Monday, October 31, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၃၈)

ကျောင်းသုံးမြန်မာသဒ္ဒါ လေ့ကျင့်ခန်းများမှာ ( သဒ္ဒါအထားအသို ) ဆိုတာ ပါလေ့ရှိတယ်။ စကားလုံးတစ်လုံးကို ဒီနားထားရင် ဒီလို အဓိပ္ပါယ်ထွက်ပြီး ဟိုနားထားရင် ဟိုလိုအဓိပ္ပါယ် ထွက်တတ်တာကို ဆင်ခြင်ခိုင်းတဲ့ လေ့ကျင့်ခန်းပါပဲ။ အင်္ဂလိပ်သဒ္ဒါ စာအုပ်များမှာလည်း ဒီလေ့ကျင့်ခန်းမျိုးပါလေ့ရှိတယ်။ ( တကယ်တော့ မြန်မာသဒ္ဒါစာအုပ် ပြုစုသူများဟာ အင်္ဂလိပ်သဒ္ဒါစာအုပ်တွေဆီက နည်းယူထားတာပါ။ ) တစ်ချို့က ( ၀ါကျမှာ စကားလုံးတို့ရဲ့ အစီအစဉ် - Order of words in a sentence ) လို့ ခေါ်ကြပြီး တစ်ချို့ကတော့ စကားလုံးတစ်လုံးနား တစ်လုံးသွားထားတာမို့ ( နီးကပ်မှု - Proximity ) လို့ ခေါင်းစဉ်တပ်ကြတယ်။ ၀ါကျမှာ စကားလုံးတို့ရဲ့ ( အစီအစဉ် ) ၀ါ ( အထားအသို ) ဆိုရင် ကျွန်တော်တို့ ဆွေးနွေးနေတဲ့ S, V, DO စကားတွေရဲ့ အစီအစဉ်၊ ၀ါ၊ အထားအသိုကိုလည်း ဆိုနိုင်တာမို့ ယေဘုယျကျလွန်းနေတယ်။ ဒါကြောင့် ( နီးကပ်မှု ) လို့ ခေါ်တာကမှ အခုပြောချင်တာကို တိတိကျကျညွှန်းနိုင်တယ်။ စကားလုံးတစ်လုံး၊ ပုဒ်စုတစ်စုဟာ တစ်ခြားစကားလုံးတစ်လုံး ပုဒ်စုတစ်စုနဲ့ နီးကပ်နေရင် နီးကပ်သလို အဓိပ္ပါယ်ပြောင်းလဲသွားနိုင်တာကို ပြောချင်တာ ဖြစ်တယ်။ S, V, DO တို့ အထားအသိုကို ဆိုလိုတာမဟုတ်ဘူး။ အောက်ပါ ဥပမာကို ကြည့်ပါလေ။

Saturday, October 29, 2011

ရပ်တည်မှုခက်ခဲလာနိုင်သော စင်ကာပူရောက် နိုင်ငံခြားသားများအခြေအနေ(၃)

စင်ကာပူနိုင်ငံအတွင်း နိုင်ငံခြားသားများ ၀င်ရောက်လာနေမှုကို ကန့်သတ်ရန် ဒုတိယအကြိမ် စင်ကာပူအစိုးရ၏ ကြိုးပမ်းအားထုတ်မှုမှာ အခြေခံလစာများအား တိုးမြှင့်ခြင်း ဖြစ်ပါသည်။
စင်ကာပူတွင် အခြေခံလစာများကို ၂၀၀၁ ခုနှစ်က သတ်မှတ် ပြဌာန်းပေးလိုက်ပြီး (ငွေဖောင်းပွမှု များရှိနေသည့်တိုင်) မပြင်ဘဲ ထားခဲ့သည်မှာ ၁၀ စုနှစ်တစ်ခုမျှ ကြာခဲ့ပါပြီ။ ယခုမူ နိုင်ငံခြားသား အလုပ်ခန့်ထားမှုကို တင်းကျပ်နိုင်စေရန် အခြေခံ လစာများကိုလည်း ပြင်ဆင်ခဲ့ရာ ယခုနှစ်တစ်နှစ်တည်းအတွင်းတွင်ပင် နှစ်ကြိမ်တိုင်တိုင် ပြင်ဆင်ပြောင်းလဲခဲ့ပါသည်။
ယခင်က အခြေခံလစာ နှုံးထားများမှာ (၂၀၀၄ ခုနှစ်အလွန်နှစ်များက) -
S Pass Holder: S$1800
Q1 Pass (EP): S$2500
P2 Pass: S$3500
P1 Pass: S$7000 - ဖြစ်၏။
၂၀၁၁ ဇူလိုင်လ ၁ ရက်နေ့မှစကာ ထိုနှုံးများကို အောက်ပါအတိုင်း ပြင်ဆင် သတ်မှတ်လိုက်ပါသည်။
S Pass Holder: S$2000
Q1 Pass (EP): S$2800
P2 Pass: S$4000
P1 Pass: S$8000

Thursday, October 27, 2011

Apple iPhone 4S အကြောင်း

Appleအနေနှင့် ပဉ္စမမြောက် iPhoneအဖြစ် iPhone 4Sကို စတင်မိတ်ဆက်လိုက်သော်လည်း iPhone 5 စစ်စစ်ကို မျှော်လင့်နေသည့် Appleပရိသတ်များအတွက် အပြည့်အ၀ကျေနပ်စရာမဖြစ်ခဲ့ကြောင်း သိရသည်။ Appleသည် ဈေးကွက်အတွင်း HTC ၊ Blackberry စသော ပြိုင်ဘက်များ၏ ယှဉ်ပြိုင်လာမှုနှင့် ကြုံနေရသော်လည်း iPhone 5 အစား လက်ရှိရောင်းချနေသော iPhone 4 ကို အဆင့်မြှင့်ထားသည့် Versionကိုသာ မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာ (၄)ရက်နေ့တွင် Apple၏ အမှုဆောင်ချုပ် တင်ကွတ်ခ်က ကယ်လီဖိုးနီးယားရှိ Appleဌာနချုပ်တွင် iPhone 4 ထက် မြန်နှုန်းပိုမြင့်သော iPhone 4S ကို မိတ်ဆက်ပြသကာ အောက်တိုဘာ (၁၄)ရက်နေ့တွင် စတင်ရောင်းချသွားမည်ဟု ကြေညာခဲ့သည်။
 (iPhone 4S အား Apple အမှုဆောင်ချုပ် တင်ကွတ်ခ်က မိတ်ဆက်ပြသစဉ်)

Monday, October 24, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၃၇ )

SxVxO ပုံစံဟာ အင်္ဂလိပ်စကားမှာ အရိုးစွဲနေတဲ့အကြောင်း အရင်အခန်းများတုန်းက
( Passive voice အကြောင်း ဆွေးနွေးစဉ် ) တင်ပြခဲ့ဖူးပြီ။ ဒီတော့ ဒီပုံစံမှာ S နဲ့ V ရှေ့နောက် ပြောင်းတာမျိုး အတော်ကလေးနည်းတယ်။ အကြောင်းကတော့ နေရာပြောင်းလိုက်ရင် အဓိပ္ပါယ် ပြောင်းသွားတာကိုး။ ( Sentence Structure ( 9 ) - Word Order - 1 မှာ ဆွေးနွေးခဲ့ပြီးပြီ )။ ဥပမာ ...
The dog bit the man.
The man bit the dog.
.........S.....V..........O
ဒါပေမယ့် DO ကို မျက်တောင်ကော်မာလို့ မြန်မာတွေခေါ်ကြတဲ့ စကားပြော အမှတ်အသားလေးတွေ ထည့်သွင်းထားတယ်။ စကားပြောရာမှာလည်း အသံနေ အသံထားက ပြညွှန်မယ်ဆိုရင် ရှေ့နောက် ပြောင်းပြန်လုပ်လို့လည်းရ၊ လုပ်တာလည်း အတော်များတယ်။ ဥပမာ ...
She said, " NO ".
.S.......V......DO
" NO " said she.
..DO.....V.....S
အချိန်ပြတဲ့စကားလုံးနောက်မှာ S နဲ့ V ကို နေရာပြောင်းလဲတာ ခေတ်စားတယ်။ ဥပမာ ..
One seldom has such an opportunity.
..S.................V
Seldom has one such an opportunity.
...............V....S
ဒီလို အခါအခွင့်မျိုး ရခဲတယ်။
DO ကို ၀ါကျရှေ့ထားလိုက်တဲ့အခါ အာရုံက သူ့အပေါ် ရောက်သွားတယ်။ နှစ်ခုယှဉ်စရာရှိရင် ဒီနှစ်ခုအပေါ်မှာပဲ အာရုံရောက်သွားတာပါပဲ။ ဒီတော့ ဆန့်ကျင်ဘက်နှစ်ခုဟာ သိသိသာသာကြီး ထင်ရှားသွားရတော့တာပဲ။

Sunday, October 23, 2011

ကျွန်တော် ပညာသင် (၃)

ဂျပန်ပညာရေးဝန်ကြီးဌာန (Monbukagakushou- မွန်ဘူးခဂကူရှိုး) အထောက်အပံ့နဲ့ ပညာတော်သင်လာရောက်ကြသူများရဲ့  Japanese Course 58th  2008 Opening Ceremony က (၁၀.၄.၂၀၀၈) ရက်နေ့၊ နေ့လည် (၂း၀၀)နာရီ မှာစပါတယ်။ ဒါကလည်း သက်ဆိုင်ရာ ဘာသာရပ်များ မသင်ကြားမီ ဂျပန်မှာနေထိုင်စဉ် ဘာသာစကားအခက်အခဲ မဖြစ်စေရန် ၆-လတာ ဂျပန်စာသင်ကြားရန်အတွက် စီစဉ်ပေးခြင်းဖြစ်ပါတယ်။ အစီအစဉ်ကြေငြာပြီးတော့ Nagoya University Vice President က စကားနည်းနည်းပြောပြီး တစ်ယောက်ချင်းစီ မိတ်ဆက်ကြရပါတယ်။ ပြီးတော့ အောက်ထပ်မှာ ကျွေးမွေးပွဲလေး စီစဉ်ပေးပါတယ်။ 

