Monday, May 23, 2011

အပါယ်လေးပါးမှ လွတ်လိုလျှင်

လူသားတို့သည် နတ်ရွာသုဂတိသို့ ရောက်ချင်ကြသော်လည်း အပါယ်လေးပါးသို့ ကျရောက်မည်ကို တော့ လူတိုင်း ကြောက်ရွံ့နေကြပေသည်။။ အပါယ်လေးပါး၏ ဆင်းရဲဒုက္ခကို သိကြသူများသည် အပါယ်လေးပါး အသံကြားရုံမျှဖြင့် ကြောက်လန့်မှုများ ဖြစ်နေကြ၏။ သို့သော် အပါယ်လေးပါးမှ လွတ်အောင် ကျင့်သုံးနေထိုင် လိုက်စားသူများက နည်းပြီး မလေ့လာ မလိုက်စား မကျင့်သုံးသူက များနေပေသည်။

“ မြတ်စွာဘုရား၏ ကိုယ်စား ရုပ်ပွားတော် ကိုးကွယ်သူများ သိသင့်သိထိုက်သော အချက်အလက် ”


(၁) မြတ်စွာဘုရား၏ ကိုယ်စားတော် ဆင်းတု ရုပ်ပွားတော်များသည် ၊ မည်သည့်ကာလအချိန်မှ စတင်ပေါ်ပေါက်လာသည်။
(၂) ဆင်းတု ရုပ်ပွားတော်များအဖြစ် ထုလုပ် သွန်းလောင်းအပ်သောအရာများသည် မည်သည့်အရာများဖြစ်သည်။
(၃) ဆင်းတု ရုပ်ပွားတော်များကို မည်ကဲ့သို့သော ပုံသဏ္ဌာန်မျိုးကို ထုလုပ်အပ်သည်။
(၄) ထုလုပ်ရာတွင် မည့်သည့်အချက်များကို သတိပြု ဂရုထားအပ်သည်တို့ ဖြစ်ကြ၏။


အဓိဌာန်ဖြင့် ဖူးမြင်ရသည့် ဂေါတမ မြတ်စွာဘုရား ပုံတော်



ဓမ္မမိတ်ဆွေအပေါင်းတို့
ယခုမြင်ရသောပုံတော်မှာ ဂေါတမ မြတ်စွာဘုရား၏ ပုံတော်အစစ် ဖြစ်ပါသည်။ ထိုပုံကို လွန်ခဲ့သော နှစ်ပေါင်းများစွာက မြတ်စွာဘုရား ပွင့်တော်မူသည့်နေရာဖြစ်သော မဟာဗောဓိ ညောင်ပင်ရင်းတွင် နိုင်ငံခြားယောဂီ တယောက် ဓါတ်ပုံရိုက်ကူးထားခြင်း ဖြစ်ပါသည်။ ဤပုံတော်မှာ ဂေါတမမြတ်စွာဘုရား၏ ပုံတော်အစစ် ဖြစ်သောကြောင့် အလွန်ထူးခြားသော ပုံတော်လည်း ဖြစ်ပါသည်။ ပုံတော်အစစ်အမှန်ဖြစ်ကြောင်း နောက်ပိုင်းတွင် ဓမ္မပရိသတ်ကြီးကို စာရေးသူ ရှင်းပြမည် ဖြစ်ပါသည်။