Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

Thursday, June 14, 2012

ဂဟေဆော်လုပ်ငန်းနှင့် ကျန်းမာရေး


ဒေါက်တာခင်ဗျာ Welding (Co2, Ar) အငွေ့အသက်တွေကို ရှုရှိုက်မိခြင်းအားဖြင့် ဘာဆိုးကျိုးတွေ ရှိနိုင်ပါသလဲခင်ဗျာ။
၂ဝဝ၄ မတ်လ ၁၁ နေ့ ထုတ်ပြန်ချက်တခုထဲမှာ "အမေရိကန်မှာ ဂဟေဆော် လုပ်ငန်းမယ် လူပေါင်း ၄ သိန်းကျော် လုပ်ကိုင်နေရတယ်၊ သူတို့မှာ လုပ်ငန်းခွင်-ကျန်းမာရေး အန္တရာယ်တွေ ရှိနေကြရတယ်၊ အဲဒါတွေထဲမှာ အသက်ရှူလမ်း၊ အာရုံကြောနဲ့ မျိုးပွားလမ်းတွေမှာ ထိခိုက်နိုင်တယ်" လို့ ပါရှိခဲ့တယ်။ သုတေသနတွေ ဆက်လုပ်စရာတော့ ရှိတယ်လို့လဲ ဆိုပါတယ်။
၂ဝဝ၃ ခုနှစ်က အတော်ကြီးပြည့်စုံတဲ့ ဂဟေဆော်ခြင်းနဲ့ပါတ်သက်တဲ့ သိပ္ပံစာပေ ဆန်းစစ်ချက်တခု ထုတ်ခဲ့တယ်။ အဲဒီ ဂဟေဆော်ခြင်းနဲ့ ကျန်းမာရေး စာတမ်း အဆိုအရ Bronchitis လေပြွန်ရောင်ခြင်း၊ Airway irritation အသက်ရှူလမ်း ထိခိုက်ခြင်း နဲ့ တခြား အသက်ရှူလမ်းဝေဒနာတွေ အများစုမှာ ခံစားကြရတယ်လို့ ပါရှိခဲ့တယ်။ တချို့ကလည်း အဆုပ်-ကင်ဆာ၊ အာရုံကြောရောဂါ ဖြစ်မလားပြောကြတယ်။ အထောက်အထားတွေတော့ မပြည့်စုံပါ။
ဂဟေဆော်ရာကနေ ထွက်တဲ့ အငွေ့ထဲမှာ Nickel နစ်ကယ်လ် Chromium ခရိုမီယမ် နဲ့ Manganese မင်းဂနီးစ်တွေ ပါနေနိုင်တယ်။ အမေရိကန် ပြည်နယ်၊ ကောင်တီ နဲ့ မြူနီစပယ် အလုပ်သမားမားအဖွဲ့ American Federation of State, County, and Municipal Employees (AFSCME) ကနေထုတ်တဲ့ သတိပေးစာထဲမှာ ပိုပြီး ပြည့်စုံအောင် ပါတယ်။ Chromium, Nickel, Manganese တွေအပြင် Arsenic, Asbestos, Silica, Beryllium, Cadmium, Nitrogen oxides, Phosgene, Acrolein, Fluorine compounds, Carbon monoxide, Cobalt, Copper, Lead, Ozone, Selenium, Zinc တွေ ပါနေတာဟာ အဆိပ်အတောက်တွေ ဖြစ်ချင် ဖြစ်နိုင်တယ်လို့ ရေးထားတယ်။ အတိအကျ ပြောရတာတော့ ခက်တယ်လို့ ဝန်ခံပါတယ်။

