Showing posts with label အလုပ်အကိုင်. Show all posts
Showing posts with label အလုပ်အကိုင်. Show all posts
Monday, September 03, 2012
လုပ်ငန်းခွင်အတွင်း ဘာကြောင့် ၀န်ထမ်း မမြဲကြတာလဲ
စီးပွားရေးလုပ်ငန်း
လုပ်ဆောင်ရခြင်း၏ ပဓာနကျသော ရည်ရွယ်ချက်မှာ လုပ်ငန်းရှင်များရဲ့ အခြေခံလိုအပ်ချက်များ
ပြည့်မှီရေးပင် ဖြစ်ပါတယ်။ ခုနောက်ပိုင်း ၀န်ထမ်းများသည် ကုမ္ပဏီတစ်ခုတွင် အချိန်အတော်ကြာ
ဝင်ရောက်လုပ်ဆောင်ခြင်းမျိုးကို လုပ်ဆောင်ကြခြင်းမရှိပဲ တစ်နေရာမှ နောက်တစ်နေရာသို့
ကူးပြောင်းမှုများ ဖြစ်ပေါ်နေလျှက်ရှိတာကို တွေ့ရှိရခြင်းကြောင့် ဘာတွေကြောင့် ပြောင်းလဲမှုတွေလုပ်နေသလဲဆိုတာ
ဆန်းစစ်ကြည့်မိပါတယ်။ အမှန်တော့ ၀န်ထမ်းဆိုတာကလည်း တစ်နေရာမှ တစ်နေရာသို့ ကူးပြောင်းချင်ကြမှာ
မဟုတ်ပါဘူး။ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေရဲ့ ဖွဲ့စည်းပုံကြောင့်လား ဒါမှမဟုတ် လုပ်ခလစာငွေကြောင့်လား၊
နောက်တစ်နည်း စဉ်းစားကြည့်မိပြန်တော့ အလုပ်ရှင်တွေနဲ့ သဟဇာတ မဖြစ်ကြလို့လား။ ပြောရရင်တော့
ကုမ္ပဏီအတော်များများရဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံတွေကတော့ မြန်မာနိုင်ငံမှာ
Management အတော်လိုသေးတယ်လို့ မြင်မိပါတယ်။ ပြောတော့သာ Human Resource၊ Human
Resource နေရာတိုင်းမှာ ကြားနေရတယ်။ ဒီတော့ ပြန်လည် သုံးသပ်ကြည့်မိတယ်။ ဒီ Human
Resource ဆိုတာကြီးက ဘာလဲပေါ့။ တကယ်လို့သာ HR အဲ အလွယ်ပဲ ခေါ်လိုက်မယ်။ အမှန်တကယ်သာ
HR နဲ့သာ စနစ်တကျ စီမံအုပ်ချုပ်မယ်ဆိုရင် ဒီဝန်ထမ်းတွေ အလုပ်ကထွက်စရာအကြောင်း မရှိဘူးလို့
မြင်မိတယ်။ ကျွန်မ သိသလောက် သုံးသပ်ကြည့်မယ်။ HRဆိုတာ Humanတွေကို Focus လုပ်တာ။ နောက်
HRနဲ့လည်း မပြီးပြန်ဘူး၊ Admin ဆိုတာ ပါရဦးမယ်။ ဒီနှစ်ခုကို ခွဲခြားကြည့်တော့
Adminပိုင်းက ဥပဒေအတိုင်းတို့၊ စည်းမျဉ်း စည်းကမ်းအတိုင်း အုပ်ချုပ်ပြီး လုပ်ငန်းခွင်အတွင်း
လူမှမဟုတ် အရာအားလုံးကို စီမံတာလို့ မြင်မိပါတယ်။ နောက်တစ်ပိုင်း HRရဲ့ သဘော သဘာဝကတော့
လူတွေကို ဂရုစိုက်ပြီး အဓိကက လူတွေကို ကိုင်တွယ်တယ်။ နောက်တစ်ချက်ကတော့ လူကို လူသားကဲ့သို့
ပုံစံမြင်ပြီး ဆက်ဆံတဲ့ ပုံစံပိုင်းကို ဆိုလိုခြင်း ဖြစ်ပါတယ်။
Saturday, July 14, 2012
Dependent's Pass နောက်ဆက်တွဲ
ဟိုတလောက Dependent's Pass နဲ့ပတ်သက်လို့ Post တစ်ခုတင်ခဲ့ပါတယ်။ MoM ရဲ့  Laws ပြောင်းသွားပြန်တဲ့ အတွက် EP (သို့) S-Pass Holder တစ်ယောက်ဟာ အနည်းဆုံး လစာ $4000 ရမှ သူ့ရဲ့  မိသားစု ကို စင်္ကာပူသို့ အတူနေဖို့ ခေါ်လို့ ရပါတော့မယ်။ ဒါဟာ စက်တင်ဘာ (၁)ရက်နေ့ ကစပြီး အသက်ဝင်တော့မှာ ဖြစ်ပါတယ်။ စက်တင်ဘာ (၁)ရက်နေ့မတိုင်မီတော့ New Application တွေကို $2800 နဲ့ Approve လုပ်ပေးနေဦးမှာ ဖြစ်တယ်လို့တော့ MoM Website မှာဖော်ပြထားပါတယ်။ ဆိုတော့ လက်ရှိမှာ လစာ အနည်းဆုံး $2800 ရနေတဲ့ သူတွေအနေနဲ့ မိသားစုကို ခေါ်ထားချင်တယ်ဆိုရင် စက်တင်ဘာ (၁) ရက်နေ့မတိုင်မီမှာ အမြန်လျှောက်ရမှာ ဖြစ်ပါတယ်။ ဒီမှာ သွားကြည့်နိုင်ပါတယ်။
ဒီနေရာမှာ မရှင်းတာလေးတွေရှိလာပါတယ်။ လက်ရှိ DP နဲ့နေ နေတဲ့သူတွေကို ဒီ ဥပဒေ အသစ်က ဘယ်လို Effect တွေသက်ရောက်မလဲ ဆိုတာနဲ့ အခြားဟာလေးတွေပေါ့။ MoM Website ရဲ့  FAQs မှာ PDF ဖိုင်လေးနဲ့ သိထားသင့်တဲ့ အချက်အလက် အတော်များများကို အမေးအဖြေ ပြုလုပ်ပေးထားပါတယ်။ ဒီမှာ ဖတ်ကြည့်နိုင်ပါတယ်။
နားလည်သလောက်ဆိုရင်တော့ အခုလို သူတို့လုပ်တာက Non-resident population ကို လျှော့ချ ချင်တာက အဓိက အချက်ပဲ ဖြစ်ပါတယ်။
FAQs မှာဖတ်ကြည့် ရသလောက် လက်ရှိ DP နဲ့ နေ နေတဲ့ သူတွေနဲ့ စက်တင်ဘာ (၁)ရက်နေ့ မတိုင်မီ Approved ဖြစ်ထားတဲ့ သူတွေ အတွက် ဒီဥပဒေ အသစ်က အကျိုးသက်ရောက် မှုရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် Main Pass Holder အနေနဲ့ လက်ရှိ Employer အောက်မှာပဲ ဆက်ပြီး အလုပ်လုပ်နေ ရမှာ ဖြစ်ပါတယ်။ Employer change သွားတာနဲ့ ဒီဥပဒေ အသစ်က အကျုံးဝင်သွားပါပြီ။
FAQs မှာ ဒီလိုဖော်ပြထားသော်လည်း ကျွန်တော့် အနေနဲ့ ပိုပြီး ရှင်းရှင်း လင်းလင်း သိချင်တဲ့ အတွက် MoM ကို Mail ပို့ပြီး သေချာအောင်ထပ် မေးလိုက်ပါတယ်။
၁) မိသားစု အနေနဲ့ DP ရထားပြီးဖြစ်တယ်
၂) လက်ရှိ ကျွန်တော့် အနေနဲ့ လစာ $4000 လဲမရသေးဘူး
၃) စက်တင်ဘာ (၁) ရက်နေ့ နောက်ပိုင်းမှာ Pass ကို Renew လုပ်ရတော့မယ်
၎) ကိုယ်ကတော့ လက်ရှိ အလုပ်ကို သက်တမ်းတိုးတာ ဆိုတော့ အများအားဖြင့် Approved ဖြစ်မယ်လို့ ယူဆတယ်။ ကိုယ်တိုးပြီဆိုတာနဲ့ မိသားစု အတွက် တိုးရတော့မယ်။ ဒါဆို ဒီဥပဒေ အသစ်နဲ့ ငြိပြီး Rejected များဖြစ်နိုင်မလားဆိုပြီး မေးလိုက်ပါတယ်။
မနေ့က MoM ကနေ ကျွန်တော့ဆီကို ဖုန်းဆက်ပြီးဖြေပါတယ်။ ဒီဥပဒေ အသစ်က ကျွန်တော့်လို အခြေအနေ အတွက် Affected မဖြစ်ပါဘူး၊ ကျွန်တော် သက်တမ်းတိုးလို့ Approved ဖြစ်ရင် ကျန်တဲ့ ကျွန်တော့် မိသားစု အတွက်လဲ Approved ဖြစ်ပါလိမ့်မယ်ဆိုပြီးဖြေပါတယ်။ ဒါဟာ New Application အတွက် သက်သက်ပဲ သက်ရောက်ပါလိမ့်မယ် ဆိုပြီး ဖြေပါတယ်။
