Thursday, June 21, 2012

မည်သည့်ဖုန်းဖြင့်မဆို နိုင်ငံတကာသို့ တိုက်ရိုက် ဖုန်းခေါ်ဆိုမှု စနစ်

မည်သည့်ဖုန်းဖြင့်မဆို နိုင်ငံတကာသို့ တိုက်ရိုက် ဖုန်းခေါ်ဆိုမှု စနစ်ကို ဇူလိုင်တွင် စတင်မည်ဖြစ်ကြောင်း Blue Ocean Operating Management ကုမ္ပဏီလီမိတက်မှ သိရသည်။ ယင်းသို့ ဖုန်းခေါ်ဆိုခြင်းကို မိုဘိုင်းဖုန်း သို့မဟုတ် လိုင်းဖုန်းတွင်ပါ အသုံးပြုနိုင်မည်ဖြစ်ပြီး 1877 သို့ ဖုန်းဆက်သွယ်ရုံဖြင့် မိမိခေါ်ဆိုလိုသည့် နိုင်ငံသို့ တိုက်ရိုက် ဖုန်းပြောဆိုနိုင်မည်ဖြစ်ကြောင်း သိရသည်။ “ဒီစနစ်က အင်တာနက်ရှိဖို့ မလိုအပ်ပါဘူး။ Call Center ကနေ ၂၄ နာရီ ဝန်ဆောင်မှုပေးမှာပါ။ ဖုန်းခေါ်ဆုခကိုတော့ ဖုန်းထဲကနေပဲ ဖြတ်သွားမှာပါ။ ကျသင့်ငွေကို မိနစ်အလိုက် ကောက်ခံသွားမှာပါ။ Y talk Service ကို Call Center နဲ့ ပူးပေါင်းလိုက်ခြင်းပါပဲ။ နိုင်ငံတကာနဲ့ ဖုန်းခေါ်ဆိုခကိုတော့ အတိအကျ မသတ်မှတ်ရသေးပါဘူး။ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းနေဆဲပါ” ဟု Blue Ocean အုပ်ချုပ်မှု ဒါရိုက်တာ ဦးထွန်းထွန်းနိုင်က ပြောသည်။ ယင်းစနစ်ဖြင့် စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ အမေရိကန် အစရှိသည့် နိုင်ငံများသို့ ဖုန်းခေါ်ဆိုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ယင်းဖုန်းခေါ်ဆိုခြင်းနှင့်ပတ်သက်၍ ကုမ္ပဏီဝန်ထမ်းကို အောင်အောင်က “ဒီစနစ်လုပ်ပေးတာ ကောင်းပါတယ်။ ဈေးနှုန်းကတော့ ဘယ်လိုဖြစ်ဦးမလဲ မသိဘူး။ ဆက်သွယ်ရေးကနေ နိုင်ငံခြားကို ဖုန်းခေါ်ဆိုရတာလဲ အဆင်မပြေတာတွေ ရှိတယ်လေ။ အဓိကက ဈေးနှုန်းသက်သာဖို့ပါပဲ” ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။

