Monday, June 13, 2011

ဗုဒ္ဓသာသနာ့ အလံတော် ဖြစ်ပေါ်လာပုံ

ဗုဒ္ဓရှင်တော်မြတ်ဘုရားသည် မဟာသက္ကရာဇ် (၁၀၃)ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ မိုးသောက်ယံ၌ သမ္မသမ္ဗုဒ္ဓ ဘုရားအဖြစ် ရောက်တော်မူခဲ့သည်။
ဘုရားရှင်သည် ရတနာဃရ စတုတ္ထသတ္တာဟ၌ စံနေတော်မူပြီးနောက် အဘိဓမ္မာ(၇)ကျမ်း ဖြစ်သည့် ဓမ္မသင်္ဂဏီ၊ ၀ိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်ကျမ်း (၆)မျိုးအထိ ဆင်ခြင်သုံးသပ်တော်မူခဲ့သည်။ ရောင်ခြည်တော်များ ထွက်ပေါ်ခဲ့ခြင်း မရှိသေးပါ။
ပဋ္ဌာန်းဒေသနာတော်ကြီး ဆင်ခြင်သုံးသပ်မှသာ ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးခဲ့သည်ဟု ဆိုခဲ့ကြသည်။ ယင်းရောင်ခြည်တော် ခြောက်သွယ်သည်ကား---
၁။ နီလ ရောင်ခြည်တော်။
၂။ ပီတ ရောင်ခြည်တော်။
၃။ လောဟိတ ရောင်ခြည်တော်။
၎။ သြဒါတ ရောင်ခြည်တော်။
၅။ မဉ္ဇိဋ္ဌ ရောင်ခြည်တော်။
၆။ ပဘဿရ ရောင်ခြည်တော်
စသည့် ရောင်ခြည်တော်များပင် ဖြစ်ပါသည်ဟု ရှေးဟောင်းကျမ်းများအရ သိရှိခဲ့ရပေသည်။

အသုံးဝင်မယ့် websites များ (၃)

သူငယ်ချင်းတို့အတွက် စာပေနှင့် အသိ/အတတ် ပညာရှာဖွေဖတ်ရှုနိုင်စေရန် websites တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

စာပေနှင့် အသိ/အတတ် ပညာရှာဖွေမှုဆိုင်ရာ websites များ

စကားဝါမြေ အွန်လိုင်း စာကြည့်တိုက်

အလင်းရောင် ဖိုရမ်

မြန်မာမိသားစု

Myanmar Technicians

Golden Myanmar

All Myanmar Blogs
http://allmyanmarblogs.blogspot.com/
Posted By မောင်စူးစမ်း (MTLA GTI)

ကျွန်တော် ခရီးသွား (၂)

၂၀၀၈ ခုနှစ်၊ မေလ (၁၅) ရက်။
ဒီနေ့ ကျွန်တော်လဲ ဂျပန်စာ အတန်းပြီးတော့ အဆောင်ပြန်လာ ခဏနားပြီး တော့အောက်ထပ်ကို မေးလ်စစ်ဖို့ ဆင်းလာခဲ့ပါတယ်။ ကျွန်တော်တို့ အဆောင်မှာ ကျောင်းသားများ အသုံးပြုရန် Computer Room တစ်ခု Desktop Computer ၅-လုံး ပေးထားပါတယ်။  မေးလ်ဖွင့်ကြည့်တော့ ကျွန်တော်တို့ Lab မှ Kato San(ကာတိုးစံ- နောင်တွင် ကျွန်တော်၏ Research Student ကာလတွင် Tutor ဖြစ်လာမည့်သူ၊) မှ တောင်တက်ခရီးစဉ်အတွက် အသက်အာမခံလုပ်ဖို့ လိုသည့်အတွက် လိုအပ်သည့်အချက်အလက်များ လှမ်းမေးထားပါတယ်။ Japanese Language Class အတွက် Orientation လုပ်ပေးစဉ်တုန်းကလည်း ကျွန်တော့်ဆရာ A.P Kato မှလည်း Lab အဖွဲ့ရဲ့ တောင်တက်ခရီးစဉ်ရှိကြောင်း ပြောပြထားတာ ရှိပါတယ်။ ဒီတောင်တက်ခြင်းက ကျွန်တော့်အတွက် ရိုးတွင်းခြင်ဆီထဲက ဝါသနာတစ်ခုလို့ ပြောလို့ရပါတယ်။ မန္တလေး နည်းပညာတက္ကသိုလ်မှာတုန်းကလည်း ဘေးနားက ရှမ်းတောင်တန်းတွေပေါ် ကျွန်တော်နှင့် သူငယ်ချင်းများ တော်တော်များများခြေချခဲ့ဖူးပါတယ်။ ဒါနဲ့ကျွန်တော်လဲ ချက်ခြင်းစိတ်ဝင်စားသွားပြီး  ခရီးစဉ်ရဲ့အကြောင်း၊ ဘယ်ချိန်လောက်သွားကြမှာလဲ ဆိုတဲ့အကြောင်း စာပြန်လိုက်ပါတယ်။