Friday, October 21, 2011

ရပ်တည်မှုခက်ခဲလာနိုင်သော စင်ကာပူရောက် နိုင်ငံခြားသားများအခြေအနေ(၂)

စင်ကာပူနိုင်ငံအတွင်း နိုင်ငံခြားသားများ အလုံးလိုက်အရင်းလိုက် စီးဝင်လာနေမှုကို ကန့်သတ်ရန် ပထမဦးဆုံး စင်ကာပူအစိုးရ၏ ကြိုးစားအားထုတ်မှုမှာ Levy များအား တိုးမြှင့်လိုက်ခြင်း ဖြစ်ပါသည်။
Levy များတိုးမြှင့်ကာ အလုပ်ခန့်ထားမှုများကို ကြပ်လိုက်ရုံသာမက အလုပ်အကိုင်အခွင့်အလမ်းများလည်း လျော့ကျသွားခဲ့ရာ ယခုအခါ မြန်မာအများစုမှာ စင်ကာပူသို့ Visit Visa ဖြင့်လာရောက်အလုပ်ရှာရာတွင် အခက်အခဲ များစွာနှင့် ရင်ဆိုင်ရလျှက် ရှိပါသည်။ အလုပ်မရသူများ၊ အလုပ်ရသည့်တိုင် တင်လိုက်သည့် Work Pass ကျမလာမှု စသည် တို့ကြောင့် ပြန်လည်ဆုတ်ခွာသွားရသူများ တစ်နေ့တခြား များပြားလာခဲ့ပါသည်။
စင်ကာပူအစိုးရမှ Foreign Worker Levy များကို အဆင့်ဆင့်ပြောင်းလဲ သတ်မှတ်ခဲ့ရာ ယခု သတ်မှတ်ထားသော Levy များ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
Ref: http://www.mom.gov.sg/foreign-manpower/foreign-worker-levies/Pages/levies-quotas-for-hiring-foreign-workers.aspx
အောက်ဖော်ပြပါဇယားမှ Skilled ဟူသည်မှာ Low Levy စာမေးပွဲ အောင်ထားသူကို ခေါ်ပြီး Unskilled ဟူသည် High Levy တစ်နည်းအားဖြင့် Low Levy စာမေးပွဲ မအောင်ထားသူများကို ခေါ်ပါသည်။ Levy များအကြောင်း အသေးစိတ်သိလိုလျှင် ကျွန်တော်ရေးသော “အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း” စာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။
Tire 1: Work Permit ဦးရေသည် စုစုပေါင်း အလုပ်သမားအားလုံး၏ ၃၀ % အောက်သာ ရှိခြင်း
Tire 2: Work Permit ဦးရေသည် စုစုပေါင်း အလုပ်သမားအားလုံး၏ ၃၀% မှ ၅၀% ထိရှိခြင်း
Tire 3: Work Permit ဦးရေသည် စုစုပေါင်း အလုပ်သမားအားလုံး၏ ၅၀ % မှ ၆၅% ထိရှိခြင်း
Higher Skill : BCA မှ ထုတ်ပေးသော Trade Certificate ရှိပြီး စင်ကာပူတွင် ထိုအလုပ်နှင့် လုပ်သက် အနည်းဆုံး ၄ နှစ်ရှိသူ။ BCA မှ ထုတ်ပေးသော Trade Certificate အသေးစိတ်ကို http://www.bcaa.edu.sg/ListCPCF.aspx တွင်ကြည့်ပါ။
Basic Skill : BCA မှ ထုတ်ပေးသော SEC or SEC (K) လက်မှတ်ရှိသူ။
BCA မှ ထုတ်ပေးသော SEC or SEC (K) လက်မှတ်အကြောင်း အသေးစိတ်ကို အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း စာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။ သို့မဟုတ်ပါကလည်း
https://www.bca.gov.sg/academy/cop_Testcenters.aspx တွင် ၀င်ရောက်လေ့လာနိုင်ပါသည်။

Thursday, October 20, 2011

စတုတ္ထအကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲအတွက် အလှူငွေထည့်ဝင်လိုပါက


          အလှူရှင် များ၏အမည်စာရင်းများနှင့် တကွ စာရှင်းရှင်းတမ်းများကို ဤဘလော့ဂ်တွင် ဖော်ပြပေးထားပါမည်။

Posted by MTLA GTI GROUP

S’pass လျှောက်ထားနိုင်သည့် စင်ကာပူနိုင်ငံမှ Diploma in Tourism

စင်ကာပူ၌ အဆင့်မြင့်ကျွမ်းကျင်လုပ်သား (S’pass) လျှောက်ထားနိုင်သည့် Diploma in Tourism ဘာသာရပ်လျှောက်လွှာများကို စင်ကာပူနိုင်ငံမှ ခေါ်ယူနေပြီဖြစ်ကြောင်း သိရသည်။ စင်ကာပူ အလုပ်သမားဝန်ကြီးဌာန လက်အောက်ရှိ လုပ်အားဖွံ့ဖြိုးရေးအေဂျင်စီ (WSQ)မှ ချီးမြှင့်သည့်အဆိုပါ ဒီပလိုမာဘာသာရပ်ကို အသက် ၁၆ နှစ်ပြည့်ပြီး ဘွဲ့တစ်ခုခုရရှိထားသူများ စတင်လျှောက်ထားနိုင်မည်ဖြစ်သည်။ ထိုလျှောက်ထားသူကို ခရီးသွားကုမ္ပဏီများတွင် လက်တွေ့အလုပ်လုပ်ခွင့် တစ်နှစ်စီစဉ်ပေးမည်ဖြစ်ကြောင်း သိရသည်။ ”အဲဒီတစ်နှစ်အတွင်းမှာ သူတို့သတ်မှတ်ထားတဲ့ လုပ်ခလစာတွေ ခံစားခွင့်ရှိတဲ့အပြင် ထူးခြားတာက လျှောက်ထားသူဟာ တက္ကသိုလ်ဝင်တန်း အမှတ်စာရင်း ပြည့်မီတယ်ဆိုရင် WSQ Certificate ၄ လပြီးဆုံးတာနဲ့ ပိုလီကျောင်းတွေကို ဆက်လက်လျှောက်ထားခွင့် ရှိတယ်ဆိုတာပဲ”ဟု Crown မှ ဦးအောင်ကျော်ဆန်းက ပြောသည်။ ဟိုတယ်နှင့်ခရီးသွားဘာသာရပ်ဖြင့် စင်ကာပူနိုင်ငံသို့ သွားရောက် ပညာသင်ကြားမှုနှုန်းမှာ ၂ဝဝ၆ ခုနှစ်မှစ၍ တရိပ်ရိပ်တက်လာပြီး ၂ဝဝ၈ ခုနှစ်တွင် အမြင့်ဆုံးနေရာတစ်ခုကို ရောက်ခဲ့သည်အထိ ဖြစ်ခဲ့သည့် နိုင်ငံခြားပညာရေးလမ်းကြောင်း မြန်မာနိုင်ငံတွင်ရှိခဲ့ကြောင်း ပညာရေးအတိုင်ပင်ခံအချို့က သုံးသပ်ကြသည်။ ”ဒီလို အစဉ်အလာတွေရှိခဲ့ပေမယ့် ၂ဝဝ၈ အမြင့်ဆုံးစံချိန်ကို ၂ဝဝ၉ ကစပြီး ထက်ဝက်ချိုးကျဆင်းလာမှုတွေကနေ ၂ဝ၁ဝ-၂ဝ၁၁ အထိကို တက်မလာသေးဘူး။ ဒါကဘာကြောင့်လဲဆိုတာကို ဆန်းစစ်ကြည့်ကြဖို့လိုနေပြီ။ဒါပေမဲ့ WSQ ကပေးတဲ့အကြောင်းကရော ရှေ့အလားအလာ ကောင်းမကောင်းဆိုတာကို စောင့်ကြည့်ကြဖို့ပဲရှိတော့တယ်” ဟု နိုင်ငံခြားပညာရေးလေ့လာနေသူ အသက် ၃ဝ အရွယ်ရှိလူငယ်တစ်ဦးက ပြောသည်။ ကုန်ကျစရိတ်များအပါအဝင် အသေးစိတ်အချက်အလက် များကို ဖော်ပြထားသည့် WSQ Tourism  ၏တရားဝင်ဝက်ဘ်ဆိုက်  http://tmis.edu.sg တွင်ဝင်ရောက် ကြည့်ရှုရန်လိုမည်ဖြစ်ကြောင်းနှင့်  ယင်းနိုင်ငံတို့ရှိ ၄င်းနယ်ပယ်အတွေ့အကြုံရှိသူများကိုပါ စုံစမ်း မေးမြန်းစေလိုကြောင်း ပညာရေးကျွမ်းကျင်သူများထံမှ သိရသည်။ 
Posted by အိမ်လွမ်းသူ

ရပ်တည်မှုခက်ခဲလာနိုင်သော စင်ကာပူရောက် နိုင်ငံခြားသားများအခြေအနေ(၁)

