Noun
သမာရို:ကျသဒ္ဒါမှာတော့ ၀ါစင်္ဂရှစ်ပါး ( Eight Parts of Speech ) ရယ်လို့ဆိုတယ်။ Noun, Verb, Pronoun, Adjective, Adverb, Preposition, Conjunction, Interjection ပါတဲ့။ ကနေ့ခေတ် သဒ္ဒါများမှာတော့ အဲ့လိုမခွဲတော့ဘူး။ Lexical words ( အဓိပ္ပါယ်စကား ) နဲ့ Structural words ( အဆောက်အအုံ စကားလုံး ) ရယ်လို့ အဓိကအပိုင်းနှစ်ပိုင်း ခွဲလိုက်ပါတယ်။Lexical words ထဲမှာ Noun, Verb, Adjective, Adverb လို့ ခွဲလိုက်ပါတယ်။ Noun အကြောင်းစပြီးပြောမယ်....Countable / Uncountable
Noun တွေကို ကျက်မှတ်ရာမှာ အေ၇းအကြီးဆုံးကတော့ ရေတွက်လို့ရတဲ့ Noun လား (Countable Noun)၊ ရေတွက်လို့မရတဲ့ Noun လား ( Uncountable Noun ) ခွဲခြား မှတ်ထားဖို့ပါပဲ။ အကြောင်းးကတော့....၁။ Countable Nouns တွေမှာသာ Singular ( ဧက၀ုစ်ကိန်း ) နဲ့ Plural ( ဗဟုဝုစ်ကိန်း ) ရယ်လို့ Number ခွဲခြားမှု့ရှိပါတယ်။ Uncountable Noun တွေမှာ Singular သာရှိပြီး Plural မရှိပါဘူး။( ရှိခဲ့ရင် အဓိပ္ပါယ် အပြောင်းအလဲ ရှိပြီ။ )
၂။ Countable Noun တွေကိုသာ indefinite article လို့ ခေါ်တဲ့ a, an နဲ့တွဲသုံးနိုင်ပါတယ်။ Uncountable Noun တွေကို မသုံးနိုင်ပါဘူး။ ရေတွက်လို့ရတယ်၊ မရဘူးဆိုတာ အကြမ်းဖျင်းပြောရရင် လွယ်တယ်လို့ထင်စ၇ာပါပဲ။ ဒါပေမယ့် တစ်ချို့ အင်္ဂလိပ်စကားလုံးများကို ကျောင်းသားက ရေတွက်လို့ ရတယ်လို့ ထင်မှတ်မှားကြတယ်။ ဥပမာ.. paper - စက္ကူ၊ bread - ပေါင်မုန့် ၊ money -ငွေ ။ ဒါမျိုးတွေဟာ အင်္ဂလိပ်စကားမှာေ၇တွက်လို့မရတဲ့ အရာတွေဖြစ်တယ်ဆိုတာကို ကြပ်ကြပ်မှတ်ထားဖို့ လိုပါတယ်။ အသုံးများတဲ့ ရေတွက်မရတဲ့ နာမ်အချို့ကိုအောက်မှာ ဖော်ပြလိုက်ပါတယ်။