Wednesday, November 30, 2011

You're Hired - အပိုင်း (၅)

Episode (5)

Sarah goes for an interview with Marcia and Philip.
(မာစီယာနှင့် ဖိလစ်တို့၏ လူတွေ့အင်တာဗျူးသို့ ဆာရာသွားသည်။)
Marcia Boardman : Hi Sarah! I’m Marcia Boardman – we spoke on the phone….
(ဟိုင်းဆာရာ၊ကျွန်မကတော့ မာစီယာ ဘော့မန်းပါ - ကျွန်မတို့ ဖုန်းနဲ့ စကားပြောခဲ့တယ်လေ…)
Sarah : Oh yes, I remember – I was having a bad day!
(အော်၊ဟုတ်ကဲ့၊ ကျွန်မမှတ်မိပါတယ် - ကျွန်မစိတ်အခန့်မသင့်ဖြစ်နေတဲ့နေ့က စကားပြောဖြစ်ခဲ့တာနော်)
Marcia Boardman : … and this is Philip Hart, our CEO.
(… ဒါကတော့ ကျွန်မတို့ရဲ့ အမှုဆောင်အရာရှိချုပ် ဖိလစ်ဟတ်ပါ။)
Philip Hart : Hello! (ဟယ်လို!)
Sarah : Hello, it’s very nice to meet you both.
(ဟယ်လို၊ နှစ်ယောက်စလုံးကို တွေ့ရတာအလွန် ၀မ်းသာပါတယ်။)

Monday, November 28, 2011

တေးစီးရီးအသစ်

တောင်ကြီင်္းသား အဆိုတော်သစ် တိုးမခ ရဲ့ သီချင်းလေးတွေကို တင်ပေးလိုက်ပါတယ်။ နားထောင်ကြည့်တော့လည်း သီချင်းစာသားလေးတွေ နဲ့ သံစဉ်လေးတွေကောင်းတာ တွေ့ရတယ်။ နောက်ပြီး အဆိုတော် ကလည်း ကျွန်တော်တို့ မိတ္ထီလာ GTI ကျောင်းသားဟောင်း ကိုဂျွန်မျိုးမင်း ရဲ့ သူငယ်ချင်းပါ။ အကြိုက်ဆုံး တခန်းရပ်ဇာတ်လမ်း ဆိုတဲ့ သီချင်းလေးကို စမ်းနားထောင်ကြည့် ဖို့တင်ပေးလိုက်ပါတယ်။ စီးရီး အလိုက် Download Link လေးတွေပါ တင်ပေးလိုက်ပါတယ်။ ခံစားကြည့်ကြပါ။





တစ်ခန်းရပ်ဇတ်လမ်း
http://www.mediafire.com/download.php?v4w1i05xk2i14em

စေညွှန်ရာ
http://www.mediafire.com/download.php?l2mskico8mqotn4

ရုန်းထွက်ခွင့်
http://www.mediafire.com/download.php?1mi0n1ulu197u1q

မင်းအကြောင်းတွေပြန်တွေးချိန်
http://www.mediafire.com/download.php?b1mcoarselrbqqq

ငါ့အကြောင်းနဲ့ငါ
http://www.mediafire.com/download.php?qrmomjbo3fqb879

မျှော်လင့်ခြင်းမနက်ဖြန်
http://www.mediafire.com/download.php?8ydx5vvkpx5cb5w

လက်ဆောင်
http://www.mediafire.com/download.php?aj9juaiz4af3s4v

လရိပ်ရောင်မဲ့
http://www.mediafire.com/download.php?o0rfta65ghbog63

အမြဲတမ်းခရီးသည်
http://www.mediafire.com/download.php?3b0aumgpay07cs2

စိတ္တဇ
http://www.mediafire.com/download.php?2ikmh8t29kudm0v

မညီမျှခြင်း
http://www.mediafire.com/download.php?8b7dg972aoi6gi7

မေ့နေတဲ့တန်ဖိုးများ
http://www.mediafire.com/download.php?vcjah7pcobmchpc

Posted by ဂျစ်တီး

Saturday, November 26, 2011

ဒေါသထွက်လာ စကားအထာ

(၁) I'm fed up.
ငါစိတ်ပျက်တယ်ကွာ။
(စိတ်ပျက်တာကို အင်္ဂလိပ်တွေက fed up နဲ့ပြောပါတယ်။)