Posted by ဂျစ်တီး
Source: MEG

တစ်ရက်ကို ၂၀၀ ကျပ်နဲ့ အင်တာနက် သုံးစွဲနိုင်မယ့် Mobile E-mail Service

Call Center မှ ၀န်ဆောင်မှု အသစ် အနေနဲ့ တစ်ရက်ကို ၂၀၀ ကျပ်နဲ့ အင်တာနက် သုံးစွဲနိုင်မယ့် Mobile E-mail Service ၀န်ဆောင်မှုကို ဇွန်လ ၁၅ ရက်
နေ့မှာ စတင် မိတ်ဆက်ခဲ့ပြီး ယခုအခါ စတင် အသုံးပြု နိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ စနစ်မှာ အင်တာနက် လျှောက်ထား ပြီးဖြစ်တဲ့ CDMA, GSM Mobile ဖုန်းတွေသာ အသုံးပြု နိုင်မှာ ဖြစ်ပြီး အင်တာနက် အသုံးပြုခ ဖြစ်တဲ့ ၁ မိနစ်ကို ၂ ကျပ်၊ ၄ ကျပ်တို့ ပေးစရာ မလိုပဲ ရက်နဲ့သာ တွက်ပြီး ၁ ရက်ကို ၂၀၀ ကျပ်နဲ့ ၂၄ နာရီ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အသုံးပြုလို သူတွေ အနေနဲ့ Call Center သို့ အသုံးပြု လိုကြောင်း Message ပေးပို့ ရမှာ ဖြစ်ပါတယ်။ ဒီလို ပေးပို့ရာမှာ Call Center ရဲ့ ကုတ်နံပါတ် တစ်ခုဖြစ်တဲ့ ၁၈၈၃ ကို GET MAIL ဆိုတဲ့ စကားလုံးကို အင်္ဂလိပ် အက္ခရာ စာလုံး အကြီးများ အသုံးပြုကာ သုံးစွဲမယ့် သူရဲ့ အင်တာနက် Account နဲ့ Passward ကို ပေးပို့ရမှာ ဖြစ်ပါတယ်။ အသုံးပြုခ ကိုတော့ ဖုန်းဘေလ် ထဲမှ ဖြတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ သုံးစွဲပုံ အသေးစိတ်ကို သိရှိလိုပါ ကလည်း Call Center သို့ စုံစမ်း မေးမြန်း နိုင်တယ် လို့လည်း သိရပါတယ်။

သုံးစွဲသူတွေ အနေနဲ့ ၁ ရက်ကို ၂၀၀ ကျပ်နဲ့ ၁ လစာ ၆၀၀၀ ကျပ် သတ်မှတ် ထားပြီး အသုံးမပြု လိုတဲ့ ရက်ရှိပါက Call Center သို့ ကြိုတင် အကြောင်းကြားပြီး Server ပိတ်ထားရမှာ ဖြစ်ပါတယ်။ ဒီလို အကြောင်း မကြားပါက တစ်လစာ အတွက် ကျပ် ၆၀၀၀ ကို မိမိဖုန်းဘေလ် ထဲက ဖြတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ၀န်ဆောင်မှုကို ယခုဇွန်လ ကုန်အထိ အခမဲ့ အသုံးပြုနိုင် မှာဖြစ်ပြီး အသုံးပြုခ ကောက်ခံမှု ကိုတော့ ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကာ ကောက်ခံမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

Posted by ဂျစ်တီး
Source: MEG

နိုင်ငံကူးလက်မှတ်စာအုပ်ပျောက်ဆုံးပါကပြည်ပတွင်ပျောက်ဆုံးမှုအတွက် အမေရိကန်ဒေါ်လာ ၃၀၀ နှင့် ပြည်တွင်းအတွက် ကျပ် ၄၀၀၀၀ ပေးဆောင်၍ ပြန်လည်လျှောက်ထားနိုင်

