် ဘယ်လောက်ပေးနိုင်သလဲ” ဆိုတာပဲ။ တစ်နေ့ကို အချိန်နည်းနည်းပဲပေး နေ့တိုင်းလေ့လာတာ ပိုကောင်းတယ်။  တစ်ပတ်တစ်ရက်တို့၊ တစ်ပတ်နှစ်ရက်တို့ပဲ အချိန်ရတယ်ဆိုတာကိုတော့ အားမပေးချင်ဘူး။ ဆိုလိုချင်တာက နေ့စဉ် ကိုယ်တိုင်လည်း ကြုံသလိုလေ့လာလို့ရပါလျက် တစ်ပတ်မှတစ်ရက်လောက် စာလာကျက်တာမျိုးကို တော့ ရေရှည်လုပ်ငန်းကြီးဖြစ်နိုင်လို့ အားမပေးချင်ဘူးပြောရတာ။ နောက်ပြီး ရက်တိုသင်တန်းလိုဟာမျိုး တစ်ပတ်ဆက်တိုက်တက်တာက တစ်ပတ်မှာ တစ်ရက်၊ ၆ လသင်တန်းဆိုတာမျိုးထက် ပိုကောင်းတယ်လို့ ခံယူထားပါ။

Wednesday, September 21, 2011

ကမ္ဘာ့လုံခြုံရေးကို ခြိမ်းခြောက်နေသော အာတိတ်ရေခဲပြင် အရည်ပျော်မှု

၉/၁၁ တိုက်ခိုက်မှု(၁၀)နှစ်ပြည့်တွင် ကမ္ဘာ့လုံခြုံရေးနှင့် ပတ်သက်သော သုတေသနစာတမ်းနှင့် ဆောင်းပါးများ ရေးသားဖေါ်ပြခဲ့ကြသော်လည်း လက်ရှိကမ္ဘာ့လုံခြုံရေးကို အဓိကခြိမ်းခြောက်လာနေသော ရာသီဥတုပြောင်းလဲမှုကို မျက်ကွယ်ပြုခဲ့ကြသည်။
စက်တင်ဘာတိုက်ခိုက်မှု နှစ်ပတ်လယ်နေ့မတိုင်မီ တစ်ရက်အလိုတွင် ဂျာမန်သိပ္ပံပညာရှင်တစ်ဦးမှ အာတိတ်ဒေသတွင် ရေခဲတည်ရှိမှုသည် အနိမ့်ဆုံးအဆင့်သို့ သမိုင်းတင်ရောက်ရှိခဲ့ကြောင်း ရာသီဥတုပြောင်းလဲမှုနှင့် ပတ်သက်၍ သတိပေးပြောကြားခဲ့သည်။
ကမ္ဘာကြီး၏မြောက်ပိုင်းရေခဲပြင်သည် တဖြည်းဖြည်းခြင်း လျော့ကျနေသည်။ ဤကဲ့သို့ လျော့ကျနေရခြင်း၏ အဓိကအကြောင်းအရင်းမှာ ကမ္ဘာ့မြောက်ဝင်ရိုးစွန်းတွင် သစ်တောများပြုန်းတီးမှုသည် အဓိကအရင်းခံဖြစ်ကြောင်း၊ ကမ္ဘာ့ရာသီဥတုမှာလည်း ခန့်မှန်း၍မရနိုင်သော နည်းလမ်းဖြင့် ပြောင်းလဲနေကြောင်း ပြောကြားခဲ့သည်။ စက်တင်္ဘာ(၈)ရက်နေ့တွင် ဂျာမနီနိုင်ငံ (Bremen) တက္ကသိုလ်တွင် သုတေသနပညာရှင်များမှ (၂၀၀၇)နှစ်သည် အာတိတ်ဒေသတွင် ရေခဲအရည်ပျော်မှု အများဆုံးဖြစ်ကြောင်း၊ ၂၀၁၁ ရေခဲအရည်ပျော်မှုမှာ ဒုတိယစံချိန်တင် ဒုတိယအနေအထားတွင် ရှိနေကြောင်းထောက်ပြခဲ့သည်။