(၂) Don't swear me!
ငါ့ကိုမဆဲနဲ့။

(၃) Who you think you are?
မင်းကိုယ်မင်းဘာထင်နေလဲ။

(၄) What's wrong with you?
မင်းဘာဖြစ်နေတာလဲ။

(၅) If you say so,
ဒါဆိုလဲ မင်းပြောတဲ့အတိုင်းပဲပေါ့။

(၆) Leave me alone!
ငါ့ဖာသာငါ တစ်ယောက်တည်းနေပါရစေ။

(၇) Clear off!
ဘေးဖယ်ပေး။

(၈) Go away (or) Get away
ငါ့နားမနေနဲ့ သွား။

(၉) He is so aggressive.
ဒီကောင်ရန်လိုနေတယ်။

(၁၀) You are a witness.
မင်းဟာ မျက်မြင်သက်သေပဲ။

Wednesday, November 23, 2011

Core i3, Core i5, Core i7 ဘာတွေ ကွာခြားသလည်း…

Intel Core processor (CPUs) တွေကို စဉ်းစားမယ် ဆိုရင် အခုမှ ကွန်ပျူတာ လောကကို စပြီး အခြေချသူတွေ နဲ့ Intel CPU အသစ်တွေအကြောင်း သေချာမသိသေးတဲ့ သူတွေအတွက် ကျွန်တော် သိတာလေးကို မျှဝေချင်ပါတယ်။
အထူးသဖြင့် Intel ရဲ့ second generation Core processor တွေမှာ Core i3, Core i5, Core i7 ဆိုပြီး ကွဲပြားနေပါတယ်။ ယျေဘူယျ ပြောရရင် Core i7 က အကောင်းဆုံးပေါ့နော်။ Core i5 က Core i3 ထက်ပိုကောင်းတာ ပေါ့နော်။ ဈေးနှုန်းကလည်း ကွာတာကိုး။ ဒါဖြင့် ဘာတွေများ ကွာသလည်းလို့ နဲနဲ ပိုပြီး အတွင်းကျကျ သိချင်တဲ့ beginner တစ်ယောက်က မေးလာမယ်ဆိုရင် ကျွန်တော် သိသလောက် ပြောပြချင်ပါတယ်။
Intel Core i3 processorတွက dual core ဖြစ်ပါတယ်။ ဆိုလိုတာက အထဲမှာ တစ်ကယ် အလုပ်လုပ်တဲ့ CPU core ၂ ခုပါတာပေါ့။ ဒါပေမယ့် ကောင်းတာတစ်ခုက Core i3 CPU က Hyper Thread နည်းပညာကို support လုပ်တဲ့အတွက် သူ့ရဲ့ core တစ်ခုမှာ thread ၂ ခုကို ကိုင်တွယ်နိုင်တဲ့ အတွက် 2 cores/4 threads ဖြစ်သွားပါတယ်။ ဒါကြောင့် Windows OS ထဲမှာ သွားကြည့်ရင် CPU ၄ ခုရှိတယ်လို့ မြင်ရနိုင်ပါတယ်။ တစ်ကယ်တမ်းက 2 cores ဖြစ်ပြီး နောက် ၂ ခုက  ”virtual cores” တွေလို့ပြောရမှာပါ။ Core i5 ကတော့ 4 cores (Quad-core) processor ဖြစ်ပါတယ်။ တစ်ကယ် အလုပ်လုပ်တဲ့ physical cores ၄ ခုပါပါတယ်။ ဒါပေမယ့် Hpyer Thread ကိုတော့ support မလုပ်ပါဘူး။ Core i5 ရဲ့  Core i3 ထက် သာတဲ့ အချက်က Turbo Boost နည်းပညာ ပါပါတယ်။ Turbo Boost ဆိုတာ automatic  overlcocking လို့ အလွယ်ပြောလို့ ရပါတယ်။ တစ်ကယ်လို့ application တွေက လောလောဆယ် CPU ရဲ့   core အကုန်လုံးကို သုံးမနေဘူး ဆိုရင် လက်ရှိသုံးနေတဲ့ cores တွေရဲ့ clock speed ကို default clock spped ထက် ပိုပြီမြန်မြန် လုပ်ခိုင်းတာကို ပြောတာပါ။ ဥပမာ=  3.3GHz Core i5 CPU ရဲ့ Turbo Boost frequency က 3.7GHz ဖြစ်ပါတယ်။ ဒါကြောင့် တစ်ကယ်လို့ လက်ရှိ သုံးနေတဲ့ application က core (all 4 cores) အကုန်လုံးကိုသာ လောလောဆယ် သုံးမနေဘူးဆိုရင် application ကလည်း clock spped မြန်မြန်တစ်ကယ် လိုအပ်တယ်ဆိုရင် လက်ရှိ active ဖြစ်နေတဲ့ cores တွေကို 3.7GHz နဲ့ run နိုင်ပါတယ်။ Core အားလုံးကို တစ်ပြိုင်ထဲမှာ Turbo Boost မသုံးရတဲ့ အကြောင်းကတော့ heat ကြောင့် ဖြစ်နိုင်ပါတယ်။ Core i5 ရဲ့ Core i3 ထက်သာတဲ့ အချက်က Turbo Boost ဖြစ်ပါတယ်။
         

Tuesday, November 22, 2011

Movie Links

အားနေသူများ Movie လေးပဲကြည့်ရင်း အိမ်မှာပဲ နှပ်နေမယ် ဆိုတဲ့ သူတွေအတွက် Link လေးတွေ  Share ပါရစေ။ များသောအားဖြင့် ကြည့်လေ့ရှိတာကတော့ Funshion ပါပဲ။ ဒါပေမယ့် သိတဲ့အတိုင်းပဲ တစ်ချို့ဟာတွေက ကြည့်မရဘူး အောက်ကလင့်လေးကတော့ မဆိုးဘူးပြောရမယ်။ Latest လေးတွေတင်ပေးထားတာတွေ့ရတယ်။ Download ဆွဲပြီး ကြည့်ရုံပဲ။ Mediafire ဆိုတော့ အဆင်ကလဲပြေ။ TV Series တွေလဲရတယ်။ ၀ါသနာပါရင်တော့ ဆွဲပေတော့ဗျာ။

               www.mediafiremovie.org

ဒီအောက်မှာလဲ Movie အကြောင်းလေးတွေ ဆွေးနွေးကြရင်း တင်ပေးနေတဲ့ သူတွေရှိတယ်။ ၀ါသနာပါရင်သွားကြည့်ပါ

              www.facebook.com/5movies

မှတ်ချက်။ မြန်မာကားများမဟုတ်ပါ

Posted by ငခဲ

You're Hired - အပိုင်း (၄)

Episode (4)

Daniel makes some classic mistakes in his interview.
(လူတွေ့စစ်ဆေးပွဲတွင် ဒန်နီရယ်အနေဖြင့်လူအများပြုလုပ်နေကျ အမှားများ ကိုကျူးလွန်မိသည်။)

Monday, November 21, 2011

Which tablet PC …?