ကျွန်တော်သိတာလေးကို ကျွန်တော့်လို သိချင်တဲ့သူတွေ ရှိရင် သိရအောင် ပြန် လည်ဖော်ပြ လိုက်တာပါ။
Posted by ဂျစ်တီး

Tuesday, July 10, 2012
Friday, July 06, 2012
အလုပ်အကိုင်ရှာဖွေနေသူများအတွက် (၂) လသင်တန်းများ
ဟိုတယ်ကြီးများ ၊စားသောက်ဆိုင်ကြီးများ ၊သဘောင်္လိုင်း၊
လေကြောင်းများနှင့်အရောင်းဆိုင်
လေကြောင်းများနှင့်အရောင်းဆိုင်
တွင်အလုပ်အကိုင်ရရှိနိုင်သည့်ြ
(ရန်ကုန်ဇုန်) မှ အသိအမှတ်ပြု Certificate ချီးမြှင့်သည့်
(၁) ဟိုတယ်စားဖိုမှူးသင်တန်း (၂)နိုင်ငံတကာမုန့်ဖုတ်သင်တန်း (၃)
ဟိုတယ်စားပွဲထိုးသင်တန်း
(၄) ဟိုတယ်ဧည့်ကြိုနှင့်လေယာဉ်မယ် (၅) ဟိုတယ်အိပ်ခန်းဆောင်ထိန်း
(၆)ဘားဝန်ထမ်း
(၇)အရောင်းနှင့် စာရင်းကိုင်သင်တန်း
အထက်ပါသင်တန်းတစ်ခုတက်လျှင် အင်္ဂလိပ်ဘာသာစကား၊ ကွန်ပျူတာနှင့်
အင်တာနက်အခမဲ့ အတတ်သင်ပေးသည်။ ယူနီဖောင်းတစ်စုံပေးသည်။ ရန်ကုန်မြို့ရှိ
ဟိုတယ်ကြီးများနှင့် စားသောက်ဆိုင်များသို့ လေ့လာရေး
ခရီးပို့ဆောင်ပေးသည်။ ဟိုတယ်ကြီးများမှ HR များနှင် ဆက်သွယ်ထားရှိပြီး
အလုပ်အကိုင် ရရှိနိုင်ရေး ကူညီဆောင်ရွက်ပေးသည်။
DIPLOMA IN HOTEL MANAGEMENT(CTH)
CTHသည် အင်္ဂလန်နိုင်ငံအစိုးရအသိအမှတ်ပြု အောင်လက်မှတ်
ထုတ်ပေးသည့်အဖွဲ့အစည်း Confederation of Tourism and Hospitality
ဖြစ်သည်။ ဘာသာရပ် (Module) ၁၀-ခု သင်ကြားသည်။ တစ်နှစ်လျှင် ဇန်န၀ါရီ၊ဇွန်
နှင့် စက်တင်ဘာလတွင် စာမေးပွဲ (၃) ကြိမ်ရှိသည်။
မိမိပိုင်နိုင်ရာဘာသာရပ်ကို ဖြေဆိုနိုင်သည်။ဘာသာရပ်(၁၀) ခုပြီးစီးပါက
Diploma in Hotel Management ကို အင်္ဂလန်နိုင်ငံမှ ချီးမြှင့်သည်။
အင်္ဂလိပ်ဘာသာစကားနှင့် I.C.T ကျွမ်းကျင်သင်တန်းများ
အင်္ဂလိပ်ဘာသာစကား နှင့် I.C.T ကို ကျွမ်းကျင်စွာတတ်မြောက်လိုသူမျာ
အလုပ်အကိုင် အင်တာဗျူး ၀င်လို သူများအတွက်
ဖွင့်လှစ်ထားသောသင်တန်းများဖြစ်
0973050603 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါ
Source: http://www.komoethee.blogspot.sg/
Posted by ဂျစ်တီး
Saturday, June 30, 2012
အလုပ်အကိုင် အခွင့်အလမ်း
Marine Engine နဲ့ပတ်သက်လို့ ခိုင်ခိုင်မာမာ ရပ်တည်လျှက်ရှိတဲ့ ကုမ္ပ္ပဏီ "Wartsila" ဟာ ဒီရက်ပိုင်းမှာပဲ မြန်မာပြည် ကိုသွားပြီး လူခေါ်ဖို့ ရှိပါတယ်။ အလုပ်သမားကနေ အင်ဂျင်နီယာ position အထိ ခေါ်ဖွယ်ရှိတယ် လို့ သိရပါတယ်။ စိတ်ပါဝင်စားသူတွေ အနေနဲ့ အောက်ပါလိပ်စာ အတိုင်းဆက်သွယ်မေးမြန်းကြည့်နိုင်ပါတယ်။
ဦးသိန်း.ဟန်
Golden Falcon
44th Street
Lower Block
2nd Floor
Posted by ဂျွန်
ဦးသိန်း.ဟန်
Golden Falcon
44th Street
Lower Block
2nd Floor
Posted by ဂျွန်
Thursday, May 24, 2012
Friday, May 04, 2012
Saturday, April 07, 2012
ပရောဂျက် အင်ဂျင်နီယာ နဲ့ Lifting စပါယ်ရှယ်လစ်

Mun Siong Engineering Limited
|
Mun Siong Engineering Limited is an integrated mechanical engineering, electrical and instrumentation service provider in the process industries. With a wide range of highly efficient specialized in-house services, the Group is able to provide comprehensive integrated solutions to its customers, which include petroleum majors, petrochemical companies and multi-national engineering, procurement and construction contractors.
Project EngineerAcross Singapore
Responsibilities:
- Effectively follow up the progress of the assigned projects through different phases on safety, schedule, budget, and quality
- Work in close liaison with the Planning section to get the projects scheduled for execution and ensure timely material delivery.
- Provide regular feedback on the project status to management.
- Liaise with vendors and contractors, procurement approvals for purchase of materials, etc.,
- Liaise with the client on project requirements and various departments on engineering, procurement, budget control, etc
- Ensure that Quality, Health, Safety and Environmental Standards are met.
Requirements:
- Candidate must possess at least diploma or Degree in Mechanical Engineering or equivalent.
- At least 2 year(s) of working experience in Construction Projects.
- Good working knowledge of relevant international standards on project management.
- Possess good communication, interpersonal and analytical skills.