စင်ကာပူရောက် နိုင်ငံခြားသားများအပေါ် စင်ကာပူနိုင်ငံသားများ မကြည်မလင်ဖြစ်နေခဲ့သည်မှာ ကြာပါပြီ။ သူတို့ထံမှ အများဆုံးကြားရသော complaint များမှာ ကား၊ ရထားများတွင် လူများအလွန်ကြပ်သိပ်လာမှု၊ စင်ကာပူနိုင်ငံသားများ အနေနှင့် အလုပ်အကိုင်ရှာဖွေရာတွင် ဈေးသက်သာပြီး ကျွမ်းကျင်သော နိုင်ငံခြားသားများနှင့် အကြိတ်အနယ် ယှဉ်ပြိုင်နေရမှု စသည်တို့ ပါဝင်ပါသည်။
အဘယ်ကြောင့် သူတို့ဤကဲ့သို့ ပြောဆိုနေကြသည်ကို သေချာစွာသိနိုင်ရန် စင်ကာပူတွင်ရောက်နေသော နိုင်ငံခြားသားများအကြောင်း တစေ့တစောင်း လေ့လာကြည့်ပါမည်။ ပထမဦးစွာ စင်ကာပူသို့ အလုပ်လုပ်ကိုင်ရန်အတွက် သော်လည်းကောင်း၊ မိသားစုရှေ့ရေးကြောင့်သော်လည်းကောင်း ပြောင်းရွှေ့ဝင်ရောက်လာသော နိုင်ငံခြားသားဦးရေကို လေ့လာပါမည်။ ၂၀၁၀ ခုနှစ်တွင် ထုတ်ပြန်သော စင်ကာပူအစိုးရ စာရင်းအင်းများအရ ၁၉၈၀ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ အနှစ် ၃၀ အတွင်း စင်ကာပူတွင် တိုးတက်လာသော လူဦးရေစာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
Population Size and Growth in Singapore from 1980 to 2010
မှတ်ချက်။ ။ Singapore Permanent Resident (SPR) များကို local သို့မဟုတ် resident များအဖြစ် သတ်မှတ် ပါသည်။ ထို Singapore Citizen (SC) နှင့် SPR များမှ ကြွင်းသော ကျန်သူများအားလုံးကို Non-Resident (Foreigner) များအဖြစ် သတ်မှတ်ပါသည်။

Monday, October 17, 2011

စကားလုံးတွဲများအကြောင်း (၂)

ဒီတစ်ခါတော့ အင်္ဂလိပ်စကားပြောတဲ့အခါ အလွယ်တကူသုံးလို့ရမယ့်စကားစုတွဲလုံး (Phrase) တွေကို ဆက်လက်ဖော်ပြလိုက်ပါတယ်။ ဆက်ပြီးလေ့လာကြည့်ပါ။
I’ve decide to + Verb
မိမိတစ်ခုတစ်ခုကို ပြုလုပ်ဖို့ဆုံးဖြတ်ပြီးဖြစ်တဲ့အကြောင်းပြောတဲ့အခါ I have decide to ဆိုတဲ့ စကားလုံး အတွဲကို ကျက်မှတ်ထားပြီး နောက်က Verb အမျိုးမျိုးပြောင်းလဲတွဲပေးကာ မိမိပြောချင်တဲ့ စိတ်ကူးအတွေး တွေကို အမျိုးမျိုးပြောဆိုနိုင်ပါတယ်။
ဥပမာ ၀ါကျတွေကို လေ့လာကြည့်ရအောင်………
I’ve decide to accept the job.
ကျွန်တော်အလုပ်ကို လက်ခံဖို့ ဆုံးဖြတ်ပြီးပြီ။
I’ve decide to complete my degree.
ကျွန်တော် ဘွဲ့ရသည်အထိ သင်ယူဖို့ ဆုံးဖြတ်ပြီးပြီ။
I’ve decide to change my bad habits.
ကျွန်တော့ရဲ့မကောင်းတဲ့အကျင့်တွေကို ပြောင်းလဲဖို့ ဆုံးဖြတ်ပြီးပြီ။
I was about to + Verb
တစ်ခုခုကိုလုပ်ခါနီးမှာ၊ တစ်ခုခုဖြစ်ပျက်တယ်လို့ပြောဆိုတဲ့အခါမှာ I was about to +verb ပုံစံနဲ့ပြောဆို နိုင်ပါတယ်။ ဥပမာ ထမင်းစားမယ်လုပ်တုန်း ဧည့်သည်ရောက်လာတယ်။ ရေချိုးမယ်လုပ်နေတုန်း တယ်လီ ဖုန်းလာတယ် ဆိုတဲ့ သဘောမျိုးတွေမှာ သုံးနိုင်ပါတယ်။ “တော့မလို့” ဟု ဘာသာပြန်နိုင်ပါတယ်။
ဥပမာဝါကျတွေကိုလေ့လာကြည့်ပါဦး…………
I was about to go out.
ကျွန်တော် အပြင်သွားတော့မလို့။
I was about to go to dinner.
ကျွန်တော် ညစာစားဖို့ သွားတော့မလို့။
I was about to go to bed.
ကျွန်တော် အိပ်ယာထဲဝင်တော့မလို့။
I was about to go to work.
ကျွန်တော် အလုပ်သွားတော့မလို့
I was about to send you an e-mail.
ကျွန်တော် ခင်ဗျားကို အီးမေလ်းတစ်စောင့် ပို့တော့မလို့။
I didn’t mean to + Verb
မိမိရဲ့အပြောအဆို၊ အပြုအမူတွေဟာ သူတစ်ပါးကို ထိခိုက်နစ်နာသွားခဲ့ရင် အဲ့ဒီလိုမဖြစ်စေဖို့ မရည်ရွယ် ခဲ့တဲ့အကြောင်းကို I didn’t mean to + Verb ပုံစံနဲ့ပြောဆိုနိုင်ပါတယ်။
ဥပမာဝါကျတွေကိုလေ့လာကြည့်ပါ။
I didn’t mean to hurt your feeling.
ခင်ဗျားရဲ့ ခံစားချက်ကို ထိခိုက်အောင်လုပ်ဖို့ ကျွန်တော် မရည်ရွယ်ခဲ့ပါဘူး။
I didn’t mean to call you so late.
ခင်ဗျားကို တော်တော်နောက်ကျပြီးမှ ဖုန်းဆက်ဖို့ မရည်ရွယ်ခဲ့ပါဘူး။
I didn’t mean to lie about what happened.
ဘာဖြစ်ပျက်ခဲ့တယ်ဆိုတဲ့အကြောင်းကို လိမ်ညာပြောဆိုဖို့ မရည်ရွယ်ခဲ့ပါဘူး။
I didn’t mean to embarrass you.
မင်းကိုအရှက်ရစေဖို့ ငါ မရည်ရွယ်ခဲ့ပါဘူး။
I didn’t mean to make you confused.
မင်းကို စိတ်ရှုပ်ထွေးအောင်လုပ်ဖို့ ငါ မရည်ရွယ်ခဲ့ပါဘူး။
ရေးသားသူ - အလင်္ကာည
Posted by ကိုတူး(မိတ္ထီလာ GTI)

Saturday, October 15, 2011

စကားလုံးတွဲများအကြောင်း (၁)

ဒီကဏ္ဍမှာ ကျွန်တော်တို့သိထားသင့်တဲ့စကားစုတွေ၊ စကားလုံးတွဲတွေကို လေ့လာဖို့အပြင်၊  အစားထိုးရမယ့်နေရာမှာ စိတ်ကူးရှိသလို လိုအပ်တဲ့စကားလုံးတွေကို ပြောင်းလဲအသုံးပြုနိုင်မယ်ဆိုရင် သဒ္ဒါစည်းမျဉ်းလည်း စဉ်းစားစရာမလိုပဲ လွယ်လွယ်ကူကူနဲ့စကားတွေပြောနိုင်ပါလိမ့်မယ်။ ကဲ့ လေ့လာကြည့်ရအောင်ဗျာ…..။
I don’t have time to + (Verb)
မိမိတစ်စုံတစ်ခုကို ပြုလုပ်ဖို့အချိန်မရှိတဲ့ အကြောင်းပြောတဲ့အခါမှာ I don’t have time to ဆိုတဲ့ စကား လုံးတွဲကို ကျက်မှတ်ထားပြီး နောက်က Verb အမျိုးမျိုးပြောင်းလဲတွဲပေးခြင်းဖြင့် မိမိရဲ့ လတ်တလောအခြေ အနေကို ပြောပြနိုင်ပါတယ်။
ဥပမာအားဖြင့်-
I don’t have time to explain.
ကျွန်တော့်မှာရှင်းပြဖို့ အချိန်မရှိဘူး။
I don’t have time to eat.
ကျွန်တော့်မှာ စားဖို့အချိန်မရှိဘူး။
I don’t have time to exercise.
ကျွန်တော့်မှာ လေ့ကျင့်ဖို့ အချိန်မရှိဘူး။
I don’t have time to watch my favourite TV Show.
အနှစ်သက်ဆုံး တီဗီကြည့်ဖို့ ကျွန်တော့်မှာအချိန်မရှိဘူး။
I don’t have time to talk.
ကျွန်တော့်မှာစကားပြောဖို့ အချိန်မရှိဘူး။
မိမိမနှစ်သက်တဲ့အရာ၊ မိမိနားမလည်တဲ့အရာ၊ မိမိမလုပ်ချင်တဲ့ကိစ္စတွေအကြောင်း ပြောချင်ရင်တော့-
ကျနော်တို့သိပြီးသား I don’t ဆိုတဲ့ စကားလုံးတွဲကို အလွတ်ကျက်ထားပြီး နောက်ဘက်က ကြိယာတွဲလုံး စကားစု (Verb phrase) တွေအမျိုးမျိုး ပြောင်းလဲ ထည့်ပေးကာ ပြောဆိုနိုင်ပါတယ်။ နောက်ဘက်က ပြောင်းလဲထည့်ပေးတဲ့ Verb phrase တွေက V 1   ပုံစံဖြစ်ရပါမယ်။
ဥပမာအားဖြင့်-
I don’t eat meat.
ကျွန်တော့်အသားမစားဘူး။
I don’t like rain.
မိုးရွာတာကို ကျွန်တော်မကြိုက်ဘူး။
I don’t understand Spanish.
စပိန်ဘာသာစကားကို ကျွန်တော်နားမလည်ဘူး။
I don’t understand what you are saying.
မင်းပြောနေတာကို ငါနားမလည်ဘူး။
I don’t like sports.
အားကစားကို ကျွန်တော်မကြိုက်ဘူး။

စင်ကာပူနိုင်ငံ၏ ရေသုံးစွဲမူအကြောင်း(၄)