Tablet computer လေးတွေ ၀ယ်သုံးချင် သူတွေအတွက် ကျွန်တော့ အတွေ့အကြုံ နဲ့ သိသမျှလေးတွေ ကို မျှဝေပေးချင် ပါတယ်။ အခုမှ tablet တစ်ခု ၀ယ်ဖို့ စဉ်းစားနေသူတွေ အတွက် အသုံးတည့်မယ်လို့ မျှော်လင့်ပါတယ်။
အခုလောလောဆယ် ဈေးကွက်ထဲမှာ နာမည်ကြီးနေတဲ့ tablet ကွန်ပျူတာ တွေက Apple iPad2, Samsung Galaxy Tab 10.1 (or 8.9), Asus EEE Pad Transformer, Acer Iconia နဲ့ Sony ရဲ့ နောက်ဆုံးထွက် 10.1” tablet လေးတွေ ဖြစ်ပါတယ်။ ကျွန်တော့ သူငယ်ချင်းတွေလည်း ၀ယ်ထားကြတော့ iPad, Galaxy Tab 10.1, Acer နဲ့ Asus EEE Pad Transformer တွေကို စမ်းကြည့်ခွင့် ရခဲ့ပါတယ်။
Apple iPad2 က ထုံးစံအတိုင်း IOS နဲ့ ဖြစ်ပြီး တစ်ခြား tablet တွေကတော့ Android OS သုံးပါတယ်။ Acer Iconia W series ကတော့ Windows OS သုံးပါတယ်။ ပုံမှန်အတိုင်း ဆိုရင် ကျွန်တော်က Android OS သုံးထားတဲ့ tablet တွေကို သဘောကျပါတယ်။ ISO ထက်ပိုလို့ လွတ်လွတ်လပ်လပ် ရှိတဲ့အပြင် အဓိက သဘောကျမိတာက Adobe Flash ကို support လုပ်တဲ့အတွက် ဖြစ်ပါတယ်။ ကျွန်တော့ အနေနဲ့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် Adobe Flash player က အရေးပါနေဆဲပါ။ Flash content တွေပါတဲ့ web site တွေကို ဖွင့်တာအပြင် Myanmar video/movie တွေကြည့်လို့ ရတဲ့ web site တော်တော်မျာများး ကလည်း Flash နဲ့ပဲ အလုပ်လုပ်တဲ့အတွက် Adobe Flash နဲ့ အဆင်ပြေဖို့က ကျွန်တော့အတွက် အေ၇းကြီးပါတယ်။ Apple ရဲ့ အဓိက ပြဿနာက အဲဒီလို Flash ကို support မလုပ်တာပါပဲ။ Flash contents တွေကို ကြည့်ခွင့် မရတာဟာ ကျွန်တော်တို့ အတွက်တော့ အများကြီး စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ နောက်ပိုင်းမှာ Flash ကို HTLM5 လို နည်းစနစ်တွေနဲ့ အစားထိုးမယ် ဆိုပေမယ့် ကျွန်တော့အမြင်တော့ နောက်နှစ်အတော်ကြာထိ Flash က ရှိနေ၊ သုံးနေ ဦးမှာသေချာပါတယ်။ IOS အတွက် Flash ကို ကြည့်လို့ရအောင် လုပ်ပေးနိုင်တယ် ဆိုတဲ့ software တွေ ရှိပေမယ့် ဘယ်ဟာမှ ရာနှုန်းပြည့် အဆင်မပြေပါဘူး။

Sunday, November 20, 2011

ချောင်းလှဖို့ကို

ဒီချောင်းမှာသာ၊ ကြာပါပေါ့လား။
မဗေဒါပြာနွဲ့နှောင်းငဲ့။
ချောင်းတန်တန် ရေငန်ရပ်မှာ စွဲတတ်နိုင်အား။

သူ့စိတ်နဲ့သူ့ကိုယ်။
ချောင်းတစ်ခွင်မြင်သမျှ ချောင်းလှဖို့ကို။
ဘုတ်မက ချိုချင်ချို
ဗျိုင်းညိုက အောက်ချင်အောက်။
အုန်းညီနောင် စောင်းချင်စောင်း
ချောင်းကောက်ချင်ကောက်။

သူ့လမ်းနဲ့သူ့အမြင်။
ချောင်းဒီရေနေသမျှ၊ ချောင်းလှဖို့ပင်။
ချောင်းဖျားက ထက်တစ်ခွင်
ပင်လယ်က အောက်တလွှား။
စုန်ချည် ဆန်ချည်နဲ့
တစ်လှည့်စီ ဒီသဘော၊ မျောကြမနား။


ဒီချောင်းမှာသာ၊ ကြာချင်လှလေး။
ကျူရိုးမောင် ရွှေယောင်စောင်းငဲ့။
ချောင်းတန်တန် ရေငန်ထဲ၊ စွဲချင်လှလေး။ ။


