Wednesday, April 25, 2012

SkyNet TV Live

အမိမြေရဲ့ အဝေးမှာရောက်ရှိနေကြတဲ့ သူငယ်ချင်းတို့အတွက် မြန်မာပြည်မှ SkyNet TV Live ထုတ်လွှင့်ချက်ကို ကြည့်ရှုနိုင်ပြီဖြစ်သည်။ တချိုလဲ သိရှိပြီးဖြစ်သော်လည်း မသိသေးသူများအတွက် ရည်ရွယ်ပြီး ဖော်ပြပေးလိုက်ပါသည်။ အဆိုပါ လိုင်းကိုကြည့်ရှုနိုင်စေရန် မိမိ၏ ကွန်ပျူတာတွင် TVU Player ရှိဖိုလိုအပ်ပါသည်။ ထို player ကို အောက်ပါလင့် http://www.tvunetworks.com/downloads/player.html မှ program အား download လုပ်ပြီး မိမိ၏ကွန်ပျူတာတွင် install လုပ်ပါ။ ပြီးရင် TVU Player ၏ Search channels box နေရာမှာ (လိုင်းနံပါတ်) 99221 ကိုရိုက်ထည့်ပြီး တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။
Posted by ဝတီ

အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ(၅)

Can you? (မင်း…နိုင်မလား)
You use can you? when you want to ask someone to do something:
မင်း…..နိုင်မလား can you? ကို တစ်စုံတစ်ဥိးအား ကိစ္စတစ်စုံတစ်ခုဆောင်ရွက်ပေးရန် တောင်းဆိုရာတွင် အသုံးပြုပါသည်။
  1. Can you lend me a pen?
      ငါ့ကို မင်းရဲ့ ဖောင်တိန် ငှားနိုင်မလား
  2. Can you tell me where the station is?
      ငါ့ကို ဘူတာရုံဘယ်နားမှာရှိတယ်ဆိုတာ မင်းပြောပြနိုင်မလား
Help! (ကယ်ကြပါဗျို့)
An exclamation which you use when you are in danger or in need of assistance:
ကယ်ကြပါဗျို့ Help! သည်အန္တရာယ်ကျရောက်နေသောအခါ (သို့) အကူအညီလိုအပ်သောအခါတွင် အသုံးပြုသော အာမေဋိတ် စကားဖြစ်ပါသည်။
  1. 'Help!' called the boy as the boat began to sink.
      ကောင်လေးသည် လှေစတင်နစ်မြုပ်သည့်အခါတွင် ကယ်ကြပါ ဟု အော်လိုက်သည်။
  2. Help! The door is stuck and I can't get out.
      ကယ်ကြပါဗျို့။ တံခါးက ညပ်နေလို့ ကျနော်အပြင်ထွက်လို့မရဘူး