Saturday, March 31, 2012

စင်ကာပူရောက် မြန်မာမိသားစုများ၏ ပျော်ပွဲရွှင်ပွဲ

Source : စင်ကာပူရောက် မြန်မာများ
Posted by ဝတီ

အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ(၄)

I know (ငါသိပြီ)
You use I know when you have just had an idea or wish to make a suggestion:
ငါသိပြီ  (I know)  ကို အကြံဥာဏ် (သို့) အကြံပေးမှုတစ်ခုကို ပြုလုပ်လိုသည့်အခါတွင် အသုံးပြုနိုင်သည်။
    1. It's a holiday weekend. We really ought to do something interesting.
    ဒီစနေ၊တနင်္ဂနွေက ရုံးပိတ်ရက်ပဲ။ ငါတို့တစ်ခုခု စိတ်ဝင်စားစရာ လုပ်သင့်တယ်။
    I know, let's hire a boat.
    ငါသိပြီ။ လှေတစ်စင်းငှားရအောင်။
    2. We'll have to do something to raise money for the children's charity.
    ကလေးတွေရံပုံငွေအတွက် ပိုက်ဆံရအောင် တစ်ခုခုလုပ်မှဖြစ်မယ်။
    I know, let's organize a race and get people to sponsor the runners.
    ငါသိပြီ။ အပြေးပြိုင်ပွဲတစ်ခုကျင်းပပေးပြီး အပြေးသမားတွေကို စပွန်ဆာပေးဖို့လူရှာရမယ်။
No such luck (ကံကိုမကောင်းတာပါ)
You say no such luck to express disappointment that something has not happened:
ကံကိုမကောင်းတာပါ (no such luck) ကို တစ်စုံတစ်ခုမဖြစ်ပေါ်သည့်အတွက် စိတ်ပျက်မှုကို ပြသည့်အခါတွင် အသုံးပြုသည်။

Wednesday, March 28, 2012

နားထောင်တိုင်းလည်း မကြားပါ။ ကြားတိုင်းလည်း နားမလည်ပါ (၂)

အင်္ဂလိပ်စကားလုံးတို့ ၏ အသံထွက်တွင်ရှိသည့် ဖိသံstress သဘောကို “နားထောင်တိုင်းလည်း မကြားပါ။ ကြားတိုင်းလည်း နားမလည်ပါ” ဆောင်းပါးတွင်ပြောခဲ့ပါသည်။ စာကြောင်းတွင်ပါသည့် ဖိသံသဘော ကို ဆက်ပါမည်။
စာကြောင်းတစ်ကြောင်းကိုရွတ်ဆိုရာတွင်လည်း ဖိသံပါသည်။ ဥပမာအားဖြင့် I went to school. ကိုပြောရာတွင် went နှင့် school ကို အခြား I နှင့် to တို့ ထက် ပိုရှည်ရှည်နှင့် ကျယ်ကျယ် ပြော လေ့ရှိပါသည်။ အများအားဖြင့် နာမ်၊ ကြိယာ စသည့် အချက်အလက်ကိုဖော်ပြသည့် content words ဟု ပညာရှင်များကခေါ်ကြသော စာလုံးများကို နာမ်စား၊ ၀ိဘတ်စသည့် စာကြောင်းတည်ဆောက်သည့် function words ဟုပညာရှင်များကခေါ်ကြသော စာလုံးများထက် ပိုပြီး ကျယ်ကျယ် နှင့် ရှည်ရှည် ရွတ်တတ်ကြပါသည်။ အထက်ပါစာကြောင်းတွင် ဘယ်ကိုသွားသည်ဆိုသည့် အချက်အလက်ကို အသားပေးပြီး wentနှင့် school ကို ဖိသံဖြင့် ထွက်ပါသည်။ ဤသဘောကိုသိလျှင် နားထောင်ရာတွင် ဖိသံနှင့် ထွက်သည့်စကားလုံးများကိုပိုပြီး သတိပြုလျှက် ကြားအောင်နားထောင်သင့်ပါသည်။
နားထောင်ကျင့်နည်းသေးလျှင် မည်သည့်စကားလုံးများကို ဖိသံနှင့် ထွက်သွားသည်ကို အလွယ်တကူဖမ်းမိဦးမည် မဟုတ်ပါ။ ထို့ ပြင် စာကြောင်းများတွင် စကားလုံးတစ်လုံးနှင့်တစ်လုံးကို တစ်ဆက်တည်း ရွတ်သွားသည်ကိုလည်း နားယဉ်ဦးမည်မဟုတ်ပါ။ ထို့ကြောင့် အကြားစွမ်းရည်တိုးတက် လိုလျှင် များများနားထောင်၍ လေ့ကျင့်ခြင်းမှတပါး အခြားမရှိပါ။

Monday, March 26, 2012

အဖေနဲ့သမီး

(ဒီနေ့ကတော့ ကျွန်တော်သမီးလေး (၅)နှစ်ပြည့်တဲ့မွေးနေ့လေးပါ။ ကျွန်တော်အရင်က ဖတ်ခဲ့ဖူးတဲ့ ဒီဆောင်ပါးလေးကို ကျွန်တော်လိုပဲ သမီးချစ်သောအဖေများအတွက် ခံစားဖော်ပြပေးလိုက်ပါတယ်။)
လူမှုအဖွဲ့အစည်းကြီးဟာ အမှန်တော့ သမီးနဲ့အဖေထက် သမီးနဲ့အမေ ဆက်ဆံရေးကို ပိုပြီးအလေးထား အားပြုပါတယ်။ ဒါပေမဲ့ အမေက စောင့်ရှောက်ပြုစုလို့ ကြီးပြင်းလာရတဲ့ သမီးနဲ့ အဖေက စောင့်ရှောက်ပြုစုလို့ ကြီးပြင်းလာရတဲ့ သမီးမှာ  ပျော်ရွှင်မှုခြင်း၊ ရလဒ်ချင်း အတူတူပဲ ဖြစ်ပါတယ်။ အမေလုပ်သူဟာ အပြင်ထွက်ပြီး စီးပွားရှာတယ်ဆိုရင် အဖေလုပ်သူဟာ အိမ်တွင်းမှာနေပြီး သမီးဖြစ်သူနဲ့ ပိုပြီး အချိန်ပေးနိုင်ပါတယ်။ အမှန်တော့ အဖေတိုင်း သားသမီးတွေနဲ့ အချိန်ပေးချင် ကြပါတယ်။ ဒါပေမဲ့ စီးပွားရေးအတွက် ရုန်းကန်နေရတာမို့ အချိန်မပေးနိုင်တာ ဖြစ်ပါတယ်။ ဖခင် ၈၀ ရာခိုင်နှုန်းဟာ မိသားစုတာဝန် ကျေပွန်ဖို့အတွက် ပိုက်ဆံရှာ နေကြရတယ်။ အလုပ်ထွက်လုပ်တဲ့ မိခင်တစ်ယောက်နဲ့ အလုပ်ထွက်လုပ်တဲ့ ဖခင်တစ်ယောက်တို့ဟာ အချိန်အားလပ်ပုံချင်း မတူညီပါဘူး။ ဖခင်မှာပိုပြီးတော့ အချိန်ရှားပါတယ်။ သာမန်အားဖြင့် အိမ်ထောင်ဦးစီး ဖခင်ဟာ အလုပ်ထွက်လုပ်တဲ့ အိမ်ထောင်ရှင်မထက် ၁၀ ရာခိုင်နှုန်း ပိုပြီးလုပ်ရလေ့ ရှိပါတယ်။ နောက်ပြီး အဖေနဲ့အမေ ရန်ဖြစ်တဲ့အခါမှာ သားသမီး အများစုဟာ မိခင်ဘက်ကိုသာ လိုက်လေ့ ရှိကြပါတယ်။
အဖေ့သြဇာ
သမီးအပေါ်အဖေ လွှမ်းမိုးကူညီပေးနိုင်တဲ့ ကဏ္ဍတွေက အတော်လေး များပါတယ်။ ကျောင်းပညာရေး၊ အသက်မွေးဝမ်းကျောင်းပညာ၊ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ မိမိကိုယ်ကို ယုံကြည်မှုစတဲ့ ကဏ္ဍတွေမှာ လွှမ်းမိုးနိုင်ပါတယ်။ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း အဖေတစ်ယောက်ဟာ သမီးတစ်ယောက်ကို ယောက်ျားတွေအပေါ် အလွန်အမင်း ယုံကြည်တာ၊ လိုအပ်တာ၊ မှီခိုတာစတဲ့ အစွန်းနှစ်ဖက်တွေကို ထိန်းညှိ ပေးနိုင်ပါတယ်။ ယောက်ျားတွေအပေါ် ကြောက်ရွံ့တာ၊ မှီခိုလွန်းတာတွေကို ဖျောက်ဖျက်ပေးနိုင်ပါတယ်။ အချစ်ရေးမှာ ချစ်သူရဲ့ အနိုင်ကျင့်ခြင်းကိုလည်း မခံရအောင် အဖေလုပ်သူက ထိန်းကျောင်း ပေးနိုင်ပါတယ်။ အိမ်ထောင်ရေးမှာလည်း အဖေမရှိတဲ့ အိမ်ထောင်စုက သမီးအတော်များများဟာ အသက်မပြည့်ခင်မှာ စောစီးစွာနဲ့ အိမ်ထောင်ကျ တတ်ကြပါတယ်။