Interested applicants, please submit your full CV with present, expected salaries, contact number(s) and notice period required by email to:
or
htun.myint.htay@mun-siong.com or
write in to
Mun Siong Engineering Limited
Human Resource Department
35 Tuas Road, Jurong
Singapore 638496
Human Resource Department
35 Tuas Road, Jurong
Singapore 638496
အလုပ်ပြောင်းဖို့ ရှာနေသော မြန်မာအင်ဂျင်နီယာများ လျောက်နိုင်ပါတယ်။
ထွန်းမြင့်ဌေး (9645 6244 or 9080 1253)
Posted by Htun
Sunday, April 01, 2012
အလုပ်လုပ်ချိန်မှာ အစဉ်လိုက်သိသင့်သောအရာ ၁ဝခု
(၁) အလုပ်အကိုင် အရင်တန်ဖိုးထား၊ အသိအမှတ်ပြုပါ။ ပြီးမှ ရာထူးတိုးအောင်လုပ်ပါ။
(၂) ပြောဆိုဆက်ဆံရေး တူညီမှုအရင်ရယူပါ။ ပြီးမှ ကွဲလွဲတာကို ဆွေးနွေးပါ။
(၃) အကောင်အထည်ဖော်မှု ဖြစ်မြောက်အောင်အရင်လုပ်ပါ။ ပြီးမှ အကောင်းဆုံးဖြစ်အောင်ကြိုးပမ်းပါ။
(၄) သင်ယူမှု အရင်ဆုံးမှတ်သားပါ။ ပြီးမှ မှတ်ဉာဏ်ထဲထည့်ပါ။
(၅) ပြုလုပ်ဖန်ဆင်းမှု အရင်ဆုံး အတုယူပါ။ ပြီးမှ ဆန်းသစ်တီထွင်ပါ။
(၆) စီးပွားရေးလုပ်ငန်း အရင်ဆုံးဖြစ်ထွန်းအောင်ပျိုးထောင်ပါ။ ပြီးမှ အောင်မြင်မှုကိုရယူပါ။
(၇) ဖွံ့ဖြိုးတိုးတက်မှု အရင်ဆုံး မတ်မတ်ရပ်နိုင်အောင်လုပ်ပါ။ ပြီးမှ မြင့်မားအောင်လုပ်ပါ။
(၈) လူလူချင်းဆက်ဆံရေး လဲလှယ်ပြောဆိုပါ။ ပြီးမှ စိတ်အချင်းချင်း ဖလှယ်ပါ။
(၉) ကိုယ့်ကိုယ်ကို ကောင်းအောင်အရင်လုပ်ပါ။ ပြီးမှ တခြားလူကို တောင်းဆိုပါ။
(၁ဝ) စိတ်ခံစားချက်ကို အရင်ဖြေရှင်းပါ။ ပြီးမှ ကိစ္စရပ်ကို ဖြေရှင်းပါ။
Ref: Nine Nine Sanay @ နိုင်းနိုင်းစနေ
Posted by KAE
Wednesday, December 07, 2011
ဂျပန်နိုင်ငံမှ မြန်မာကျွမ်းကျင်အလုပ်သမား ခေါ်ယူမူ
ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်သော ဂျပန်နိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများ၊ ဆောက်လုပ်ရေး လုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်ရန် ကျွမ်းကျင်မြန်မာအလုပ်သမားများကို ခေါ်ယူမှုများရှိလာကြောင်း ရန်ကုန်မြို့တော်အခြေစိုက် ပြည်ပအလုပ်အကိုင် အေဂျင်စီဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
ဂျပန်နိုင်ငံက မြန်မာအလုပ်သမားများခေါ်ယူရာတွင် ယခင်က Training Visa (အလုပ်သင်ဗီဇာ) ဖြင့် အလုပ်သမားခေါ်ယူမှုများသာ အများဆုံးရှိခဲ့ရာWork Visa (ကျွမ်းကျင်လုပ်သားဗီဇာ)သည် Training Visa ထက်ပိုအခြေအနေကောင်းလာသဖြင့် Work Visa ဖြင့် အလုပ်သမားခေါ်ယူမှု များရှိလာခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော်အခြေစိုက် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများထံမှ စုံစမ်းသိရှိရသည်။
Saturday, November 19, 2011
Cover letter အကြောင်း
Cover letter သည် သင်ပေးပို့လိုက်တဲ့ ကိုယ်ရေးရာဇ၀င်နှင့် တစ်ပါတည်း ပါသွားရမှာ ဖြစ်ပါတယ်။ သင်လျှောက်ထားတဲ့ အလုပ်အတွက် လူတွေ့စစ်ဆေးခံရခြင်းနှင့် သင့်ရဲ့ကိုယ်ရေးရာဇ၀င် လစ်လျူရှုခံရခြင်းတို့သည် cover letter ပေါ်မှာ မူတည်ပါသည်။ ထို့ကြောင့် လိုအပ်တဲ့အချိန်ကိုယူပြီး အကျိုးရှိစေမည့် cover letter ရေးခြင်းဟာ အဓိပ္ပါယ်ရှိပါတယ်။
Cover letter အမျိုးအစားများ
အလုပ်ရှာဖွေတဲ့အခါ - အလုပ်ကို လျှောက်ပုံ လျှောက်နည်း (သို့) အလုပ်လျှောက်ရာတွင် အကူအညီ ရယူခြင်းတို့နှင့် သင့်တော်မည့် cover letter မျိုးကို ရွေးချယ်တတ်ဖို့ အရေးကြီးပါတယ်။ cover letter အမျိုးအစားများနှင့် ၎င်းတို့ကို ဘယ်အခါမှာအသုံးပြုရမယ်ဆိုတဲ့ အချက်တွေကို အောက်တွင်ဖော်ပြလိုက်ပါတယ်။
Cover letter ပုံစံ
Cover letter သည် ရုံးစာရဲ့ အခြေခံကျတဲ့ပုံစံနှင့် ကိုက်ညီပြီး ဒီစာကိုရေးရတဲ့အကြောင်းရင်း၊ ကိုယ့်အနေနဲ့ ကမ်းလှမ်းနိုင်တဲ့အရာများ၊ ဘယ်လိုဆက်လက်ဆောင်ရွက်သွားမယ်ဆိုတဲ့ အချက် (၃) ချက်ကို ထည့်သွင်းရေးသားရမှာ ဖြစ်ပါတယ်။
Thursday, October 20, 2011
S’pass လျှောက်ထားနိုင်သည့် စင်ကာပူနိုင်ငံမှ Diploma in Tourism
စင်ကာပူ၌ အဆင့်မြင့်ကျွမ်းကျင်လုပ်သား (S’pass) လျှောက်ထားနိုင်သည့် Diploma in Tourism ဘာသာရပ်လျှောက်လွှာများကို စင်ကာပူနိုင်ငံမှ ခေါ်ယူနေပြီဖြစ်ကြောင်း သိရသည်။ စင်ကာပူ အလုပ်သမားဝန်ကြီးဌာန လက်အောက်ရှိ လုပ်အားဖွံ့ဖြိုးရေးအေဂျင်စီ (WSQ)မှ ချီးမြှင့်သည့်အဆိုပါ ဒီပလိုမာဘာသာရပ်ကို အသက် ၁၆ နှစ်ပြည့်ပြီး ဘွဲ့တစ်ခုခုရရှိထားသူများ စတင်လျှောက်ထားနိုင်မည်ဖြစ်သည်။ ထိုလျှောက်ထားသူကို ခရီးသွားကုမ္ပဏီများတွင် လက်တွေ့အလုပ်လုပ်ခွင့် တစ်နှစ်စီစဉ်ပေးမည်ဖြစ်ကြောင်း သိရသည်။ ”အဲဒီတစ်နှစ်အတွင်းမှာ သူတို့သတ်မှတ်ထားတဲ့ လုပ်ခလစာတွေ ခံစားခွင့်ရှိတဲ့အပြင် ထူးခြားတာက လျှောက်ထားသူဟာ တက္ကသိုလ်ဝင်တန်း အမှတ်စာရင်း ပြည့်မီတယ်ဆိုရင် WSQ Certificate ၄ လပြီးဆုံးတာနဲ့ ပိုလီကျောင်းတွေကို ဆက်လက်လျှောက်ထားခွင့် ရှိတယ်ဆိုတာပဲ”ဟု Crown မှ ဦးအောင်ကျော်ဆန်းက ပြောသည်။ ဟို တယ်နှင့်ခရီးသွားဘာသာရပ်ဖြင့် စင်ကာပူနိုင်ငံသို့ သွားရောက် ပညာသင်ကြားမှုနှုန်းမှာ ၂ဝဝ၆ ခုနှစ်မှစ၍ တရိပ်ရိပ်တက်လာပြီး ၂ဝဝ၈ ခုနှစ်တွင် အမြင့်ဆုံးနေရာတစ်ခုကို ရောက်ခဲ့သည်အထိ ဖြစ်ခဲ့သည့် နိုင်ငံခြားပညာရေးလမ်းကြောင်း မြန်မာနိုင်ငံတွင်ရှိခဲ့ကြောင်း ပညာရေးအတိုင်ပင်ခံအချို့က သုံးသပ်ကြသည်။ ”ဒီလို အစဉ်အလာတွေရှိခဲ့ပေမယ့် ၂ဝဝ၈ အမြင့်ဆုံးစံချိန်ကို ၂ဝဝ၉ ကစပြီး ထက်ဝက်ချိုးကျဆင်းလာမှုတွေကနေ ၂ဝ၁ဝ-၂ဝ၁၁ အထိကို တက်မလာသေးဘူး။ ဒါကဘာကြောင့်လဲဆိုတာကို ဆန်းစစ်ကြည့်ကြဖို့လိုနေပြီ။ဒါပေမဲ့ WSQ ကပေးတဲ့အကြောင်းကရော ရှေ့အလားအလာ ကောင်းမကောင်းဆိုတာကို စောင့်ကြည့်ကြဖို့ပဲရှိတော့တယ်” ဟု နိုင်ငံခြားပညာရေးလေ့လာနေသူ အသက် ၃ဝ အရွယ်ရှိလူငယ်တစ်ဦးက ပြောသည်။ ကုန်ကျစရိတ်များအပါအဝင် အသေးစိတ်အချက်အလက် များကို ဖော်ပြထားသည့် WSQ Tourism ၏တရားဝင်ဝက်ဘ်ဆိုက် http://tmis.edu.sg တွင်ဝင်ရောက် ကြည့်ရှုရန်လိုမည်ဖြစ်ကြောင်းနှင့် ယင်းနိုင်ငံတို့ရှိ ၄င်းနယ်ပယ်အတွေ့အကြုံရှိသူများကိုပါ စုံစမ်း မေးမြန်းစေလိုကြောင်း ပညာရေးကျွမ်းကျင်သူများထံမှ သိရသည်။
Posted by အိမ်လွမ်းသူ
Monday, September 05, 2011
Personal Interview တွင်မေးလေ့မေးထရှိသော အမေးအဖြေများ
Personal Interview တွင် ဘယ်လိုမေးခွန်းမျိုး မေးလာမည်ဆိုတာကို အတိအကျမှန်းဆဖို့ရာ မဖြစ်နိုင်မေမဲ့လည်း လူတွေ့စစ်ဆေးရာတွင် အများဆုံး မေးလေ့မေးထရှိသော မေးခွန်းများကို ဖြေနိုင်အောင် လေ့ကျင့်ထားခြင်းဖြင့် သင့်ကိုယ်သင်ပြင်ဆင်ထားနိုင်ပါသည်။ ဒီပြင်ဆင်မှုမျိုးသည် သင့်ကို တွေ့ဆုံ မေးမြန်းနေစဉ်အတွင်း စိတ်တည်ငြိမ်မှုရှိအောင် ပံ့ပိုးပေးရုံသာမက ရလဒ်ကိုလည်း ထိန်းချုပ်နိုင်အောင် ကူညီပေးပါသည်။
သင့်ရဲ့ကျွမ်းကျင်မှုဟာ ဘာပဲဖြစ်နေပါစေ တွေ့ဆုံမေးမြန်းသူတိုင်းလိုလို မေးတတ်တာကတော့ မေးခွန်း ၅-ခုပါပဲ။
သင့်အကြောင်းပြောပြနိုင်မလား (Can you tell me about yourself?)
