Showing posts with label ဘာသာရေး. Show all posts
Showing posts with label ဘာသာရေး. Show all posts
Saturday, June 29, 2013
Sunday, June 24, 2012
သီတဂူဆရာတော်ဘုရားကြီး အရှင်ဥာဏိဿရ၏ ဓမ္မသဘင်(ဒုတိယနေ့) ပြန်လည်ထုတ်လွှင့်မူအစီအစဉ်
“သီတဂူဆရာတော်ကြီး ဦးဥာဏိဿရ၏ တရားပွဲ (ဒုတိယနေ့)”ကို Function Room 1, The ARENA Country Club, 511
Upper Jurong Road, Singapore 638366, Near (Joo Koon MRT) တွင် ၂၄-၀၆-၂၀၁၂ တနင်္ဂနွေနေ့ ညနေ(ရး၃၀)နာရီမှ ည(၈း၃၀)ထိ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါသဖြင့်
မအားလပ်၍ တရားဓမ္မ မနာယူနိုင်ခဲ့ကြသော ဓမ္မမိတ်ဆွေသူငယ်ချင်းအပေါင်းတို့အတွက်
ပြန်လည်ထုတ်လွှင့် တက်ဆက်ပေးခြင်းဖြစ်ပါသည်။
Posted by MTLA GTI GROUP
Posted by MTLA GTI GROUP
Saturday, June 23, 2012
သီတဂူဆရာတော်ဘုရားကြီး အရှင်ဥာဏိဿရ၏ ဓမ္မသဘင်(ပထမနေ့) ပြန်လည်ထုတ်လွှင့်မူအစီအစဉ်
“သီတဂူဆရာတော်ကြီး ဦးဥာဏိဿရ၏ တရားပွဲ (ပထမနေ့)”ကို Function Room 1, The ARENA Country Club, 511
Upper Jurong Road, Singapore 638366, Near (Joo Koon MRT) တွင် ၂၃-၀၆-၂၀၁၂ စနေနေ့ ညနေ(ရး၃၀)နာရီမှ ည(၈း၃၀)ထိ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါသဖြင့်
မအားလပ်၍ တရားဓမ္မ မနာယူနိုင်ခဲ့ကြသော ဓမ္မမိတ်ဆွေသူငယ်ချင်းအပေါင်းတို့အတွက်
ပြန်လည်ထုတ်လွှင့် တက်ဆက်ပေးခြင်းဖြစ်ပါသည်။
Posted by MTLA GTI GROUP
Posted by MTLA GTI GROUP
Thursday, June 21, 2012
သီတဂူဆရာတော်ဘုရားကြီး အရှင်ဥာဏိဿရ၏ ဓမ္မသဘင်
နေ့ ရက် ။ ။
၂၃၊ ၀၆၊ ၂၀၁၂ (စနေနေ့ )
၂၄၊ ၀၆၊ ၂၀၁၂ (တနင်္ဂနွေနေ့ )
အချိန် ။ ။ စင်္ကာပူအချိန် ညနေ ၇း၃၀ မှ ၉း၀၀ အထိ (မြန်မာစံတော်ချိန် ညနေ ၆း၀၀ မှ ၇း၃၀)
နေရာ ။ ။ Function Room 1, The ARENA Country Club, 511 Upper Jurong Road, Singapore 638366, near (JooKoon MRT)

Posted by ဝတီ
Tuesday, May 29, 2012
စင်္ကာပူနိုင်ငံ၌ ဇွန်လတွင် ကျင်းပမည့် ဆရာတော်အရှင်ဇဝန(မေတ္တာရှင်-ရွှေပြည်သာ) တရားပွဲဖိတ်ကြားလွှာ
လာမည့်ဇွန်လအတွင်းမှာ ဆရာတော်အရှင်ဇဝန (မေတ္တာရှင်-ရွှေပြည်သာ)