Thursday, May 03, 2012

ထောပတ်သီးစားခြင်းက အရွယ်တင်နုပျိုစေနိုင်

ထောပတ်သီးကမူ ဆဲလ်အဖွဲ့အစည်းထိ အကျုံးဝင် သက်ရောက်နိုင်သည့် သဘာဝ သတ္တိထူးမျိုး ပိုင်ဆိုင်ထားကြောင်း ဇီဝဓာတုနှင့် မော်လီကျူးဆိုင်ရာ ဇီဝဗေဒ နှစ်ပတ်လည် အစည်းအဝေးတွင် အမေရိကန် သုတေသီ ခရစ္စတီယန် ကော်တက်စ် ရိုဂျိုက ပြောကြားခဲ့သည်။
ထောပတ်သီးသည် နုပျိုကျန်းမာခြင်းအတွက် သဘာဝ၏ လက်ဆောင်မွန် ဆေးကောင်းဝါးကောင်းတစ်လက် ဖြစ်နေကြောင်း သုတေသီများက ပြောကြားခဲ့သည်။ ခန္ဓာကိုယ်ကို အန္တရာယ်ပေးနိုင်သည့် မော်လီကျူးများကို ထောပတ်သီးက ဖယ်ရှားပေးနိုင်စွမ်း ရှိနေကြောင်း သိပ္ပံပညာရှင်များက ဆိုသည်။ အထူးသဖြင့် အိုမင်းရင့်ရော်မှုကို ဖြစ်ပေါ်စေသော ဓာတ်သဘာဝများကို ထောပတ်သီးက နှောင့်နှေးစေသလို နှလုံးနှင့် ကင်ဆာရောဂါများ မဖြစ်အောင် အကာအကွယ် ပေးနိုင်ကြောင်း သိရသည်။ ထိုသစ်သီးမှ ထွက်သော အဆီဓာတ်သည် ခန္ဓာကိုယ်ကို အဆိပ်သင့်စေသော မော်လီကျူးများအား တိုက်ဖျက်ပေးတတ်ပြီး ဓာတုဗေဒ ဘေးထွက်ဆိုးကျိုးများကို ချေဖျက်ပေးနိုင်သည်။