ဒီမေးခွန်ဟာ Personal Interview တွေမှာတော့ အမုန်းဆုံးနှင့် အမေးအများဆုံးမေးခွန်းဖြစ်ပါတယ်။ တွေ့ဆုံမေးမြန်းခြင်းရဲ့အစမှာ မေးလေ့မေးထရှိပြီး ဒီမေးခွန်းဟာ မေးမြန်းသူကို သင်နှင့်သင့်ရဲ့စွမ်းရည်ကို သိနိုင်မဲ့ အခွင့်အရေးကိုပေးပါတယ်။ သင်ဖြေတဲ့အခါမှတော့ သင့်ရဲ့ပင်ကိုယ်စရိုက်၊ စွမ်းရည်၊ အတွေ့အကြုံနှင့် အလုပ်ရာဇ၀င်တို့ကို အတိုချုပ်ဖြေလိုက်ပါ။ သင်ဟာ ဘာ့ကြောင့် အဲဒီအလုပ်အတွက် သင့်တော်တဲ့သူ ဖြစ်ပါတယ်ဆိုတာကို သရုပ်ဖော်သွားမယ့် အချက်များကိုသာ အဓိကထားပြီးဖြေဆိုပါ။
ဒီမှာ ဘာ့ကြောင့် အလုပ်လုပ်ချင်တာလဲ (Why do you want to work here?)
အဲဒီမေးခွန်းမျိုးကို- “ဘာကြောင့်လဲဆိုတော့ ကျွန်တော်/ကျွန်မ အလုပ်တကယ်လိုနေတဲ့အချိန်မှာ ဒီကလည်း ခေါ်လို့ပါ” ဆိုတဲ့ အဖြေမျိုးကို မဖြေမိပါစေနဲ့။ ဘယ်လောက်ပဲ မှန်နေပါစေ။ အဲဒီလိုမျိုးတော့ လုံးဝ မဖြေလိုက်ပါနဲ့။ တွေ့ဆုံမေးမြန်းမှုမတိုင်ခင် သုတေသနပြုခဲ့မယ်ဆိုရင်တော့ ဒီမေးခွန်းကို ဖြေနိုင်မှာပါ။ ကုမ္ပဏီအကြောင်း သင်သိထားသမျှကို အသုံးချလိုက်ပါ။ မေးမြန်းသူအား သင်ဟာ ကုမ္ပဏီနှင့် ၄င်း၏ အလေ့အကျင့်များ (သို့) ရလဒ်များကို ဘာ့ကြောင့် အားကျတယ်ဆိုတာကို ပြောပြပါ။ တခြားအရာတွေက မအောင်မြင်ဘူးဆိုရင် သင့်ရဲ့စွမ်းရည်တွေနဲ့ အလုပ်ရဲ့လိုအပ်ချက်တွေကို ဆက်စပ်ပြပါ။ သင်ဟာ ဘာကြောင့် သူတို့ကုမ္ပဏီအတွက်သင့်တော်တယ်ဆိုတာကို မေးမြန်းသူအား ပြောပြပါ။
ဘာ့ကြောင့် သင့်ကို အလုပ်ခန့်ရမှာလဲ (Why should we hire you?)
ဒီမေးခွန်းကတော့ သင်အမေးခံရမယ့် မေးခွန်းတွေထဲက အရေးကြီးဆုံးသော မေးခွန်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် သင့်မှာလည်း ခိုင်လုံတဲ့အဖြေတစ်ခုရှိထားဖို့ အသေအချာ စီစဉ်ထားပါ။ သင်ဟာ ဘာ့ကြောင့် ၀န်ထမ်းကောင်းတစ်ဦး ဖြစ်နိုင်တယ်ဆိုတာရယ်၊ သင်ဟာဒီအလုပ်နဲ့ဘာကြောင့်သင့်တော်တယ်ဆိုတာရယ်၊ တခြား အလုပ်လာလျှောက်သူတွေထက် သင်ဟာ ဘယ်အချက်မှာ သာတယ်ဆိုတာရယ်တွေကို အသေးစိတ်ရှင်းပြပါ။ သင့်ရဲ့ အောင်မြင်မှုတွေ ကျွမ်းကျင်မှုတွေ၊ အသုံးချနိုင်မဲ့ အတွေ့အကြုံတွေကို ထောက်ပြပါ။
နောက်ဆုံးအလုပ်က ဘာကြောင့်ထွက်ခဲ့သလဲ? (Why did you leave your last job?)
ဒီမေးခွန်းဟာ မေးခွန်းမေးခြင်းထက် စစ်ဆေးတာဆိုရင် ပိုမှန်မယ်။ မေးမြန်းသူအနေနဲ့ သင့်စိတ်ကို ဘယ်အရာက လှုပ်ရှားစေမလဲဆိုတာကို သိချင်လို့ပဲ။ တတ်နိုင်သမျှ အမှန်တရားကိုပဲဖြေပါ။ ဘာပဲလုပ်လုပ် နာကြည်းပုံ၊ စိတ်ဆိုးတဲ့ပုံ၊ စိတ်ကြီးတဲ့ပုံမပေါက်ပါစေနဲ့။ အရင်ကုမ္ပဏီ၊အလုပ်ရှင် နဲ့ လုပ်ဖော် ကိုင်ဖက်များ အကြောင်းမကောင်း မပြောမိပါစေနဲ့။
နောက် ၅ နှစ်ကြာရင် သင့်ကိုယ်သင် ဘယ်မှာမြင်လဲ? (Where do you see yourself in 5 years?)