မှ စင်္ကာပူ-အင်ဒိုနီးရှား-မလေးရှားနိုင်ငံများသို့ ကြွရောက်ရန်ရှိပြီး စင်္ကာပူနိုင်ငံသို့ရောက်ရှိစဉ်ကာလအတွင်း
မေတ္တာရှင်ဖောင်ဒေးရှင်း(စင်္ကာပူ)၊ စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းမှကြီးမှူး၍ တစ်ရက်တာ
တရားပွဲကျင်းပသွားမည်ဖြစ်ရာ နိဗ္ဗာန်ရောက်ကြောင်းတရားတော်များကို လာရောက်နာယူနိုင်ရန်
အောက်ပါအစီအစဉ်အတိုင်း လေးမြတ်စွာဖိတ်ကြားအပ်ပါသည်။
Saturday, May 12, 2012
မိုးကုတ်ဆရာတော်ကြီး၏ ဥပနိဿယအတိုင်း ပဋ္ဌာန်းအဓိပ္ပာယ်ဖွင့်တရားတော် -ဦးခင်စိုး
ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်ပါ။
Posted by Htun
Friday, May 11, 2012
Sunday, May 06, 2012
သမ္ဗုဒ္ဓေသမိုင်းတရားတော် (ဗန်းမော်ဆရာတော်) Portland - Oregon July 5, 2011
From www.dhammavideo.com
Posted by Htun
ဓာရဏ ပရိတ်တော် အကြောင်း
ဓာရဏပရိတ်ဟာ ပိဋကတ်သုံးပုံထဲ ပါဝင်နေသလား ဆိုတဲ့ မေးခွန်းကို —-
ပါလည်း ပါတယ်။ မပါလည်း မပါဘူး လို့ ဖြေရမယ် ထင်တယ်။ရှင်းမယ်လေ။
ပါဝင်ပုံလေး မပြောခင် မပါဝင်ရတဲ့အကြောင်း အရင်ပြောမယ်။ ဓာရဏ ပရိတ်တော်ထဲက တချို့ ပါဠိစာသားတွေဟာ ပိဋကသုံးပုံထဲမှာ တိုက်ရိုက်နည်းနဲ့ ပါဝင်နေတာ မဟုတ်ဘဲ ရှေးရှေးဆရာတော်များက ကောင်းနိုးရာများကို ကြည်ညိုသဒ္ဓါစိတ်နဲ့ ဖွဲ့ဆို သီကုံးခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီ ပါဠိစာသားတွေရဲ့ အဓိပ္ပါယ် သဘောတရားတွေကလည်း ထေရဝါဒဗုဒ္ဓဘာသာနဲ့ မဆန့်ကျင်ပါဘူး။ ဆိုလိုချင်တာက စာပေအနေနဲ့ ပိဋကတ်သုံးပုံထဲမှာ တိုက်ရိုက်မလာဘူး။ အနှစ်သာရအားဖြင့်တော့ ထေရဝါဒနဲ့ သင့်လျော်တဲ့အတွက် အကျုံး ဝင်နေတဲ့အတွက် ဆရာအစဉ်အဆက် လက်ခံခဲ့ကြတယ်လို့ ဆိုပါတယ်။
ပါဝင်နေတဲ့ ပါဠိစာသားတွေကို ထုတ်နုတ်ပြီး ရှင်းပြမယ်။ ဓာရဏ ပရိတ်ထဲက ——–
၁။ ဗုဒ္ဓါနံ ဇီဝိတဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ ၊
၂။ ဗုဒ္ဓါနံ သဗ္ဗညုတဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊
၃။ ဗုဒ္ဓါနံ အဘိဟဋာနံ စတုန္နံ ပစ္စယာနံ န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊
၎။ ဗုဒ္ဓါနံ အသီတိယာ အနုဗျဉ္ဇနာနံ ဗျာမပ္ပဘာယ ဝါ န သက္ကာ ကေနစိ အန္တရာယော ကာတုံ ဆိုတဲ့ ပါဠိစာသား လေးပုဒ်ကတော့ ဝိနည်းပိဋက၊ ပါရာဇိကကဏ္ဍ အဋ္ဌကထာ ပထမအုပ်၊ စာမျက်နှာ ၁၄၇ – ၈ မှာ တိုက်ရိုက်လာတယ်လို့ ဆိုပါတယ်။ (အဲဒီစာအုပ်ထဲမှာ ဒီလို စဉ်ထားတာတော့ မဟုတ်ပါဘူး။ ဒါက သိပ်အရေးမကြီးပါဘူး။)

Saturday, May 05, 2012
Vesak (ဝိသာခါ)နေ့ပူဇာမင်္ဂလာ ဓမ္မသဘင် ဖိတ်ကြားလွှာ
နဝမမြောက် ရွှေစင် တိပိဋကဓရ ဆရာတော် ဒေါက်တာ ဂန္ဓာမာလာ
လင်္ကာရ၏ တရားတော်အား LiveDhamma.com ၏ (CHANNEL A) မှ ထုတ်လွှင့်သွားမည် ဖြစ်ပါသည်။
Posted by မောင်စူးစမ်း(MTLA GTI)
ကဆုန်လပြည့်နေ့ အကြောင်း
(ကဆုန်လပြည့်နေ့(ယနေ့) ရွှေတိဂုံစေတီတော် မြင်ကွင်း)
ကဆုန်လပြည့်နေ့ဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့အတွက် နှိင်းလို့မရနိုင်တဲ့ နေ့ထူးနေ့မြတ်တနေ့ဆိုတာ သေချာပါတယ်။ ဒါကြောင့်လဲ
၁၂ လ ရှိတဲ့အထဲက အခြောက်သွေ့ အပူပြင်းဆုံးလို့ ဆိုရမယ့် ကဆုန်လကို ရေပြတ်တဲ့လ၊ ရေရှားပါးတဲ့လ
လို့ဆိုရတာပါ၊ သစ်ပင်ကြီးငယ်အားလုံး ရေရှားလွန်းလို့ ညှိုးရော်နွမ်းလျနေတာကြောင့် ရေလိုအပ်နေတဲ့အချိန်မှာ
ဘုရားရှင်ရဲ့ ဖွားဖက်တော်၊ ပရိဘောဂစေတီ၊ သဗ္ဗညုတဥာဏ်တော်ရဲ့ မှီခိုရာဖြစ်တဲ့ မဟာဗောဓိပင်ကို
ကာလဒါနလို့ဆိုရမယ့် ရေသွန်းလောင်းခြင်း ဥဒကဒါနကို ပြုကြခြင်းပဲ ဖြစ်ပါတယ်။
ကဆုန်လပြည့်နေ့နှင့် ပက်သက်ပြီး
ဖြစ်ပျက်ခဲ့တဲ့ ဗုဒ္ဓ၀င်တွေက ဗုဒ္ဓဘာသာဝင်တို့အား ကြည်နူးမှု့၊ လွမ်းဆွေးမှု့၊ သက်တော်ထင်ရှား
ဘုရားရှင်ကို တမ်းတမှု့တွေဖြစ်စေတာကြောင့် ကဆုန် ညောင်ရေသွန်းပွဲတော်ကို ပိုမိုအသက်ဝင်စေပြီး
စိတ်ကိုတက်ကြွလန်းဆန်းစေပါတယ်။
“ဗျာဒိတ်တော် ခံ၊ ဖွား၊ ပွင့်
၊ စံ၊ ဟောညွှန် ဗုဒ္ဓဝံသ ဖြစ်တော်စဉ် ငါး၊ ကြုံကြိုက်သား၊ ထူးခြား ကဆုန်လ” လို့ ရှေးရှေး
ပညာရှိတွေ မိန့်ဆိုထားခဲ့ကြပါတယ်။
(၁) ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည်
ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမ
အမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု
ဒီပင်္ကရာ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခဲ့သည်။
(၂) မဟာသက္ကရာဇ် ၆၈-ခု ကဆုန်လပြည့်နေ့တွင်
ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခဲ့သည်။ ( ဘီစီ ၆၂၃ )