မြန်မာစကားပုံကတော့ ရေတစ်ပိသာရှိရင် သန့်တယ် ဟူ၏။ ဤအယူအဆသည် လွန်ခဲ့သော အနှစ် ၅၀ ကျော်၊ ၁၀၀ က မှန်ချင်မှန်ပါလိမ့်မည်။ ရေအတွင်း ဘာအမှိုက်သရိုက်၊ မည်သည့်စွန့်ပစ္စည်းမှ အများအပြားမရှိသေး။ ကျွန်တော်တို့ဘက်တွင် မြစ်ရေကိုသာ သောက်ကြသည်။ သောက်သည် ဆိုတာတောင် ဘာကျိုချက်နေတာမှ မဟုတ်။ မြစ်လယ်သို့ လှေဖြင့်သွား ခပ်ကာ သည်အတိုင်း သောက်ခြင်းဖြစ်သည်။ ကျွန်တော့် အမျိုးအနွယ် ဘကြီး၊ ဘထွေး၊ ဒေါ်ကြီးဒေါ်လေးများ အသက် ၈၀ ကျော်၊ ၉၀ ထိ သည်အတိုင်း ဘာရောဂါမှ ထူးထူးထွေထွေမဖြစ်ဘဲ နေသွားခဲ့ကြသည်။ သို့သော် ယခုခေတ်တွင် ဤမျှလောက်ထိ စိတ်ချဘို့ရာ မဖြစ်နိုင်တော့ပါ။
စင်ကာပူတွင် ပိုက်မှလာသောရေ (tap water) ကို ဘာမှ စစ်နေစရာမလို၊ ကျိုချက်နေစရာမလိုဘဲ သည်အတိုင်း သောက်လို့ရသည်။ သောက်လို့ရကြောင်း အစိုးရမှ အာမခံထားသည်။ မည်သည့်အတွက် အာမခံနိုင်သနည်း။ ကဲသည်ဟု ဆိုချင်ဆို။ စင်ကာပူမှရေကို PUB က တစ်လလျှင် စစ်ဆေးချက်ပေါင်း ၈ သောင်းထိ လုပ်သည်ဆို၏။ ဤသည်မှာ တစ်လထဲ မဟုတ်။ လတိုင်းလုပ်တာဖြစ်သည်။ ဤစစ်ဆေးချက်များတွင် အရည်အသွေးစံ စမ်းသပ်ချက် (parameter) ၂၉၀ ပါသည်။ ဤသည်မှာ WHO (World Health Organization) မှ သတ်မှတ်ထားသော အချက် ၁၃၀ ပေါ်တွင် စမ်းသပ်ရမည် ဟူသည့် စံနှုန်းထက် နှစ်ဆကျော် ပိုထားခြင်း ဖြစ်သည်။ သည့်အတွက် PUB က ရေပိုက်ခေါင်းမှလာသောရေကို စိတ်ချလက်ချ သောက်ရန် အာမခံနိုင်ခြင်း ဖြစ်ပါသည်။
စမ်းသည်ဆိုရတွင်လည်း စမ်းသည့်ရေကို တစ်နေရာထဲမှ ယူတာမဟုတ်။ စင်ကာပူတစ်နိုင်ငံလုံး နေရာအနှံ့အပြားမှ လိုက်ယူ ခြင်းဖြစ်သည်။ ထိုမျှသာမကသေး။ PUB မှ စမ်းသပ်ချက်ကို NEA (National Environment Agency) မှလည်း ထပ်မံ စစ်ဆေးသေးသည်။
၂၀၀၃ ခုနှစ်တွင် နိုင်ငံခြားသားများနှင့် နိုင်ငံသားကျွမ်းကျင် ပညာရှင်များ ပါဝင်သည့် စစ်ဆေးရေးအဖွဲ့က PUB ရေကို စစ်ဆေးပြီး စင်ကာပူတွင် ရေပိုက်မှလာသောရေသည် အဆင့်မြင့်ရေအရည်အသွေးဖြင့် ပြည့်ဝကြောင်း အစီရင်ခံသွားပါသည်။
 

Friday, October 14, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၃၆ )

အခုထိ တင်ပြဆွေးနွေးခဲ့တဲ့အတိုင်း အင်္ဂလိပ်ဝါကျမှာ S, V, DO, SC တို့ အနေအထားကို နေရာမမှားရအောင် အစဉ်သတိထားပြီး သုံးတတ်ဖို့ အရေးကြီးတယ်။ အင်္ဂလိပ်စကားဟာ Pronoun အချို့ကလွဲရင် ၀ိဘတ်သွယ်တယ်ဆိုတာ မရှိလေတော့ စကားလုံးကို နေရောအထားလွဲရင် အဓိပ္ပါယ်လွဲတော့တာပါပဲ။
The dog bit the man.
.........S....V.........DO
ခွေးက လူကို ကိုက်တယ်.။
The man bit the dog.
..........S....V.........DO
လူက ခွေးကို ကိုက်တယ်.။
ဒါပေမယ့် အင်္ဂလိပ်စကားမှာ S,V တို့ကို နေရာရှေ့နောက် ပြောင်းပေးရတာများလည်း ရှိပါတယ်။ အားလုံးသိကြတဲ့ဟာကတော့ When, Where, How, Why စတဲ့ စကားလုံးများနဲ့ စတင်တဲ့ အကျိုးအကြောင်းသိချင်လို့မေးတဲ့ မေးခွန်းများဖြစ်တယ်။ ဒီလို မေးခွန်းများမှာ SV အစီအစဉ်ဟာ VS အစီအစဉ် ဖြစ်သွားတယ်။
Where is Thura?
............V......S
သူရ ဘယ်မှာလည်း.။
Why are you late?
.........V....S.....SC
ဘာကြောင့် မင်းနောက်ကျတာလည်း။
Yes / No မေးခွန်းလို့ခေါ်တဲ့ ဟုတ်၊ မဟုတ် အတည်ပြုချက်ရရုံမေးတဲ့ မေးခွန်းမျိုးမှာတော့ S နဲ့ V ရှေ့နောက်ပြောင်းတာဟာ နည်းတစ်နည်းမျှဖြစ်တယ်။
Is he in?
V..S
သူအထဲမှာ ရှိလား။
Are you sure?
V......S
သေချာရဲ့လား။
နောက်တစ်နည်းက S,V အနေအထားကို မပြောင်းဘဲ စကားပြောရမှာ အသံကို မြှင့်လိုက်ရုံ၊ စာရေးရာမှာ မေးခွန်းအမှတ်ကလေး ထည့်ပေးလိုက်ရုံ လုပ်ပေးရတဲ့နည်းဖြစ်တယ်။
You did?
မင်းလုပ်တယ်၊ ဟုတ်လား။
She is here?
သူ ဒီမှာ၊ ဟုတ်လား။
နောက်တစ်နည်းကတော့ Question-tag လို့ခေါ်တဲ့ အဖျားဆွတ် မေးခွန်းတိုလေးကို သာမန်တင်ပြချက်အနေအထား (SV) နောက်မှာ ဖြည့်စွက်ပေးတဲ့ နည်းပါပဲ။
You did, did you?
မင်းလုပ်တယ်နော်။
She is here, isn't she?
သူ ဒီမှာ ရှိတယ်နော်။
Verb ဟာ နှစ်ပိုင်းသုံးပိုင်း စသဖြင့် ပါလာရင်တော့ S ဟာ ကြိယာထောက်လို့ခေါ်တဲ့ V အပိုင်းနဲ့ ကျန်အပိုင်းကြားမှာ နေရာယူတယ်။ ကြိယာထောက်ကို v အက္ခရာ အသေးနဲ့ပြပြီး ပင်မကြိယာကို V အက္ခရာအကြီးနဲ့ ပြပါတယ်။

Thursday, October 13, 2011

စင်ကာပူနိုင်ငံ၏ ရေသုံးစွဲမူအကြောင်း(၃)