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၃၂)

ဝါကျတစ်ခုမှာ Subject, Verb, Object, Complement ရယ်လို့ အစိတ်အပိုင်းများ ပါဝင်ဖွဲ့စည်းထားလေ့ရှိပုံကို ဆွေးနွေးခဲ့ပြီ။ အပိုင်းနှစ်ပိုင်းပါတဲ့ ၀ါကျဆိုရင်တော့ Subject နဲ့  Verb ပဲပေါ
Iron rusts.
သံဟာ သံချေးတက်တတ်တယ်။
The storm passed.
မုန်တိုင်း လွန်သွားပြီ။
ဝါကျမှာ အပိုင်းသုံးပိုင်းပါရင်တော့ Subject နဲ့ Verb အပြင် Object ဒါမှမဟုတ် Complement ပါ ပါနေတာ ဖြစ်လိမ့်မယ်။
1. Cows eat grass.
......S......V....O
....နွားများမြက်စားတယ်။
2. I know the woman.
...S...V.............O
....ငါ အမျိုးသမီးကို သိတယ်။
3. She is a singer.
......S...V......C
...သူက အဆိုတော်ဖြစ်တယ်။
4. He became a millionaire.
.....S......V..............C
... သူ သန်းကြွယ်သူဌေး ဖြစ်သွားတယ်။
ဝါကျ (3) မှာ a singer ဟာ Complement ဖြစ်တယ်။ ကတ္တားဖြစ်တဲ့ She ကိုပဲ ဖြည့်စွက်ပြောတာဖြစ်လို့မို့ Subject Complement လို့ ခေါ်ပါတယ်။ အလားတူ ၀ါကျ (4) မှာလည်း a millionaire ဟာ He ကိုပဲ ဖြည့်စွက်ပြောတာ ဖြစ်တဲ့အတွက် Subject Complement ခေါ်ပါတယ်။ ဒီမှာ singer ရော millionaire ပါ နာမ်တွေ ဖြစ်ကြပါတယ်။ သူတို့ကို Subject နေရာမှာ ထားပြီး ပြောနိုင်ပါတယ်။ ဥပမာ......

Tuesday, September 20, 2011

Apple iPad ကို ယှဉ်ပြိုင်မည့် Sony Tablet နှစ်မျိုး စတင်ရောင်းချတော့မည်

ဂျပန် နည်းပညာ လုပ်ငန်းကြီး Sonyက Apple၏ iPad နှင့် ယှဉ်ပြိုင်ရန် Tablet ကွန်ပျူတာ အမျိုးအစားသစ်တစ်ခုကို ထုတ်လုပ်လိုက်ပြီဖြစ်သည်။ ခေါက်သိမ်းထားနိုင်သည့် (၅.၅)လက်မအရွယ် Touch Screen နှစ်ခုပါရှိသော Sony Tablet P သည် Apple၏ဈေးကွက်လွှမ်းမိုးမှုကို တန်ပြန်ချေဖျက်နိုင်မည့် ထုတ်ကုန်အဖြစ် Sonyက မျှော်လင့်နေသည်။ Sonyသည် သမားရိုးကျ Touchsreen တစ်ခုသာ ပါသော Tablet S ကိုလည်း ထုတ်လုပ်ခဲ့သေးသည်။
(ခေါက်သိမ်းထားနိုင်သည့် Sony Tablet P)