၃၁ ဘုံ



























Posted by Htun

Sunday, March 25, 2012

ငရဲအကြောင်း သိကောင်းစရာများ - ချမ်းမြေ့မြိုင်ဆရာတော်


From www.dhammavideo.com
Posted by Htun

ဘုရား ရှိခိုးရန် သိသင့်သော အချက် (၅)ချက်

ကျွန်တော် အမြဲ ဘုရား ရှိခိုးတဲ့ နည်းလေးပါ။လူတိုင်းကို ဒီနည်းအတိုင်း ဘုရားရှိခိုး စေချင်လို့ပါ။ ကျွန်တော် ရဟန်းခံစဉ်က မဟာစည် ဆရာတော်ဘုရားကြီး သင်ကြား ပေးလိုက်တာပါ။ ဆရာတော် ဘုရားရဲ့ ဘွဲ့ကို ကျွန်တော် မရေးတတ်လို့ပါ။ ဆရာတော်ဘုရားကြီးက ကျွန်တော်ကို ဒကာ ဘုရားရှိခိုးတာ အချက် (၅)ချက်
ပြည့်အောင် ကန်တော့ရဲ့လား။ တပည့်တော်က ထိချင်း (၅)ပါးပဲ သိပါတယ် ဘုရား။

အေး ဒကာ သိအောင်ပြောပြ မယ်။
(၁) ဘုရား ၊ တရား ၊ သံဃာ ၊ မိဘ ၊ ဆရာ တို့ကို အရင် ကန်တော့ပါ။

(၂) အပါယ် ဖျက် ရတယ်။ ဒီအချက်က လူတိုင်း မသိကြ ဘူး။

ဆရာတော်ဦးနန္ဒမာလာဘိဝံသ - သတ္တဝါတို့၏(၃၁)ဘုံ တရားတော်


From www.dhammavideo.com
Posted by Htun

အရိမေတ္တယမြတ်စွာဘုရားအကြောင်း သိကောင်းစရာများ - ပဲခူးဆရာတော် ဘဒ္ဒန္တတေဇောသာရ


From www.dhammavideo.com
Posted by Htun

Saturday, March 24, 2012

အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု တိုးတက်စေမည့် နည်းလမ်း (၇၀) - အပိုင်း (၅)

၂၁။ ကလေးတွေ ဒါမှမဟုတ် မိတ်ဆွေသူငယ်ချင်းတွေကို အင်္ဂလိပ်စာ သင်ပေးပါ။ မကြာသေးခင်က သုတေသန ပြုလုပ်ချက်တွေအရ ညီအကိုမောင်နှမတွေကြားထဲမှာ အကိုကြီး၊ အမကြီးတွေက ညီငယ်၊ ညီမငယ်တွေထက် IQ နည်းနည်း သာတာကို တွေ့ရပါတယ်။ အဲဒီလို IQ သာရခြင်း အဖြစ်နိုင်ဆုံး အကြောင်းကတော့ ညီငယ်နှမငယ်တွေကို ဟိုအကြောင်း၊ ဒီအကြောင်း ရှင်းပြရတဲ့အတွက် အသိဥာဏ်ပိုင်း မြင့်တက်သွားတာဖြစ်နိုင်ပါတယ်။ အဲဒီအတိုင်း အင်္ဂလိပ်စာမှာ ကိုယ့်လောက် မတတ်သေးသူ တစ်ယောက်ယောက်ကို သင်ကြားပေးခြင်းအားဖြင့် ကိုယ်တိုင် ခေါင်းထဲမှာ စွဲမြဲပြီး တတ်သွားနိုင်ပါတယ်။
၂၂။ ကုမ္ပဏီဝန်ထမ်းဆိုရင် ကုမ္ပဏီမှာ အင်္ဂလိပ်စာသင်တန်း လုပ်ပေးနိုင်မလား မေးမြန်းတိုက်တွန်း ကြည့်ပါ။ လုပ်ငန်းခွင်မှာ အင်္ဂလိပ်လိုပြောဖို့ မလိုအပ်ဘူးဆိုရင်တောင် အင်္ဂလိပ်စာ သင်တန်း ဖွင့်ပေးခြင်းအားဖြင့် ကုမ္ပဏီအတွက်လည်း ကုန်ကျစရိတ် မများလွန်းဘဲ ကုမ္ပဏီရဲ့ သင်တန်းဘတ်ဂျက်ကို အများနှစ်သက်တဲ့ နည်းလမ်းနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
၂၃။ အိမ်အလုပ်လုပ်နေစဉ်မှာ အင်္ဂလိပ်လိုလွှင့်တဲ့ ရေဒီယိုကို ဖွင့်ထားပါ။ ဂရုတစိုက်နားမထောင်ဘဲ နဲ့တောင် သဘာဝအတိုင်းပြောတဲ့ အင်္ဂလိပ်စကား စည်းချက် လေယူလေသိမ်းတွေကို နားယဉ် သွားနိုင်ပါတယ်။

Friday, March 23, 2012

နားထောင်တိုင်းလည်း မကြားပါ။ ကြားတိုင်းလည်း နားမလည်ပါ (၁)