ဘာကြောင့်များ တွေ့ဆုံမေးမြန်းသူတွေက ဒီမေးခွန်းကို ဆက်ပြီးမေးနေကြပါလိမ့်။ ဘာကြောင့်လဲဆိုတော့ ဒီမေးခွန်းဟာ ဒီအလုပ်နဲ့ပတ်သက်တဲ့ သင့်ရဲ့စိတ်ဝင်တစား ကြိုးပမ်းအားထုပ်မှု အတိုင်းအတာနဲ့ သင်ထားရှိတဲ့ အလုပ်ရည်မှန်းချက်ကို ထိုးဖေါက်မြင်ရလို့ပါပဲ။ ဒါကြောင့် “ဗဟားမားကျွန်းစု (Bahamas) မှာ ရွက်လှေစီးနေချင်ပါတယ်” လို့ ဖြေမဲ့အစား သင့်ရဲ့အလုပ်နဲ့သော်လည်းကောင်း သင့်ရဲ့ကြိုးစားအားထုတ်မှုနဲ့ သော်လည်းကောင်း ဆက်နွှယ်နေတဲ့ ရည်မှန်းချက်တွေအကြောင်းကို ပြောပြပါ။
Posted by ဝတီ
Tuesday, August 23, 2011
ရပ်တည်မှု ခက်ခဲလာနိုင်သော စင်ကာပူရောက် နိုင်ငံခြားသားများ အခြေအနေ
(သတင်းများပေါ် အခြေခံ၍ ကျွန်တော်လေ့လာသုံးသပ်မိသမျှ ပြန်လည်ဝေငှပါသည်။ မိမိတို့အမြင်များ၊ အတွေ့အကြုံများကို လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးကြရန် ဖိတ်ခေါ်ပါသည်။)
(၁)
စင်ကာပူရောက် နိုင်ငံခြားသားများအပေါ် သူတို့နိုင်ငံသားများ အစာမကြေဖြစ်နေခဲ့သည်မှာ ကြာပါပြီ။ သူတို့ ကွန်ပလိန်းများတွင် အများဆုံးကြားရသည်မှာ ကား၊ ရထားများတွင် လူများအလွန်ကြပ်သိပ်လာမှု၊ စင်ကာပူနိုင်ငံသားများထံမှ အလုပ်နေရာများကို လုယူမှု စသည်တို့ ဖြစ်ပါသည်။
သူတို့ပြောကြဆိုကြသည်များကို အသာထား၍ စင်ကာပူတွင်ရောက်နေသော နိုင်ငံခြားသားများအကြောင်း တစေ့တစောင်း လေ့လာကြည့်ကြပါစို့။
Sunday, August 21, 2011
သင်၏ ပထမဆုံး အလုပ်တွင် ရှောင်လွှဲရမည့် အမှား (၈) ရပ်
ကဲ သင် တက္ကသိုလ်ကနေ ဘွဲ့တစ်ခုရပြီး၊ စီးပွားရေးတွေကျဆင်းနေတဲ့ ကြားထဲက အလုပ်တခုရပြီနော်၊ ဂုဏ်ယူပါတယ်။ အခုမှ တကယ်လုပ်ငန်းခွင် ဘဝစမှာပါ။ အခု ပထမဆုံး အလုပ်မှာ ပိတ်မိမနေဘဲ နောက်နောင် ယခုထက်ပိုကောင်းတဲ့ အလုပ်တွေရအောင် အောက်ပါပြောထားတဲ့ အလွဲရှစ်ရပ်ကို ရှောင်ကြဉ်ဖို့လိုပါတယ်။
(က) ဆန္ဒစောခြင်း
ပထမဆုံး အလုပ်ခွင်ဝင်တဲ့နေ့မှာ ကိုယ့်အစွမ်းအစကို သိအောင်ထုတ်ပြချင်တာကတော့ သဘာဝပါပဲ။ ဒါပေမယ့် အများအမြင်မှာ ကိစ္စတစ်ခုကို တက်တက်ကြွကြွ ဦးဆောင်လုပ်တာနဲ့ လူတွင်ကျယ်အောင်လုပ်တာနဲ့ သိပ်မကွာဘူးဖြစ်နေတတ်တယ်။ "They Don't Teach Corporate in College" စာအုပ်ကို ရေးသားသူ Alexandra Levit ကတော့ ဒီလိုဆိုပါတယ်။ "ကိုယ့် နာမည်ရဖို့ ကိစ္စတွေကို ချက်ချင်း ဝုန်းဒိုင်း ဝုန်းဒိုင်း ထမလုပ်ပါနဲ့ ၊ သူများတွေ ဘယ်လိုအလုပ်လုပ်တယ် ၊ သူတို့ စိတ်ကူးတွေကို ဘယ်လို တင်ပြတယ်ဆိုတာကို အရင် လေ့လာပါ။ ဘယ်လို အလုပ်လုပ်ကြတယ် ဆိုတာကို သေချာသိပြီဆိုမှ သင့်ရဲ့ အကြံကို တင်ပြပြီး သူများတွေရဲ့ ထင်မြင်ယူဆချက်ကို တောင်းခံပါ။"
(ခ) အချိန်ယူလွန်းခြင်း
ကိုယ့်ရဲ့ပထမဆုံး ဌာနတွင် အစည်းအဝေးကို ပြုပြင်ပြောင်းလဲစရာတွေ ရေးမှတ်ထားတဲ့ စာရွက်ကြီးနဲ့ မသွားသင့်သလို၊ အလုပ်စလုပ်တဲ့ပထမ တစ်လလုံး အခန်းထဲမှာငုတ်တုတ်ထိုင်ပြီး တခြားလူတွေက လာမိတ်ဆက်မှာကို စောင့်မနေသင့်ပါဘူး။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရင်းနှီးမှုရယူပြီး သူတို့ဘာတွေ လုပ်တယ်ဆိုတာလေ့လာသင့်ပါတယ်။ လူတွေက ကိုယ့်ကိုလျှစ်လျူရှုထားတယ်ဆိုပြီး အမြင်မစောင်းသင့်ပါဘူး။
(ဂ) နည်းပညာကိုတလွဲသုံးခြင်း
အစည်းအဝေးလုပ်နေတုန်း text message ပို့လို့ရလား ၊ ရုံးချိန်အတွင်း Facebook သုံးလို့ရလား အလုပ်လုပ်ရင်းနဲ့ i-pod နားထောင်လို့ ရလား။ ဒီကိစ္စတွေကို ကုမ္ပဏီ တခု နဲ့ တခု ခွင့်ပြုတာခြင်း မတူကြပါဘူး။ တခြားလူတွေ ဘယ်လို နည်းပညာကို သုံးနေကြတယ်ဆိုတာကို ဂရုစိုက်လေ့လာပါ။
(ဃ) အစတည်းကယဉ်သကို
အဝတ်ဝတ်တာကအစ ၊ လက်ဆွဲနှုတ်ဆက်တာအဆုံး အခြားလူတွေကလူသစ်ဖြစ်တဲ့သင့်ကို သတိထားစောင့်ကြည့်နေလိမ့်မယ်။ Levit ကလူတွေနဲ့ ပထမဆုံးတွေတဲ့အချိန်မှာသင်ဘယ်လို ပြုမူတယ်ဆိုတာကို အထူးသတိထားဖို့အဆိုပြုထားပါတယ်။
(င) သင့်အထက်လူကြီး၏လိုအပ်ချက်များအားလေ့လာခြင်း
အလုပ်ခွင်ဝင်ဝင်ခြင်း ပထမသုံးလအတွင်း သင့်အထက်လူကြီးက သင့်ထံမှဘာတွေ မျှော်လင့်ထားတယ်ဆိုတာ သိအောင်လုပ်ဖို့လိုပါတယ်။ အလုပ်အကိုင်အကြံပေး Peter Jacobs ကတော့သင်ရဲ့လူကြီးနဲ့ ပုံမှန်တွေ့ ဆုံဆွေးနွေးပြီး နှစ်ဦးနှစ်ဖက်လိုအပ်ချက်တသားထဲဖြစ်အောင် လုပ်ဖို့လိုကြောင်း တိုက်တွန်းပြောဆိုထားပါတယ်။
(စ) သင့်အထက်လူကြီးကိုနားမလည်ခြင်း
