Friday, August 31, 2012

ရေးလိုက်ကြစို့ သူငယ်ချင်း......

တခါတုန်းက စာရေးသားဖို့တိုက်တွန်းတဲ့အင်္ဂလိပ်လိုအက်ဆေးလေးရေးခဲ့ပါသေးတယ်။ စာရေးသားခြင်းဟာ လူမျိုးတစ်မျိုးနိုင်ငံတစ်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုတိုက်ရိုက်အကျိုးပြုနိုင်ပါတယ်။ လူသားမျိုးနွယ်ကြီးတစ်ခုလုံး အခုလောက်တိုးတက်လာတာဟာ ရှေ့ကလူသားတွေရဲ့အတွေ့အကြုံ၊ အတွေးအကြံတွေကို စာပေရေးသားချန်ထားရစ်ခဲ့လို့နှောင်းလူတွေက အသုံးချနိုင်တာတာကြောင့်ဖြစ်ပါတယ်။  ကျန်စစ်သားမင်းကြီးသာ ဒီလိုကျောက်စာမျိုးမရေးထိုးခဲ့လျှင် ကျွန်တော်တို့ ပုဂံခေတ်က အခြေအနေတွေ၊ အဖြစ်အပျက်တွေကို ဒီနေ့ဒီလိုဘယ်ပြန်ပြောနေနိုင်ပါ့မလဲ။
` ငါ၏ ယာလက်ဖြင့် ဆန်စပါးရိက္ခာ ကိုပေးအံ့၊ ငါ၏၀ဲလက်ဖြင့် ၀တ်စား တန်ဆာ ပေးအံ့။ အမိသည် သားငယ်အား ရင်ခွင်၌ နှစ်သိမ့်သကဲ့သို့ ငါသည်လည်း တိုင်းသူပြည်သားတို့ကို နှစ်သိမ့်ပါအံ့၊´
(ကျန်စစ်သား၏ မူရင်း မွန်ဘာသာဖြင့် ရေးထိုးထားသော ရွှေစည်းခုံဘုရား ကျောက်စာကို မြန်မာပြန်မှ)
မကြာခင်ကဖြစ်ပျက်ခဲ့တဲ့ ရခိုင်အရေးအခင်းမှာ ကျွန်တော်တို့ဘက်က အင်္ဂလိပ်လိုသတင်းရေးသားတင်ဆက်နိုင်မှုအားနည်းတော့ နိုင်ငံတကာမှာ သူများတွေလိမ်ပြောသမျှ ကိုယ်ကလူဆိုးဖြစ်ရတော့တာပေါ့။ ဒါကိုသဘောပေါက်လာလို့ နာမည်ကြီးဂျာနယ်နှစ်စောင်လောက်ကတော့ အင်္ဂလိပ်လိုရေးလာကြပါပြီ။ ဒါကဥပမာပါ။ စာပေရေးသားခြင်းနဲ့တိုင်းပြည်ရဲ့ကောင်းကျိုးဆိုးကျိုးအပေါ်ထောက်ပံ့နိုင်ပုံပါ။ ဒါကြောင့် မြန်မာလိုလည်းရေးကြပါ။ အင်္ဂလိပ်လိုလည်းရေးကြပါ။
အင်္ဂလိပ်လိုရေးနိုင်ခြင်းကတော့ ကိုယ့်ဘ၀တိုးတက်မှုနဲ့တိုက်ရိုက်သက်ဆိုင်နေပြန်ပါတယ်။ ကျောင်းသားဘ၀မှာ essay လိုပေါ့ပေါ့ပါးပါးတွေရေးရတဲ့အပြင် thesis, dissertation လိုကျမ်းတွေခန့်ခန့်ငြားငြားရေးရတာလဲ မလွဲမသွေကြုံရမှာပါ။ အလုပ်ထဲရောက်ပြန်တော့ အများစုက ၀န်ထမ်းဘ၀မှာပဲကျင်လည်ရမှာဖြစ်တော့ အထက်ဌာနတွေကို report တွေရေးတင်ရဦးမှာပါ။ အဲဒီအခါမျိုးမှာ ကိုယ်တိုင်ဟန်ကျပန်ကျရေးနိုင်မှ ကိုယ်လိုရာရောက်အောင်တင်ပြနိုင်ပါလိမ့်မည်။ ကျောင်းသားဘ၀ကလို စာအုပ်ထဲကကူးချတာတွေ သူများကို ရှဲဒိုးရေးခိုင်းတာမျိုးတွေနဲ့တော့ရေရှည်မှာမဖြစ်နိုင်ပါဘူး။