အင်မတန် ကြိုက်ခဲ့ရတဲ့ ဆရာဇ်ာဂျီ ရဲ့ ဗေဒါလမ်း ကဗျာများထဲက ကဗျာလေးတစ်ပုဒ်ကို ပြန်လည်တင်ပြလိုက်ပါတယ်။ အတော်များများလည်း သိပြီးဖြစ်မှာပါ။ အကြိုက်ဆုံး အပိုဒ်ကတော့ ဒုတိယ အပိုဒ်ပါပဲ။ အသံ အရမ်းလှလို့ပါ။


Posted by ဂျစ်တီး

အိုင်ဖုန်းကို မုန်းတဲ့ ခွေးကလေး ကိုကို

            ကိုကိုဆိုတဲ့ ခွေးမလေးဟာ အသက် ၄ နှစ်ခွဲရှိပါပြီ။  ဒီခွေးမလေးဟာ ရုပ်ရှင် ကြည်ရတာကို အရမ်းကြိုက်ပါသတဲ့။  ဒါပေမယ့် အိုင်ဖုန်း ကြော်ငြာဝင်လာရင်တော့ အပြင်းအထန်ကို ဟောင် ပြီးတော့ ကန့်ကွက်ပါတယ်။  ဒါကြောင့် အိုင်ဖုန်း မကြိုက်တဲ့ ခွေးကလေး ကိုကိုဆိုပြီး အင်တာနက်မှာ ရေပန်းစားနေပါတယ်။  ခွေးရဲ့ သခင်ကတော့ အိုင်ဖုန်း အစား အန်းဒရွိုက်ကို ကြိုက်တယ်ထင်ပါ့ ခွေးကလေးရဲ့ ဘလော့ဂ်မှာ အိုင်ဖုန်း ဆန့်ကျင်ကြောင်းထွေ ရေးထားလေရဲ့။  ဒါတင် ဘယ်ကမလဲ ခွေးကလေးရဲ့ အကျီင်္ကို တစ်ထည် ၁၄ ဒေါ်လောက်နဲ့ ရောင်းထားကိုလည်း တွေ့ရပါသဗျ။  မည်သို့ပင် ဖြစ်စေကာမူ အောက်က YouTube ဗီဒီယိုလေးမှာတော့ ခွေးကလေးနဲ့ အိုင်ဖုန်း ကြော်ငြာ မတည့်ပုံများတော့ ကြည့်ရတာ အတော် ရယ်ရသဗျ။ 




Credit to blog-aunghtut.blogspot.com
Posted by ဂျစ်တီး

Saturday, November 19, 2011

Cover letter အကြောင်း

Cover letter သည် သင်ပေးပို့လိုက်တဲ့ ကိုယ်ရေးရာဇ၀င်နှင့် တစ်ပါတည်း ပါသွားရမှာ ဖြစ်ပါတယ်။ သင်လျှောက်ထားတဲ့ အလုပ်အတွက် လူတွေ့စစ်ဆေးခံရခြင်းနှင့် သင့်ရဲ့ကိုယ်ရေးရာဇ၀င် လစ်လျူရှုခံရခြင်းတို့သည် cover letter ပေါ်မှာ မူတည်ပါသည်။ ထို့ကြောင့် လိုအပ်တဲ့အချိန်ကိုယူပြီး အကျိုးရှိစေမည့် cover letter ရေးခြင်းဟာ အဓိပ္ပါယ်ရှိပါတယ်။
Cover letter အမျိုးအစားများ
အလုပ်ရှာဖွေတဲ့အခါ - အလုပ်ကို လျှောက်ပုံ လျှောက်နည်း (သို့) အလုပ်လျှောက်ရာတွင် အကူအညီ ရယူခြင်းတို့နှင့် သင့်တော်မည့် cover letter မျိုးကို ရွေးချယ်တတ်ဖို့ အရေးကြီးပါတယ်။ cover letter အမျိုးအစားများနှင့် ၎င်းတို့ကို ဘယ်အခါမှာအသုံးပြုရမယ်ဆိုတဲ့ အချက်တွေကို အောက်တွင်ဖော်ပြလိုက်ပါတယ်။
Cover letter ပုံစံ
Cover letter သည် ရုံးစာရဲ့ အခြေခံကျတဲ့ပုံစံနှင့် ကိုက်ညီပြီး ဒီစာကိုရေးရတဲ့အကြောင်းရင်း၊ ကိုယ့်အနေနဲ့ ကမ်းလှမ်းနိုင်တဲ့အရာများ၊ ဘယ်လိုဆက်လက်ဆောင်ရွက်သွားမယ်ဆိုတဲ့ အချက် (၃) ချက်ကို ထည့်သွင်းရေးသားရမှာ ဖြစ်ပါတယ်။

Burmese Girl killed herself in Singapore – စင်္ကာပူရောက် မြန်မာတဦး တိုက်ပေါ်မှခုန်ချ သတ်သေ

www.shwelone.com။ နိုဝင်ဘာ ၁၇၊ ၂၀၁၁

စင်ကာပူနိုင်ငံ၊ Serangoon Central, Block 420 နေ မရင်ငြိမ်းပွင့်သည် ဗုဒ္ဓဟူးနေ့နံနက်ပိုင်းတွင် သူမနေထိုင်ရာ တိုက်ခန်းမှ ခုန်ချပြီး မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ တုန်လှုပ်ဖွယ်သတင်းသည် Facebook အပါအဝင် လူမှုရေးကွန်ယက်များမှတဆင့် အလျင်အမြန် ပျံ့နှံ့သွားခဲ့ပြီး လူအများ အနေဖြင့် အကြီးအကျယ် အံ့အားသင့်သွားခဲ့ရသည်။