Printer အကြောင်း

Printer အကြောင်းလေးကို သိသလောက်ပြောပြချင်ပါတယ်။ Printer အကြောင်းမပြောခင်လေးမှာ Hardware နဲ့ Software ကွဲခြားကြောင်းလေးကို ပြောပြခြင်ပါတယ်။ ကျွန်တော်တို့ Print ကို Software ဖြစ်တဲ့ မျက်စီနဲ့မြင်လို့ရပြီး ကိုင်လို့မရအောင်လဲ ထုတ်လို့ရပါတယ်။ဒီလို ထုတ်တဲ့နေရာမှာ Printer မလိုအပ်ပါဘူး။ ဒါပေမဲ့Hardware ဆိုပြီး မျက်စီနဲ့လဲ မြင်ရအောင်၊ကိုင်တွယ်လို့လဲရအောင် ထုတ်ဖို့အတွက်တော့ Printer လိုအပ်ပါတယ်။ Printer ကို ၁၉၃၈ ခုနစ်မှာ Chester Carlson က dry printing process (သို့) Electrophotography (သို့) လူသိများတဲ့ Xerox လို့ နာမည်အမျိုးမျိုးနဲ့ခေါ်တဲ့ ဒီ Printer လေးကို တီထွင်ခဲ့ပါတယ်။ ဒီ Xerox Printer ဟာဆိုရင် Laser Printer ပေါ်ပေါက်လာဖို့ အဓိကအုတ်မြစ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ၁၉၅၃ ခုနှစ်မှာ Universal Automatic Computer (UNIAC) ဆိုတဲ့ Computer မှာအသုံးပြုဖို့ ပထမဦးဆုံး high-speed printer ကို Remington-Rand ကထီတွင်ခဲ့ပါတယ်။ ဒီလိုဘဲအခု ခေတ်ကာလမှာလဲ Printer တွေက အမျိုးအစားအမျိုးမျိုး၊ Company မျိုးမျိုးကနေပြီးတော့ နာမည်အမျိုးမျိုးနဲ့ ထုတ်ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော် ဒီ  Printer  အမျိုးအစားအမျိုးမျိုး၊ Company အမျိုးမျိုးတွေအကြောင်းကို ရှင်းမပြတော့ဘဲ အားလုံးကို ခြုံပြီးရှင်းပြခြင်းပါတယ်။
Printer မှာအဓိက Main အနေနဲ့ (၄)မျိုးရှိပါတယ်။ ဒီလေးမျိုးကတော့ Laser, Dot-Matrix, Ink-Jet or Bubble-Jet, Dye-sublimations printers ဆိုပြီးရှိပါတယ်။

ရှင်သီဝလိ (ထေရုပ္ပတ္တိ)

ဗုဒ္ဓဘာသာဝင်များက ရှင်သီဝလိကို ကိုးကွယ်ပူဇော်လျှင် အရောင်းအ၀ယ် ကောင်းသည်။ လာဘ်လာဘ ပေါများသည်ဟု ယုံကြည်ရင်းစွဲ ရှိကြသည်။ ယင်းသို့ယုံကြည်သည့်အလျောက် ရှင်သီဝလိပုံတော်ကို ထုလုပ်ကိုးကွယ်၍ အဆောင်ကောင်းအဖြစ် သွားလေရာသို့ ယူဆောင်သွားကြသည်။ ရှင်သီဝလိဆိုသည်မှာ လာဘ်လာဘ ဖွံ့ဖြိုးသော ရဟန္တာတပါးဖြစ်ကြောင်းကိုမူ အားလုံးက သိထားကြ၏။ ရှင်သီဝလိနှင့်ပတ်သက်၍ တောင်းခဲ့သော ဆု၊ ပြုခဲ့သော ကုသိုလ်၊ ကျူးလွန်ခဲ့သော အပြစ်၊ စံစားရသော အကျိုးပေး၊ ခံစားရသော ဒဏ်ချက်များကိုလည်း အပြည့်အစုံ လေ့လာမှတ်သားဖို့ ကောင်းပေသည်။

( တောင်းခဲ့သော ဆု)
ရှင်သီဝလိ အလောင်းတော်သည် ပဒုမုတ္တရမြတ်စွာဘုရား လက်ထက်တော်၌ လာဘ်လာဘအရာ၌ ဧတဒဂ်ဘွဲ့ ပေးခဲ့ရသော ရဟန်းတပါးကို အားကျပြီး ထိုဧတဒဂ်မျိုး ရလိုကြောင်း ပဒုမုတ္တရဘုရားထံ ဆုတောင်း၍ ပါရမီကို စတင်ဖြည့်ခဲ့လေသည်။

