လူအများပင် စာဖတ်တတ်ပါသည်...။အဓိပ္ပါယ်ကို သိကြပါသည်...။သို့ ရာတွင် စာရေးဆရာ၏အာဘော်၊စာရေးဆရာ၏ရည်ရွယ်ချက်၊စာရေးဆရာ၏ဆန္ဒကိုသိမြင်တတ်သူကား နည်းပေသည်...။စာဖတ်သူအများအပြားပင်စာရေးဆရာ၏ ရည်ရွယ်ချက်ကို သိအောင်တွေးသူ မြင်သူကား ရှားပေသည်...။
စာကိုစာအနေနှင့်ဖတ်ချင်၍ဖတ်သည်...။ဖတ်ပျော်ရှုပျော်ရှိ၍ဖတ်သည်...။အစအဆုံးဖတ်ပြီးလျှင် ``ဖတ်လို့ ကောင်းသားပဲ``ဟု မှတ်ချက်ချချင်ချမည်..။``ပျင်းစရာကြီးပါကွာ``ဟု ကဲ့ရဲ့ ချင် ကဲ့ရဲ့ မည်...။ စာရေးဆရာ၏ ရည်ရွယ်ချက်ကိုကား စာရင်းသွင်းလှခဲသည်။
စာရေးဆရာသည် သူ့ ရည်ရွယ်ချက်ကို တိုက်ရိုက်ရေးသည့်အခါရေးသည်...။ အရိပ်ပြ အကောင်ထင်သဘောမျိုးရေးသည့်အခါ ရေးသည်..။ စာဖတ်သူက စာကို စာသက်သက်အဖြစ် ဖတ်ခြင်းထက် စာရေးသူ၏ဆန္ဒကိုပါ တွေးကြည့်လျှင် ပို၍ အရသာတွေ့ ပေမည်...။စာရေးကတည်းက စာရေးဆရာတိုင်း ရည်ရွယ်ချက်နှင့်ရေးကြ၍ စာရေးသူ၏ ရည်ရွယ်ချက်ကား အဓိကဟု ဆိုချင်ပါသည်...။