သူမ၏ Facebook ပေါ်တွင်လည်း “I Miss Being Happy” ဆိုသည့် စကားလုံးအား ပုံဖော်ရေးသားထားသည်ကို တွေ့ရှိရမည်ဖြစ်သည်။

Tuesday, November 15, 2011

အာစီမို ၂၀၁၁ စက်ရုပ်

            ၂၀၀၅ ခုနှစ်ထက်ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်မှု့တွေနဲ့အတူ ဟွန်ဒါရဲ့ အာစီမို ၂၀၁၁ စက်ရုပ်လေးပါ။  ဒီစက်ရုပ်ကိုတော့ ဟွန်ဒါရဲ့ သုတေသန ဋ္ဌာနတည်ရှိရာ တိုကျိုမြို့မှာ ပြသခဲ့ပါတယ်။  ဒီ လူအသွင် စက်ရုပ်ကလေးဟာ လူတွေ ပြုလုပ်နိုင်တဲ့ အရာတွေကို ပြုလုပ်နိုင်အောင် တီထွင်ထားတာပါ။
          အခု ပိုမိုကောင်းမွန်လာအောင် မွန်းမံထားတဲ့ စက်ရုပ်ကလေးမှာတော့ စက်ရုပ်ရဲ့ လက်တွေဟာ လက်ချောင်းတစ်ချောင်းခြင်းစီပါ လှုပ်ရှား သိရှိလာနိုင်ပါတယ်။  ဒါကို အာစီမို စက်ရုပ်ကလေး အချိုရည်ဘူးအဖုံးကိုဖွင့် ခွက်ကလေးကိုကိုင်ပြီး အချိုရည်ငှဲ့ပြပုံနဲ့ ပြသခဲ့ပါတယ်။
          နောက်တစ်ခုက အာစီမိုရဲ့ ပြေးအား ပိုမိုမြန်ဆန်လာတာဖြစ်ပါတယ်။  ပြီးခဲ့တဲ့တစ်ခေါက်က တစ်နာရီကို ၄ မိုင်နှုန်းပြေးနိုင်တာကနေ အခု တစ်နာရီကို ၅.၇ မိုင်နှုန်းပြေးနိုင်ပါတယ်။  နောက်တစ်ခုက ခြေတစ်ပေါင်ကျိုးလဲ ခုန်တတ်သေးသလို၊ စုံလိုက်လည်း ခုန်တတ်ပါပြီ။ 
          ဒီစက်ရုပ်ကလေးဟာလူသုံးယောက်ကသူ့ကိုတစ်ချိန်ထည်းစကားပြောရင်လည်း သုံးရောက်စလုံးရဲ့ အသံကို တစ်ချိန်ထည်း မှတ်မိနိုင်စွမ်း ရှိပါသတဲ့။  ဒါဟာ မျက်နှာနဲ့ အသံကို မှတ်မိစေတဲ့ နည်းပညာကို အသုံးပြုထားလို့ပါ။
            ၂၀၀၀ ခုနှစ်က ဒီ အာစီမိုလေးနဲ့ စတင်မိတ်ဆက်တဲ့အချိန်မှာတော့ အများစုက သိပ်အသုံးမ၀င်လှတဲ့ ပရောဂျက် စီမံကိန်း တစ်ခုလို့သာ ရှု့မြင်ခဲ့ကြပါတယ်။  ဟွန်ဒါကတော့ အခု အာစီမိုမှာ အဆင့်မြှင့်ထားတဲ့ နည်းပညာတစ်ခုဖြစ်တဲ့ စက်ရုပ် လက်ဟာ ၆ လအတွင်း ပြီးစီးအောင် အမြန်လုပ်ဆောင်ခဲ့ရတာဖြစ်ပြီး ဂျပန်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ နူးကလီယား ယိုစိမ့်မှု့လို နေရာတွေမှာ နောက် အသုံးချဖို့ ရည်ရွယ်တယ်လို့ ပြောသွားပါတယ်။
          ဟွန်ဒါကုမ္မဏီဟာ အခုလောလောဆယ်မှာလည်း ဖူကူရှီးမားက နူလျှပ်စစ်ရုံကြီး ယိုစိမ့်နေတဲ့ ယူရေနီယမ်တွေ၊ အပူချိန်ကျရေးအတွက် အခြားသော ၀န်ဆောင်မှု့ ကုမ္ပဏီတစ်ခုနဲ့ အလုပ်တူတူလုပ်နေပါတယ်။  ဒီ စက်ရုပ်လက်ကိုတော့ နူစက်ရုံထဲက ပိုက်ခေါင်း(valve) တွေကို အဖွင့်အပိတ် လုပ်ဖို့ အသုံးချမှာဖြစ်တယ်လို့ ဆိုပါတယ်။
                     




Credit to http://blog-aunghtut.blogspot.com/2011/11/blog-post_11.html#more

Posted by Jitty

Monday, November 14, 2011

စတုထ္ထအကြိမ် မိတ္ထီလာGTI မြတ်ဆရာပူဇော်ပွဲ ဖိတ်ကြားလွှာ

Posted by MTLA GTI GROUP

You're Hired - အပိုင်း (၃)

Episode (3)


Marcia calls two of the candidates giving them details of the interview process.
(မာစီယာသည် အလုပ်လျှောက်သူ နှစ်ယောက်ကို ဖုန်းဆက်၍ လူတွေ့မေးမည့်အစီအစဉ်အသေးစိတ်ကို ပြောကြားသည်။)