(ပြုခဲ့သော ကုသိုလ်)
ဝိပဿီမြတ်စွာဘုရား လက်ထက်သို့ ရောက်သောအခါ ကျေးလက်ဇနပုဒ်တခု၌ အညတရ တောသားတဦး ဖြစ်ခဲ့ရ၏။ ထိုအချိန်၌ ဗန္ဓုမတီမြို့သူ မြို့သားတို့က ဗန္ဓုမတီမင်းကြီးနှင့် သူနိုင်ငါနိုင် အပြိုင်ကြဲ၍ ဒါနပွဲကို ဆင်နွှဲနေချိန်ဖြစ်၏။ ၆-ကြိမ်တိတိ ဘုရင်ကလည်း ပြည်သူတွေကို နိုင်အောင်မလုပ်နိုင်။ ပြည်သူတွေကလည်း ဘုရင်ထက်သာအောင် မလုပ်နိုင်။ အားပြိုင်၍ နေလေ၏။ ၇-ကြိမ်မြောက် ဒါနပြိုင်ပွဲတွင်မူ ပြည်သူများဘက်မှ ထူးခြားချက်တခု ဖြစ်ပေါ်လာလေသည်။

Monday, September 19, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၃၁)

နာမ်ပုဒ်စု
ဝါကျဆိုတာ စကားလုံးအစုကလေးတွေနဲ့ တည်ဆောက်ထားတာ ဖြစ်တယ်။ ဒီအစုကလေးတွေကို ကတ္တားနဲ့ ကြိယာရယ်လို့ နှစ်ပိုင်းပိုင်း
နိုင်တယ်ဆိုတာကို တင်ပြခဲ့ပြီးပါပြီ။ ကတ္တားမှာ စကားလုံးတစ်လုံးတည်လဲ ပါချင်ပါမယ်။ အစုတစ်ခု ဖြစ်ချင်လည်း ဖြစ်နေမယ်။
( ကြိယာလည်း အလားတူ ) ဆိုတာကိုလည်း ပြခဲ့ပြီး။ ကတ္တားဟာ စကားလုံးတစ်လုံး၊ ဒါမှမဟုတ် စကားလုံးတစ်လုံးကို တည်ပုဒ် ( Head-word or head ) အဖြစ်ထားပြီး သူ့ကို ၀န်းရံနေတဲ့ ပုဒ်စုတစ်ခု ၀ါ ပုဒ်စုများ ပါဝင်တယ်..။ ဥပမာ....
Flowers....................................die.
Beautiful flowers......................die.
Flowers in the garden..............die.
Flowers that smell sweet..........die.
ဒီဝါကျတွေမှာ ပထမကတော့ ကတ္တားဟာ စကားလုံးတစ်လုံး၊ ကြိယာက စကားလုံးတစ်လုံးပဲ ပါရှိတယ်။ ဒုတိယမှာတော့ Flowers ဆိုတဲ့ တည်ပုဒ်နဲ့ သုံးလုံးတစ်စု ၀ိသေသန ( in the garden ) ပါတယ်။ တတိယမှာလည်း အလားတူ တည်ပုဒ်နဲ့ ၀ိသေသနနဲ့ စကားလုံးစုပါဝင်တယ်။
ကြိယာပုဒ်စု
ကတ္တားနည်းတူပဲ ကြိယာဟာလည်း စကားလုံးတစ်လုံးတည်း ဖြစ်နိုင်တယ်။ တည်ပုဒ်စကားလုံးနဲ့ သူ့ကို သိုင်းဝိုင်းထားတဲ့ စကားလုံးလေးများရဲ့ အစုဖြစ်ချင်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကြိယာအစုဟာ နာမ်အစုနဲ့ မတူတာကတော့ စကားလုံး လေးငါးလုံးထက် မပိုတတ်တာပါပဲ။
( ကြံဖန်ပြောမယ်ဆိုလျှင်တော့ ဒီထက်မက ကြိယာအရှည်ကြီး ဖြစ်နိုင်တာပါတယ်။ ဒါပေမယ့် သုံးလေ့မရှိပါဘူး။ )
Flowers die.
Flowers will die.
Flowers ought not to die.
Flowers might not have died.
Flowers will go on dying.
နမူနာ ၀ါကျတွေမှာ ပထမတစ်ကြောင်းသာ ကြိယာက စကားတစ်လုံးတည်း ပါတာတွေဖြစ်ပြီး၊ ကျန်တာတွေမှာ ကြိယာဟာ die ဆိုတဲ့ တည်ပုဒ်နဲ့ စကားလုံးကလေးများ ဖွဲ့စည်းထားတဲ့ အစုဖြစ်တယ်။
come, go ဆိုတဲ့ ကြိယာခြေခံနဲ့ in, on, of, out, up စတဲ့ နိပါတ်ပုဒ်များ တွဲသုံးရာမှ ဖြစ်လာတဲ့ Phrasal Verbs ကို ကြိယာ ( ၀ါစက ) တစ်ခုတည်းလို့ ယူဆရမှာပါ။
She came in.
( ကတ္တား She၊ ကြိယာက came in )
She came in a taxi.
( ကတ္တား She၊ ကြိယာ came သာလျှင် ဖြစ်တယ်။ in က in a taxi လို့ အစုတစ်စု ဖြစ်တယ်။ )
အပိုင်းသုံးပိုင်းပါ ၀ါကျ
အခုထိဟာ အပိုင်းနှစ်ပိုင်း ( ကတ္တားနဲ့ ကြိယာ ) ၀ါကျများချည်း ဖြစ်ပါတယ်။ အောက်ပါ ၀ါကျများကို လေ့လာကြည့်ပါ။

