Sunday, May 15, 2011

ချင်းပြည်တောင်ပိုင်းခရီးသွားမှတ်တမ်း

 ဒီတခါတော့ ခရီးသွား အကြောင်းလေးပေါ့ဗျာ။ မြန်မာပြည်ကရှုခင်းတွေဟာ အလွန်လှပပြီး လည်စရာ ပတ်စရာတွေလည်း အများကြီးပါ။ ဒါပေမယ့် ကျွန်တော်တို့ မရောက်ဖူးတဲ့ နေရာတွေကလည်း အလွန်များပြားလှပါတယ်။ မင်းသားလွင်မိုး ရဲ့ ခရီးသွား မှတ် တမ်း အခွေဟာလည်း ကြည့်ရတာ တကယ်ကို ဗဟုသုတ ရပါတယ်။ ကချင်ပြည် လည်းအတော် စိတ်ဝင်စား စရာကောင်းပြီး ကြည့်ရှုစရာ တွေချည်းပါပဲ။ ကိုယ်တိုင် မသွာနိုင်သေးတော့ မှတ်တမ်းစာအုပ်လေးတွေပဲဖတ် ရတာပေါ့ဗျာ (ရှုခင်းခွေတွေလည်း ရှိပါတယ်)။ ကချင်ပြည်အကြောင်း ရေးထားတဲ့ စာအုပ်လေးတစ်အုပ် ဖတ် ဖူးပါတယ်။ ကချင်ပြည် ခရီးသွားလမ်းညွှန် ဆိုတဲ့စာအုပ်လေးပါ။ ရေးတဲ့သူကတော့ ကချင်မြေ(သန်းဆောင်) လို့ထင်ပါတယ်။ ဒီစာအုပ်လေးထဲမှာလည်း ဗဟုသုတ ရစရာလေးတွေအတော်ပါ ပါတယ်။ အခုတင်ထားတဲ့ စာအုပ်လေးကတော့ မြန်မာကျူးပစ် မှာ ကိုညီစေ Share လုပ်ပေးထားတဲ့ သူ့ရဲ့မှတ်တမ်းလေးပါ။ ချင်းပြည် တောင်ပိုင်းခရီးသွားမှတ်တမ်းလေးပေါ့။ ခရီးသွား ခြင်းကို စိတ်ဝင်စားတဲ့ သူတွေဖတ်ရအောင် ပြန်တင်ပေးလိုက်ပါတယ်။ ဖတ်ချင်တယ်ဆိုရင်တော့ ဒီမှာယူပါဗျုာ။ မူလတင်ပေးသူ ကိုညီစေ ကိုလည်း ကျေးဇူးတင်ပါတယ် ခင်ဗျာ။   




Credit to ကိုညီစေ (မြန်မာကျူးပစ်)
Posted by ငခဲ