၃) ပင်လယ်ရေကို ကျိုချက်သောရေ (Desalinated Water)
၂၀၀၅ ခုနှစ်တွင် Tuas ၌ SingSpring desalination plant ကို ဖွင့်လှစ်လိုက်ခြင်းအားဖြင့် စင်ကာပူပံ့ပိုးရေ ကဏ္ဍသစ်တစ်ရပ် ဖွင့်လိုက်သည်။ ထိုစက်ရုံမှ တစ်နေ့လျှင် ရေဂါလံ သန်း ၃၀ (၁၃၆၀၀၀ ကုဗမီတာ) ကျိုချက်နိုင်သည်။ ကမ္ဘာပေါ်တွင် ပင်လယ်ရေကို အများဆုံးကျိုသုံးသည့်နိုင်ငံများအနက် တစ်နိုင်ငံပင်ဖြစ်ပါတော့သည်။ နယူးဝါးတားကဲ့သို့ပင် PUB ၏ ငွေကုန်ကြေးကျများစွာခံကာ ရင်းနှီးမြှုပ်နှံထားသော သုတေသနလုပ်ငန်းများ၏ ရလာဒ်ပင် ဖြစ်ပါသည်။ ရေသည် အသက်၊ အသက်သည်ရေ ဖြစ်သဖြင့် ရေကိစ္စ အထူးသုတေသနပြုနိုင်ရန် လာမည့် ၅ နှစ်အတွက် သုတေသနရံပုံငွေ စင်ကာပူဒေါ်လာ သန်းပေါင်း ၃၃၀ သုံးစွဲရန် ချမှတ်ထားပါသည်။
တစ်နေ့လျှင် ရေဂါလံ သန်း ၇၀ ထုတ်ပေးနိုင်မည့် နောက် ပယ်လယ်ရေချက်စီမံကိန်းတစ်ခုမှာလည်း Tuas တွင်ပင်ရှိ၏။ ထိုစီမံကိန်းမှ ထုတ်မည့်ရေကို PUB သို့ ၂၀၁၃ ခုနှစ်မှ ၂၀၃၈ ခုနှစ်ထိ ၂၅ နှစ်ရောင်းမည်။ ဈေးတော့နည်းနည်းကြီးသည်။ တစ်ကုဗမီတာကို ၄၅ ပြား ဖြစ်၏။
၂၀၆၀ ခုနှစ်သို့ရောက်လျှင် စင်ကာပူရေလိုအပ်ချက်၏ ၃၀% ကို ပင်လယ်ရေကိုကျိုသောရေမှ ပံ့ပိုးပေးနိုင်ရန် ရည်မှန်းချက် ထားပါသည်။
၎) သုံးရေကို ပြန်လည်ပြုပြင်ထားသောရေ (New Water)
၂၀၀၂ ခုနှစ်မှစကာ အများပြည်သူသုံးသောရေထဲသို့ နယူးဝါးတားကို စမ်းလွှတ်ခဲ့သည်။ သုံးပြီးသားရေကို ပြန်သုံးခိုင်းတာ ဆိုတော့ လွယ်လွယ်လေးတော့မဟုတ်။ သည်အဆင့်ရောက်အောင် သိပ္ပံစမ်းသပ်ချက် ၆၅၀၀၀ လုပ်ခဲ့ရသည်။ WHO ၏ လိုအပ်ချက်များနှင့်အညီ စမ်းသပ်စစ်ဆေးပြီး အတည်ပြုချက်ရတော့မှ လွှတ်ရတာဖြစ်၏။ သည်ရေအတွက် ၂၀၀၇ ခုနှစ်တွင် PUB သည် Stockholm Industry Water Award ကို ရခဲ့သည်။
လက်ရှိကျွန်တော်တို့သုံးနေသောရေတွင် နယူးဝါးတား (ရေသစ် ဟုတော့ ဘာသာမပြန်ပါရစေနှင့်) ၇% ပါသည်။ ထိုပေါင်းစပ်နှုံး ကို နှစ်စဉ်တဖြည်းဖြည်း တိုးမြှင့်သွားမည်။ ၂၀၆၀ ရောက်လျှင် နယူးဝါးတား ပေါင်းစပ်မှုမှုအချိုးကို ၅၀% ထိ တိုးမြှင့်မည်။
နိုင်ငံရပ်ခြားကျွမ်းကျင်သူများ၊ အင်ဂျင်နီယာများ ပါသောအဖွဲ့က နယူးဝါးတားအတွင်း ဓါတုဗေဒပေါင်းစပ်ပါဝင်မှု၊ အဆိပ် နှင့် အဏုဇီဝများအတွက် တစ်နှစ်လျှင်နှစ်ကြိမ် စမ်းသပ်စစ်ဆေးသည်။
နယူးဝါးတားထုတ်လုပ်မှုတွင် အကြမ်းဖျဉ်းအားဖြင့် သုံးဆင့်ပါသည်။

Wednesday, October 12, 2011

Sunday, October 09, 2011

စင်ကာပူနိုင်ငံ၏ ရေသုံးစွဲမူအကြောင်း(၂)

စင်ကာပူကုန်းတွင်း ရေကန်ကြီးများ
Pandan Reservoir              Kranji Reservoir                          Murai Reservoir
Tengeh Reservoir              Jurong Lake Reservoir                 MacRitchie Reservoir
Sarimbun Reservoir           Pulau Tekong Reservoir               Upp Peirce Reservoir
Lower Peirce Reservoir      Marina Reservoir                        Serangoon Reservoir
Bedok Reservoir                Upp Seletar Reservoir                 Pungol Reservoir
Poyan Reservoir                Lower Seletar Reservoir
စင်ကာပူ မြစ်များ
Jurong River                     Pandan River                              Mandai Kechi River
Seletar Simpang River       Ulu Pandan River                        Peng Siang River
China River                      Sembawang River                       Tengah River
Kangkar River                   Mandai River                              Punggol River
Singapore River                Kallang River                              Khatib Bongsu River
Seletar River                    Rochor River                              Geylang River
Tong Kang River               Serangoon River                         Bedok River
Changi River                    Pinang River                              Api Api River
Selarang River                  Loyang River                              Tampines River
၂) ဂျိုဟိုး(မလေးရှား)မှ တင်သွင်းသောရေ (Imported Water from Johor)
စင်ကာပူသို့ ရေတင်ပို့ရန် မလေးရှားနှင့် စင်ကာပူတို့ ၁၉၆၁ နှင့် ၁၉၆၂ ခုနှစ်တို့တွင် စာချုပ်ခဲ့သည်။ ပထမစာချုပ်သည် ၂၀၁၁ ခုနှစ်တွင် သက်တမ်းကုန်မည်ဖြစ်ပြီး ဒုတိယစာချုပ်သည် ၂၀၆၁ ခုနှစ်တွင် သက်တမ်းကုန်မည်။ ဆိုလိုသည်မှာ ၂၀၆၁ ခုနှစ် ရောက်လျှင် စင်ကာပူသည် မလေးရှားမှ ရေမ၀ယ်တော့ဘဲ မိမိရေဖြင့်သာ လည်ပတ်မည်ဖြစ်ပါသည်။
ထိုစာချုပ်အရ မလေးရှားမှဝယ်သော ရေဈေးနှုံးမှာ အင်မတန် သက်သာပါသည်။ ဂါလံတစ်ထောင်(၄၅၀၀ လီတာ) မှ ၁ ပြားသာ ကျသင့်၏။ သို့သော်လည်း ဤဈေးနှုံးကို မလေးရှားဘက်မှ ကျေနပ်သည်တော့မဟုတ်ပါ။ သည့်အတွက် စင်ကာပူ အစိုးရကလည်း ရေကိစ္စတွင် မိမိခြေထောက်ပေါ်မိမိရပ်တည်နိုင်ရေး နည်းလမ်းပေါင်းစုံဖြင့် ကြံဆပါတော့သည်။
(မလေးရှားမှ ရေတင်ပို့သော ပိုက်လုံးကြီးများအား တွေ့ရစဉ်)
Posted by သူငယ်ချင်းတစ်ဦး

Saturday, October 08, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၃၅)

ဝါကျထဲမှာ ကတ္တား (S)၊ ကံ (O) စတာတွေကို ခွဲခြားသိမြင်ဖို့ အရေးကြီးတာနဲ့ အမျှ အခက်အခဲတွေလည်း တွေ့နိုင်ပါတယ်။ ဒါနာမ်ပဲ၊ ဒါကြိယာပဲ၊ ဒါနာမ၀ိသေသနပဲလို့
အမြဲတမ်း လွယ်လွယ်ကူကူနဲ့ ခွဲခြားသိမြင်နိုင်တာ မဟုတ်ဘူး။ တစ်ပိုင်းစီမှာ ပါဝင်တဲ့ ပုဒ်တွေရဲ့ အရေအတွက်ကလည်း တူညီနေတတ်တယ်။ ဥပမာ - Cows are animals. ဆိုတဲ့ ၀ါကျမှာ စကားလုံးသုံး ပါတယ်။ S က တစ်လုံး၊ V ကလည်း တစ်လုံး၊ C ကလည်း တစ်လုံး။ Cows eat grass. ဆိုတဲ့ ၀ါကျမှာလည်း သုံးလုံးပါပြီး S, V, O တို့ကလည်း တစ်လုံးစီ ပါဝင်နေကြတယ်။ စကားလုံးအမျိုးအစားကို ကြည်ပြန်ရင်လည်း N+V+N တူညီနေကြပြန်ရော။ နောက် ဥပမာတစ်ခုပြရရင် Cows give people milk. နှင့် Love makes men fools. ၀ါကျနှစ်ခုကို ကြည့်လေ။ စကားလုံးအမျိုးအစားအရ ခွဲကြည့်ရင် နှစ်ဝါကျစလုံးမှာ N+V+N+N ချည်းဖြစ်နေတာ တွေ့ရလိမ့်မယ်။ ဒီတော့ ကျောင်းသားအနေနဲ့ ဒီ N တွေဟာ O လား၊ C လား ခွဲခြားရ ခက်ရပြန်တယ်။ ဒီတော့ ၀ါကျထဲမှာ S နဲ့ V,O,C တို့ ရပ်တည်နေပုံကို အနေအထားအရတင် မဟုတ်ဘဲ အခြားအမှတ်အသား လက္ခဏာလေးတွေနဲ့ပါ ညွှန်ပြထားတာကို လေ့လာထားဖို့ လိုလာတယ်။
အင်္ဂလိပ်စကားမှာ နာမ်တွေဟာ နောက်ဆက် S ပါတဲ့အခါပါ၊ မပါတဲ့အခါ မပါကြဘူး။
( Cows, Cow )။ ရှေ့က a, an, the, this, that, all, some, any စတဲ့ စကားလုံးလေးတွေ ပါလေ့ရှိကြတယ်။ ( A cow, the boy, All dogs စသည် )။ မပါတဲ့အခါလည်း မပါဘူး။( Cows Boys, Men )။

မင်းကြောင်လေး သေသွားပြီ


Posted by ဂျစ်တီး

Friday, October 07, 2011

စင်ကာပူနိုင်ငံ၏ ရေသုံးစွဲမူအကြောင်း(၁)