ဘာသာစကားတစ်ခုကိုလေ့လာရာတွင် အကြားသန်အောင်ပါ အားထုတ်ရသည်။ အကြားသန်အောင် များများနားထောင်ရာမှတစ်ပါး အခြားမရှိပါ။ နားထောင်စရာ နှစ်မျိုးရှိသည်။ တစ်ဦးနှင့်တစ်ဦး စကား ပြောသောအခါတွင် သူတစ်ပါးဘာပြောသလဲဆိုသည်ကို ကြားအောင် နားထောင်ရသည်။ ရုပ်ရှင်ဂီတ စသည့် ဖျော်ဖြေစရာများနှင့် သတင်းမိန့် ခွန်းစသည့် အချက်အလက်တို့ ကိုနားထောင်ရာတွင်လည်း ကြားအောင် နားထောင်ရပါသည်။
ကြားအောင် နားထောင်ခြင်း
မိခင်ဘာသားစကားမဟုတ်သည့် စကားဖြင့် ပြောသောသူတစ်ပါး ပြောစကား (သို့မဟုတ်) သတင်း (သို့မဟုတ်) ပုံပြင်တစ်ပုဒ်ကို နားထောင်ကြည့်ပါ။ ဘာကြားပါသလဲ။ ကွိကွိ ကွကွ အိအိ အအ ဒိဒိ ဒဒ ကလွဲပြီး ဘာမှကြားမည်မထင်ပါ။ ကြားဖို့ ဘာလိုသလဲ။ အခြေခံ စကားသံတို့ကို ကြားနိုင်ရပါမည်။
အင်္ဂလိပ်စကားနှင့် ပတ်သက်လျှင် Phoneme ဟုခေါ်သော /s/, /i:/ စသည့် အင်္ဂလိပ်စကားသံတို့နှင့် နားယဉ်နေရပါမည်။ ၎င်းစကားသံတို့ ကို နှစ်မျိုးခွဲထားသည်။ ဗျည်းသံ consonant နှင့် သရသံ vowel တို့ ဖြစ်သည်။ /s/, /b/, /k/ စသည်တို့ သည် ဗျည်းသံများဖြစ်၍  /i:/, /u:/  တို့ သည် သရသံများဖြစ်သည်။ ထိုအသံများပေါင်း၍ စကား လုံး တစ် လုံး၏ အသံဖြစ်ပေါ်လာပါသည်။ ဥ ပ မာ အားဖြင့် see သည် /s/ နှင့် /i:/ တို့ ပေါင်းကာ /si:/ ဟု အ သံ ထွက် ခြင်း ဖြစ်သည်။

Thursday, March 22, 2012

အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု တိုးတက်စေမည့် နည်းလမ်း (၇၀) - အပိုင်း (၄)

၁၆။ အင်္ဂလိပ်လို ရေးထားတဲ့ မဂ္ဂဇင်းတွေကိုဖတ်ပါ။ စာအုပ်တွေလိုပဲ မဂ္ဂဇင်းကိုလည်း ဘာသာနှစ်မျိုးနဲ့ ဖတ်နိုင်ပါတယ်။ (ဥပမာ ကိုယ့်ဘာသာစကားနဲ့ ရေးထားတဲ့ Newsweeks မဂ္ဂဇင်းနဲ့ အင်္ဂလိပ်လို ရေးထားတဲ့ Newsweeks မဂ္ဂဇင်းကို ယှဉ်ဖတ်တာမျိုးဖြစ်ပါတယ်။) အဲဒါဆို နားလည်ဖို့ အများကြီးပိုပြီး လွယ်သွားမှာဖြစ်ပါတယ်။
၁၇။ အချိန်ပြည့် ရက်သတ္တပတ်တစ်ပတ် သင်တန်းတက်ပါ။ သင်တန်းတိုတိုလေးကို တက်ပြီး သင်တန်း ပြီးဆုံးချိန်မှာ အင်္ဂလိပ်လို အများကြီး ပိုကောင်းသွားတာမျိုးကို မျှော်လင့်လို့မရပေမယ့် သင်တန်းပြီးနောက် ရက်ပိုင်း၊ လပိုင်းတွေမှာ ဆက်ပြီး လေ့လာလိုက်မယ်ဆိုရင် သင်တန်းကရခဲ့တဲ့ အသိပညာတွေ ပေါ်ထွက်လာပြီး အပြောနဲ့အကြား စတဲ့ ကျွမ်းကျင်မှုအဆင့်တွေ သိသိသာသာ တိုးတက်လာနိုင်ပါတယ်။ သင်တန်းတစ်ခုကြောင့် ဖြစ်လာတဲ့ အကျိုးကျေးဇူးတွေဟာ သင်တန်းတက်ပြီး တစ်နှစ်လောက်အထိ ဆက်ပြီး ပေါ်ပေါက်လာနိုင်ပါတယ်။
၁၈။ အချိန်ပြည့်သင်တန်းတက်ပြီးရင် အချိန်နည်းနည်းနဲ့ ကြာကြာတက်ရတဲ့ သင်တန်းမျိုးကို ဆက်တက်ပါ။ အင်္ဂလိပ်စာ လေ့လာဖို့ အချိန်ပေးနိုင်လေ ကောင်းလေပါပဲ။ ဒါပေမယ့် အချိန်ပြည့် ပြင်းပြင်းထန်ထန် လေ့လာတဲ့ သင်တန်းတွေ တက်လိုက်၊ တစ်ပတ်ကို နာရီအနည်းငယ်သင်တဲ့ သင်တန်းတွေတက်လိုက် တစ်လှည့်စီ သွားမယ်ဆိုရင် ကုန်ကျစရိတ်သက်သာပြီး အကျိုးလည်း များနိုင်ပါတယ်။ အခြားစနစ်တွေထက် ပိုပြီးတော့ ကောင်းနိုင်ပါတယ်။ ဦးနှောက်က မသိစိတ်နဲ့ သင်ယူဖို့ အချိန်ရသွားပြီး သင်ယူခဲ့ပြီး ဘာသာစကား အသုံးအနှုန်းတွေကို စတင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ပြီးတဲ့နောက်မှ ဘာသာစကား အသုံးအနှုန်းအသစ်တွေကို ဆက်ပြီးတော့ သင်သွားဖို့ဖြစ်ပါတယ်။

Monday, March 19, 2012

ရင်ကိုထိမှန်စေသော ပုံလေးတစ်ပုံ

"ကမ္ခ္ဘ္ဘ္ဘ္ဘာမြေ ငြိမ်းချမ်းပါစေ၊ ကလေးငယ်များ ပျော်ပါစေ" ဆိုတဲ့ ထူးအိမ်သင်ရဲ့ သီချင်းလေးကို သွားသတိရတယ်။
"မြန်မာပြည် ငြိမ်းချမ်းပါစေ၊ ကလေးငယ်များ ပျော်ပါစေ" ဆိုပြီး လောလောဆယ် အနေနဲ့ ဆုတောင်းပေးဖို့ လိုနေတာတော့ အမှန်ပဲဗျာ။ ဒီပုံလေးကို ကြည့်ပြီး အတော်ခံစားလိုက်ရတယ်။ ကိုယ်တိုင်သာ ကြည့်ပြီး ခံစားကြည့်ကြပါတော့။



ကချင်ဒေသက စစ်ဘေးရှောင်နေရတဲ့ ကလေးငယ်တွေရဲ့ ဘ၀ပါ

Jinghpaw Kasa ရဲ့ facebook မှာတွေ့ရတဲ့ ပုံလေးတစ်ပုံကို မျှဝေခံစားပါသည်။
Posted by ဂျစ်တီး