သင်နှင့်သင့် အထက်လူကြီး ပြောဆိုဆက်ဆံပုံ စတိုင်ချင်း တူခြင်မှတူပါလိမ့်မယ်။ သူဘယ်လိုပြုမှုပြောဆိုဆက်ဆံတာကို နှစ်သက်တယ်ဆိုတာ သိအောင်လေ့လာပါ။ သင့်လူကြီးက သတင်းအချက်အလက်တွေကို နှစ်သက်တယ်ဆိုတာ သိအောင်လေ့လာပါ။ သင့်လူကြီးကသတင်းအချက်အလက်တွေကို အီးမေးနဲ့လိုချင်တာလား၊ အစီရင်ခံစာနဲ့လိုချင်တာလား၊ ဘယ်လိုပုံစံနဲလိုချင်တယ်ဆိုတာ သိဖို့လိုအပ်ပါတယ်။ အမြဲတမ်းအစီရင်ခံနေဖို့လိုလား၊ အရေးကြီးအကြောင်းအရာတွေကိုပဲသိချင်တာလား၊ ဆိုတာသိအောင်လုပ်ဖို့လိုပါလိမ့်မယ်။
(ဆ) အထီးကျန်စွာနေထိုင်ခြင်း
သင့်အထက်အရာရှိသည် လွန်စွာအသုံးဝင်သော အရင်းအမြစ်တခုဖြစ်ပါသည်။ သို့သော်လည်း ခိုင်မာသော အသက်မွေးဝမ်းကြောင်း အလုပ်တခုတည်ဆောက်နိုင်ရန် လူအများအပြားထံမှ အကြံဥာဏ်များရယူရန်လိုအပ်သည်။ မိမိအားနည်းမှန်လမ်းမှန်ကို ညွှန်ပြပေးနိုင်မည့်ဆရာကောင်းများ၊ တိုင်ပင်ဆွေးနွေးစရာ ပုဂ္ဂိုလ်များ ရှာဖွေထားရန်လိုသည်။
(ဇ) အလုပ်ကိုတန်ဖိုးမထားခြင်း
သင်၏လက်ရှိအလုပ်က အရမ်းကောင်းတာပာုတ်ချင်မှပာုတ်ပါလိမ့်မည်။ ဒါပေမဲ့ လက်ရှိအလုပ်မှာ အတတ်ပညာသစ်တွေကို ရနိုင်တဲ့အခွင့်အရေး၊ စီးပွားရေးအခွင့်အရေးလောကအကြောင်းကို လေ့လာနိုင်တဲ့အခွင့်အရေး၊ အသိမိတ်ဆွေအသစ်တွေကိုရနိုင်တဲ့အခွင့်အရေးအဖြစ် ရှုမြင်နိုင်မယ်ဆိုရင် အကျိုးရှိပါလိမ့်မယ်။ယခုအချိန်ကို သိမှတ်စရာတွေ သင်ယူရတဲ့ အချိန်အဖြစ် သဘောထားပြီး ပျော်ပျော်နေလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုအချိန်ကို နောင်ဘယ်တော့မှ ပြန်ရနိုင်မှာမပာုတ်တော့လိုပါ။

Ref : ကျွန်တော် လေ့လာဖတ်ရှုခဲ့တဲ့အထဲကပါ။
Posted by ဝတီ
Posted by ဝတီ
Saturday, August 13, 2011
လစာမြင့်မား အလုပ်ရှာချင်သလား
(ဒီဆောင်းပါးလေးက ဦးတင်ညွန့်ရဲ့ ဘာသာပြန်ဆောင်းပါးလေးပါ။ အလုပ်ရှာနေတဲ့ သူငယ်ချင်းတို့အတွက် အထောက်အကူဖြစ်စေမယ်လို့ ယူဆမိပါတယ်။ ဒီဆောင်းပါးပါ အချက်အလက်တွေကို လူတစ်ဦးနဲ့တစ်ဦး သဘောထားတွေ မတူနိုင်တာမို့်လို့ လက်မခံနိုင်စရာ အကြောင်းအရာတွေ ပါရှိနိုင်ပါလိမ့်မယ်။ ဒီဆောင်းပါးပါ အချက်အလက်တွေအာလုံးဟာ မူရင်းစာရေးသူရဲ့ အာဘော်သာဖြစ်ပါကြောင်းနှင့် သူငယ်ချင်းတို့အတွက် ဗဟုသုတတိုးပွားစေရန်အတွက် ဖော်ပြပေးလိုက်ပါသည်။)
အလုပ်လျှောက်အင်တာဗျူးတွေမှာ ငွေရေးကြေးရေး ကိစ္စမရှိပါဘူးလို့များ ပြောမိသလား မသိဘူး။ ဒီစကားကို မပြောမိအောင် သတိထားပါ။ ကိစ္စရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ငွေအကြောင်းကို စကားပြောတတ်အောင် ပြောဖို့လိုတယ်။ အလုပ်လျှောက်ရင် ငွေကြေးကိစ္စ ညှိနှိုင်းတတ်ဖို့ အရေးကြီးတယ်။ ဘယ်လိုညှိနှိုင်းမလဲဆိုတာ အများကြီးမှတ်စရာ မလိုပါဘူး။ ၆ ချက်ပဲရှိပါတယ်။
(၁) ကိုယ့်တန်ဖိုး ကိုယ်သိပါ
အလုပ်ရှင်နဲ့ အလုပ်သမား အဆင်ပြေအောင် ညှိနှိုင်းတတ်ဖို့ အရေးကြီးတဲ့ လိုအပ်ချက်က Information ပဲ။ ကိုယ့်အကြောင်း သူသိရမယ်။ သူတို့အကြောင်းလည်း ကိုယ်သိရမယ်။ ကိုယ်ဘာတွေ တတ်တယ်ဆိုတာ ပွင့်ပွင့်လင်းလင်း တင်ပြနိုင်ရမယ်။ သူတို့ကုမ္ပဏီ သို့မဟုတ် လုပ်ငန်းက ဘာတွေလုပ်တယ်၊ ဘာတွေကြိုက်တတ်တယ်ဆိုတာ သိအောင် လုပ်ထားရမယ်။ ကိုယ်လာလျှောက်တဲ့အလုပ်မျိုးကို သူတို့က ဘယ်လောက်ပေးသလဲ၊ အခြားဌာနတွေမှာ ဒီလိုအလုပ်မျိုးဆိုရင် ဘယ်လောက်ပေးတတ်သလဲ ဆိုတာတွေကအစ သိအောင်လုပ်သွားရမယ်။ ပေးငွေအကြောင်းသိရင် အဲဒီအလုပ်အတွက် ကိုယ်က ဘာတွေလုပ်ပေးရမလဲ၊ ဘာတွေသိထား တတ်ထားရမလဲ ကြိုတင်ပြင်ဆင်သွားပါ။ ဒီနေရာမှာ ကျွမ်းကျင်မှု၊ ပညာရေး၊ လုပ်ငန်းအတွေ့အကြုံ၊
ဘယ်လုပ်ငန်းတွေမှာ ဘယ်လောက်အဆင့်အထိ တာဝန်ယူပြီး လုပ်ဆောင်ဖူးတယ်တာတွေ သူတို့ကိုပြောပြပါ။
ဘယ်လုပ်ငန်းတွေမှာ ဘယ်လောက်အဆင့်အထိ တာဝန်ယူပြီး လုပ်ဆောင်ဖူးတယ်တာတွေ သူတို့ကိုပြောပြပါ။
(၂) ကိုယ့်ဘက်က ငွေကြေးအကြောင်း စမပြောမိပါစေနဲ့
တည်ငြိမ်အောင်ကြိုးစားပြီး စကားဟောင်ဖွာ ဟောင်ဖွာ မဆိုင်တာတွေ မပြောမိအောင် သတိထားပါ။ ကိုယ့်အရည်အချင်းကို သူကအကဲခတ်ပြီး ငွေကြေးကို သတ်မှတ်မှာဆိုတော့ အရည်အသွေး နိမ့်တဲ့အထဲမှာ အာချောင်တာလည်းပါတယ်။ လစာအကြောင်းပြောရင် ညှိနှိုင်းလစာဆိုတဲ့ စကားကို သတိထားရမယ်။ ညှိနှိုင်းတယ်ဆိုတာက ကိုယ့်လုပ်ဆောင်ချက် ကိုကြည့်ပြီးတော့ ကောင်းရင် ကောင်းသလိုပေးမှာလား၊ ယခင် SGD2000 ပေးရတဲ့ လုပ်ငန်းကို SGD1800 နဲ့ လာညှိနှိုင်းတာလား သိထားဖို့လိုတယ်။ ကိုယ်ကမေးရတော့မယ်ဆိုရင်လည်း ယဉ်ကျေးစွာနဲ့ အဲဒီအလုပ် (အဆင့်၊ ရာထူး) အတွက် ဘယ်လောက်ပေး မှာလဲဆိုတာ ထုတ်မေးရတော့မယ်။ သူကကိုယ့်ကို ဘယ်လောက်ရရင်လုပ်မှာလဲလို့ ပြန်မေးပြီဆိုရင်တော့ ကိုယ့်ရာထူးနဲ့ ကိုယ့်နေရာအတွက် စုံစမ်းခဲ့တဲ့အတိုင်း ထိုက်တန်အောင်တောင်းတတ်ဖို့ လိုတယ်။ SGD2000 ကို SGD1500 လောက်တောင်းရင် အရည်အချင်းရှိမှာ မဟုတ်ပါဘူးလို့လည်း ထင်သွားနိုင်တယ်။ တခါတလေ လစာသတ်မှတ် ချက်ကနည်းကောင်းနည်းမယ်။ ဒါပေမယ့် ဆုကြေးတွေ၊ ခရီးစရိတ်တွေ၊ ကော်မရှင်တွေ၊ သင်တန်းတွေ၊ နေထိုင်စားသောက်စရိတ်တွေပါလာခဲ့ရင် အဲဒီအချက်တွေကို ထည့်တွက်ပြီး လက်ခံနိုင်ရင် လက်ခံရမယ်။