ယနေ့ စင်ကာပူတွင် သုံးနေသော ရေပမာဏမှာ တစ်ရက်လျှင် ဂါလံသန်းပေါင်း ၃၈၀ (၁,၇၃၀,၀၀၀ ကုဗမီတာ) ရှိသည်။ နောင်နှစ်ပေါင်း ၅၀ ကြာလျှင် ဤပမာဏထက် နှစ်ဆတိုးလာမည်ဟု ခန့်မှန်းထားပါသည်။ ဤပမာဏ၏ ၇၀ ရာခိုင်နှုံးမှာ စက်မှုလုပ်ငန်းသုံးဖြစ်ပြီး အိမ်သုံးမှာ ၃၀ ရာခိုင်နှုံးသာ ဖြစ်ပါသည်။ ၂၀၀၃ ခုနှစ်က လူတစ်ဦး၏ ရေအသုံးပမာဏမှာ တစ်ရက်လျှင် ၁၆၅ လီတာရှိရာမှ ယခု ၂၀၁၀ တွင် ၁၅၄ လီတာသို့ လျှော့ချနိုင်ခဲ့ပါသည်။ ရည်မှန်းချက်မှာ ၂၀၂၀ ခုနှစ်တွင် လူတစ်ဦး တစ်ရက် ၁၄၇ လီတာ၊ ၂၀၃၀ ခုနှစ်တွင် ၁၄၀ လီတာ ဖြစ်ပါသည်။ လူတို့အသုံးအများဆုံးမှာ ရေချိုးခန်း (၂၉%) နှင့် မီးဖိုဆောင် (၂၂%) ဖြစ်၏။ ဤအသုံးများတွင် မလိုဘဲ ဖြုန်းတီးနေမှုများ အများအပြား ပါဝင်နေပါသည်။
မလိုပဲ ရေကို မဖြုန်းမိအောင် ပညာပေးအစီအစဉ်များလုပ်နေရာ ထိုအကြောင်း နောက်ပိုင်းတွင် ဖော်ပြပါမည်။
စင်ကာပူတွင် လက်ရှိ နေ့စဉ်သုံးနေသောရေကို အဓိက ရေအရင်းအမြစ် ၄ ခုမှရယူထားသည်။
၁) ကုန်းတွင်းစုဆောင်းရေ (Local Catchment Water)
၂) ဂျိုဟိုး(မလေးရှား)မှ တင်သွင်းသောရေ (Imported Water from Johor)
၃) ပင်လယ်ရေကို ကျိုချက်သောရေ (Desalinated Water)
၎) သုံးရေကို ပြန်လည်ပြုပြင်ထားသောရေ (New Water)
PUB (Public Utility Board) မှ စင်ကာပူတွင်လိုသမျှရေကို ထောက်ပံ့ပေးနေရာ ထိုရေများကို ကုန်းတွင်းစုဆောင်းရေမှ ၅၀%၊ မလေးရှားမှ တင်ပို့သောရေ ၃၃%၊ ပင်လယ်ရေမှ ချက်သောရေ ၁၀% နှင့် ပြန်ပြင်ထားသောရေ ၇% ဟု ပေါင်းစပ်ကာ ပံ့ပိုးပေးခြင်း ဖြစ်ပါသည်။  
၁) ကုန်းတွင်းစုဆောင်းရေ(Local Catchment Water)
ကုန်းတွင်းစုဆောင်းရေတွင် နှစ်ပိုင်းရှိ၏။ တစ်ပိုင်းမှာ မိုးရေဖြစ်ပြီး နောက်တစ်ပိုင်းမှာ သုံးပြီးရေ ဖြစ်သည်။
ပင်လယ်ထဲမှ ကျွန်းတစ်ခုဖြစ်သော စင်ကာပူတွင် အ၀ီစိတွင်းတူးဘို့ မဖြစ်နိုင်။ သည်တော့ မိုးရေကို အားကိုးရသည်။ သည်ရေကို Surface water ဟု ခေါ်သည်။ စင်ကာပူလို ကျွန်းသေးသေးလေးအတွက် တစ်နိုင်ငံလုံးသုံးနိုင်လောက်အောင် မိုးရေခံစရာ ကုန်းမြေပင် အလုံအလောက်မရှိပါ။ သည်တော့ မိုးရေကို အဖိတ်အစင် အလေအလွင့်မရှိအောင် မည်ကဲ့သို့ ကဲ့ယူ စုဆောင်းထားသည်ကို ဗဟုသုတရစေရန် ပြည့်ပြည့်စုံစုံလေး တင်ပြပါမည်။ ဤကဲ့သို့ ရေစုဆောင်းခြင်းကို ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် ပြည့်ပြည့်စုံစုံ ပြဌာန်းထားပါသည်။ ဤဥပဒေ နှင့် လုပ်ထုံး လုပ်နည်းများအကြောင်းလည်း အနည်းငယ် မိတ်ဆက်ပေးပါမည်။ ပညာတတ်သူများ လုပ်တာ မည်မျှစနစ်ကျသနည်းဆိုတာ ပြောလိုရင်းဖြစ်ပါသည်။
ရွာချလိုက်သော မိုးရေကို ပထမ ရေမြောင်းများဆီ ကဲ့ယူသည်။ ထိုရေမြောင်းများမှသည် ကန်များအတွင်းသို့ဖြစ်စေ၊ မြစ်များ အတွင်းသို့ဖြစ်စေ စီးစေသည်။ ထို တူးမြောင်း၊ မြစ်များမှရေကို လှောင်ထားကာ သန့်စင်ပြီး သုံးရေအဖြစ် ဖြန့်ဝေသည်။
စင်ကာပူတွင် ကုန်းတွင်းရေကန် စုစုပေါင်း ၁၇ ခုရှိသည်။ Punggol နှင့် Serangoon Reservoir များမှာ ယခုမှပြီးသော ၁၆ ခု နှင့် ၁၇ ခုမြောက် ရေလှောင်ကန်များဖြစ်သည်။ မရီနာရေကန်သည်ကား စင်ကာပူမြို့တွင်း ဟက်တာ တစ်သောင်းမျှသော မိုးရေခံဧရိယာများမှ ရေကို Ang Mo Kio, Kallang မြစ်များမှတစ်ဆင့် စုဆောင်းသည်။ ထိုပမာဏသည် မနည်းပါ။ စင်ကာပူ ရေလိုအပ်ချက်၏ ၁၀% ထိ စုပေးနိုင်သည်။  Punggol, Serangoon နှင့် Marina ရေကန်များ၏ ရေစုဆောင်းဧရိယာသည် စင်ကာပူတစ်နိုင်ငံလုံး၏ ထက်ဝက် သို့မဟုတ် သုံးပုံနှစ်ပုံထိ ရှိသဖြင့် အကြီးဆုံးဟု ပြော၍ရပါသည်။ ထိုမိုးရေခံဧရိယာကို နည်းပညာအသစ်များသုံးလျှက် စင်ကာပူဧရိယာ၏ ၉၀% ထိ တိုးမြှင့်သွားရန် ရည်ရွယ်ထားပါသည်။ အဘယ်ကြောင့် ဆိုသော် ပင်လယ်ရေမှ ရေချိုချက်လုပ်ခြင်းစရိတ်စကမှာ အလွန်ကြီးမြင့်သောကြောင့် မိုးရေကို အဓိကအားထား သုံးစွဲရန် ဖြစ်သည်။
လက်ရှိ စင်ကာပူတွင် ရေသယ်ပေးရန် မြစ် ၃၂ ခု နှင့် မြောင်း၊ တူးမြောင်း စုစုပေါင်း ကီလိုမီတာ ၇၀၀၀ မျှရှိသည်။
Posted by သူငယ်ချင်းတစ်ဦး

Thursday, October 06, 2011

IPaid


Posted by ဂျစ်တီး

Apple ၏ဖခင်ကြီး စတိဗ့်ဂျော့ အနိစ္စရောက်

          ကွန်ပြူတာလောကနှင့် Mobile ဖုန်းလောကတို့တွင် ဆရာတဆူဖြစ်သော အဲပယ်လ်ကွန်ပြူတာ ကိုတည်ထောင်သူ စတိဂျော့ အနိစ္စရောက်ရှိသွားပြီဖြစ်သည်။ ကွယ်လွန်ချိန်မှာ သူဟာ အသက် ၅၆ နစ်ဖြစ်ပြီး ကင်ဆာရော ဂါ နဲ့ ကွယ်လွန်သွားခြင်းဖြစ်ပါတယ်။ သူ မကွယ်လွန်ခင် ယခုရက်ပိုင်းအတွင်းမှာပဲ IPhone 4S ဆိုပြီး မကြာခင် ၀ယ်ယူနိုင် တော့မည့်အကြောင်း Apple Company မှ Intro လုပ်ခဲ့ပါသေးတယ်။ သူ့ရဲ့ ဖန်တီးနိုင်မှု စွမ်းပကားနဲ့ အင်မတန်မှ ကောင်းမွန်လှသော Idea တို့ကို ကျွန်တော်တို့ တသသ လွမ်းဆွတ်နေရဦးမည် မှာ မုချ ပင်။ သူကွယ်လွန်သွားခြင်းသည် နည်းပညာလောက အတွက် အင်မတန်မှ ကြီးမားသော ဆုံးရှူံးမှု ကြီး ဖြစ်ပေတော့သည်။ Steve Jobs တစ်ယောက် ကောင်းရာသုဂတိ လားပါစေ။




Posted by ဂျစ်တီး

Tuesday, October 04, 2011

USB Disk Security 2012 (Full Version)

USB Disk Security ဆိုမှတော့ အထွေအထူးရှင်းပြပေးဖို့ မလိုအပ်ဖူး ထင်ပါတာယ်။ နောက်ဆုံးထွက်တဲ့ Version အသစ်မို့လို့ သူငယ်ချင်းများသုံးနိုင်အောင် တင်ပြပေးလိုက်ပါတယ်။ Full Version လေးတင်ပေးထားပါတယ်။
အောက်က Link မှာ အလွယ်တကူ ဒေါင်းလုပ် ရယူနိုင်ပါပြီ။
Posted by ဝတီ

အင်္ဂလိပ်စကားပြော ပိုကောင်းစေရန်နည်းလမ်းများ (အပိုင်း-၂)

