Monday, May 02, 2011

မြတ်စွာဘုရား ဟောကြားခဲ့တဲ့ ငရဲကြီးရှစ်ထပ်ဆိုတာကို နော်ဝေးနိုင်ငံနှင့် ဖင်လန်နိုင်ငံမှ ဘူမိဗေဒပညာရှင်များကအတည်ပြု၊

(အသံဖိုင်ပါတယ်)
  ကျနော်တို့ မြေကြီးရဲ့ မြေအောက်အလွှာတွင် ရွေ့လျှားမှုအကြောင်းလေ့လာကြတဲ့ ဆိုဗီယက်နိုင်ငံမှဘူမိဗေဒပညာရှင်များနှင့် ပြည်ပကငှာရမ်းထားတဲ့ ဖင်လန်နိုင်ငံနဲ့
နော်ဝေးနိုင်ငံမှဘူမိဗေဒပညာရှင်များရယ်ပူးပေါင်းပြီး...ဆိုဗီယက်နိုင်ငံ ဆိုက်ဗေးရီးယား
နယ်စွန်တစ်နေရာတွင် မြေအောက်ဆိုက်စမစ်တူးဖော်နည်းနှင့် တူးခဲ့ကြပါတယ် ။

စင်ကာပူနိုင်ငံမှ အလုပ်ခေါ်စာများတွင် မြန်မာဘာသာဖြင့် ပူးတွဲဖော်ပြတော့မည်


စင်ကာပူနိုင်ငံမှ အလုပ် ခေါ်စာများ တွင် အင်္ဂလိပ်ဘာသာဖြင့်သာမက မြန်မာဘာသာဖြင့် ပူးတွဲဖော်ပြတော့မည် ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်အသိုင်းအ၀ိုင်းက ပြောသည်။
ယခင်က စင်ကာပူနိုင်ငံ အလုပ်ခေါ်စာများတွင် အလုပ်သမား၏ အကျိုး ခံစားခွင့်၊ ရပိုင်ခွင့်များ နှင့် ပတ်သက်၍ အင်္ဂလိပ် ဘာသာဖြင့်သာ ဖော်ပြခဲ့သော် လည်း စင်ကာပူ အလုပ်သမား ၀န်ကြီး ဌာန(MOM)မှ ယခုနှစ် နှစ်လယ်ပိုင်းမှစ၍ အလုပ်သမား ခေါ်ယူသည့် နိုင်ငံ၏မူရင်း ဘာသာဖြင့်လည်း ဖော်ပြရမည်ဟူ၍ ပါရှိကြောင်း ဆိပ်ကမ်းသာလမ်းရှိ ပြည်ပ အလုပ်အကိုင် အေဂျင်စီ တစ်ခု မှတာဝန် ရှိသူ တစ်ဦးက ပြောသည်။

စင်္ကာပူမှ သူငယ်ချင်းတဦးထံသို့ ပြန်စာ…

ကျွန်တော်တို့ရဲ့ ဒီ MTLA GTI GROUP blog ထဲမှာတင်ထားတဲ့ Singapore Job Interview in Myanmar Post နဲ့ပတ်သက်ပြီး စင်္ကာပူမှ သူငယ်ချင်းတဦး(မည်သူမှန်းမသိ) အမည်ဖြင့် C box မှာ အောက်ပါအတိုင်း ရေးထားတာတွေ့ရပါတယ်။ ဒီအတွက် သူငယ်ချင်းတွေအားလုံး သိအောင် ရှင်းပြခြင်းဖြစ်ပါတယ်။

စင်္ကာပူမှ သူငယ်ချင်းတဦး၏ C box မှတဆင့် ရေးသားသောစာ

Job Opportunity တင်ထားတာ တွေ့ရတော့ အလုပ်ရှာနေတဲ့ သူငယ်ချင်းတွေ့အတွက် ကောင်းပါတယ်။ MTLA GTI GROUP မှ mail ပို့တာကိုလဲ ရပါတယ်။ ဒါပေ့မယ့် မြန်မာပြည်က သူငယ်ချင်းတွေကို အဓိကထားပြီး ပို့သင့်တယ်လို ထင်ပါတယ်။ မြန်မာပြည်ကနေ blog တွေ ဖွင့်မရတော့ information အားလုံးကို မသိနိုင်ဘူးလေ။ဒီအတွက် ထည့်စဉ်းသင့်တယ်လို့ ထင်ပါတယ်။

စင်္ကာပူမှ သူငယ်ချင်းတဦးထံသို့ ပြန်စာ

Singapore Job Interview in Myanmar

သူငယ်ချင်းတို့ရေ....