Saturday, September 17, 2011

အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ

Pass! (ထားလိုက်ပါ/ရှိပါစေ)
You say pass! in an informal context when you cannot or do not want to answer a question.
(Pass(ထားလိုက်ပါတော့ /ရှိပါစေတော့ )ကို မေးခွန်းတစ်ခုခုကို မဖြေနိုင်တဲ့အခါ (သို့) မဖြေချင်တဲ့အခါ အသုံးပြုပါတယ်။)
'How can Jim possibly prefer Sue to his beautiful wife?'
( ဘယ်လိုလုပ်ပြီး ဂျင်(မ)(Jim)ဟာ ချောမောလှပတဲ့ သူ့မိန်းမထက် ဆူ(Sue)ကို ပိုပြီးတော့ နှစ်သက်နေရတာလဲ?)
'Pass!
It seems unbelievable.'
(ယုံချင်စရာ မကောင်းပေမဲ့လည်း ထားလိုက်ပါ!။)
'Do you think Tom's a good workman?'
တွမ်(Tom)ဟာ လုပ်သားကောင်းတစ်ယောက်လို့ မင်းထင်လား?)
'Pass!
He's my brother-in-law.'
(ထားလိုက်ပါ!။ သူဟာငါ့ရဲ့ ယောက်ဖပါ။)
The expression pass! comes from a quiz or a game show where a contestant cannot answer a question. (Pass ! ဟူသော အသုံးအနှုန်းသည် ပါဝင်ယှဉ်ပြိုင်သူ တစ်ဦးဦးက မေးခွန်းကို မဖြေနိုင်သော ပဟေဠိ (သို့) ကစားနည်း အစီအစဉ်တစ်ခုမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။)

Take it from me (ငါပြောတာကိုယုံ)
You say take it from me when you ask someone to believe or accept what you say:
(take if from me(ငါပြောတာကိုယုံ) ကို တစ်စုံတစ်ယောက်အား သင်ပြောသည်ကို ယုံကြည်လာစေရန် (သို့) လက်ခံလာစေရန် တိုက်တွန်းရာတွင် ပြောသည်)
Take it from me. Anne is not to be trusted.
(ငါပြောတာကိုယုံ၊ Anne (အန်း(န))က ယုံကြည်လောက်စရာ မရှိဘူး။)
Take it from me. Jack will be a famous actor one day.
(ငါပြောတာကိုယုံ။  Jack (ဂျက်) က တစ်နေ့ကျရင် နာမည်ကြီး မင်းသား ဖြစ်လာလိမ့်မယ်။)