(၃) လက်ရှိလစာကို လိမ်မပြောပါနဲ့
လက်ရှိကိုယ်ရနေတဲ့လစာထက် ပိုပြီးမြှင့်ပြောတတ်ကြတယ်။ ဒီလိုပိုပြောတာဟာ အန္တရာယ်များတယ်။ ဒီခေတ်မှာ ကုမ္ပဏီတစ်ခုနဲ့တစ်ခု၊ လုပ်ငန်းတစ်ခုနဲ့တစ်ခု ဆက်စပ်နေတာတွေ၊ အကြောင်းသိနေ ကြတာတွေများတယ်။ ကိုယ့်ကို အင်တာဗျူးခေါ်တွေ့ ပြီဆိုကတည်းက ကိုယ့်အကြောင်း၊ ကိုယ်လုပ်ခဲ့ဖူးတဲ့ ကုမ္ပဏီအကြောင်း၊ ကိုယ်အဲဒီမှာ ဘာတွေလုပ်ပြီး ဘာတွေဖြစ်ခဲ့တယ်ဆို မစုံစမ်းဘူး၊ မသိဘူးလို့တော့ မထင်စေချင်ဘူး။ ဒါကြောင့် ကိုယ်ခံစားခဲ့ဖူး တဲ့လစာကို အမှန်အတိုင်းပြောပြဖို့ ဝန်မလေးပါနဲ့။
(၄) ညှိနိုင်းချက်ကို ချက်ချင်း လက်မခံလိုက်ပါနဲ့
သဘောကျသည်ဖြစ်စေ မကျသည်ဖြစ်စေ ကိုယ့်ခံစားချက်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားအောင် ဖော်ထုတ် မပြလိုက်ပါနဲ့။ အကျိုးဆက်တွေကို ဘာဆိုတာ သေချာစွာ မစဉ်းစားဘဲနဲ့ ချက်ချင်းအဖြေမပေး လိုက်ပါနဲ့။ လက်ခံပြီးဆိုရင် ကျေးဇူးတင်ပါတယ်ဆိုတာလောက်ပဲပြောသင့်တယ်။ ကိုယ့်ခံစားချက်တွေ
မထုတ်ဖော်မိပါစေနဲ့။ အနည်းဆုံးတော့ စဉ်းစားပါရစေ၊ ကျွန်တော်။ကျွန်မ ချက်ချင်းအကြောင်းပြန်ပါ့မယ်
ဆိုတာလေးတော့ ပြောခဲ့ပါ။ သူတို့ဘက်ကလစာနဲ့ ပတ်သက်ပြီး ပြန်စဉ်းစားနိုင်အောင်၊ ကိုယ့်ဘက်ကလည်း ပြန်စဉ်းစားနိုင်အောင် အနေအထား မျိုးဖန်တီး ထားတာပိုကောင်းပါတယ်။ လစာမှာ ငွေကြေးနဲ့မပတ်သက်တဲ့ အခြားခံစားခွင့်တွေကို ကိုယ့်ဘက်က လည်းတောင်းသင့်တာတောင်း၊ သူတို့ဘက်ကလည်း ပေးသင့်တာတွေပေးနိုင်အောင် လုပ်ခဲ့ပါ။ ဥပမာ ကျန်းမာရေး၊ လူမှုရေး၊ ခွင့်ကိစ္စ၊ အချိန်ပို၊ အားလပ်ရက်၊ ခရီးစရိတ်၊ ကြိုပို့ကိစ္စတွေကိုပြောတာပါ။

(၅) မေးရမှာမကြောက်ပါနဲ့
ကျွန်တော်တို့အားနည်းချက်က အလုပ် အင်တာဗျူး တွေ့ရတာကို သေမင်းနဲ့တွေ့ရသလိုမျိုး ကြောက် တတ်ကြတာပဲ။ မကြောက်နဲ့လို့ပြောတာ မလေးစားနဲ့လို့ ပြောတာမဟုတ်ဘူး။ သူ့ဘက် ကိုယ့်ဘက် သိသင့်တာတွေ၊ ရသင့်တာတွေ ပွင့်ပွင့်လင်းလင်း မဆွေးနွေး နိုင်ဘူးဆိုရင် ဆုံးရှုံးမှုအများဆုံးကို
ကိုယ်ပဲခံရလိမ့်မယ်။ ကိုယ့်ကို အင်တာဗျူးသူဟာ အလုပ်ရှင်ကိုယ် တိုင်မဟုတ်ဘဲ မန်နေဂျာဖြစ်နေရင်
သူ့လုပ်ပိုင်ခွင့် ဘောင်အတွင်းကပဲ ဆုံးဖြတ်လိမ့်မယ်။ ဘာပြောပြော ကိုယ်လိုချင်တာနဲ့
ကိုယ့်ရပိုင်ခွင့်ကို ပြောဖို့ ဝန်မလေးပါနဲ့။ လစာကိစ္စ သဘောတူပြီဆိုရင်တောင် အခြားရပိုင်ခွင့်တွေကိုမေးဖို့ သတိရပါ။ ခုရှင်းမှနောင်မရှုပ်မှာဆိုတော့ ပွင့်လင်းစွာပဲ မေးထားသင့်ပါတယ်။

(၆) ရပ်သင့်ရင် ရပ်လိုက်ပါ
အလုပ်အကြောင်း၊ လစာအကြောင်းပြောနေ တုန်း ကိုယ့်ဆွေးနွေးပြောဆိုချက် (တောင်းဆိုချက်) တွေကို တစ်ဖက်က လက်မခံတော့ဘူးဆိုရင် အတိုက်အခံတွေ ပြောမနေဘဲ ရပ်လိုက်ပါ။ ဘယ်လိုမှ ညှိနှိုင်းလို့ မဖြစ်နိုင်ရင် ဘာမှညှိနှိုင်းမနေတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ သူကမေးတယ်၊ ကိုယ်ကဖြေမယ်။ ကပ်သီးကပ်သပ် မေးတယ်ထင်ရင် မဖြေပါနဲ့။ မဖြစ်နိုင်တော့ဘူးထင်ရင် ပြုံးပြုံးလေးရင်ဆိုင်ပြီး
ထပြန်လာကြည့်စမ်းပါ။
ထပြန်လာကြည့်စမ်းပါ။
Ref : Six Steps to a Higher Starting Salary
Posted by ဝတီ
Posted by ဝတီ
Thursday, August 11, 2011
အမေရိကန်နိုင်ငံ၏ လစာအကောင်းဆုံးအလုပ်များ
လူတွေရဲ့ အနာဂတ်မျှော်လင့်ချက်တွေကဘာတွေလဲ၊ အလုပ်အကိုင်ကောင်းကောင်း ရာထူးကောင်းကောင်း လစာကောင်းကောင်းဆိုတာ ပြောစရာတောင် မလိုဘူးထင်တယ်။
အလုပ်အကိုင်ကောင်းတစ်ခုဆိုတာ လွယ်လွယ် နဲ့ ရနိုင်မှာတော့ မဟုတ်ဘူး။ နေရာတစ်နေရာဆိုတာ တကယ်ရှာကြည့်မှ တကယ်မလွယ်တာတွေ့ရလိမ့် မယ်။ အလုပ်အတွက် ပညာလိုတယ်။ အတွေ့အကြုံ တွေလိုတယ်။ လမ်းကြောင်းမှန်လျှောက်လာခဲ့ဖို့လို တယ်။ ဒီခရီးကိုရောက်ဖို့ သူလည်းသွား၊ ငါလည်းသွား နေကြတာပဲ။ ဖြတ်လမ်းကိုသိပြီး အရင်ရောက်သွား သူတွေလည်း ရှိလိမ့်မယ်။ လမ်းမှားပြီး လိုရာမရောက် တာတွေလည်းရှိနိုင်တယ်။ လမ်းလွဲပြီး လှော်ရင်းနစ် သွားတာတွေလည်း ကြုံတွေ့နိုင်တာပဲ။