Sunday, November 13, 2011

Facebook ပိတ်တော့မယ်

        
        Facebook တည်ထောင်သူ Mark Zuckerberg မှနေ၍ Facebook ကို မတ်လ ၂၀၁၂ မှာ ပိတ်ရတော့မှာဖြစ်ကြောင်းနဲ့ Facebook ကို လုပ်နေရတာ သူ့အတွက် အရမ်းစိတ်ဖိစီးမှု များနေပါတယ်လို့ ပြောသွားပါတယ်။

       "Facebook က ထိန်းလို့မရတော့ပါဘူး" လို့ Palo Alto ရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ Zuckerberg မှတဆင့်ပြောကြားခဲ့ပါတယ်။ "နောက်ပြီးတော့ Facebook ကို လုပ်နေရတာ ကျွန်တော့်အတွက် စိတ်ဖိစီးမှု အရမ်းများနေ တာကြောင့် ကျွန်တော် ဒီဟာကို အဆုံးသတ်ဖို့ လိုအပ်နေပါပြီ။

        Zuckerberg ဟာ Facebook ကို ၂၀၁၂ မတ်လ ၁၅ရက်နေ့တွင် အသုံးပြုသူများ အနေနှင့် Facebook အကောင့် များ ကို ပိတ်မည်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ အသုံးပြုသူများ အနေနဲ့ ဒီနှစ်မှာ Facebook မရှိ ဘဲ နေနိုင်အောင် နေပေးကြပါလို့လဲ ပြောသွားပါတယ်။

"မတ်လ ၁၅ ရက်နေ့ ၂၀၁၂ ခုနှစ် နောက်ပိုင်း မှာ Website ကြီး တစ်ခုလုံး ပိတ်လိုက်ပါတော့မယ်" လို့ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့ပါတယ်။ "အဲဒါကြောင့် သင့်ရဲ့ ဓါတ်ပုံတွေကို လိုချင်သေးရင် Facebook ပေါ်က ပြန်ယူထားဖို့လည်း အကြံပေးချင်ပါတယ်။ Facebook ပိတ်လိုက်ရင် ဓါတ်ပုံတွေ ပြန်ရတော့မှာ မဟုတ်ပါဘူး" လို့လည်း ပြောသွားခဲ့ပါသေးတယ်။

Zuckerberg ကတော့ Facebook ကိုပိတ်ဖို့ ဆုံးဖြတ်ရတာဟာ သူ့အတွက် အရမ်းကို ခက်ခဲကြောင်းနဲ့ သူ ပိတ်လိုက်တဲ့အတွက် အသုံးပြုသူတွေကို ၀မ်းမနည်းစေချင်ပါဘူးလို့လဲ မျှော်လင့်ကြောင်း ပြောသွားပါသေးတယ်။

"ကျွန်တော်အနေနဲ့တော့ အဲဒါ သိပ်အရေးကြီးတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ဘူးလို့တော့ ထင်တယ်ခင်ဗျ" ဆိုပြီး သူ့ရဲ့ အင်တာဗျူးတစ်ခုမှာ ဖြေကြားသွားပါတယ်။ "ရိုးရိုးသားသား ၀န်ခံရရင် ကျွန်တော် အဲဒီလိုလုပ်တာ ပိုကောင်းမယ်လို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့ Facebook မရှိရင် လူတွေဟာ အပြင်ထွက်ပြီး တကယ့်သူငယ်ချင်းတွေနဲ့ စကားပြောဖြစ်ကြမှာပါ။ အဲဒါကို ကျွန်တော်မျှော်လင့်ပါတယ်။"

Facebook သုံးစွဲသူ တချို့ကတော့ အဲဒီသတင်းကို ကြားပြီး ထိတ်လန့်ခဲ့ပါတယ်။ အင်ဒီယားနား ပြည်နယ်မှ အထက်တန်းကျောင်းသား Denise Bradshaw ဆိုရင် "ကျွန်တော် Facebook သာမရှိရင် ဘာလုပ်နေရမလဲ?" လို့ ငြီးငြူခဲ့ပါသေးတယ်။ "ကျွန်တော့် ဘ၀က Facebook က အဓိကပါ။ ကျွန်တော် Facebook ကို တစ်နေ့ ၁၀ နာရီလောက် သုံးပါတယ်။ အခု Facebook မရှိတော့ဘူးဆိုရင် ကျွန်တော့် အဲဒီအချိန်တွေကို ဘယ်နားသွားသုံးရမလဲဗျာ?"

သို့ပေမယ့် မိဘတွေကတော့ အဲဒီသတင်းတွေကြားပြီး စိတ်သက်သာရာရခဲ့ပါတယ်။ "Facebook ပိတ်သွားတာ တော်တော်ကောင်းပါတယ်" လို့ Detroit မှ မိဘတစ်ဦးဖြစ်သူ Jon Guttari မှ ပြောသွားပါတယ်။ "အဲါးဆို ကျွန်တော့်ကလေးက ကွန်ပျူတာနဲ့ မျက်နာကို နေ့တိုင်း ကပ်မနေတော့ဘူးပေါ့ဗျာ။ ကျွန်တော်နဲ့ စကားပြောဖို့ အချိန်ပိုရနိုင်တာပေါ့" လို့ ၀မ်းမြောက်ဝမ်းသာ ပြောသွားပါတယ်။