(၃) မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့်နေ့
အရုဏ်တက်ချိန်တွင် ဂေါတမဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူခဲ့သည်။
( ဘီစီ ၅၈၈ )
(၄) မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့်နေ့တွင်
မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။
( ဘီစီ ၅၄၃ )
(၅) မဟာသက္ကရာဇ် ၁၀၄ ခုနှစ်
မှာ လေးသင်္ချေနဲ့ ကမ္ဘာတသိန်းကာလ ပါရမီ ဖြည့်ဆည်းရာ ကာလမှ စ၍ ယခုဘ၀ ဂေါတမ ဘုရားရှင် ဖြစ်တော်မူရာ
ဘ၀ပေါင်းများစွာ ပါဝင်တဲ့ မဟာဗုဒ္ဓ၀င် အတ္ထုပ္ပတ္တိကိုလည်း ဒီ ကဆုန်လပြည့်နေ့မှာပဲ ဟောတော်မူခဲ့ပါသတဲ့။
( ဘီစီ ၅၈၇ )
ပါရမီ ဖြည့်ဖက်တို့ အတုယူဖွယ်ရာ
ဘုရားရှင် ကပိလ၀တ်ပြည်ကို
ရောက်တော်မူတဲ့ အခါမှာ ဖခင်ဘုရင်ကြီးနဲ့ တကွ ကပိလ၀တ်နန်းတော် တခုလုံး အုံးအုံးကျွတ်ကျွတ်
ဘုရားရှင်ကို လာရောက် ဖူးမြော်ဦးခိုက်ကြတယ်။ ဒါပေမယ့် အဲဒီအထဲမှာ ယသော်ဓရာ ပါမလာခဲ့ဘူး။
ယောက္ခမ ဘုရင်ကြိးကိုယ်တိုင် ဘုရားကို သွားရောက်ဖူးမြော်ဖို့ ပြောပေမယ့် ဘယ်လိုပြန်ပြောတယ်
မှတ်ပါသလဲ။
Monday, April 30, 2012
ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဓါတ်တော်များပူဇော်ပွဲနှင့် မိုးကုတ်ဝိပဿနာ ၇-ရက် အထူးတရားစခန်းပွဲ
လေးစားအပ်ပါသော ဓမ္မမိတ်ဆွေ သူတော်စဉ် အပေါင်းတို့ခင်ဗျာ...
ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဓာတ်တော်များဖြစ်ကြသော
အံသွားတော်
မျက်လုံးတော်
ဆံတော်များ
အသွေး၊အသား ဓာတ်တော်များနှင့်
ဆရာတော်ကြီး၏ အသုံးအဆောင်ပစ္စည်းများကို (၇) ရက်တိုင်တိုင် ပူဇော်ပွဲနှင့် မန္တလေးမြို့
မိုးကုတ်ဝိပဿနာ မင်္ဂလာရိပ်သာ ဌာနချုပ်မှ နာယကချုပ်ဆရာတော်ဖြစ်သော အရှင် ဣန္ဒက
(ဓမ္မကထိကဆရာတော်)မှ မိုးကုတ်ဝိပဿနာ (၇)ရက် အထူးတရားစခန်းပွဲကို မေလ (၁)ရက်မှ (၇)ရက်နေ့ အထိကျင်းပသွားမည်ဖြစ်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်အသိပေး နှိုးဆော်လိုက်ရပါသည်။

Sunday, April 29, 2012
Sunday, April 22, 2012
ရှင်ပြုခြင်း
ရှင်ပြုခြင်းသည် ထေရ၀ါဒ ဗုဒ္ဓဘာသာလူမျိုးတိုင်း ရင်ဝယ်ဖြစ်သော သားယောင်္ကျားလေးကို အချိန်အခါ အရွယ်ရောက်လာလျှင် သင်္ကန်း ၀တ်ပေးခြင်းဖြစ်သည်။