စင်္ကာပူ နိုင်ငံရှိ Shimizu Corporation သည် မြန်မာနိုင်ငံ Great Silver Land Agency မှတဆင့် အောက် ဖော်ပြပါ Position များအတွက် မေလလယ်လောက်တွင် Interview ရှိသည်ဟု သိရပါသည်။

1) Structure Engineer
2) M&E Engineer

Agent fee အနေနဲ့ ကတော့ S$ 3500 + Air Ticket (ခန့်မှန်း) ကုန်ကြပါလိမ့်မည်။  စိတ်ဝင်စားပါကမိမိ တို့ ၏ CV form များကို greatsilverland@gmail.com သို့ ပေးပို့ရမယ် ဖြစ်ပါသည်။ မိမိတို့၏ Working Experience များကို CV Form တွင် ထည့်သွင်းဖော်ပြရာ၌ ကိုယ် လုပ်ဆောင်ခဲ့ရသော တာဝန်များကို အသေးစိတ် ရေးသားဖို့လိုအပ်ပါသည်။  ၎င်းတို့ မှ CV Form ကိုကြည့် ၍ စိစစ်ပြီးမှ Interview အတွက် ခေါ်မည်ဖြစ်ကြောင်း သိရပါသည်။

အသေးစိတ် သိလိုပါက အောက်ပါ လိပ်စာ သို့ ဆက်သွယ်မေးမြန်း နိုင်ပါသည်။

Great Silver Land
တိုက်(၆)၊ အခန်း (၃၀၂)
စံပယ်လမ်း (ယုဇန ပလာဇာ အနောက်ဖက်)
မင်္ဂလာ တောင်ညွန့် မြို့နယ်
ဖုန်း ၀၁-၂၀၁၈၆၁/ ၂၀၀၇၄၇ - ext (၇၄၇)/ ၀၁-၉၀၀၀၂၆၁
၀၉-၅၁၀၀၅၈၄ (ကိုဦး)/ ၀၉-၅၁၈၆၆၄၀ (ဦးတင်လှိုင်အုန်း)

Email: greatsilverland@gmail.com
           silverland@myanmar.com.mm
           silverland.mm@gmail.com

Job Opportunity များကို သတင်းရလျှင် ရသလို ဖော်ပြပေးသွားမည် ဖြစ်ပါသည်။
MTLA GTI GROUP
Posted by MTLA GTI GROUP

မြန်မာနိုင်ငံ ရဟန္တာမထေရ်မြတ်ကြီး များ

၁။ လယ်တီဆရာတော်ဘုရားကြီး
၂။ ကန္နီ ဆရာတော်ဘုရားကြီး
၂။ ဝေဘူဆရာတော်ဘုရားကြီး
၃။ အင်ချောင်ဆရာတော်ဘုရားကြီး

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၄)

Simple Present Tense
မြန်မာကျောင်းသားတွေ အင်္ဂလိပ် Verbs ကို သုံးရာမှာ မှားယွင်းရတဲ့  အကြောင်းကတော့  မြန်မာနှင့် အင်္ဂလိပ် ဘာသာစကားနှစ်ခု မတူကွဲပြားမှုပါပဲ။ မြန်မာမှာက ကြိယာနဲ့ နာမ၀ိသေသန သိပ်ကွဲကွဲပြားပြား မရှိလှပါဘူး။ ဒီစကားလုံးပဲ ကြိယာလိုသုံး၊ ဒီစကားလုံးပဲ နာမ၀ိသေသနလို သုံး ဖြစ်နေတယ်။ သူလှတယ် ( ကြိယာ ) ၊ မိန်းမလှ ( နာမ၀ိသေသန )၊ မင်းတော်တော်ဆိုးတယ်          ( ကြိယာ )၊ လူဆိုး (  နာမ၀ိသေသန ) ၊ အင်္ဂလိပ်မှာက ကြိယာ သတ်သတ်၊ နာမ၀ိသေသနက သတ်သတ် ။ ကြိယာရော နာမ၀ိသေသနပါ ဖြစ်နိုင်မယ့်  စကားလုံးများရှိပေမယ့် အများစုက ကွဲပြားခြားနားကြပါတယ်။ ဒီတော့ မြန်မာကျောင်းသားက မြန်မာစကားရဲ့ အကျင့်ပါနေပြီး အင်္ဂလိပ်စကားမှာလည်း ကြိယာနဲ့ နာမ၀ိသေသန ရောထွေးကုန်တော့တာပါပဲ။ ဒီိလိုမဖြစ်ရအောင်ရှောင်တဲ့ နည်းကတော့ စကတည်းက ကျကျနန ခွဲခြားသတ်မှတ်ပြီး ကျက်မှတ်ရပါမယ်။ good, pretty, short, စတာတွေက နာမ၀ိသေသနတွေ ။ နာမ၀ိသေသနလို သုံးရမယ်။ It is good. She is pretty. He is short. စသဖြင့်ပေါ့လေ ။ come, eat, go စတာတွေက ကြိယာတွေ ကြိယာလို သုံးရမယ်။