Friday, March 16, 2012

အငြင်းပွားနေသော ရေပြင်ပိုင်နက်ပြဿနာ နောက်ဆက်တွဲ

        အတော်များများ သိကြမှာပါ ဒီသတင်းကိုတော့။ တရားရင်ဆိုင်တဲ့ နေရာမှာ မြန်မာ ရှုံးပါတယ်။ အင်မတန်မှ တန်ဖိုး ရှိတဲ့ သဘာဝ ဓါတ်ငွေ့ လုပ်ကွက် နှစ်ကွက် ရှိနေတဲ့ ရေပိုင်နက်တွေလည်း ပါသွားပါတယ်။ တရား သူကြီးမင်း များ သဘောကောင်းချက်ကတော့ ဘင်္ဂလားဒေ့ရှ် ကပင်လယ်ပြင်ရေပိုင်နက် အကျယ်အဝန်း စတုရန်းကီလိုမီတာ တစ်သိန်း ခုနစ်ထောင် ပိုင်ဆိုင်သင့်ကြောင်း တောင်းခံခဲ့ရာမှာ တရားရုံးက စတုရန်းကီလိုမီတာ တစ်သိန်း တစ်သောင်း တစ်ထောင်အထိ ပေးအပ်လိုက်ပါတယ်။ အတော်ကို နှမြောစရာ ကောင်းလှပါတယ်။
         စစ်ဦးစီးချုပ်ဟောင်း သူရ ဦးတင်ဦးက သုံးသပ်ချက်လေးကလည်း ဆင်ခြင်စရာလေးပါ။ "ဒီပြသနာ ဖြစ်ကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံက  နိုင်ငံခြားရေး ၀န်ကြီးအဆင့် ကိုယ်တိုင် ဦးဆောင် ဆောင်ရွက် နေပေမယ့် မြန်မာဖက် ကတော့ တရားသူကြီးချုပ် အဆင့်လောက်နဲ့သာ ဖြေရှင်းနေတဲ့ အချက် ဟာလည်း အားနည်း ခဲ့တယ်လို့ ဦးတင်ဦးက မြင်ပါတယ်။" ဒါလေးတွေက နောက်မမှားအောင် သတိပြု ဆင်ခြင် စရာလေးတွေပါ။ ဘာကိုမှ လျှော့မတွက်ဖို့နဲ့ ကျားကုတ်ကျားခဲ လုပ်ဖို့ပါပဲ။ ကျွန်တော့် အမြင်ကတော့ ဒီပြဿနာ စဖြစ်ပြီ ဆိုကတည်းက နိုင်ငံတကာ ကကြားအောင် ကျယ်ကျယ်လောင်လောင် အော်ပေးဖို့ လိုပါတယ်။ ကိုယ်ပိုင်တယ် ဆိုပြီး ဇွတ်တွေ အော်ထားရ လိမ့်မယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးက အော်တယ် မဆုံးဖြတ်ခင် ကတည်းက။ ဆိုတော့ အပြင်မှာ ထွက်နေတဲ့ အသံတွေကို ဒီတရားသူကြီးတွေ လည်းမကြားမှာ မဟုတ်ဘူး။ ဒါမျိုးလေးတွေ လည်း လိုသလားလို့ဗျာ။ ဒါပါပဲ။

Posted by ဂျစ်တီး

Thursday, March 15, 2012

အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု တိုးတက်စေမည့် နည်းလမ်း (၇၀) - အပိုင်း (၃)

၁၁။ အင်္ဂလိပ်ဘာသာစကားနှင့်ပြန်ဆိုရေးသားထားတဲ့ စာတွေကိုဖတ်ပါ။ စာအုပ်ကိုဖတ်တဲ့အခါမှာ နားလည်လွယ်စေဖို့ အခြားနည်းလမ်းတစ်ခုကတော့ မူရင်း အင်္ဂလိပ်ဘာသာနဲ့ရေးသားထားတာ မဟုတ်ဘဲ အင်္ဂလိပ်လို ပြန်ဆိုထားတဲ့စာအုပ်ကို ရွေးချယ်ဖတ်နိုင်ပါတယ်။ မူရင်းဘာသာက ကိုယ့်ရဲ့ ဘာသာစကား ဖြစ်လျှင် ပိုပြီးကောင်းပါတယ်။ ကိုယ့်ဘာသာစကားနဲ့ရေးထားတဲ့ မူရင်းစာအုပ်ကို မဖတ်ဘူးရင်တောင်မှ မူရင်းအင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတဲ့စာအုပ်ထက် ပိုပြီးတော့ အရေးအသား နည်းနည်းရိုးရှင်းနေပြီး ကိုယ့်ဘာသာစကားနဲ့လည်း ပိုပြီးတော့ ဆင်တူတာကို တွေ့ရမှာဖြစ်ပါတယ်။
၁၂။ ပထမစာမျက်နှာ ၁၀ မျက်နှာလောက်ကို ကျော်ဖတ်ပါ။ အင်္ဂလိပ်လို ရေးထားတဲ့စာအုပ်ကို နားမလည်နိုင်လို့ လက်လျှော့လိုက်ရရင် ဒါမှမဟုတ် ဖတ်ရတာ အရမ်းနှေးနေရင် ပထမ ၁၀ မျက်နှာ လောက်ကို အကြမ်းပဲ ဖတ်လိုက်ပါ။ ဒါမှမဟုတ် လုံးဝကျော်လိုက်ပါ။ စာအုပ်အများစုက အစမှာ သရုပ်ဖော်ချက်တွေသာ အဓိက ပါဝင်နေတာဖြစ်ပါတယ်။ ဒါကြောင့် စကားလုံးဝေါဟာရ ခက်ခဲပြီး ဘာတွေဖြစ်နေတယ်ဆိုတာကို နားလည်သဘောပေါက်ဖို့ အထောက်အကူပြုမယ့် ဇာတ်လမ်းဖြစ်စဉ် တွေလည်း ရှင်းရှင်းလင်းလင်း ရုပ်လုံးမပေါ်သေးဘူး။ ဇာတ်လမ်းသိမှ နောက်စာမျက်နှာကို ဆက်ဖတ်ဖို့ စိတ်အားထက်သန်မှာဖြစ်ပါတယ်။ အချို့ စာအုပ်တွေကတော့ နိဒါန်းပိုင်းကို ကျော်လိုက်ရင်တောင်မှ ခက်လွန်းနေတာလည်း ရှိတတ်သေးတယ်။ အဲဒါဆိုရင် ယာယီအားဖြင့် အဲဒီစာအုပ်ကို လက်လျှော့ထားပြီး အခြားပိုလွယ်တဲ့စာတွေ ဖတ်ပြီးမှပဲ နောက်တစ်ကြိမ်ကြိုးစားပြီး ဖတ်ကြည့်ဖို့ ဖြစ်ပါတယ်။

Wednesday, March 14, 2012

အငြင်းပွားနေသော ရေပြင်ပိုင်နက်ပြဿနာ

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား အငြင်းပွားနေသော ရေပြင်ပိုင်နက်အား မြန်မာက ပိုင်မည်လား၊ ဘင်္ဂလာဒေခ်ျ့က ပိုင်မည်လား ဆိုသည်ကို မတ်လ ၁၄ ရက်နေ့ ဂျာမဏီ စံတော်ချိန် ၁၁ နာရီ ၃၀ မိနစ်တွင် ဂျာမဏီနိုင်ငံ ဟန်းဘက် ( Hamburg) ၌ စီရင်ချက် ချမှတ်မည် ဖြစ်သည်။ ကုလသမဂ္ဂ လက်အောက်ခံ နိုင်ငံတကာ ရေပြင်ပိုင်နက် အငြင်းပွားမူ ဖြေရှင်းရေး ဆိုင်ရာ ဂျူရီခုံရုံးမှ တရားသူကြီး ၂၃ ဦးက ဆုံးဖြတ်ချက်ချမှာ ဖြစ်ပါတယ်။ ခုချိန်လောက် ဆိုရင်တော့ စီရင်ချက် ချပြီးလောက်ပြီ ထင်ပါတယ်။ စင်္ကာပူနဲ့က ၇ နာရီလောက်ပဲ စံတော်ချိန်က ကွာတယ်ဆိုတော့။ ဘယ်သူက တကယ်တမ်းပိုင်လဲ ဆိုတာတော့ မသိပါဘူး။ ဒါပေမယ့်လည်း သူပိုင်တယ်၊ ငါပိုင်တယ် နဲ့ အငြင်းပွားပြီး နိုင်ငံတကာ ခုံရုံးရဲ့ အဆုံးအဖြတ် နဲ့ အတည်ပြုပြီး အဆုံးသတ်တော့ မှာဆိုတော့ ကိုယ့်နိုင်ငံ ကိုပဲနိုင်စေချင်တာ ပေါ့ဗျာ။ ဒီတစ်ခါ ဆုံးဖြတ်ချက်က အပြီးပဲ၊ ထပ်ပြီးတော့ အသနားခံတာတွေ အယူခံဝင်တာတွေလဲ လုပ်မရတော့ဘူးဆိုတော့ ဇာတ်လမ်းကပြတ်နေပြီ။ ဆိုတော့ သူပိုင်ပိုင်၊ ကိုယ်ပိုင်ပိုင်၊ ကိုယ်နိုင်ဖို့က အရေးအကြီးဆုံးပဲလေ။ ဟုတ်ဘူးလား။ ပြီးတော့ ဒီနေရာကလည်း တကယ့် ရေနံ သဘာဝ ထွက်နေတဲ့ နေရာဆိုတော့ နယ်မြေ ပိုင်ဆိုင်မှုသာမက စီးပွားရေး အရပါ အတော်လေး အရေးပါနေတာ ဆိုတော့ ဟိုဖက်ကိုသာ အနိုင်ပေးလိုက်ရင် ကိုယ့်အတွက် အတော်နစ်နာ သွားနိုင်တာ အမှန်ပဲ။ ဒီသတင်းကို စိတ်ဝင်တစား နဲ့ စောင့်နေပေမယ့် ခုချိန်ထိ သတင်းဋ္ဌာန အတော်များများက မတင်ဘူး။ နိရဉ္စရာ ကတင်ထားတာ တစ်ခုပဲ တွေ့သေးတယ်။ သိရပြီဆိုရင်တော့ ထပ်ရေးပြီး တင်ထားလိုက်ပါ့မယ်။