အရင်တစ်ပတ်က နည်းလမ်းတစ်ချို့ရေးခဲ့ပါတယ်။ post တစ်ခုတည်းအပြတ်ရေးဖို့ မအားတာက တစ်ကြောင်း၊ မိမိအပျင်းနည်းနည်းထူတာက တစ်ကြောင်း၊ အင်တာနက်ဆိုင် မရောက်ဖြစ်တာက တစ်ကြောင်း၊ ရောက်ပြန်တော့ connection မကောင်းတာက တစ်ကြောင်း၊...အကြောင်းတွေများလွန်းလို့ ကျွန်တော်လည်း typical Myanmar တစ်ယောက်ဖြစ်သွားခဲ့ပါတယ်။
ဒီ post မှာတော့ အရင်တစ်ခေါက်က ကျန်ခဲ့တဲ့အကြောင်းအရာလေးတွေကိုတင်ပြပါ့မယ်။
ဝေါဟာရအရေးအကြီးဆုံး
Linguistic လို့ခေါ်တဲ့ သိပ္ပံပညာကို ကိုးကားပြီးပြောရမယ်ဆိုရင်တော့ ဘာသာစကားတစ်ခုဟာ အသံတွေနဲ့ဖွဲ့စည်းထားပါတယ်။ ၄င်းအသံတွေကိုမှ အက္ခရာ (character) များနဲ့ ကိုယ်စားပြုဖော်ပြပြီး အဓိပ္ပါယ်ရှိတဲ့ အသံအစုအဖွဲ့တစ်ခုကို ဝေါဟာရဟု ရည်ညွှန်းကြပါတယ်။ ဒီတော့ ဘာသာစကားကိုလေ့လာခြင်းဟာ အခြေခံအားဖြင့် အသံတွေကိုမှတ်မိခြင်း နှင့် ပြန်လည်အသံထွက်ခြင်း၊ တစ်နည်းမဟုတ် ဝေါဟာရတွေကိုမှတ်မိခြင်းနှင့် ပြန်လည်သီကုံး ဖွဲ့နွဲ့ခြင်း ဟုဆိုချင်ပါတယ်။
အပိုင်း-၁ တွင် ဘာသာစကား ပြောရခြင်း၏အဓိကရည်ရွယ်ချက်မှာ ဆက်သွယ်မှု ပြုရန် ဟု တင်ပြခဲ့ပါသည်။ ၄င်းသည် အခြေခံအချက်သာဖြစ်သည်ကို မမေ့သင့်ပါ။ ဘာသာစကားသုံးရခြင်းတွင် တခြားရည်ရွယ်ချက်များစွာလည်း ရှိပါသေးသည်။
ဥပမာ - မကြာသေးခင်ကမှ ရင်းနှီးသွားကြသော ကောင်မလေးက ကောင်လေးကို “သူ့မှာ စိတ်ပူရမယ့်သူရှိလို့လား”  ဟု မေးလိုက်ခြင်းသည် ဘာကိုဆိုလိုကြောင်း မြန်မာစကားပြောတတ်သူတိုင်း သိကြမှာမလွဲပါ။ စကားပရိယာယ် ဆိုသည့်အတိုင်း မိမိပြောချင်တာကို ထိထိမိမိရှိဖို့ စကားလုံးကို ရွေးချယ်မှုမှန်ကန်ရပါမည်။ ကိုယ်လိုရင်းကိုပြောနိုင်ဖို့ ဝေါဟာရကြွယ်ဝ မှုရှိရပါမည်။  အောက်ပါဝါကျများမှာ အခြေခံဆိုလိုရင်း တူညီသော်လည်း ပြောသူ၏ခံစားချက်ကို ဖော်ပြနိုင်မှု ကွာခြားကြပါသည်။

Monday, October 03, 2011

ဒယ်အိုးဆရာတော် ဥုးသုမင်္ဂလ၏ တရားပွဲများ ပြန်လည်ထုတ်လွှင့်မူ

“ဒယ်အိုးဆရာတော် ဥုးသုမင်္ဂလ၏ တရားပွဲ (ပထမနေ့)” ကို Poh Ern Shih Temple at 9 Chwee Chian Road, Singapore 117488 တွင် ၀၁-၁၀-၂၀၁၁ စနေနေ့ ညနေ(၆)နာရီမှ ည(၈)နာရီထိ နှင့် “ဒယ်အိုးဆရာတော် ဥုးသုမင်္ဂလ၏ တရားပွဲ (ဒုတိယနေ့)” ကို Function Room 1, The ARENA Country Club, 511 Upper Jurong Road, Singapore 638366, Near (Joo Koon MRT) တွင် ၀၂-၁၀-၂၀၁၁ တနင်္ဂနွေနေ့ ညနေ(၆)နာရီမှ ည(၈)နာရီထိ ကျင်းပခဲ့ပြီးဖြစ်ပါ၍  ထိုတရားပွဲကို မအားလပ်၍ တရားမနာယူနိုင်ခဲ့ကြသော ဓမ္မမိတ်ဆွေ သူငယ်ချင်းအပေါင်းတို့အတွက် ရည်ရွယ်၍ ပြန်လည်နာယူနိုင်စေရန် တင်ဆက်ပေးလိုက်ပါသည်။

ဒယ်အိုးဆရာတော် ဥုးသုမင်္ဂလ၏ တရားပွဲ (ပထမနေ့)
 

ဒယ်အိုးဆရာတော် ဥုးသုမင်္ဂလ၏ တရားပွဲ (ဒုတိယနေ့)


Posted by MTLA GTI Group

အမေ့ပျောက်ခံသွေးရင်း (သို့) တောင်ဘက်အစွန်းက ဂျစ်ပစီများ

မွေးဖွားခြင်းနှင့် အိမ်ထောင်ပြုခြင်း အဆက် ....

        ဆလုံလေးတွေဟာ ပင်လယ်ရေ၊ ခရုခရင်အခွံ၊ သစ်တိုဝါးစတွေနဲ့ ကမ်းစပ်တလျှောက်မှာ ရှုပ်ပွနေတဲ့ ပလက်စတစ်ဗူးတွေ၊ အသုံးအဆောင်အဟောင်းတွေ၊ ကစားစရာသေနတ်အပျက်၊ ကစားစရာအပျက်တွေ ဒါတွေနဲ့ဘဲကြီးပြင်းခဲ့ကြပါတယ် ...
        လမ်းစစမ်းလျှောက်ကတည်းက ရေထဲရောက်နေသူတွေမို့ အသွားမြိအောင်ထက်နေတဲ့ ခရင်းတောမှာ သံပခြုပ် (Sea Urchin) တောမှာ ဖိနပ်မပါဘဲလမ်းလျှောက်နေတဲ့ ဆလုံလေးတွေကိုမြင်ရတာ အံ့သြစရာတော့မဟုတ်ပါဘူး။
        (ထူးဆန်းတာပြောပြဦးမယ်၊ အဲဒီသံပခြုပ်တွေဟာ ဖြူကောင်လိုဘဲ တကိုယ်လုံးကို ဆူးတွေနဲ့ဖုံးနေတယ်၊ ဆူးက လည်း တော်တော်ချွန်ပြီး ထိတာနဲ့ကျိုးတဲ့ သစ်ဆွေးလိုဘဲ၊ အသားထဲစူးဝင်တာနဲ့ ကျိုးပြီးကျန်ခဲ့ရောလေ။ နောက်တော့ အဲဒီ သံ ပခြုပ်ဆူးကျိုးဟာ အသားထဲမှာအရည်ပျော်သွားပြီး အဆိပ်တွေအဖြစ်နဲ့ သွေးကြောထဲပံျ့ပါလေရော။ နာတာမှ အမေရေးအဘရေးတနေလောက်အောင်နာတာ -တတ်တာပေါ့။
         ဒါကြောင့် သံပခြုပ်ဆူးဆိုရင် မထိမိအောင် ဂရုစိုက်ရတယ်။ ဒါပေမဲ့ ဆလုံမတွေကတော့ နေ့တိုင်း သံပခြုပ် ဖမ်းကြ တယ်၊ နေ့တိုင်းဆိုမှနေတိုင်း။ ဖျာနေနာနေတဲ့ ဆလုံမကလွဲပြီး ကြီးကြီးငယ်ငယ် ခရင်းခွာရင်း ဘာဂျီထွဋ်ရင်း သံ ပခြုပ်ကောက်ကြတယ်၊ လွယ်လွယ်ကူကူ လက်နဲ့ဆူးတွေကို စုကိုင်လိုက်တာဘဲ ပြီးတော့ ဒါးကောက်လေးနဲ့ခွဲ အထဲ က ကြက်ဥနှစ်လို သံပခြုပ်အနှစ်ကိုကိုယူ ထမင်းစားရင်ထည့်စားကြတယ်။ ဆလုံထီးတွေတွေက သံပခြုပ်မကောက်ဘူး ဆူးတတ်လို့တဲ့ ဆလုံမကောက်ပေးတဲ့ သံပခြုပ်ကိုဘဲစားကြတယ်။
          ဆလုံမတွေကလည်း လင်အတွက် သံပခြုပ်မဖြစ်မနေရှာပေးကြတယ်၊ ဘာဖြစ်လို့လဲ မမေးနဲ့နော် မော်ကင်းမဖြေဘူး။
ဂျပန်မှာ သံပခြုပ်ဈေးကောင်းတယ်ဆိုဘဲ၊ ဘာကြောင့်လဲ ဂျပန်က ဘဖိုက်တို့ ကိုမဟူရာတို့ ဂျပန်အကြောင်း နှံ့နှံ့စပ်စပ်ကြီး ကိုသိတဲ့ ကိုဘောကျန်တိုကိုသာမေးကြည့်။ ပြီးတော့ ကောလဟာလတစ်ခုကြားဖူးသေးတယ်။ အဖေကြီးဆိုတဲ့ ဦးနေဝင်းဟာ သူဘုန်းမီးတောက်စဉ်က ပုလဲကျွန်းကို နှစ်စဉ်လာပြီး သံပခြုပ်တို့ ကမာတို့ လာလာစားတယ်ဆိုတာဘဲ)