Thursday, August 30, 2012

iPhone အသုံးပြုမူလက်စွဲ လမ်းညွှန်စာအုပ်



Posted by ငခဲ

စာဖတ်ခြင်းဖြင့် လုပ်ငန်းခွင်မှာ တိုးတက်မှုရရှိနိုင်ခြင်း

စာဘယ်လောက်ဖတ်သလဲပေါ်မူတည်ပြီး အင်္ဂလိပ်စာ အဆင့်အတန်း ကွာသွားပါတယ်။ စာဖတ်နည်းသူတွေ၊ လုံးဝစာမဖတ်သူတွေဟာ အင်္ဂလိပ်စာလည်း အားနည်းတတ်ကြတယ်။ စာအများကြီးဖတ်သူတွေဟာ အင်္ဂလိပ်စာမှာလည်း အဆင့်မြင့်မြင့် တတ်မြောက်လေ့ ရှိကြတယ်။
စာဖတ်တယ်ဆိုတာ ဘ၀တစ်သက်တာ ရရှိနိုင်တဲ့ အရေးကြီးဆုံးကျွမ်းကျင်မှုတွေထဲမှာ တစ်ခုအပါအ၀င် ဖြစ်တယ်။ စာဖတ်ရတာကို အလုပ်တစ်ခုလို မြင်တဲ့သူတွေ ရှိပေမယ့် အဲဒီလို သဘောထားတာ မှားယွင်း ပါတယ်။ စာဖတ်တာကို ဖျော်ဖြေရေးလည်း ဖြစ်သင့်ပါတယ်။ စာဖတ်ရတာ ပျော်တယ်ဆိုပြီး စာဖတ်ဖို့ မျှော်လင့်နေတာမျိုးဖြစ်သင့်ပါတယ်။ အင်္ဂလိပ်ဘာသာကျွမ်းကျင်မှု တိုးတက်ဖို့ကတော့ စာမဖတ်လို့ မရပါဘူး။ စာဖတ်ဝါသနာပါရင်တော့ ကောင်းပါတယ်၊ မပါရင်တော့ အင်္ဂလိပ်စာတတ်ဖို့ အခွင့်အလမ်း နည်းသွားပါမယ်။
လူတစ်ယောက်နဲ့ စကားပြောကြည့်ရင် စာဖတ်များသူလား၊ စာဖတ်နည်းသူလား သိနိုင်ပါတယ်။ စာဖတ်များသူက သူ့ရဲ့ ရှုမြင်ပုံကို ဥပမာတွေ၊ နမူနာတွေနဲ့ သိုင်းဝိုင်းပြီး ပြောနိုင်တယ်။ သမိုင်းစာအုပ် ဖတ်ရတာ ၀ါသနာပါသူဆိုရင် သမိုင်းဖြစ်စဉ် ဥပမာတွေကို ထုတ်ပြနိုင်တယ်။ စာဖတ်တော့ ဗဟုသုတ ပိုရှိတာပေါ့။ ကမ္ဘာကြီးအကြောင်း ပိုပြီး သိလာတယ်။ စာဖတ်များတဲ့ဝန်ထမ်းကို အလုပ်ရှင် သဘောကျတယ်။ စာဖတ်များတယ်ဆိုကတည်းက ပညာတတ်သူဖြစ်တော့မယ်။ အလုပ်ကို အလုပ်နဲ့ တူအောင် လုပ်နိုင်တော့မယ်။ ဖတ်နေရုံနဲ့တော့ မပြီးဘူးပေါ့လေ။ အလုပ်ကိုလည်း စနစ်တကျ လုပ်ရမှာ ဖြစ်တယ်။
စာဖတ်ရင်း အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုတွေကို တိုးတက်အောင် ဘယ်လို လုပ်ရမလဲ
စာဖတ်တဲ့အခါ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုတွေ တိုးတက်လာအောင် လုပ်နိုင်တာတွေ ရှိပါတယ်။ ယခင်က မတွေ့မြင်ဘူးတဲ့ ဝေါဟာရတွေနဲ့ ကြုံတွေ့ရနိုင်တယ်။ အဲဒီဝေါဟာရတွေကို ကျော်မဖတ်ဘဲ အချိန်ယူပြီး အဓိပ္ပာယ်သိအောင် လေ့လာသင့်တယ်။ ရှေ့နောက် စကားအဆက်အစပ်ကို ကြည့်ပြီး ဝေါဟာရတွေရဲ့ အဓိပ္ပာယ်ကို တစ်ခါတစ်ရံ အကြမ်းအားဖြင့် သိနိုင်တယ်။ မသိသေးတဲ့ ဝေါဟာရကို ဘယ်လို သုံးထားသလဲ လေ့လာရမယ်။ ဒါဆို သဲလွန်စ ရလာတတ်တယ်။ အချို့ စာရေးဆရာတွေက ဝေါဟာရတွေကို သုံးရင်း အဓိပ္ပာယ်ပါ တစ်ပါတည်း ဖော်ပြတတ်တယ်။ စာဖတ်ရင်း အဓိပ္ပာယ်ပါ သိသွားမှာ ဖြစ်တယ်။
ရှေ့နောက် စကားအဆက်အစပ်ကို ကြည့်ပြီး ဝေါဟာရတွေရဲ့ အဓိပ္ပာယ်ကို မသိနိုင်ရင်၊ စာရေးသူကလည်း အဓိပ္ပာယ်ဖော်ပြမထားရင်၊ အဘိဓာန်ကြည့်ရတော့မယ်။ အလုပ်ရှုပ်လိုက်တာလို့ ထင်ရပေမယ့် တတ်နိုင်သလောက် အဘိဓာန် ကြည့်ပေးသင့်တယ်။