မှီငြမ်း
နိရဉ္စရာ

Posted by ဂျစ်တီး

Tuesday, March 13, 2012

အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု တိုးတက်စေမည့် နည်းလမ်း (၇၀) - အပိုင်း (၂)

၆။ သီချင်းစာသားကိုဖတ်ပါ။ အင်္ဂလိပ်သီချင်းနားထောင်ရုံသက်သက်နဲ့လည်း သီချင်းထဲမှာပါတဲ့ စကာလုံးတွေကို အလွယ်တကူ မှတ်မိသိရှိသွားနိုင်တဲ့ နည်းလမ်းကောင်းဖြစ်ပါတယ်။ ဒါပေမယ့် အင်္ဂလိပ် သီချင်းနားထောင်ပြီး တကယ်တမ်း အင်္ဂလိပ်စာ တိုးတက်ချင်တယ်ဆိုရင် သီချင်းစာသားကို အဘိဓာန် သုံးပြီးတော့ အချိန်ပေး ဖတ်ရှုလေ့လာရမှာ ဖြစ်ပါတယ်။ CD  နဲ့အတူ သီချင်းစာသားစာအုပ်ကလေး ပါမလာဘူးဆိုရင် အင်တာနက်မှာ သီချင်းစာသား ရှာယူနိုင်ပါတယ်။ တချို့သီချင်းစာသားတင်ထားတဲ့ Website တွေက မူပိုင်ခွင့်ကြောင့် သူတို့တင်ထားတဲ့ သီချင်းစာသားတွေထဲမှာ အမှားနည်းနည်း တမင်တကာ ထည့်ထားတတ်ကြတယ် ဆိုတာကို သတိပြုပါ။ သီချင်းစာသားကိုဖတ်ပြီး နားလည်သွားပြီ ဆိုရင် သီချင်းကို နားထောင်ပြီး တစ်ချိန်တည်းမှာပဲ စာသားကိုဖတ်မယ်ဆိုရင် သဘာဝအတိုင်း အလွတ်သဘော စကား အမြန် ပြောတဲ့အခါမှာ အသံထွက်တွေ ဘယ်လိုပြောင်းလဲသွားသလဲ ဆိုတာကို နားလည်နိုင်ဖို့ နည်းလမ်းကောင်းတစ်ရပ်ဖြစ်ပါတယ်။

Our Memories at GTI

ဘယ်တော့မှ ပြန်မရ နိုင်တော့တဲ့ နုစဉ်က ပုံလေးတွေ ကိုပြန်ကြည့်ရင်း သူငယ်ချင်းတွေ ကိုလည်းသတိရ၊ ကိုယ့်ကိုကိုယ်လည်း စိတ်တိုင်းမကျ ဖြစ်နေရင်းမှ အမှတ်တရ အနေနဲ့ တင်လိုက်ပါတယ်။



Posted by Jenny Sanngwe

Monday, March 12, 2012

သောက

နှစ်မကုန်ခင်
မြစ်ဆုံတော့ သွားကြည့်ထားဦးမှ
မလိဇွပ်နားဝယ်
ဆည်ဆောက်မှာလေ
သေမလောက်ကြောက်မိပါရဲ့။ 

မျိုးပြုတ်အောင် တောတွေခုတ်
လုပ်ချင်သလို လုပ်နေကြတဲ့ အဖြစ်
မြစ်တကြော
လောဘဇောတိုက် နေတဲ့ လူတသိုက်
ရွှေနှိုက်နေပုံ များကလည်း မြင်မကောင်းဘူး။

ကချင်မြေတ၀ိုက်
ရေလိုက်လွဲနေပုံများ
မဟားဒရား တွင်းတွေတူး
အရူးအမူးတောင်တွေဖြို
အို…ကြောက်စရာ ကောင်းလှချည့်
ရှိသမျှ သယံဇာတ
အစလေးမှ ကျန်ပါဦးမလား
ခါးသီးစရာ မြင်ကွင်းများ
အားလို့ online ပေါ်တက်တိုင်း မြင်နေရ
လှပတဲ့ တောတောင် ရေမြေသဘာဝ
မပျက်စီးခင်က ငါတော့ အ၀သွားကြည့်ထားဦးမှ
သွားကြည့်ထားဦးမှ ။      ။


Posted by ဂျစ်တီး

အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ(၃)

With a bit of luck (ကံကောင်းမယ်ဆိုရင်)
You say with a bit of luck when you hope that you will be fortunate enough for something to happen:
ကံကောင်းမယ်ဆိုရင် (with a bit of luck) ကို တစ်စုံတစ်ခုဖြစ်ပေါ်လာစေရန် ကံအကြောင်းတိုက်ဆိုက်မှုရှိလာစေရန် မျှော်လင့်သည့် အချိန်တွင် ပြောဆိုနိုင်သည်။
1. With a bit of luck we should reach home before midnight.
    ကံကောင်းမယ်ဆိုရင် အိမ်ကို ညသန်းခေါင်မရောက်ခင် ပြန်ရောက်နိုင်တယ်။
2. With a bit of luck we'll find a cheap hotel down by the beach.
    ကံကောင်းမယ်ဆိုရင် ကမ်းခြေမှာ ဈေးပေါပေါနဲ့ ဟိုတယ် ရနိုင်မယ်။
What did I tell you? (မင်းကိုငါဘာပြောခဲ့လဲ)
You say what did I tell you? when you have been proved to be right about something, especially when you had warned someone that something bad might happen:
မင်းကိုငါဘာပြောခဲ့လဲ (what did I tell you?) ကို တစ်စုံတစ်ခုနှင့်ပတ်သက်၍ မှန်ကန်ကြောင်း ကို သက်သေပြနိုင်သည့်အခါ၊ အထူးသဖြင့် တစ်စုံတစ်ယောက်အား ဆိုးရွားစွာ ဖြစ်ပေါ်လာနိုင်သည့်ကိစ္စတစ်ခုခုနှင့် ပတ်သက်၍ သတိပေးထားသည့်အခါမျိုးတွင် သုံးနိုင်သည်။