အမေရိကန် အလုပ်သမားဌာနက သူတို့နိုင်ငံရဲ့ အကောင်းဆုံးအလုပ် ၂၅ ခုကို ထုတ်ပြန်ကြေညာလိုက် တယ်။ သူတို့နိုင်ငံမှာ မက်လောက်တဲ့ လမ်းကြောင်းမှန်တွေပေါ့။ အဲဒီအထဲက ထိပ်ဆုံး ၁ဝ ခုကိုပဲကြည့် ရအောင်။ ဒီလမ်းကြောင်းအတိုင်းလျှောက်ရင် ကိုယ် လည်း တစ်နေရာရာတော့ ရောက်နိုင်လိမ့်မယ်ထင်တယ်။ ဒါမှမဟုတ် အဖြေတွေ့နိုင်ကောင်းပါရဲ့။
ထိပ်ဆုံးလုပ်ငန်း ၁ဝ ခုမှာ ၈ ခုက ဆေးပညာ နဲ့ ပတ်သက်တဲ့လိုင်းတွေဖြစ်နေတာတွေ့ရတယ်။ ဒီတော့ အိုင်တီခေတ်လို့ပြောနေပေမယ့် အိုင်တီထက် ပိုပြီးတော့ ခေတ်စားတဲ့လုပ်ငန်းတွေရှိနေတာကို အသိအမှတ်ပြုရလိမ့်မယ်။
10.Natural Sciences Manager
အမြင့်ဆုံးလစာ - $97,560
ရင်းနှီးရမည့်ကာလ - ၆ နှစ်
သဘာဝသိပ္ပံမန်နေဂျာ လို့ပြောရမယ်ထင်တယ်။ အခြား သိပ္ပံပညာရှင်တွေကို ကြီးကြပ်ကွပ်ကဲရလိမ့်မယ်။ ဥပမာ စိုက်ပျိုးရေးဆိုင်ရာ သိပ္ပံပညာရှင်၊ ဓာတုဗေဒ၊ ဇီဝဗေဒနဲ့ ဘူမိဗေဒပညာရှင်တွေကို ကြီး ကြပ်ကွပ်ကဲရလိမ့်မယ်။ သုတေသနနဲ့ဖွံ့ဖြိုးရေးလုပ် ငန်းတွေမှာ ဆေးဝါးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြံပေးခြင်း၊ ဒေသအလိုက် အဖွဲ့အစည်းတွေအတွင်း အကြံပေးပုဂ္ဂိုလ်အဖြစ်ဆောင်ရွက်ခြင်းတွေကို လုပ်ဆောင်ရလိမ့်မယ်။ သူတို့ကို ကိုယ်ပိုင်စမ်းသပ် ခန်းတွေ ပေးထားလိမ့်မယ်။ ဥပဒေရေးရာတွေမှာလည်း ကျွမ်းကျင်ပညာရှင်တစ်ယောက်အနေနဲ့ ဝင်ရောက်အကြံပေးရတာမျိုးတွေ လုပ်ပေးရလိမ့် မယ်။
သူတို့ပိုင်ဆိုင်ထားရမယ့် ဘွဲ့နဲ့ လုပ်ငန်းအတွေ့ အကြုံတွေရှိတယ်။ MBA ဘွဲ့လိုမျိုး၊ သက်ဆိုင်ရာနယ် ပယ်အလိုက် ဒေါက်တာဘွဲ့လိုဟာမျိုး ရရှိထားဖို့လို တယ်။ အချို့လုပ်ငန်းခွင်တွေမှာ အလုပ်ရှင်တွေက ပညာရေးဘွဲ့အတွက် သီးခြားခံစားခွင့်တွေ ပေးတတ် တာမျိုးလည်းရှိတယ်။ လုပ်ငန်းအတွေ့အကြုံတွေ အနေနဲ့ marketing အပိုင်း၊ sale အပိုင်း၊ finance အပိုင်းတွေ ကျွမ်းကျင်ခဲ့ဖို့လိုလိမ့်၏မယ်။ အမြင်ထက် မြင်ခြင်း၊ ဆုံးဖြတ် သုံးသပ်နိုင်စွမ်းရှိခြင်း၊ လုပ်ငန်းဆိုင် ရာ ဗဟုသုတပြည့်ဝခြင်း၊ ဈေးကွက်ကိုကောင်းကောင်း နားလည်ပြီး အရောင်းပိုင်းကိုနားလည်အကြံပြုနိုင်သူ တွေဟာ ဒီအလုပ်အတွက် အသင့်လျော်ဆုံးပုဂ္ဂိုလ်တွေ ဖြစ်ပါလိမ့်မယ်။
Sunday, July 24, 2011
စင်ကာပူတွင် ဘွဲ့လက်မှတ်အတုဖြင့် လုပ်ကိုင်နေသူများ၊ သွားရောက်လုပ်ကိုင်မည့်သူများ ထောင်ဒဏ် အထိချမှတ်ခံရနိုင်
စင်ကာပူနိုင်ငံတွင် လက်ရှိဘွဲ့လက်မှတ် အတုဖြင့် လုပ်ကိုင်နေသူများ နှင့်ဘွဲ့လက်မှတ် အတုဖြင့် သွားရောက်လုပ်ကိုင်မည့်သူများအနေဖြင့် စင်ကာပူနိုင်ငံတွင် ထောင်ဒဏ်အထိ ချမှတ်ခံရနိုင်ကြောင်း ပြည်ပအလုပ်အကိုင်ကျွမ်းကျင်သူ အသိုင်းအ၀ိုင်းမှ သိရသည်။
စင်ကာပူနိုင်ငံတွင် ဘွဲ့လက်မှတ်အတုဖြင့် ၀င်ရောက်လုပ်ကိုင်နေကြောင်းစစ်ဆေးတွေ့ရှိပါက စင်ကာပူအစိုးရမှ ထောင်ဒဏ်၂ နှစ် အထိချမှတ်နိုင်ကြောင်း စင်ကာပူရောက် မြန်မာအလုပ်သမားများကပြောဆိုကြသည်။
“အခုနောက်ပိုင်း စင်ကာပူမှာ S.Pass အလုပ်တွေက WP ထက်ပိုပြီးခေတ်စားလာတယ်။ S.Pass နဲ့ မရရအောင်လာကြတယ်။ S.Pass ကဘွဲ့ရပဲ ခေါ်တော့ဘွဲ့လက်မှတ်တင်ပြရတယ်။ အဲ့ဒီမှာ ဘွဲ့မရသေးတဲ့သူတွေက ဘွဲ့လက်မှတ်အတုတွေလုပ်ပြီး ပွဲစားတွေ နဲ့ရောက်လာကြတယ်။ လွန်ခဲ့တဲ့ ၃ နှစ်လောက်တုန်းကတော့ ဒီကအလုပ်ရှင်တွေကိုယ်တိုင်က လက်ခံပေးထားတယ်။ အခုနောက်ပိုင်းမှာအလုပ်သမားက ပေါလာတော့ သူတို့အနေနဲ့ကျွမ်းကျင် တဲ့တကယ့်ဘွဲ့ရအလုပ် သမားပဲသေချာစိစစ်ပြီးမှ ပဲခေါ်တယ်။ တကယ်လို့ ဘွဲ့လက်မှတ် အတုဖြစ်တယ်ဆိုတာကို စင်ကာပူအလုပ်သမားဝန်ကြီးဌာနက စစ်ဆေးတွေ့ရှိရင်ထောင်ကျမယ်။ အကောင်းဆုံးကတော့ ကိုယ့်အရည်အချင်း အစစ်အမှန်နဲ့ လာတာပဲကောင်းပါတယ်”ဟု စင်ကာပူနိုင်ငံတွင် လေးနှစ်ကျော်ကြာ အလုပ်လုပ်ကိုင်နေသူတစ်ဦး က ဆိုသည်။
Monday, May 02, 2011
စင်ကာပူနိုင်ငံမှ အလုပ်ခေါ်စာများတွင် မြန်မာဘာသာဖြင့် ပူးတွဲဖော်ပြတော့မည်
စင်ကာပူနိုင်ငံမှ အလုပ် ခေါ်စာများ တွင် အင်္ဂလိပ်ဘာသာဖြင့်သာမက မြန်မာဘာသာဖြင့် ပူးတွဲဖော်ပြတော့မည် ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်အသိုင်းအ၀ိုင်းက ပြောသည်။
ယခင်က စင်ကာပူနိုင်ငံ အလုပ်ခေါ်စာများတွင် အလုပ်သမား၏ အကျိုး ခံစားခွင့်၊ ရပိုင်ခွင့်များ နှင့် ပတ်သက်၍ အင်္ဂလိပ် ဘာသာဖြင့်သာ ဖော်ပြခဲ့သော် လည်း စင်ကာပူ အလုပ်သမား ၀န်ကြီး ဌာန(MOM)မှ ယခုနှစ် နှစ်လယ်ပိုင်းမှစ၍ အလုပ်သမား ခေါ်ယူသည့် နိုင်ငံ၏မူရင်း ဘာသာဖြင့်လည်း ဖော်ပြရမည်ဟူ၍ ပါရှိကြောင်း ဆိပ်ကမ်းသာလမ်းရှိ ပြည်ပ အလုပ်အကိုင် အေဂျင်စီ တစ်ခု မှတာဝန် ရှိသူ တစ်ဦးက ပြောသည်။
Subscribe to:
Posts (Atom)