Monday, February 13, 2012

အသားအရေကိုလှပစေသော သစ်သီးများ

သင်္ဘောသီး (Papaya)
သဘောင်္သီးတွင်ပါဝင်သော အင်ဇိုင်းများနှင့် ဗီတာမင်အေတို့က အရေပြားအတွက် အကောင်းဆုံး သဘာဝ ဆေးတစ်လက်ဖြစ်ပါတယ်။ အရေပြား လန်းဆန်းတောက်ပစေဖို့အတွက် ချေမွထားသော သင်္ဘောသီးနဲ့ ရှားစောင်းလက်ပတ် ၃ဇွန်းခန့်ကို အရေပြားပေါ်သို့ ၅မိနစ်ခန့် လိမ်းကျံပေးပြီး ရေနှင့်စင်အောင်ဆေးကြောရပါမယ်။ ၄င်းနည်းကို တစ်ပတ်တစ်ကြိမ် ပြုလုပ်ပေးပါက သန့်စင်တောက်ပသော အရေပြားကို ရရှိနိုင်ပါတယ်။ အရေပြားထိခိုက်လွယ်သူများ  ပထမဦးဆုံးအကြိမ် စလိမ်လိမ်းချင်းမှာ သတိထားပြီး လိမ်းသင့်ပါတယ်။ အခန့်မသင့်ပါက ၄င်းအရေပြားပိုင်ရှင်များတွင် အဖုအပိန့်စသော လက္ခဏာများ ဖြစ်ပေါ်တတ်ပါတယ်။
ပန်းသီး (Apples)
ပန်းသီးဟာ အသားအရေးကို လန်းဆန်းစေနိုင်တဲ့အစွမ်း ရှိတာကြောင့် Toner နဲ့ Conditioner အဖြစ် အသုံးဝင်ပါတယ်။ အရေပြားကို ကုစားပေးနိုင်စွမ်းရှိတာကြောင့် အလှကုန်ပစ္စည်းများထဲတွင် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ထည့်သွင်းဖော်စပ်ခဲ့ကြပါတယ်။ မိမိချိုးမည့်ရေထဲသို့ ပန်းသီးရည် တစ်ခွက်ခန့် ပေါင်းစပ်ကာ ရေချိုးပါက အသားအရေကို သန့်ရှင်းစင်ကြယ်စေပြီး အရေပြားကို နူးညံ့ ပျော့ပြောင်းစေနိုင်ကြောင်း သိရပါတယ်။ ထို့ပြင် ပန်းသီးအရည်ဟာ ဦးရေပြားတွင်ဖြစ်တတ်သော ဗောက်များကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ ခေါင်းလျှော်ပြီးနောက် ပန်းသီးရည်ကို ဦးရေပြားတွင် သုတ်လိမ်းပြီး ရေစင်အောင်ဆေးပါက ဗောက်များကို ကင်းစင်စေနိုင်စွမ်း ရှိပါတယ်။ မျက်နှာပြင်ပေါ်တွင်ဖြစ်တတ်သော ၀က်ခြံများကိုလည်း ပန်းသီးရည်က ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။
ရှောက်သီး (Lemons)
အလှအပအတွက် မပါမဖြစ် အသီးအနှံတစ်မျိုး ဖြစ်ပါတယ်။ ရှောက်သီးဟာ အရေပြားနဲ့ ဆံပင်ကို လန်းဆန်းစေတယ်။ သန့်စင်စေနိုင်ပါတယ်။ ခြောက်သွေ့ကြမ်းတမ်းနေတဲ့ အရေပြားနဲ့ တံတောင်ဆစ်နဲ့ ခြေဖနောင့်က အသားမာတွေကိုလည်း ရှောက်သီး ဖြင့် ပွတ်တိုက်ပေးပါက အရေပြားများ နူးညံ့သန့်စင်စေလာနိုင်ပါတယ်။ ရေချိုးသောအခေါ ချိုးရေထဲသို့ ရှောက်ရည် အနည်းငယ်ရောစပ်၍ ချိုးပေးပါက တစ်နေ့တာလုံး လန်းဆန်း တက်ကြွစေနိုင်တယ်လို့ ဆိုပါတယ်။ ဦးရေပြားကိုလည်း သန့်စင်စေနိုင်စွမ်းရှိတာကြောင့် ခေါင်းလျှော်တိုင်း ရှောက်ရည်၊သံပုရာရည် လိမ်းကျံကာ နှိပ်နယ်ပြီးမှ ရေစင်အောင်ဆေးချလိုက်ပါက ဦးရေပြားသန့်စင်ကာ ဗောက်များ ကင်းစင်နိုင်စေပါတယ်။ အမာရွတ်များ ထင်ကျန်နေခဲ့ပါက ရှောက်သီး(သို့) သံပုရာသီးဖြင့် ပွတ်တိုက်ပေးပါက ထင်နေသော အမာရွတ်များ၊ အမဲစက်များကို လျှင်မြန်စွာ ပျောက်ကင်းသွားစေနိုင်ကြောင်းလည်း သိရပါတယ်။

Sunday, August 28, 2011

အသည်းရောင် အသားဝါ B ရောဂါအကြောင်း

အသည်းရောင်အသားဝါ B ဆိုတာ အသည်းရောင်အသားဝါ B ဗိုင်းရပ်စ် (Hepatitis B Virus, HBV) ကြောင့် ဖြစ်ပွားရတဲ့ ကူးစက်ရောဂါ တစ်မျိုး ဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်ဟာ လူအပါအ၀င် အဆင့်မြင့်သတ္တ၀ါများရဲ့ အသည်းကို ကူးစက်နိုင်ပြီး အသည်းရောင်ယမ်းခြင်းကို ဖြစ်စေပါတယ်။
ယနေ့ကမ္ဘာပေါ်မှာ ရှိရှိသမျှသော လူဦးရေတွေ အားလုံးရဲ့ သုံးပုံတစ်ပုံခန့် ဖြစ်တဲ့ လူပေါင်း သန်းနှစ်ထောင်ကျော်မှာ အသည်းရောင်အသားဝါ B ဗိုင်းရပ်စ် ရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေး ပညာရှင်များက ခန့်မှန်းပြောဆိုပါတယ်။ အဲဒီအထဲမှာမှ ၆ပုံ ၁ပုံ ဖြစ်တဲ့ သန်း ၃၅၀ သော လူသားများဟာ နာတာရှည်ပိုးသယ်ဆောင်သူများ (chronic carriers) များ အဖြစ် တည်ရှိနေကြတယ်လို့ သိရပါတယ်။