Friday, August 17, 2012

MT Family From Meiktila GTI


ဒီပုံလေးကတော့ MT-(1997~1999) ဓာတ်ပုံလေးပါ။
From: FB
Posted by Htun

Wednesday, August 01, 2012

အင်္ဂလိပ်စာ အင်္ဂလိပ်သဒ္ဒါ လေ့လာစရာ သိစရာလား

အင်္ဂလိပ်စာ လေ့လာလျင် သဒ္ဒါကိုလေ့လာဖို့ လိုသလား။
လိုပါသည်။
ဘာကြောင့်လဲ။
သဒ္ဒါသိမှသာ မှန်မှန်ကန်ကန်ပြန်သုံးတတ်မှာပါ။
ပြန်သုံးဖို့ မရည်ရွယ်ရင်ရော။
မရည်ရွယ်ရင်လည်း သဒ္ဒါကိုလေ့လာသင့်ပါသည်။ ပြန်သုံးသည်ဆိုရာမှာ အပြောနှင့် အရေးကိုဆိုလိုပါသည်။ ပြန်သုံးဖို့ မရည်ရွယ်လျှင်လည်း အဖတ်နှင့်အကြားအတွက် လိုပါသည်။ စွမ်းရည်လေးမျိုးစလုံးအတွက် လိုသည်ဟု ဆိုရပါမည်။ သို့သော် အဖတ်အတွက်မူ အခြေခံဝါကျပုံစံများကို သိထားရုံမျှဖြင့် စာအုပ်အလွယ်ဖတ်အတော်များများကို ဖတ်နိုင်ပါလိမ့်မည်။ အကြားအတွက်မူ အခြေခံအသံထွက်ပိုင်းကိုပါ လေ့လာရပါမည်။ ဝေါဟာရကြွယ်ဖို့ရန်လည်း အာရုံစိုက်ရပါမည်။ ဝေါဟာရများများရဖို့သည် သဒ္ဒါထက်ပင် ပိုအရေးကြီသည်ဟုဆိုနိုင်ပါမည်။
သဒ္ဒါရရုံဖြင့် အဖတ် အကြား အရေး အပြော လေးမျိုးစလုံးပိုင်နိုင်ပါသလား။
မပိုင်နိုင်ပါ။ သဒ္ဒါရရုံဆိုသည်မှာ များသောအားဖြင့် ဘာသာစကားဆိုင်ရာ သတ်မှတ်ထားသည့် စည်းမျဉ်းများကို သိသည့်အဆင့်သာရှိတတ်ပါသည်။ ဥပမာ ကတ္တားဆိုသည်မှာ ဘာ.... ကြိယာဆိုသည်မှာဘာ... သိသည့်သဘောကို ဆိုလိုပါသည်။ ရေကူးတတ်ဖို့ ရေထဲမဆင်းကြည့်ဘဲ ကုန်းပေါ်တွင် လက်လှုပ်ခြေလှုပ်နေသည်နှင့် တူပါသည်။
ဘာကို စလေ့လာရမလဲ။ သဒ္ဒါကလား အဖတ်ကလား။
ဘာကစ စ ရပါသည်။ အရေးကြီးသည်မှာ တစ်ခုတည်းကို အာရုံမစိုက်မိဖို့ ဖြစ်သည်။ ဝေါဟာရ၊ အသံထွက်တို့ကိုလည်း လေ့လာဖို့ ရန်မမေ့သင့်ပါ။ တခုချင်းစီသပ်သပ်လေ့လာသလို ရောပေါင်းပြီလည်း လေ့လာလို့ရပါသည်။ ဥပမာ ဖတ်မိသည့် စာအုပ်တွင်ပါသည့် ကိုယ်လေ့လာချင်သည့် စာကြောင်းပုံသဏ္ဌာန်ကို လိုက်ရှာကြည့်တာမျိုးပါ။ ပေးရမည့်အချိန်အားဖြင့်ဆိုလျှင် တစ်နာရီတွင် သဒ္ဒါအတွက် ဆယ်မိနစ်စာလောက်ပေးပြီး ကျန်သော ဝေါဟာရ၊ အဖတ် နှင့် အပြောအတွက် ကို ပိုအချိန်ပေးသင့်ပါသည်။