Source: Facebook
Posted by ဂျစ်တီး

Friday, November 11, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၃၉)

Adverbs ဆိုတာ Verb ရဲ့ အဓိပ္ပာယ်ထဲကို ဖြည့်စွက်ပြောပြတဲ့ စကားလုံး၊ ဒါမှမဟုတ် စကားစုဖြစ်တယ်။
He walked quickly.
He walked to the station.
He walked as fast as he could.
ဒီဝါကျ သုံးခုမှာပါတဲ့ quickly, to the station, as fast as he could တို့ဟာ Adverb တွေပါပဲ.။ တစ်ခုက စကားလုံးတစ်လုံးတည်း Adv၊ တစ်ခုက စကားလုံးစု Phrase Adv၊ တစ်ခုက S နဲ့ V ပါတဲ့ Clause Adv.။ အားလုံးဟာ walked ဆိုတဲ့ Verb ကို ဖြည့်စွက် ပြောနေကြတာချည်း။
Adv ဟာ V ကိုတင် ညွှန်းတာမဟုတ်ဘဲ Sentence တစ်ခုလုံးကို ညွှန်းနိုင်သေးတယ်။ ဥပမာ....
Nothing could be done in the circumstances.
အခြေအနေအရ ဘာမှ မလုပ်နိုင်ကြဘူး။
ဒီဝါကျမှာ in the circumstances ဆိုတဲ့ Adv ဟာ could be done ဆိုတဲ့ V သက်သက်ကိုသာ ညွှန်းတာမဟုတ်ဘဲ Nothing could be done ဆိုတဲ့ ၀ါကျတစ်ခုလုံးကို ညွှန်းနေတာ ဖြစ်တယ်။ ဒီလို Adv မျိုးကို Sentence Adv လို့ ခေါ်ရမယ်။ ( တစ်ချို့ကလည်း Sentence Modifier လို့ ခေါ်ကြရဲ့။ )
Sentence Adv တွေကို ၀ါကျနောက်၊ ၀ါကျရှေ့၊ ၀ါကျအလယ် ကြိုက်ရာမှာ အလျဉ်းသင့်သလို လွတ်လွတ်လပ်လပ် ထားနိုင်တယ်။ ဥပမာ အထက်က ၀ါကျကို ..
In the circumstances, nothing could be done. လို့ ရေးလည်း ရပါတယ်။ အဓိပ္ပာယ်အလေး အပေါ့ အနည်းအပါးပဲ ရှိတယ်။
Nothing, in the circumstances, could be done. လို့ ရေးလည်း ရသေးတာပါပဲ။ အလားတူ ...
To our surprise, she had married the rascal.
She had married the rascal to our surprise.
( ဒီဝါကျကို မြန်မာလိုပြန်ရင် Adv သဘောပျောက်သွားမယ်။ ၀ါကျ အဆောက်အအုံကို ပြင်ရမယ်။ “ သူခွေးသူတောင်းစားကို ယူလိုက်သဗျ၊ အံ့ရော ” လို့ ဖြစ်မယ်။ )

Wednesday, November 09, 2011

You're Hired - အပိုင်း (၂)

Episode 2

After firing WebWare’s sales director and advertising the new post. Philip Hart and Marcia Boardman discuss the applications and decide on an interview format.
(Webware ကုမ္ပဏီ၏ အရောင်းဒါရိုက်တာအား အလုပ်ဖြုတ်၍ အလုပ်နေရာသစ်အတွက် ကြော်ငြာထည့်ပြီးနောက် Philip Hart နှင့် Mercia Boardman တို့သည် အလုပ်လျှောက်သူများ အကြောင်းဆွေးနွေးကြပြီး လူတွေ့မေးခွန်းပုံစံကို ဆုံးဖြတ်နေကြသည်။)

စတုထ္ထအကြိမ် မိတ္ထီလာ GTI မြတ်ဆရာပူဇော်ပွဲနှင့် စုံညီမိတ်ဆုံစားပွဲအတွက် အလှူရှင်များစာရင်း

၁၉-၁၁-၂၀၁၁ နေ့တွင် နေပြည်တော်၌ကျင်းပပြုလုပ်မည့်ဖြစ်သော စတုထ္ထအကြိမ် မိတ္ထီလာ GTI မြတ်ဆရာပူဇော်ပွဲနှင့် စုံညီမိတ်ဆုံစားပွဲ အတွက် မိမိတို့၏ကျေးဇူးရှင် ဆရာ၊ဆရာမဟောင်းများကို ပူဇော်ကန်တော့နိုင်စေရန် ကိုတင့်လွင်၊ ကိုသန့်ဇင်မောင်မောင်၊ ကိုမျိုးကျော်ဇင်၊ မရီမာအုန်း နှင့် မခိုင်သင်းအေး တို့မှ အလှူငွေကောက်ခံခဲ့ကြ၍ ထည့်ဝင်လှူဒါန်းခဲ့ကြသော အလှူရှင်များစာရင်းနှင့် ငွေလွှဲစာရွက်တို့ကို အောက်တွင်ဖော်ပြပေးထားပါသည်။ ထိုသို့ အလှူငွေ ကောက်ခံပေးကြသူများနှင့် အလှူရှင်များဖြစ်ကြသော မိတ္ထီလာ GTI/GTC/GTU  ကျောင်းသား/သူဟောင်းများ၏ ဤမွန်မြတ်သောအလှူအတွက် အလှူရှင်များနှင့် မိတ္ထီလာ GTI/GTC/GTU သူငယ်ချင်းများအားလုံး ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်စေရန် ကျွန်တော်တို့ Blog မှ ဖော်ပြပေးလိုက်ပါသည်။