မာတိကာ
1 ရှင်ပြုပွဲသမိုင်းအစ
2 ရှင်ပြုနိုင်သည့်အရွယ်
3 ရည်ရွယ်ချက်
4 အဓိကလုပ်ငန်းကြီး (၃) ရပ်
4.1 ဆံရိတ်ခြင်း (၀ါ) ဆံချခြင်း
4.2 သင်္ကန်းဆီးခြင်း
4.3 သရဏဂုံဆောက်တည်ခြင်း
5 ကြွေးတင်ကျွန်ဖြစ် ရှင်သာမဏေမဖြစ်
6 ရဟန်းသာမဏေများ သင်ကြား လေ့ကျင့်ရမည့်တရားများမှ ၇၅-မျိုး
7 ကိုးကား
ရှင်ပြုပွဲသမိုင်းအစ

ဘုရားရှင်သည် ဘုရားအဖြစ်ရောက်ရှိပြီး တစ်နှစ်မြောက်သည့်အချိန်တွင် မွေးရာဇာတိ ကပိလ၀တ်နေပြည်တော်သို့ ကြွရောက်သီတင်းသုံးတော်မူပါတယ်။ တစ်ရက်တွင် ယသော်ဓရာမိဘုရားက သားတော်ရာဟုလာကို ဘုရားရှင်ထံ အမွေတောင်းခိုင်းပါသည်။ သားတော်ရာဟုလာမှ ဘုရားရှင်ထံအမွေတောင်းသည့် အခါတွင် ဘုရားရှင်က " သာရိပုတ္တရာ ရာဟုလာကို ရှင်ပြုပေးလိုက်ပါလို့ စေခိုင်းတော်မူပါသည်။ ရှင်သာရိပုတ္တရာရဟန္တာအရှင်မြတ်ကြီးမှ မည်သို့ရှင်ပြုပေးရမလဲဟု မေးလျှောက်တဲ့အခါ ဘုရားရှင်က ရဟန်းအပေါင်းကို စုဝေးစေပြီး "ရဟန်းတို့ သရဏဂုံသုံးပါးနဲ့ ရှင်သာမဏေပြုပေးဖို့ ငါဘုရားခွင့်ပြုတော်မူပါတယ်လို့ မိန့်တော်မူပါတယ်။
ရှင်ပြုနိုင်သည့်အရွယ်
အသက်တစ်ဆယ့်ငါးနှစ်ပြည့်သူကိုသာ ရှင်ပြုပေးရန် ဘုရားရှင်မှ မိန့်ဆိုတော်မူကြောင်း ၀ိနည်းမဟာဝါပါဠိတော်တွင်ပါရှိပါသည်။ သို့ရာတွင်မိဘများကွယ်လွန်သွားသဖြင့် ခိုကိုးရာမဲ့နေသော ကလေးငယ်နှစ်ဦးကိုသာသနာ့ဘောင်အတွင်းသို့ သွတ်သွင်းချင်၍ ညီတော်အာနန္ဒာမထေရ်က ဘုရားရှင်ထံသို့လျှောက်ထားသောအခါ အသက်တစ်ဆယ့် ငါးနှစ်မပြည့်သေးသော်လည်း မိမိရှေ့တွင်ချထားသောဆွမ်းကို ကျီးမလာအောင် ခြောက်လှန့်နိုင်ခဲ့လျှင် ဒီသူငယ်ကို ရှင်ပြုပေးနိုင်တယ်လို့ ထပ်ဆင့်သတ်မှတ်တော် မူခဲ့ပါတယ်။
Friday, April 06, 2012
မေတ္တသုတ် ( မြန်မာပြန် အဓိပ္ပါယ် )
၁။ယဿာနုဘာဝတော ယက္ခာ၊
နေ၀ ဒေဿန္တိ ဘီသနံ။
ယဥှိ စေ၀ါနုယုဉ္ဇန္တော၊
ရတ္တိန္ဒိဝ မတန္ဒိတော။
နေ၀ ဒေဿန္တိ ဘီသနံ။
ယဥှိ စေ၀ါနုယုဉ္ဇန္တော၊
ရတ္တိန္ဒိဝ မတန္ဒိတော။
မေတ္တသုတ်ပရိတ်တော်၏ တန်ခိုးရှိန်စော် အာနုဘော်ကြောင့် ကြမ်းတမ်းခက်ထန်သော ဘီလူး သရဲစသော နာနာဘာဝတို့သည် မခြောက်လှန့်နိုင်ကြကုန်၊ ယင်းသုတ်ကို နေ့ညမပြတ် ရွတ်ဖတ်သရဇ္ဈာယ်သောသူသည်...