မြန်မာနိုင်ငံကူးလက်မှတ် စာအုပ်(Passport) ပျောက်ဆုံးပါက ပြည်ပတွင် ပျောက်ဆုံးခြင်းအတွက် ပြည်ပပျောက် ဒဏ်ကြေး အမေရိကန်ဒေါ်လာ ၃၀၀ နှင့် ပြည်တွင်းတွင် ပျောက်ဆုံးခြင်းအတွက် ပြည်တွင်းပျောက် ဒဏ်ကြေး ကျပ် ၄၀၀၀၀ ပေးဆောင်၍ ပြန်လည် လျှောက်ထားနိုင်ကြောင်း သိရသည်။ မြန်မာနိုင်ငံကူးလက်မှတ် ပျောက်ဆုံး၍ ပြန်လည်လျှောက်ထားရာတွင် ပြည်ပတွင် ပျောက်ဆုံးခဲ့ပါက ဒဏ်ကြေး အမေရိကန်ဒေါ်လာ ၃၀၀ ကို မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်တွင် သွင်း၍ လျှောက်ထားနိုင်ပြီး ပြည်တွင်းတွင် ပျောက်ဆုံးခဲ့ပါက ပတ်စ်ပို့ ပျောက်ဆုံးကြောင်း သတင်းစာတွင် ကြော်ငြာပြီး တစ်လပြည့်သည့် အချိန်တွင် ကြော်ငြာပါသည့် သတင်းစာ မူရင်းနှင့်အတူ ပြည်တွင်းပျောက် ဒဏ်ကြေးပေးဆောင်၍ ပြန်လည် လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရာတွင် ၂၀၁၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍ ပုံမှန် မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားသူများအား တစ်လအစား ၂၁ ရက်ဖြင့် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးခဲ့ကြောင်းနှင့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ အလုပ်သမား နိုင်ငံကူးလက်မှတ် သက်တမ်းအား ယခင်သုံးနှစ်မှ လေးနှစ် သတ်မှတ်ထုတ်ပေးခြင်း၊ သင်္ဘောသား နိုင်ငံကူးလက်မှတ် သက်တမ်းတိုး လျှောက်ထားမှုများအား ယခင်တစ်လမှ နှစ်ပတ်ဖြင့် ထုတ်ပေးခြင်းနှင့် သင်္ဘောသားအသစ် နိုင်ငံကူးလက်မှတ်များအား သာမန်နိုင်ငံကူးလက်မှတ် လျှောက်ထားသူများကဲ့သို့ ၂၁ ရက်ဖြင့် ထုတ်ပေးခြင်း၊ သင်္ဘောသား နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ ကိုယ်ရေးကိုယ်တာ ကိစ္စဖြင့် ပြည်ပသို့ သွားရောက်ရန်ရှိပါက ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ သင်္ဘောသား အလုပ်အကိုင်ကြီးကြပ်ရေးဌာနခွဲ၏ ခွင့်ပြုချက်ဖြင့်သာ ပြည်ပသို့ သွားရောက်ခွင့်ပြုခြင်း၊ ခွင့်ပြုကာလ ကျော်လွန်နေသူများအား  Black List စာရင်းသွင်း၍ အရေးယူရန်အတွက် သင်္ဘောသား အလုပ်အကိုင် ကြီးကြပ်ရေးဌာနမှ ကြပ်မတ်၍ အမည်စာရင်းအား မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနသို့ တင်ပြခြင်းများကို ဆောင်ရွက်နေကြောင်းလည်း သိရသည်။ လက်ရှိကာလတွင် နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် တစ်နိုင်ငံလုံးမှ လျှောက်ထားသူများမှာ ရန်ကုန်တိုင်းဒေသကြီးရှိ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးသို့ လာရောက်လျှောက်ထားနေရပြီး မကြာမီလများအတွင်း အထက်မြန်မာပြည်အတွက် မန္တလေးတိုင်း ဒေသကြီးတွင် နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ရုံးတစ်ခု ဖွင့်လှစ်နိုင်ရန် စီစဉ်မှုများရှိနေကြောင်း သိရသည်။ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ ဧပြီလ ၃၀ ရက်အထိ  နိုင်ငံကူးလက်မှတ် ထုတ်ပေးမှုမှာ အမျိုးသား ၃၄၉၄၅ ဦးနှင့် အမျိုးသမီး ၂၅၀၁၉ ဦးဖြစ်ပြီး စုစုပေါင်း  ၅၉၉၆၄ ဦး ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇွန်လ ၂၂ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

Posted by ဂျစ်တီး 
Source: ခေတ်လူငယ်

သီတဂူဆရာတော်ဘုရားကြီး အရှင်ဥာဏိဿရ၏ ဓမ္မသဘင်

နေ့ ရက်  ။       ။ ၂၃၊ ၀၆၊ ၂၀၁၂ (စနေနေ့ )
                     ၂၄၊ ၀၆၊ ၂၀၁၂ (တနင်္ဂနွေနေ့ )
အချိန်     ။      ။ စင်္ကာပူအချိန် ညနေ ၇း၃၀ မှ ၉း၀၀ အထိ (မြန်မာစံတော်ချိန် ညနေ ၆း၀၀ မှ ၇း၃၀)
နေရာ     ။      ။ Function Room 1, The ARENA Country Club, 511 Upper Jurong Road, Singapore 638366, near (JooKoon MRT)
Posted by ဝတီ