 (ကိုမျိုးကျော်ဇင်၊ မရီမာအုန်း နှင့် မခိုင်သင်းအေး တို့မှကောက်ခံရရှိသော အလှူငွေစာရင်း)

(အလှူငွေလွှဲ စာရွက်)

(ကိုတင့်လွင်၊ ကိုသန့်ဇင်မောင်မောင် တို့မှကောက်ခံရရှိသော အလှူငွေစာရင်း)
 (အလှူငွေလွှဲ စာရွက်)
Posted by MTLA GTI GROUP

Monday, November 07, 2011

GTI Opera (MP) / 1999

၁၉၉၉ ခုနှစ် Meiktila GTI, Mechanical Power (MP) Major ရဲ့ မြတ်ဆရာပူဇော်ပွဲနှင့် နောက်ဆုံးနှစ် ကျောင်းသား/သူဟောင်းများ နှုတ်ဆက်ပွဲက Opera လေးပါ။ ဗွီဒီယို ဖိုင်မရလို့ အော်ဒီယို ဖိုင်အနေနဲ့ ပဲ တင်လိုက်ပါတယ်။ အမှတ်တရ လေးပေါ့ဗျာ။



Posted by MTLA GTI GROUP

Saturday, November 05, 2011

E-books for useful applications

Windows 7 အသုံးပြုနည်း မြန်မာလို ဖတ်ချင်တယ် ဆိုရင်တော့ ဒီမှာ ယူပါ။
Basic AutoDesk 3D Design အသုံးပြုနည်း မြန်မာလို ဖတ်ချင်တယ် ဆိုရင်တော့ ဒီမှာ ယူပါ။
Power Point 2007 အသုံးပြုနည်း မြန်မာလို ဖတ်ချင်တယ် ဆိုရင်တော ဒီမှာ ယူပါ။
MS Word 2010 အသုံးပြုနည်း မြန်မာလို ဖတ်ချင်တယ် ဆိုရင်တော့ ဒီမှာ ယူပါ။
MS Excel 2010 အသုံးပြုနည်း မြန်မာလို ဖတ်ချင်တယ် ဆိုရင်တော့ ဒီမှာ ယူပါ။
Adobe Photoshop CS4  အသုံးပြုနည်း မြန်မာလို ဖတ်ချင်တယ် ဆိုရင်တော့ ဒီမှာ ယူပါ။

Credit to Ko Nyi Nay Min
Posted by ဂျစ်တီး

Friday, November 04, 2011

You're Hired - အပိုင်း (၁)

"You're hired" ဗီဒီယိုဇာတ်လမ်းတွဲသည် British Council မှစီစဉ်တင်ဆက်သော ဝန်ထမ်းရွေးချယ်ခြင်းနှင့်သက်ဆိုင်သော အသုံးအနှုန်းဝေါဟာရ နှင့်စကားပြောဆိုပုံများကို ဖေါ်ပြထားသည့် ဗီဒီယိုဇာတ်လမ်းတွဲဖြစ်ပါသည်။ အဆိုပါ ဗီဒီယိုဇာတ်လမ်းတွဲမှ စကားပြောများကို ဘာသာပြန်ဆို၍ တင်ဆက်ပေးလိုက်ပါသည်။
Episode 1

Philip Hart, CEO of IT peripherals company WebWare, gives Sales Director Brian O’Dell some bad news.
(Webware အိုင်တီဆက်စပ်ပစ္စည်းကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Philip Hart သည် အရောင်းဌာန ဒါရိုက်တာ Brian O’Dell အား သတင်းဆိုးအချို့ ပေးလိုက်သည်။)

PH : You what? What do you mean? You’ve lost the DollarMart contract? Oh Brian, tell me you’re joking! That’s our biggest contract! And you’ve lost it!
(PH : မင်းဘာဖြစ်တယ်? ဘာကိုဆိုလိုချင်တာလဲ? ဒေါ်လာမတ် (DollarMart) ကုမ္ပဏီနဲ့ သဘောတူ စာချုပ်မချုပ်ဖြစ်လိုက်ဘူး? ဘရိုင်ယန်ရယ် ငါ့ကို နောက်နေတာလို့ ပြောလိုက်ပါ!အဲ့ဒါ ငါတို့အတွက် အကြီးမားဆုံး သဘောတူညီမှုစာချုပ်ပဲ! အဲ့ဒါကို မင်း ဆုံးရှုံးသွားတယ်!)

Ok…ok…yes, I know you’ve had some personal problems recently…yes, sure…yes, I know our competitors have improved their offer…but, really Brian, these are just excuses…(အိုကေ..အိုကေ..ဟုတ်ပါပြီ။ မင်းမှာ အခုတလော ကိုယ်ရေးကိုယ်တာပြဿနာလေးတွေရှိနေတာကို သိပါတယ်။ မှန်ပါတယ်.. မှန်ပါတယ်.. ငါတို့ရဲ့ ပြိုင်ဘက်တွေကလဲ သူတို့ရဲ့ ကမ်းလှမ်းချက်ကို ပိုမိုကောင်းမွန်အောင် လုပ်လိုက်တယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ဘရိုင်ယန်ရယ် အဲဒါတွေက တကယ်တမ်းတော့ ဆင်ခြေတွေပါပဲ။)