2002 estimate of disability-adjusted life year for hepatitis B per 100,000 inhabitants.[57]

     no data      ≤ 10      10–20      20–30      30–40      40–50      50–80


     80–100      100–120      120–150      150–200      200–500      ≥ 500

အခုဆိုရင် ဒီ အသည်းရောင်အသားဝါ B ရောဂါဟာ အာရှတိုက်နဲ့ အာဖရိကတိုက်ရဲ့ နေရာ အတော်များများမှာ ကူးစက်မှုမြန်သော ကပ်ရောဂါ အသွင်ဆောင်နေတယ်လို့ သိရပါတယ်။ လူဦးရေ များလွန်းလှတဲ့ တရုတ်နိုင်ငံမှာတော့ ပြည်နယ်ဒေသတစ်ခုရှိ အတူနေလူများမှာ အစုလိုက်အပြုံလိုက် တွေ့ရှိရတဲ့ ရောဂါတစ်ခုတောင် ဖြစ်နေတယ်လို့ တရုတ်အစိုးရရဲ့ တရားဝင်ထုတ်ပြန်တဲ့ ကျန်းမာရေး အချက်အလက်တွေအရ သိရပါတယ်။

Tuesday, July 05, 2011

သင့်မျက်စီ ကို ဘယ်လို ဂရုစိုက်မလဲ

နည်းလမ်းကတော့ ကွန်ပျုတာကြည့်သည်ဖြစ်စေ စာဖတ်သည်ဖြစ်စေ တစ်နာရီတစ်ခါ မျက်စီကို အနားယူရပါမယ်။ မျက်စီကိုအနားပေးနေတဲ့ အချိန်မှ မြတ်ခင်စိမ်းစိမ်း ပန်းပင်များကို ခပ်လှမ်းလှမ်း အဝေးကနေ ကြည့်ရှုပေးရပါမယ်။ နောက်တစ်နည်းကတော့ မျက်စီကို တစ်မိနစ်ခန့် မှိတ်ကာအနားယူပါ။ သင့်ရဲ့ မျက်လုံးကို ဘယ် ညာ အပေါ် အောက်သို့ ရွေ့လျားလှုပ်ရှားပေးသည့် မျက်လုံးလေ့ကျင့်ခန်း လုပ်ပေးပါ။ မျက်နာသုတ်ပ၀ါကို ရေဆွတ်ပြီးမျက်စီကို ၅မိနစ် ၁၀ မိနစ်လောက် အုပ်ထားပေးနိုင်ပါတယ်။ ကွန်ပျုတာကို အာရုံစိုက်နေချိန်တွင် သတိရရင် ရသလို မျက်တောင်ခတ်ပေးပါ။ အမြင်အာရုံအားကောင်းစေသော အစားအစာများအနေဖြင့် လက်ဘက်ခြောက်စိမ်း အခါးရည်သော်လည်းကောင်း၊ ကော်ဖီခါးခါသော်လည်းကောင်း၊ မြေပဲ၊ သစ်ကြားသီး အစရှိသောအခွံမာသီးများ၊ အရွက်စိမ်းစိမ်းများကို နေ့စဉ်မှီဝဲစားသုံး ပေးသင့်ပါတယ်။ ကွန်ပျုတာနဲ့တချိန်လုံး အလုပ်လုပ်နေတဲ့ ကျွန်တော်ရဲ့အခန်းဖော် ငခဲအပါအဝင် သူငယ်ချင်းအားလုံးတို့ကို forward mail မှတဆင့် စေတနာနဲ့မျှဝေးလိုက်ပါတယ်။
သူငယ်ချင်းများအားလုံး ကျန်းမာပျော်ရွင်နိုင်ကြပါစေ။
Posted By ၀တီ