၂။ သုခံ သုပတိ သုတ္တော စ၊
ပါပံ ကိဉ္စိ န ပဿတိ။
ဧ၀မာဒိ ဂုဏူပေတံ။
ပရိတ္တံ တံ ဘဏာမ ဟေ။
ပါပံ ကိဉ္စိ န ပဿတိ။
ဧ၀မာဒိ ဂုဏူပေတံ။
ပရိတ္တံ တံ ဘဏာမ ဟေ။
ချမ်းသာစွာ အိပ်ပျော်ခြင်း၊ အိပ်နေစဉ်လည်း အိပ်မက်ဆိုးများ မမြင်မက်ခြင်းစသော အကျိုးဂုဏ်များရှိသောကြောင့် - အို သူတော်ကောင်းအပေါင်းတို့ ငါတို့ ရွတ်ဆိုကြပါစို့…
၃။ကရဏီယ မတ္ထကုသလေန၊
ယန္တ သန္တံ ပဒံ အဘိသမေစ္စ။
သက္ကော ဥဇူ စ သုဟုဇူ စ၊
သုဝစော စဿ မုဒု အနတိမာနိ၊
ယန္တ သန္တံ ပဒံ အဘိသမေစ္စ။
သက္ကော ဥဇူ စ သုဟုဇူ စ၊
သုဝစော စဿ မုဒု အနတိမာနိ၊
အကျိုးစီးပွားလိုလား၍ လိမ္မာကျွမ်းကျင်သောအမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့သည် ငြိမ်သက်အေးချမ်းသော နိဗ္ဗာန်၏ ဂုဏ်တို့ကို အာရုံပြုကာ ယခုကဲ့သို့မေတ္တာပွားမှုကို ပြုသင့်ပါပေ၏၊ ထိုသို့ မေတ္တာပွားလိုသူသည် တစိုက်မတ်မတ်စွမ်းနိုင်အောင် ပွားများအပ်၏၊ ကိုယ်စိတ်နှစ်ပါး ရိုးသားဖြောင့်မတ်သင့်၏၊ အလွန် ရိုးဖြောင့်သူ ဖြစ်သင့်၏၊ ဆုံးမလွယ်သူ၊ သူတပါး၏စကားကို နာခံလွယ်သူဖြစ်ပြီး ကိုယ်နှုတ်နှလုံး သိမ်မွေ့ကာ ကိုယ့်ကိုယ်ကို အထင်ကြီးခြင်းမာန်မာနလဲ မထားသင့်ပေ။
Monday, March 26, 2012
Sunday, March 25, 2012
ဘုရား ရှိခိုးရန် သိသင့်သော အချက် (၅)ချက်
ကျွန်တော် အမြဲ ဘုရား ရှိခိုးတဲ့ နည်းလေးပါ။လူတိုင်းကို ဒီနည်းအတိုင်း ဘုရားရှိခိုး စေချင်လို့ပါ။ ကျွန်တော် ရဟန်းခံစဉ်က မဟာစည် ဆရာတော်ဘုရားကြီး သင်ကြား ပေးလိုက်တာပါ။ ဆရာတော် ဘုရားရဲ့ ဘွဲ့ကို ကျွန်တော် မရေးတတ်လို့ပါ။ ဆရာတော်ဘုရားကြီးက ကျွန်တော်ကို ဒကာ ဘုရားရှိခိုးတာ အချက် (၅)ချက်
ပြည့်အောင် ကန်တော့ရဲ့လား။ တပည့်တော်က ထိချင်း (၅)ပါးပဲ သိပါတယ် ဘုရား။
အေး ဒကာ သိအောင်ပြောပြ မယ်။
(၁) ဘုရား ၊ တရား ၊ သံဃာ ၊ မိဘ ၊ ဆရာ တို့ကို အရင် ကန်တော့ပါ။
(၂) အပါယ် ဖျက် ရတယ်။ ဒီအချက်က လူတိုင်း မသိကြ ဘူး။

အရိမေတ္တယမြတ်စွာဘုရားအကြောင်း သိကောင်းစရာများ - ပဲခူးဆရာတော် ဘဒ္ဒန္တတေဇောသာရ
From www.dhammavideo.com
Posted by Htun
Subscribe to:
Posts (Atom)