 Credit to Mokenlay (Myanmar Cupid)
Posted by ဂျစ်တီး      

မြန်မာဘောလုံးအဖွဲ့ချုပ်ကို FIFA အရေးယူ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် မြန်မာ့လက်ရွေးစင်အသင်းအား အိုမန်နှင့်ပွဲဖြစ်ရပ်များနှင့် ပတ်သတ်၍ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ပိတ်ပင်ရန် ဆုံးဖြတ်ချက်ချခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်ဇူလိုင်လ(၂၈)ရက်နေ့က ၂၀၁၄ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့် ဒုတိယပွဲစဉ်အဖြစ် မြန်မာ့ လက်ရွေးစင်အသင်းသည် အိုမန်လက်ရွေးစင်အသင်းနှင့် သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ ရသည်။ အဆိုပါပွဲစဉ်တွင် မြန်မာအသင်းသည် အိုမန်အသင်းအား (၂-၀) ဂိုးဖြင့် ရှုံးနိမ့်နေစဉ်၌ ပွဲကြည့် ပရိသတ်များသည် ကွင်းတွင်းသို့ အရာဝတ္တုများဖြင့် ပစ်ပေါက်ခဲ့သောကြောင့် ပွဲကိုဆက်လက်ပြီး မကစားနိုင်တော့ဘဲ ပထမပိုင်းအပြီးတွင်ပင် ရပ်ဆိုင်းခဲ့ရသည်။ ယင်းဖြစ်ရပ်နှင့် ပတ်သတ်၍ ဖီဖာစည်းကမ်းထိန်းသိမ်းရေး ကော်မတီသည် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ပရိသတ်ထိန်းသိမ်းနိုင်မှု အားနည်းသော မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို ထိရောက်စွာ ပြစ်ဒဏ်ချမှတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စည်းကမ်းထိန်းသိန်းရေး ကော်မတီ၏ ထုတ်ပြန်ချက်တွင် မြန်မာအသင်းသည် ဖီဖာစည်းမျဉ်းအမှတ် ၆၅ (ခ) နှင့် (ဂ) တို့ကို ချိုးဖောက်ခဲ့၍ လည်းကောင်း၊ ၂၀၁၄ ကမ္ဘာ့ဖလား ကျင်းပရေးကော်မတီ၏ ပရိသတ်ထိန်းသိမ်းမှု ဥပဒေ ပုဒ်မ ၄၊ အပိုဒ်ခွဲ ၅ နှင့် ပုဒ်မ ၆၊ အပုဒ်ခွဲ ၅ တို့ကို မလိုက်နာခဲ့၍သော် လည်းကောင်း၊ ဖီဖာစည်းမျဉ်းအမှတ် ၆၇၊ အပိုဒ်ခွဲ ၁ တို့ကို မလိုက်နာခဲ့၍သော် လည်းကောင်း ပြစ်ဒဏ်များချမှတ်ခြင်း ဖြစ်သည်ဟုဖော်ပြခဲ့သည်။ အဆိုပါ ပြစ်ဒဏ်များမှာ မြန်မာ့ လက်ရွေးစင်အသင်းကို ၂၀၁၈ ရုရှားကမ္ဘာ့ဖလားတွင် ခြေစစ်ပွဲဝင်ရောက် ယှဉ်ပြိုင်ခွင့်မပြုရန်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို ဒဏ်ငွေ ဆွစ်ဖရန့် ၂၅၀၀၀ နှင့် တရားစရိတ် ဆွစ်ဖရန့် ၂၀၀၀ တို့ကို ပေးဆောင်စေရန်တို့ ဖြစ်ကြောင်း သိရသည်။
Posted by ဝတီ

နိုင်ငံခြားငွေ လဲလှယ်ရောင်းဝယ်ရေးကောင်တာများ စတင်ဖွင့်လှစ်

အောက်တိုဘာ ၁ ရက်မှစ၍ နိုင်ငံခြားငွေ လဲလှယ်ရောင်းဝယ်ရေး ကောင်တာများ တရားဝင်ဖွင့်လှစ် ဆောင်ရွက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ နိုင်ငံခြားငွေ လဲလှယ်ရောင်းဝယ်ရေး ကောင်တာများတွင် အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်ကာပူဒေါ်လာနှင် FEC များကို မြန်မာကျပ်ငွေဖြင့် လဲလှယ်ရောင်းဝယ်နိုင်မည် ဖြစ်သည်။
နိုင်ငံတော်အတွင်း ဝင်ရောက်လာသော နိုင်ငံခြားခရီးသွားဧည့်သည်များ ငွေလဲလှယ်ရာတွင် အဆင်ပြေစေရေးအတွက်လည်းကောင်း၊ ပြည်ပသို့သွားရောက်မည့် နိုင်ငံသားများ လိုအပ်သည့်နိုင်ငံခြားငွေများ တရားဝင်ဝယ်ယူနိုင်ရန်အတွက် လည်းကောင်း၊ မြန်မာနိုင်ငံတွင် နိုင်ငံခြားငွေဈေးကွက်ကို စနစ်တကျအကျိုးတူ ဆောင်ရွက်နိုင်ရန် လည်းကောင်း၊ တရားမဝင် နိုင်ငံခြားငွေ ရောင်းဝယ်မှုများ ပပျောက်စေရန်နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်းများ တည်ငြိမ်စေရန်အတွက် လည်းကောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ပုဂ္ဂလိကဘဏ် ခြောက်ခုသို့ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချခွင့်လိုင်စင် (Money Changer License) များအား ဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထုတ်ပေးခဲ့ခြင်းဖြစ်သည်။
လိုင်စင်ရထားသည့် ဘဏ်များအနေဖြင့် အောက်တိုဘာ ၁ ရက်မှစ၍ နိုင်ငံခြားငွေ လဲလှယ်ရောင်းဝယ်ရေး ကောင်တာများကို ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်း အမှတ် (၉၉/၁၀၃) တွင် ဖွင့်လှစ်ဆောင်ရွက်ခွင့် ရရှိခဲ့ကြသည်။ ရောင်းဝယ်ခွင့်ပြုသည့် ဘဏ်များမှာ မြဝတီဘဏ်၊ အင်းဝဘဏ်၊ ကမ္ဘောဇဘဏ်၊ သမဝါယမဘဏ်၊ မြန်မာ့စက်မှုလက်မှု ဖွံ့ဖြိုးရေးဘဏ်နှင့် မြန်မာအရှေ့တိုင်းဘဏ်တို့ ဖြစ်ကြောင်းဖြင့် စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ နိုင်ငံခြားငွေ လဲလှယ်ရောင်းဝယ်ရေးကောင်တာ၌ ကျင်းပသည့် နိုင်ငံခြားငွေ ဝယ်ယူရောင်းချခွင့်လိုင်စင် ထုတ်ပေးသည့် အခမ်းအနား၌ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသန်းညိန်းက ပြောကြားသွားခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက နိုင်ငံခြားငွေများ ဝယ်ယူရောင်းချခွင့်ရ ပုဂ္ဂလိကဘဏ် ခြောက်ခ်ုအား နိုင်ငံခြားငွေများ ဝယ်ယူရောင်းချခွင့် လိုင်စင်များကိုလည်း ပေးအပ်ခဲ့ကြောင်း သိရသည်။ ယခုဖွင့်လှစ်ခွင့်ရသည့် နိုင်ငံခြားငွေ လဲလှယ်ရောင်းဝယ်ရေး ကောင်တာများတွင် အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်ကာပူဒေါ်လာ နိုင်ငံခြားငွေသုံးမျိုးနှင့် နိုင်ငံခြားငွေလက်မှတ်  FEC များကို မြန်မာကျပ်ငွေဖြင့် တရားဝင် လဲလှယ်ရောင်းဝယ်နိုင်မည်ဖြစ်ပြီး ကောင်တာဈေးနှုန်းသတ်မှတ်ရေးအဖွဲ့က ဈေးကွက်လဲလှယ်နှုန်းနှင့်အပြိုင် နေ့စဉ်သတ်မှတ်သည့် ငွေလဲနှုန်းဖြင့် ရောင်းဝယ်သွားမည်ဖြစ်သည်။
Posted by အိမ်လွမ်းသူ

Sunday, October 02, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၃၄)

ကြိယာကို ကတ္တားနဲ့တွဲပြီးသုံးတာ ( SxV ) အပြင် အခြားသုံးရတာများလည်း ရှိသေးတယ်။ ၀ါကျမှာ နာမ်လုပ်တဲ့နေရာတွေမှာ ( S, SC, OC, DO ) သူကို သုံးနိုင်တယ်။ ကြိယာနာမ်လို့ ခေါ်မလားမသိဘူး။ သမာရိုးကျသဒ္ဒါကတော့ non-finite parts of the verb လို့ ခေါ်တယ်။ ခုခေတ်သဒ္ဒါဆရာများကတော့ ဒီအခေါ်ကို အကြိုက်ကြဘူး။ W.H.Mittens က Verbids လို့ အမည်သစ်ထွင်ပြီး သုံးထားတယ်။ သုံးမျိုးရှိပါတယ်။
1. Infinitive with to.........( to go, to come စသည်..)
2. Infinitive without to....( go, come စသည်..) . ( တစ်ချို့က simple form ခေါ်ကြရဲ့ )
3. The V-ing form .............( သမာရိုးကျ သဒ္ဒါက Gerund လို့ ခေါ်တယ်.။ )
အောက်ပါဝါကျများကို လေ့လာကြည့်ပါ...။
He loves books.
S.......V......DO
( DO ဟာ books ဆိုတဲ့ Noun တစ်ခုဖြစ်တယ်။ )
He wants to read.
S.......V.........DO
( DO ဟာ to read ဆိုတဲ့ Infinitive with to ဖြစ်တယ်။ )
He enjoys reading.
S.......V...........DO
( DO ဟာ reading ဆိုတဲ့ V-ing ဖြစ်တယ်။ )
An Inventor's job is invention.
......................S...V.....SC
( SC ဟာ invention ဆိုတဲ့ Noun ဖြစ်တယ်။ )
An Inventor's job is inventing.
.......................S..V.......SC
( SC ဟာ inventing ဆိုတဲ့ V-ing ဖြစ်တယ်။ )
An Inventor's job is invent.
........................S..V...SC
( SC ဟာ invent ဆိုတဲ့ infinitive ဖြစ်တယ်။ )
ခုထိ ၀ါကျတွေကို လေ့လာကြည့်ရင် Verbid တွေဟာ ပင်မကြိယာရဲ့ DO လည်းဖြစ်နိုင်၊ SC လည်း ဖြစ်နိုင်တာကို တွေ့ကြရမယ်.။ S လည်း ဖြစ်နိုင်တာကို တွေ့ကြရမယ်။ SC တွေကို S နဲ့ ရှေ့နောက်ပြောင်းပြန်လုပ်လိုက်ရင် ပြီးတာပဲ...။

မြောင်းမြစားနှင့် စပ်လျဉ်း၍

Myaung Mya Sar