Thursday, June 16, 2011

အားဆေးများ သောက်သုံးခြင်းနှင့် ကောင်းကျိုးဆိုးပြစ်များ

အားဆေးများ သောက်သုံးခြင်းနှင့် ကောင်းကျိုးဆိုးပြစ် ယနေ့ခေတ်မှာ လူအတော်များများဟာ အလုပ်တွေ လုပ်ပြီးလို့ ပင်ပန်းသွားရင် အနားယူဖို့နဲ့ အတူ တွေးတတ်ကြတာက အားဆေးသောက်ပြီး နားဖို့ပါပဲ။ ကာယနဲ့ အလုပ်လုပ်သူဖြစ်ဖြစ်၊ ဥာဏနဲ့ အလုပ်လုပ်သူ ဖြစ်ဖြစ် ပင်ပန်းနွမ်းနယ်လာရင် အားဆေးတစ်ခုခု သောက်ပြီး နားဖို့ စိတ်ကူးမိတတ်ကြပါတယ်။ အနားမရနိုင်သေးဘူး ဆိုရင်လည်း အားဆေးလေးသောက်ပြီး ပင်ပန်းတဲ့ ဒဏ်ကို တွန်းလှန်နိုင်ဖို့ ကြိုးစားကြပါတယ်။ အားဆေးဆိုတာ ကလည်း ဆရာဝန်ခွင့်ပြုချက် မပါဘဲ ၀ယ်လို့ရတဲ့ ဆေးဝါး (Over-the-counter Drugs) တွေ ဖြစ်ပြီး ယနေ့ခေတ်မှာ ကျယ်ကျယ်ပြန့်ပြန့် အလွယ်တကူ ရနိုင်နေလို့ပဲ ဖြစ်ပါတယ်။
နီးစပ်ရာ လက်လီလက်ကား ဆေးဆိုင်ကြီးအချို့ကို မေးကြည့်တော့ အားဆေးတွေရဲ့ ရောင်းအားဟာ အထူးကောင်းနေပြီး ကျသွားတယ်လို့ မရှိကာ နှစ်စဉ် ရောင်းအား တက်လျက် ရှိပါတယ်တဲ့။ ပြည်ပကနေ အားဆေးတင်သွင်းနှုန်းလည်း တစ်နှစ်ထက်တစ်နှစ် တိုးလာနေတယ်လို့ ၄င်းတို့က ခန့်မှန်း ပြောဆိုပါတယ်။ ဒါကြောင့် သေချာပေါက် ပြောနိုင်တာက ယနေ့ခေတ်မှာ အလုပ်ပင်ပန်းမှု ရှိသူတိုင်းလိုလို အားဆေး မကြာခဏ သောက်သုံးမှု ရှိနေကြပါပြီ။
အကြောအရမ်းတက်တတ်တဲ့ အသိမိတ်ဆွေအချို့က ၄င်းတို့ဟာ Vitamin B1, B6, B12 တို့ ပါဝင်တဲ့ အားဆေးတွေ နေ့စဉ်သောက်မှ နေလို့ရ အလုပ်လုပ်လို့ ရတယ်လို့ ဆိုပါတယ်။ အာရုံစူးစိုက်ရလွန်းတဲ့ အလုပ်လုပ်သူတွေ၊ လုပ်ငန်းခွင်မှာ ပင်ပန်းသူတွေကလည်း မကြာခဏဆိုသလို စိတ်ဖိစီးမှု သက်သာစေတယ်ဆိုတဲ့ အားဆေးတွေ သောက်သုံးနေကျမြဲ ဖြစ်ပါတယ်တဲ့။ အချို့သူတွေကတော့ ပြောပါတယ်။ သူတို့ဟာ ပုံမှန်လုပ်နေကျ မဟုတ်တဲ့ အရမ်းပင်ပန်းတဲ့ အလုပ်မျိုး တစ်နေကုန် လုပ်လိုက်ရတဲ့ အခါမျိုးမှာ အားဆေးနဲ့ အားပြန်ဖြည့်တတ်တယ်လို့ ပြောကြသလို လုပ်ပြီးသွားတိုင်း အားဆေးပြန်သောက်ဖြစ်ကြတဲ့ အမျိုးသားတွေလည်း များပါတယ်။