I'll tell you what! (ငါပြောပြမယ်!)
You use I'll tell you what! when you wish to suggest something: (I’ll tell you what (ငါပြောပြမယ်) ကို အကြံ တစ်စုံတစ်ခု ပေးလိုလျှင် သုံးသည်)
'It's Dad's birthday next week and I can't think what to give him.'
(နောက်တစ်ပါတ်ဆို အဖေ့မွေးနေ့ပဲ။ သူ့ကိုဘာပေးရမလဲ စဉ်းစားလို့မရသေးဘူး။)
I’ll tell you what!
We could give a surprise party for him.'
(ငါပြောပြမယ်! သူ့ကို မထင်မှတ်ထားတဲ့ ပါတီလုပ်ပေးလိုက်ရအောင်။)
'I've asked some people to dinner tonight and I can't think what to cook for them.
( လူအနည်းငယ်ကို ညစာစားဖို့အတွက် ဒီည ငါဖိတ်ထားတယ်။ ငါဘာချက်ပေးရမလဲ မသိသေးဘူး။)
‘I”ll tell you what! Let's
have a barbecue!'
ငါပြောပြမယ်! အသားကင် လုပ်စားရအောင်!)

What a thought! (စိတ်ညစ်လိုက်တာ)
You say what a thought! when you refer to what you think is a very unpleasant  idea.
(What a thought! (စိတ်ညစ်လိုက်တာ) ဆိုတဲ့ အသုံးအနှုန်းကို အကြောင်းအရာတစ်ခုခုသည်  နှစ်သက်စရာမကောင်းဘူးလို့ ယူဆတဲ့အခါမှာ အသုံးပြုပါတယ်။)
'Perhaps your father will marry Sara?'
(မင်းအဖေ ဆာရာ့(Sara) ကို လက်ထပ်ဖြစ်မှာလား?)
'What a thought!
We all dislike her'.
( စိတ်ညစ်လိုက်တာ! သူ့ကို ငါတို့အားလုံးက  ဒီလောက်မုန်းတာ။)
According to the weather forecast we're going to have a long, cold winter.
(မိုးလေ၀သ သတင်းထုတ်ပြန်ချက်အရ ရှည်လျားပြီး အေးတဲ့ဆောင်းရာသီနဲ့ ကြုံရဦးမယ်။)
What a thought!
I think I’ll emigrate to somewhere warm and sunny!')
(စိတ်ညစ်လိုက်တာ! ငါတော့ နွေးပြီး နေသာတဲ့ အခြားတစ်နေရာရာကို ပြောင်းရွှေ့ဦးမှပဲ။)

About time too! (…………ပေဦးမှပဲ )
You say - about time too! When you mean that someone is late or has taken a long time to do something.
(About time too!(............ပေဦးမှပဲ)  ကို တစ်ဦးတစ်ယောက်က အချိန်နောက်ကျပြီး ရောက်လာတဲ့အခါ (သို့) အလုပ်တစ်ခုခုကို အချိန်အကြာကြီးဆွဲ လုပ်တဲ့အခါမှာ အသုံးပြုပါတယ်။)
“ About time too! I thought you were going to miss the train.”
(ရောက်လာပေဦးမှပဲ! မင်းရထား မမှီတော့ဘူးလို့ ထင်နေတာ။)
“I’ve finished digging the garden”.(ပန်းခြံထဲမှာ မြေကြီးတူးလို့ ပြီးပါ ပြီ။)
About time too!
I thought that you would have finished it yesterday.’
(တူးပြီးပေဦးမှပဲ! မနေ့ကတည်းက တူးလို့ပြီးသွားမယ်ထင်နေတာ။)
 Posted by ကိုတူး(မိတ္ထီလာ GTI)