Sunday, March 11, 2012

ရောင်စုံရုပ်ပြပဋ္ဌာန်း[၂၄]ပစ္စည်းနှင့်ရှင်းချက်များ

ရောင်စုံရုပ်ပြပဋ္ဌာန်း[၂၄]ပစ္စည်းနှင့်ရှင်းချက်များ-SS-ခင်မောင်အေး
From https://sagarwarmyae.wordpress.com
Posted by Htun

စင်ကာပူနိုင်ငံ မြန်မာသံရုံးတွင် Online Appointment လျှောက်နိုင်ပြီ

စင်ကာပူမှာ အလုပ်လုပ်နေသော သူငယ်ချင်းတို့အနေနဲ့  မိမိတို့၏ Passport သက်တမ်းတိုးရာတွင်၎င်း၊ အသစ်လျှောက်ထားရာတွင်၎င်း၊ ကျောင်းသားဖြစ်ကြောင်း ထောက်ခံစာ လျှောက်ထားရာတွင်၎င်း၊ မှီခိုသူဖြစ်ကြောင်း ထောက်ခံစာ လျှောက်ထားရာတွင်၎င်း စသည့်ဖြင့်ပြုလုပ်ရာတွင် အရင်လို အချိန်ကုန်ခံပြီး မြန်မာသံရုံးသို့သွားရောက်၍ Appointment ရက်ချိန်းရယူရန်အတွက် စောင့်ဆိုင်းတန်းစီဖို့မလိုတော့ပဲ ယခုအခါ online မှတဆင့် မြန်မာသံရုံး၊ စင်ကာပူ website http://www.mesingapore.org.sg တွင် လျှောက်ထားနိုင်ပြီ ဖြစ်သည်။ မည်သို့်မည်ပုံ ဝင်ရောက်၍ လျှောက်ထားရမည်ကို အောက်ပါအတိုင်း ကြည့်ရှူလေ့လာနိုင်ပါသည်။
Online Appointment Handbook
Posted by အိမ်လွှမ်းသူ

Saturday, March 10, 2012

စင်္ကာပူမြန်မာသံရုံးအကြောင်း သမ္မတထံ ပေးစာ – open letter

 
၁. ကျွန်တော်သည် စင်ကာပူနိုင်ငံသို့ ၂၀၀၈ ခုနှစ်ကရောက်ရှိပြီး S Pass ဖြင့် ယခုအချိန် (၁၀.၃.၂၀၁၂) ထိ အလုပ် လုပ်ကိုင်လျက်ရှိပါသည်။
၂. ၂၀၀၉ ခုနှစ်တွင် ကျွန်တော့် ပတ်(စ)ပို့ သက်တမ်းတိုးရန် လိုအပ်သည့် အတွက်၂၀၀၉ ခုနှစ် ဇန်န၀ါရီလအထိ… တစ်လကို စင်ကာပူဒေါ်လာ (၈၀) နှုန်းဖြင့်စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးသို့ အခွန် ပေးဆောင်ခဲ့ပါသည်။
၃. ထိုသို့အခွန်ပေးဆောင်ရခြင်းမှာ (ကျွန်တော် နားလည်သလောက်) တကယ်တမ်း ဥပဒေအရ ပေးဆောင်စရာ မလိုအပ်သော်လည်း ပတ်(စ)ပို့ သက်တမ်း တိုးရန်အတွက် ပေးဆောင်ခဲ့ရခြင်းသာဖြစ်ပါသည်။
(မှတ်ချက်။ ။ ပူးတွဲပါဖိုင် ၁ …. ၁၉၉၉ ဖေဖော်ဝါရီလ (၂၃) ရက်နေ့တွင် မြန်မာပြည်နှင့် စင်ကာပူနိုင်ငံတို့ နှစ်ထပ်အခွန် မပေးဆောင်ရေး သဘောတူစာချုပ်တွင် ကြည့်နိုင်ပါသည်။ ထိုစဉ်က မြန်မာပြည်ဘက်မှ လက်မှတ်ရေးထိုးသူမှာဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး (ဦး) ခင်မောင်သိန်း ဖြစ်ပါသည်။)
၎. ထိုကိစ္စများသည် အရင် စစ်အုပ်ချုပ်ရေးအစိုးရ အုပ်ချုပ်နေစဉ် ဖြစ်သောကြောင့်လုပ်ဆောင်မှု မမှန်ကန်မှန်း သိသော်လည်း မိမိတို့ စင်ကာနိုင်ငံတွင် အလုပ် ဆက်လက်လုပ်နိုင်ရေးအတွက် ပတ်(စ)ပို့ သက်တမ်းတိုးရန် အခွန်ပေးခဲ့ကြရပါသည်။
(ထိုကဲ့သို့ နှစ်ထပ်အခွန် မပေးရေးအတွက် စင်ကာပူနိုင်ငံရှိ မြန်မာများ ဥပဒေကြောင်းအရ တောင်းဆိုခဲ့ကြသော်လည်း ထိုစဉ်က မြန်မာ စစ်အစိုးရသည် မသိကျိုးကျွန်ပြုခဲ့ကြပါသည်။ ထိုသတင်းများကို စင်ကာပူနိုင်ငံထုတ် StraitsTimes ၊ Today သတင်းစာများမှ သတင်းဟောင်းများကို ပြန်လည်ကြည့်ရှုနိုင်ပါသည်။)

Wednesday, March 07, 2012

မြန်မာ ယူ-၂၁ အသင်း နှင့် ဘရူနိုင်း ယူ-၂၁ အသင်း တို့၏ ပထမအကြိုဗိုလ်လုပွဲစဉ်

ဘရူနိုင်းနိုင်ငံတွင်ကျင်းပသည့် ဘရူနိုင်းဖိတ်ခေါ်ဖလားပွဲ၏ ဒုတိယအကြိုဗိုလ်လုပွဲစဉ်အဖြစ် မြန်မာ ယူ-၂၁ အသင်း နှင့် ဘရူနိုင်း ယူ-၂၁ အသင်း တို့ယှဉ်ပြိုင်ခဲ့ကြရာ ဘရူနိုင်း ယူ-၂၁ အသင်းက ၃ဂိုး ၂ဂိုးဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားနိုင်ပြီ ဖြစ်သည်။ ပထမအကြိုဗိုလ်လုပွဲစဉ်တွင် အင်ဒိုနီးရှား ယူ-၂၁ အသင်းက ဗီယမ်နမ် ယူ-၂၁ အသင်း ကို ၂ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ဗိုလ်လုပွဲတွင် ဘရူနိုင်း ယူ-၂၁ အသင်းနှင့် အင်ဒိုနီးရှား ယူ-၂၁ အသင်းတို့သည် မတ်လ(၉)ရက်နေ့တွင် ဆက်လက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
Posted by MTLA GTI Group

ပဋ္ဌာန်းဒေသနာတော် ( ပါဠိ - မြန်မာပြန်အကျဉ်း )

Path an Book
Posted by Htun

သုံးဆယ့်တစ်ဘုံ

31 Bone
Posted by Htun

Tuesday, March 06, 2012

မြန်မာဘောလုံးအသင်းကို အားပေးကြစို့

မြန်မာဘောလုံးပွဲကို နှစ်သက်အားပေးကြသော သူငယ်ချင်းတို့အတွက် မတ်လ(၇)ရက်နေ့ည စင်ကာပူစံတော်ချိန် (၈း၀၀)တွင် ဘရူနိုင်းနိုင်ငံတွင်ကျင်းပသည့် ဘရူနိုင်းဖိတ်ခေါ်ဖလားပွဲ၏ ပထမအကြိုဗိုလ်လုပွဲစဉ်တွင် မြန်မာ ယူ-၂၁ အသင်း နှင့် ဘရူနိုင်း ယူ-၂၁ အသင်း တို့ ယှဉ်ပြိုင်အားကစားကြပုံကို online မှတဆင့် တိုက်ရိုက်ကြည့်ရှူအားပေးနိုင်စေရန် ကြိုးစားတင်ဆက်ပေးသွားပါမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Posted by MTLA GTI Group

အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု တိုးတက်စေမည့် နည်းလမ်း (၇၀) - အပိုင်း (၁)

၁။ အင်တာနက်မှာ အင်္ဂလိပ်ဘာသာနဲ့ ဘလော့ဂ် (အင်တာနက်မှတ်တမ်း) ရေးပါ။ အင်္ဂလိပ်ဘာသာနဲ့ ရေးတာ မဟုတ်ရင်တောင်မှ စာရေးရင်း ကိုယ့်အကြောင်းကိုယ်ဖော်ပြတဲ့အခါ၊ ဒါမှမဟုတ် စိတ်ပါဝင်စားတဲ့ အကြောင်းအရာတွေကို ဖော်ပြတဲ့အခါ ဘယ်လိုဝေါဟာမျိုး လိုအပ်တယ်ဆိုတာ သိလာမယ်။ သဒ္ဒါမှားမှာ စိုးရိမ်မနေဘဲ ရေးရဲလာမယ်။ လူအများစုမှာ ကြုံတွေ့ရတဲ့ ပြဿနာက ဘာရေးရမယ်ဆိုတာ မသိတဲ့ပြဿနာ ဖြစ်ပါတယ်။ နေ့စဉ်စာရေးဖြစ်အောင် ပေးလေ့ရှိတဲ့အကြံဥာဏ်က အင်္ဂလိပ်ဘာသာနဲ့ နေ့စဉ်မှတ်တမ်း ဒါမှမဟုတ် ဂျာနယ်ရေးခြင်းဖြစ်ပါတယ်။ အခုခေတ်နဲ့ ပိုပြီး ကိုက်ညီအောင် ဘလော့ဂ် ရေးနိုင်ပါတယ်။ လူကြိုက်များတဲ့ အကြောင်းအရာတွေကတော့ ဘာသာစကား သင်ကြားတဲ့အတွေ့အကြုံ၊ ပြည်ပမှာ စာသင်ရတဲ့ အတွေ့အကြုံ၊ နယ်မြေဒေသအကြောင်း၊ မိခင်ဘာသာစကားအကြောင်း၊ ဒေသသတင်းတွေကို အင်္ဂလိပ်ဘာသာနဲ့ ဘာသာပြန်ခြင်းတို့ ဖြစ်ပါတယ်။

Monday, March 05, 2012

ဘရူနိုင်းဖိတ်ခေါ်ဖလားပွဲ၏ အကြိုဗိုလ်လုပွဲစဉ်များ

ပထမအကြိုဗိုလ်လုပွဲ
မတ်လ(၇)ရက် စင်ကာပူစံတော်ချိန် (ည ၈း၀၀)နာရီ
မြန်မာ ယူ-၂၁ အသင်း နှင့် ဘရူနိုင်း ယူ-၂၁ အသင်း
 
ဒုတိယအကြိုဗိုလ်လုပွဲ
မတ်လ(၇)ရက် စင်ကာပူစံတော်ချိန် (ည ၁၀း၀၀)နာရီ
ဗီယက်နမ် ယူ-၂၁ အသင်း နှင့် အင်ဒိုနီးရှား ယူ-၂၁ အသင်း 
Posted by ဝတီ

ဘရူနိုင်းဖိတ်ခေါ်ဖလားပွဲ၏ မြန်မာယူ-၂၁ နှင့် အင်ဒိုနီးရှားယူ-၂၁ ဘောလုံးပွဲစဉ်


Posted by ဝတီ

အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ(၂)

No wonder (မဆန်းပါဘူး)
You say no wonder when you think that something is not at all surprising in the circumstances:
မဆန်းပါဘူး (no wonder) ကို တစ်စုံတစ်ခုသည် လုံးဝအံ့သြစရာမကောင်းဟု ထင်မြင်သည့်အခါတွင် သုံးသည်။
1. No wonder your father is angry. You borrowed his car without permission and then crashed it.
    မင်းအဖေဒေါသထွက်နေတာ မဆန်းပါဘူး။ သူ့ကားကို သူ့ခွင့်ပြုချက်မရပဲလဲ ငှားသွားတယ်။ ပြီးတော့ တိုက်လာလိုက်သေးတယ်။
2. 'Anne's upset.'
    Anne က စိတ်မချမ်းမသာဖြစ်နေတယ်။
    'No wonder. She has just discovered that her boyfriend has been going out with another girl.'
    မဆန်းပါဘူး။ သူ့ကောင်လေးက တစ်ခြားကောင်မလေးတစ်ယောက်နဲ့ တွဲနေတာ သိသွားတယ်လေ။

Sunday, March 04, 2012

ပန်တော်ဦး

ပန်တော်ဦး...
မင်းက လတစ်စင်းဆိုရင်
ငါက ဒီရေပဲဖြစ်ချင်ပါတယ်။

ပန်တော်ဦး...
မင်းက နေရောင်ခြည်ဆိုပါတော့
ငါက သစ်တပင်ပဲ ဖြစ်ပါလိမ့်မယ်။

ပန်တော်ဦး...
မင်းက ကံဇာတ်ဆရာ ဆိုရင်လည်း
ငါက လူတစ်ယောက်ပါပဲ။

Posted by ဂျစ်တီး

ဘရူနိုင်းဖိတ်ခေါ်ဖလားပွဲ၏ မြန်မာယူ-၂၁အသင်းရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်

ဘရူနိုင်းဖိတ်ခေါ်ဖလားပွဲ၏ အုပ်စု(က) ဒုတိယပွဲစဉ်အဖြစ် ယနေ့ည စင်ကာပူစံတော်ချိန် ည(၈း၁၅)တွင် မြန်မာ ယူ-၂၁ အသင်း နှင့် စင်ကာပူ ယူ-၂၁ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်သင်းနဲ့တစ်သင်း ဂိုးမသွင်းနိုင်ကြပဲ သရေပွဲဖြစ်ခဲ့ကြသည်။  အုပ်စု(က) ပထမပွဲစဉ်တွင် အင်ဒိုနီးရှား ယူ-၂၁ အသင်းက ဖိလစ်ပိုင် ယူ-၂၁ အသင်းကို ၃ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ မြန်မာ ယူ-၂၁ အသင်းသည် အုပ်စု(က)တွင် လေးပွဲကစား ရမှတ်(၁၀)ဖြင့် အုပ်စုပထမ၊ အင်ဒိုနီးရှားအသင်းသည် လေးပွဲကစား ရမှတ်(၇)ဖြင့် အုပ်စုဒုတိယဖြင့် အကြိုဗိုလ်လုပွဲသို့ အသီးသီးတက်ရောက်သွားကြပြီ ဖြစ်သည်။ အုပ်စု(ခ)တွင် ဗီယက်နမ်အသင်းသည် လေးပွဲကစား ရမှတ်(၁၀)ဖြင့် အုပ်စုပထမ၊ အိမ်ရှင် ဘရူနိုင်းအသင်းနှင့် အရှေ့တီမောအသင်းတို့သည် သုံးပွဲစီကစား၍ ရမှတ်(၆)စီဖြင့် ဂိုးကွာခြားချက်အရ အုပ်စုဒုတိယနှင့်တတိယ အသီးသီးရပ်တည်နေကြသည်။ မတ်လ(၅)ရက်နေ့ အုပ်စု(ခ)ဒုတိယပွဲစဉ်အဖြစ် အိမ်ရှင်ဘရူနိုင်း ယူ-၂၁ အသင်းနှင့် အရှေ့တီမော ယူ-၂၁ အသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်၍ အနိုင်ရရှိသောအသင်းသည် အကြိုဗိုလ်လုပွဲသို့ တက်ရောက်နိုင်မည်ဖြစ်ပြီး သရေဖြစ်ခဲ့လျှင် အိမ်ရှင်ဘရူနိုင်းအသင်းသည် အကြိုဗိုလ်လုပွဲသို့ တက်ရောက်သွားမည်ဖြစ်သည်။ တချိန်တည်းတွင် အုပ်စု(ခ)ပထမပွဲစဉ်အဖြစ် မလေးရှား ယူ-၂၁ အသင်းနှင့် ကမ္ဘောဒီးယား ယူ-၂၁ အသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ပထမအကြိုဗိုလ်လုပွဲ
မတ်လ(၇)ရက် စင်ကာပူစံတော်ချိန် (ည ၈း၀၀)နာရီ
မြန်မာ ယူ-၂၁ အသင်း နှင့် ဘရူနိုင်း ယူ-၂၁ အသင်း (သို့) အရှေ့တီမော ယူ-၂၁ အသင်း