Wednesday, June 01, 2011

ထက်မြက်ပြီး မှတ်ဥာဏ်ကောင်းဖို့ ဘာတွေ စားကြမလဲ

ဥာဏ်စွမ်းထက်မြက်ခြင်း ဆိုတာ လူသားတိုင်း အလိုရှိတဲ့ စွမ်းရည်တစ်ခုပါပဲ။ ဥာဏ်စွမ်းလို့ ဆိုရာမှာ မှတ်ဥာဏ် (Memory) နဲ့ ထက်မြက်မှု (Intelligence) နှစ်မျိုးစလုံး ပါဝင်ပါတယ်။ စာသင်သား လူငယ်တွေ အပါအ၀င် အသက်အရွယ် မရွေးအတွက် အထူးအရေးပါလှတယ် ဆိုတာ ပြောနေစရာတောင် မလိုပါဘူး။
ဥာဏ်ကောင်းအောင် ဘယ်လိုလုပ်ရမလဲလို့ လာမေးတဲ့ လူငယ်တွေ၊ ကလေးကို ဥာဏ်ကောင်းအောင် ဘာတွေ ကျွေးရမလဲ ဆိုတဲ့ မိဘတွေ ခဏခဏ ကြုံရပါတယ်။ ခဏခဏ မေ့တတ်လာလို့ ဘယ်လို လုပ်ရမလဲလို့ အကြံလာတောင်းတဲ့ မိတ်ဆွေတွေလဲ ရှိပါတယ်။ ဒါကြောင့် ဦးနှောက်ဥာဏ်ရည် နှစ်မျိုးစလုံးကို တိုးမြှင့်ပေးနိုင်မှု အရှိဆုံး အစားအသောက် ဆယ်မျိုးကို ကမ္ဘာ့အာဟာရ ပညာရှင်များ သုတေသနပြုထားတဲ့ အတိုင်း စုစည်း ဖော်ပြပေးလိုက်ပါတယ်။ ဦးနှောက်ဥာဏ်ရည်ဟာ မိဘမျိုးရိုးဗီဇ၊ ပတ်ဝန်းကျင် အနေအထားများရဲ့ လွှမ်းမိုးမှု အထူးရှိပေမယ့် နေ့စဉ် အစားအသောက်များဟာ လူတစ်ယောက်ရဲ့ ဥာဏ်ရည်ဥာဏ်သွေးမှာ အတိုင်းအတာ တစ်ခုအထိ အရေးပါတယ် ဆိုနိုင်လို့ အောက်ပါအစားအသောက်များဟာ ဥာဏ်ရည်လျော့ပါးမှုကို ကာကွယ်ဖို့၊ ဥာဏ်ရည်တိုးတက်ဖို့ ကောင်းစွာ အထောက်အကူ ပြုမယ် ဆိုတာ သေချာပါတယ်။

Monday, May 30, 2011

ဦးနှောက်အကြောင်း တစေ့တစောင်း

ကျွန်တော်တို့တွေ နေ့တစ်နေ့တာအတွက် မနက်အိပ်ရာနိုးတဲ့အချိန်ကစပြီး ညအိပ်ရာဝင်တဲ့အချိန်ထိ ကိစ္စများမြောင် လူတို့ဘောင် ဆိုသည့်အတိုင်း နေ့တဒူဝအလုပ်တွေနဲ့ပဲ အမြဲကုန်ဆုံးနေခဲ့ကြတာပါ။ ထိုနေ့တစ်နေ့တာအတွင်း ကျွန်တော်တို့တွေ ပြောဆိုလုပ်ကိုင်ခဲ့ကြသမျှကို ကျွန်တော်တို့ရဲ့ဦးနှောက်က အမြဲထိန်းချုပ်ပေးလျက် ရှိနေပါတယ်။ ထို့အတွက် ကျွန်တော်တို့ရဲ့ဦးနှောက်၏ အခန်းကဏ္ဍမှာ အလွန်တရာမှ အရေးကြီးလှပေသည်။ ထိုသို့အရေးကြီးသော ဦးနှောက်အတွက် လူသားတိုင်း ဂရုပြုဆင်ကြဉ်သင့်နိုင်ရန်အတွက် ကျွန်တော်ဖတ်ခဲ့ဖူးသော ဆောင်းပါးများအထဲမှ ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ဆောင်းပါးရေးသူကိုလဲ ကျေးဇူးအထူးတင်ရှိပါကြောင်း........

