တစ်နေ့မှာ “ပလေတို” က ဆရာဖြစ်သူ “ဆိုကရေးတီး” ကို အချစ်ဆိုတာ ဘာလဲလို့ မေးသတဲ့။ ဆိုကရေးတီးက ပလေတိုကို ဂျုံခင်းထဲ နောက်ပြန်မလှည့်တမ်း တစ်ခေါက်သွားစေပြီး သွားရာလမ်းတစ်လျှောက်မှာ အကောင်းဆုံး၊ အကြီးဆုံး ဂျုံနှံတစ်ခုကို ခူးစေခဲ့တယ်။
ဆရာခိုင်းတာ အရမ်းလွယ်တယ်ထင်တဲ့ ပလေတိုက ကိုယ့်ကိုယ် ယုံကြည်မှုအပြည့်နဲ့
ဂျုံခင်းထဲဝင်ခဲ့တယ်။ နေ့တစ်ဝက်ကုန်တဲ့အထိ သူဟာ ဂျုံခင်းထဲမှာပဲ
ရှိနေခဲ့ပြီး နောက်ဆုံးမှာ လက်ဗလာနဲ့ ခေါင်းငိုက်စိုက် ပြန်လာခဲ့ရတယ်။
ဆိုကရေးတီးရှေ့ရောက်တော့ “အကောင်းဆုံးလို့ ထင်တဲ့ ဂျုံနှံကို ကျွန်တော်
တွေ့ခဲ့ပါတယ်။ ဒါပေမဲ့ တစ်နှံပဲခူးရမယ်ဆိုတော့ အကောင်းဆုံးမှ
ဟုတ်ပါ့မလားလို့ ထင်ပြီး မခူးခဲ့ဘဲ ဒီထက်ကောင်းတဲ့ အနှံရှိဦးမယ်ဆိုတဲ့
အတွေးနဲ့ ယာခင်းအဆုံးထိ ကျွန်တော်ရောက်ခဲ့မှ လက်ထဲမှာ ဘာမှမပါခဲ့မှန်း
သတိထားမိတော့တယ်” လို့ ပြောတော့ ဆိုကရေးတီးက “အဲတာ အချစ်” လို့
ပြောပြခဲ့တယ်။