Saturday, August 20, 2011

ပေါ့ပေါ့..ပါးပါး... ပြုံး.............

လူမထွက်ဘူး
ဒကာမတစ်ယောက်သည် ဘုန်းတော်ကြီးကျောင်းသို့လာရာ

ဘုန်းကြီးက ။ ။ ဟဲ့ဒကာမ၊ ဘာဖြစ်လို့လာသတုံး။

ဒကာမ ။ ။ အရှင်ဘုရား လူထွက်မယ် ကြားလို့ပါဘုရား။

ဘုန်းကြီး ။ ။ ဟာ ဘုန်းကြီးက လူထွက်တာ ဘယ်ကမ္ဘာကမှမရှိဘူးဟ။
တစ်နေ့က လာအပ်တဲ့ ကလေးနှစ်ယောက် ဟာဘယ်သူက
မွေးတာတုံးဟ။
ဒကာမ ။ ။ တပည့်တော်မက မွေးတာပါဘုရား။

ဘုန်းကြီး ။ ။ အိမ်း တစ်သက်လုံးမှတ်ထား၊ ဒကာမကသာ လူထွက် သဟ။

စတုတ္ထအကြိမ် လုပ်ဖြစ်မယ် ဆိုရင်...

အထက်မှာ ပြထားတဲ့ ဖိတ်စာ(တတိယအကြိမ် အစိုးရ စက်မှုလက်မှုသိပ္ပံ၊ မိတ္ထီလာ အာစရိယပူဇော်ပွဲ) ကို Email က တဆင့် ရပါတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အလှူငွေလည်း မထည့်ဖြစ်ခဲ့ဘူး။စတုတ္ထအကြိမ်များ လုပ်ဖြစ်ခဲ့ရင် ကျွန်တော်တို့ ဒီ Blog ကနေ စုစည်းပေးကြတာပေါ့။ ပထမအကြိမ် ဆရာကန်တော့ပွဲ VIDEO မှတ်တမ်းတင်ပေးတဲ့ ကိုခဲ နဲ့ ကိုဝတီကို ကျေးဇူးတင်ပါတယ်။

Posted by ထွန်းမြင့်ဌေး