Thursday, May 26, 2011

သင့်ကို ကျန်းမာနေစေမည့် လက်တစ်ကမ်းမှ အစာ (၁ဝ) မျိုး

သင့်ကို ကျန်းမာနေစေမယ့် သဘာဝအစားအစာ (၁ဝ)မျိုးရှိပါတယ်။ သင့်ပတ်ဝန်းကျင်မှာပဲ ရှိနေပြီး သတိ မထားလိုက်မိတဲ့ အစားအစာတွေ ထဲမှာ သင့်ကို အကျိုးပြု အာဟာရတွေ ရှိပါတယ်။
၁။ ဟင်းခတ် အမွှေးအကြိုင်များ  
အီတလီ လူမျိုးတွေဟာ ဟင်းထဲမှာ ဟင်းခတ် အမွှေးအကြိုင် တချို့ကို ထည့်စားတတ်ကြပါတယ်။ ဒါဟာ ဘက်တီးရီးယားနဲ့ ရောဂါပိုးမွှား တွေကို တိုက်ထုတ်နိုင်တယ်လို့လည်း ယုံကြည်ကြပါတယ်။ သဘာဝ ဘက်တီးရီးယား ဆန့်ကျင်နိုင်တဲ့ အစားအစာ အဖြစ် ဟင်းတွေထဲမှာ ထည့်ချက်သင့်ပါတယ်။
၂။ အမဲသား  

အာဟာရ ပြည့်စေတဲ့ အသားတစ်မျိုး ဖြစ်ပြီး ခေါင်းတစ်ခြမ်း ကိုက်တဲ့ ရောဂါကို သက်သာစေပါတယ်။
၃။ ကြက်သွန်မြိတ်  

သွေးဖိအား ကျစေပါတယ်။ သွေးလည်ပတ် စီးဆင်းမှုကို ကောင်းစေတာကြောင့် စိတ်ရော၊ ခန္ဓာပါ သက်သောင့်သက်သာ ဖြစ်စေပါတယ်။

Wednesday, May 25, 2011

နေရောင်ခြည်၏ ကျန်းမာရေး အကျိုးကျေးဇူးများ

နေရောင်ခြည်က ရရှိတဲ့ ဗီတာမင်ဒီဟာ အရိုး သန်မာတာကနေ ခုခံအားစနစ် ကောင်းတဲ့ အထိ  အရာအားလုံးနဲ့ ဆက်စပ်မှု ရှိပါတယ်။ နေ့စဉ် နေပြင်းတဲ့ နံနက် ၁၁ နာရီနဲ့ ၃ နာရီ ကြားက လွဲလို့ ကျန်အချိန်တွေမှာ သင့်မျက်နှာ၊ လက်မောင်းနဲ့ လက်တွေကို နေရောင်ခြည် ခံယူရင် အောက်ပါ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရဖို့အတွက် လုံလောက်မှု ရှိပါတယ်။

Tuesday, May 17, 2011

သင့်မျက်လုံးကိုသနားလျှင်



ယနေ. အိုင်တီခေတ်ကြီးမှာ လူကြီးရော လူငယ်ပါ ကွန်ပြူတာ ဖြင့် နေစဉ် ရက်ဆက်
အလုပ်လုပ်ကိုင် နေကျရခြင်းကြောင့် မျက်စိ ချွတ်ယွင်း၊ အားနည်းခြင်း
တို.ဖြစ်ပေါ်လာတာ ထူးဆန်းတဲ့ အရာတော့မဟုတ်ပါဘူး။ ဒီလို မချွတ်ယွင်း၊
အားမနည်းအောင် ကျွန်တော် တို.ဘယ်လိုကာကွယ်ကျမလဲ။ အောက်ပါ နည်းလမ်းလေး တွေ
ကိုလိုက်နာပေးလိုက်ပါ။

Saturday, May 14, 2011

တွဲဖက်စားလျှင်သေစေနိင်သောအစားအစာများ

ချင်း + သဘောင်္သီး = သေ
ကြက်ဆူသီး + ငှက်သား = သေ
မင်းကွတ်သီး + သကြား = သေ