(ကဆုန်လပြည့်နေ့(ယနေ့) ရွှေတိဂုံစေတီတော် မြင်ကွင်း)
ကဆုန်လပြည့်နေ့ဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့အတွက် နှိင်းလို့မရနိုင်တဲ့ နေ့ထူးနေ့မြတ်တနေ့ဆိုတာ သေချာပါတယ်။ ဒါကြောင့်လဲ
၁၂ လ ရှိတဲ့အထဲက အခြောက်သွေ့ အပူပြင်းဆုံးလို့ ဆိုရမယ့် ကဆုန်လကို ရေပြတ်တဲ့လ၊ ရေရှားပါးတဲ့လ
လို့ဆိုရတာပါ၊ သစ်ပင်ကြီးငယ်အားလုံး ရေရှားလွန်းလို့ ညှိုးရော်နွမ်းလျနေတာကြောင့် ရေလိုအပ်နေတဲ့အချိန်မှာ
ဘုရားရှင်ရဲ့ ဖွားဖက်တော်၊ ပရိဘောဂစေတီ၊ သဗ္ဗညုတဥာဏ်တော်ရဲ့ မှီခိုရာဖြစ်တဲ့ မဟာဗောဓိပင်ကို
ကာလဒါနလို့ဆိုရမယ့် ရေသွန်းလောင်းခြင်း ဥဒကဒါနကို ပြုကြခြင်းပဲ ဖြစ်ပါတယ်။
ကဆုန်လပြည့်နေ့နှင့် ပက်သက်ပြီး
ဖြစ်ပျက်ခဲ့တဲ့ ဗုဒ္ဓ၀င်တွေက ဗုဒ္ဓဘာသာဝင်တို့အား ကြည်နူးမှု့၊ လွမ်းဆွေးမှု့၊ သက်တော်ထင်ရှား
ဘုရားရှင်ကို တမ်းတမှု့တွေဖြစ်စေတာကြောင့် ကဆုန် ညောင်ရေသွန်းပွဲတော်ကို ပိုမိုအသက်ဝင်စေပြီး
စိတ်ကိုတက်ကြွလန်းဆန်းစေပါတယ်။
“ဗျာဒိတ်တော် ခံ၊ ဖွား၊ ပွင့်
၊ စံ၊ ဟောညွှန် ဗုဒ္ဓဝံသ ဖြစ်တော်စဉ် ငါး၊ ကြုံကြိုက်သား၊ ထူးခြား ကဆုန်လ” လို့ ရှေးရှေး
ပညာရှိတွေ မိန့်ဆိုထားခဲ့ကြပါတယ်။
(၁) ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည်
ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမ
အမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု
ဒီပင်္ကရာ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခဲ့သည်။
(၂) မဟာသက္ကရာဇ် ၆၈-ခု ကဆုန်လပြည့်နေ့တွင်
ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခဲ့သည်။ ( ဘီစီ ၆၂၃ )
(၃) မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့်နေ့
အရုဏ်တက်ချိန်တွင် ဂေါတမဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူခဲ့သည်။
( ဘီစီ ၅၈၈ )
(၄) မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့်နေ့တွင်
မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။
( ဘီစီ ၅၄၃ )
(၅) မဟာသက္ကရာဇ် ၁၀၄ ခုနှစ်
မှာ လေးသင်္ချေနဲ့ ကမ္ဘာတသိန်းကာလ ပါရမီ ဖြည့်ဆည်းရာ ကာလမှ စ၍ ယခုဘ၀ ဂေါတမ ဘုရားရှင် ဖြစ်တော်မူရာ
ဘ၀ပေါင်းများစွာ ပါဝင်တဲ့ မဟာဗုဒ္ဓ၀င် အတ္ထုပ္ပတ္တိကိုလည်း ဒီ ကဆုန်လပြည့်နေ့မှာပဲ ဟောတော်မူခဲ့ပါသတဲ့။
( ဘီစီ ၅၈၇ )
ပါရမီ ဖြည့်ဖက်တို့ အတုယူဖွယ်ရာ
ဘုရားရှင် ကပိလ၀တ်ပြည်ကို
ရောက်တော်မူတဲ့ အခါမှာ ဖခင်ဘုရင်ကြီးနဲ့ တကွ ကပိလ၀တ်နန်းတော် တခုလုံး အုံးအုံးကျွတ်ကျွတ်
ဘုရားရှင်ကို လာရောက် ဖူးမြော်ဦးခိုက်ကြတယ်။ ဒါပေမယ့် အဲဒီအထဲမှာ ယသော်ဓရာ ပါမလာခဲ့ဘူး။
ယောက္ခမ ဘုရင်ကြိးကိုယ်တိုင် ဘုရားကို သွားရောက်ဖူးမြော်ဖို့ ပြောပေမယ့် ဘယ်လိုပြန်ပြောတယ်
မှတ်ပါသလဲ။