ဒုတိယအကြိုဗိုလ်လုပွဲ
မတ်လ(၇)ရက် စင်ကာပူစံတော်ချိန် (ည ၁၀း၀၀)နာရီ
ဗီယက်နမ် ယူ-၂၁ အသင်း နှင့် အင်ဒိုနီးရှား ယူ-၂၁ အသင်း 
Posted by ဝတီ

အမေရိကန်တက္ကသိုလ်တွေမှာ ပညာသင်ယူခဲ့တဲ့ နိုင်ငံတကာ ခေါင်းဆောင်များ

ဂရိ ၀န်ကြီးချုပ်နှင့် အီတလီ ၀န်ကြီးချုပ်
လစ်ဗျားဝန်ကြီးချုပ် Abeurrahim el-Keib ၊ ဂရိဝန်ကြီးချုပ် Lucas Papademos နဲ့ အီတလီ ၀န်ကြီးချုပ် Mario Monti တို့မှာ တူညီမှု အတော်များများရှိပါတယ်။ အဲဒီခေါင်းဆောင်သုံးဦးဟာ တည်ငြိမ်အေးဆေးသူတွေဖြစ်ပြီး၊ နိုင်ငံရေးသမားတွေ မဟုတ်ဘဲ ပညာရှင် technocrat တွေ ဖြစ်ခြင်းက အဓိက ထူးခြားချက် ဖြစ်ပါတယ်။
နိုင်ငံရေးသမားတွေ မဟုတ်ကြပေမဲ့၊ အခု သူတို့နိုင်ငံတွေရဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ သူတို့ ပခုံးပေါ် တာဝန်တွေ ပုံကျလာပါတယ်။ သူတို့နိုင်ငံတွေကို ရေထဲမိုးထဲ အခြေအနေကနေ ပြန်ရုန်းထွက်နိုင်အောင် သူတို့ရဲ့ အတတ်ပညာကျွမ်းကျင်မှုနဲ့ နိုင်ငံတကာ အတွေ့အကြုံတွေက ကူညီနိုင်မယ်လို့ အားလုံးက မျှော်လင့်ထားကြပါတယ်။ ဒါဖြင့် သူတို့ သုံးဦးက အဲဒီ အတတ်ပညာတွေ ဘယ်ကများ ဆည်းပူးခဲ့တာလဲ။

Saturday, March 03, 2012

ဟာသ

နောက်အနှစ် ၁၀၀ ခန့်တွင် ကမ္ဘာကို ဂြိုလ်တစ်လုံးဝင်တိုက်မည်



နောက်အနှစ် ၁၀၀ ခန့်တွင် ကမ္ဘာဂြိုလ်ကို အခြား ဂြိုလ်တစ်လုံး ဝင်တိုက်မိမည်ဖြစ်ကြောင်း
နက္ခတ်တာရာ ပညာရှင်များက တွက်ချက်ခန့်မှန်းခဲ့ကြသည်။

ယင်းတွက်ချက်မှုသည် ကွန်ပျူတာတွက်ချက်မှုပါ ပါဝင်ပေါင်းစပ်ထားပြီး၊ မည်သည့်နည်းလမ်းနှင့် ရှောင်လွဲနိုင်မည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။ ထိုဖြစ်ရပ်မှာ ကမ္ဘာပျက်သည့် အလားသဏ္ဍန် လေလား ဟု နက္ခတ်ပညာရှင်များအကြား အငြင်းပွားဖွယ် ရာများ ဖြစ်ပေါ်လျက်ရှိသည်။

၂၀၁၁၊ နိုဝင်ဘာလ ၈ ရက်( အင်္ဂါနေ့)တွင်လည်း စကြဝဋ္ဌာအတွင်း မှ ဂြိုလ်ငယ်တစ်လုံး သည် ကမ္ဘာနှင့် အနီးဆုံး ကီလိုမီတာ သုံးသိန်းခန့်အကွာမှ ဖြတ်သန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ယခင်နှစ် ဧပရယ်လတွင်လည်း ယင်းကဲ့သို့ဖြစ်ရပ် ဖြစ်ပွားခဲ့ဖူးသော်လည်း ယခုတစ်ကြိမ် လောက်နီးစပ်မှုမရှိခဲ့ပေ။ သို့သော်လည်း ဂြိုလ်ငယ်၏ ဖြတ်သန်းမှုသည် ကမ္ဘာသို့မည်သည့် အန္တာရယ်မှ သက်ရောက်မှု မရှိနိုင်ကြောင်း နက္ခတ်တာရာ ပညာရှင်များ က ပြောကြားခဲ့သည်။



Source: MDSNG


Posted by ဂျစ်တီး

Friday, March 02, 2012

ဘရူနိုင်းဖိတ်ခေါ်ဖလားပွဲ၏ မြန်မာယူ-၂၁အသင်းရဲ့ တတိယပွဲစဉ်

ဘရူနိုင်းဖိတ်ခေါ်ဖလားပွဲ၏ အုပ်စု(က)ပထမပွဲစဉ်အဖြစ် ယနေ့ည စင်ကာပူစံတော်ချိန် ည(၈း၁၅)တွင် မြန်မာ ယူ-၂၁ နှင့် လာအို ယူ-၂၁ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာလူငယ် အသင်းက ၂ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။  မြန်မာအသင်းက ပထမပိုင်း၃၉မိနစ်တွင် ကျော်ကိုကို၏ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယဂိုးအား ၈၇မိနစ်တွင် ကျော်ဇေယျာဝင်းက ပင်နယ်တီမှတစ်ဆင့် သွင်းယူပေးခဲ့သည်။ အုပ်စု(က) ဒုတိယပွဲစဉ်တွင် စင်ကာပူ ယူ-၂၁ အသင်းက ဖိလစ်ပိုင် ယူ-၂၁ အသင်းကို ၂ဂိုး ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ မြန်မာ ယူ-၂၁ အသင်းသည် မတ်လ(၄)ရက်နေ့ တနင်္ဂနွေနေ့ည စင်ကာပူစံတော်ချိန် ၈း၁၅ (မြန်မာစံတော်ချိန် ၆း၄၅)တွင် စင်ကာပူု ယူ-၂၁ အသင်းနှင့် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဆက်လက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ မြန်မာ ယူ-၂၁ အသင်းသည် အုပ်စု(က)တွင် သုံးပွဲကစားပြီး သုံးပွဲနိုင် ရမှတ်(၉)မှတ်ဖြင့် အကြိုဗိုလ်လုပွဲသို့ တက်ရောက်သွားပြီဖြစ်ပါသည်။
Posted by ဝတီ