Friday, September 16, 2011

စင်္ကာပူနိုင်ငံရဲ့ ဒုက္ခ

 ဒီအကြောင်းအရာကတော့ စင်္ကာပူဝန်ကြီးချုပ်ဟောင်းနဲ့ ဝါရင့်ဝန်ကြီးရာထူးက တရားဝင်အနားယူသွားပြီးဖြစ်တဲ့ နိုင်ငံရေးဂုရုကြီး Mr Lee Kuan Yew နဲ့ NTU ကမဟာဘွဲ့၊ ဒေါက်တာဘွဲ့ရယူဖို့ပညာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူများရဲ့ ဆွေးနွေးပွဲမှာ အလွန်နာမည်ကြီး သွားတဲ့အကြောင်းအရာတစ်ခုကို The New Paper သတင်းထောက် Koh Hui Theng ရဲ့ ရေးသားချက်ကို ဆီလျှော်အောင်ဘာသာပြန်ဆို ဆွေးနွေးခြင်းဖြစ်ပါတယ်။
၂၀၁၀ စင်္ကာပူရွေးကောက်ပွဲမတိုင်မီထဲက လှုပ်လှုပ်ရွရွနဲ့ ဆူဆူပူပူဖြစ်လာနေတဲ့ စင်္ကာပူအစိုးရရဲ့ နိုင်ငံခြားသားများအလွန်အကျွံလက်ခံနေတဲ့ကိစ္စဟာ အခုချိန်အထိ အေးအေးချမ်းချမ်း မရှိသေးပါဘူး။ ဝန်ကြီးချုပ်အပါအဝင် သက်ဆိုင်ရာဝန်ကြီးများနဲ့ ပါလီမန်အမတ်များဟာ နိုင်ငံခြားသားများအနေနဲ့ စင်္ကာပူစီးပွားရေးဖွံဖြိုးမှုကို ဘယ်လိုအထောက်အကူပြုနေကြောင်း အခွင့်အရေးရလျှင်ရသလို ရှင်းပြမြဲ
ဖြစ်သလို သူတို့နိုင်ငံသားများကလဲ အခွင့်အရေးရလျှင်ရသလို ဆူဆူပူပူ လုပ်မြဲပါပဲ။ ဒီကိစ္စနဲ့ပတ်သတ်ပြီးအခုနောက်ဆုံးပေါ် ပေါ်ပြုလာအတင်းတစ်ခုအနေနဲ့ကတော့ Nanyang Technological University (NTU) မှ Biological Science ဘာသာရပ်ဖြင့် PhD ဒေါက်တာဘွဲ့
ကိုရယူဖို့ စာသင်ကြားနေတဲ့ အသက် ၂၇ နှစ်အရွယ်ကျောင်းသူ စင်္ကာပူနိုင်ငံသူ Ms Joan Sim မှ Mr Lee Kuan Yew ကို မေးမြန်းခဲ့သည့် "အချိန်တိုတိုအတွင်း နိုင်ငံတစ်ပါးမှဝင်လာ၍ အခြေစိုက်နေထိုင်သူ အမြောက်အများစွာကို နေထိုင်ခွင့်ပြုခဲ့ခြင်း၏ အကျိုးသက်ရောက်မှုအနေဖြင့် နိုင်ငံ၏အရည်အသွေးကို ထိခိုက်စေနိုင်သည့်အတွက် What Can We Do to Create A Sense of Belonging and Foster Social Cohesiveness?” ဟုမေးမြန်းခဲ့ခြင်းအပေါ် Mr Lee မှအဖြေကို တိုက်ရိုက်ရိုးစင်းစွာ ဖြေဆိုခဲ့ လိမ့်မယ်လို့ သူမမျှော်လင့်ခဲ့ပါသည်။ ထို့အပြင် အမေးအဖြေ အခြေအနေဖြစ်သည့်အတိုင်း Mr Lee မှလဲ သူမမေးမြန်းခဲ့သည့် အခြေအနေကိုအခြေခံ၍ ပြန်လှန်မေးခွန်းထုတ်လိမ့်မည်ဟု သူမထင်မြင်ခဲ့သော်လည်း ထင်သလိုမဖြစ်လာခဲ့ချေ။