Showing posts with label ခရီးသွားဆောင်းပါး. Show all posts
Showing posts with label ခရီးသွားဆောင်းပါး. Show all posts

Sunday, July 22, 2012

Mt.Fuji hiking plan

နာဂိုယာမှ မြန်မာ အသိမိတ်ဆွေသူငယ်ချင်းများ ခင်ဗျား-

အားလုံးပဲ Theory works တွေ၊Lectures တွေ၊ Reports တွေ Experiments တွေနဲ့ရှုပ်နေမြုပ်နေ

ကြပြီလား။ နွေရာသီလဲ စလာနေပါပြီ။ တော်တော်လဲပူလာနေပါပြီ။နွေရာသီ ကျောင်းပိတ်ရက်လေးတွေလဲ
ရှေ့လ ၈-လပိုင်းဆို စပိတ်ပါပြီဗျား။ ကျောင်းပိတ်ရက်လေးအတွင်းမှာ ခရီးသွားဖို့ ပြင်ဆင်နေကြပြီလား။ ကျွန်တော်ကတော့ ဖူဂျီတောင်တက်ဖို့ ပြင်ဆင်နေခဲ့တာတော့ ကြာပါပြီ။ လွန်ခဲ့တဲ့ ၃-နှစ်လောက်
ကတည်းက လိုအပ်မယ့်အချက်အလက်လေးတွေလဲ စုလာခဲ့တာပါ။ စိတ်ဝင်စားကြမယ်ဆိုရင်တော့ ပူးပေါင်းပြီး တပျော်တပါးကြီး တက်ကြတာပေါ့ဗျာ။  တခြားခရီးစီစဉ်ပြီးသားရှိရင်တော့လဲ မတတ်နိုင်
တော့ဘူးပေါ့ဗျာ။ ကျွန်တော် နိုးဆော်တာ နဲနဲ နောက်ကျသွားပါတယ်။တောင်တက်ဖို့ အကြမ်းဖျဉ်းရေးဆွဲထားတဲ့ အစီအစဉ်လေးတွေ ရှင်းပြပါမယ်။ လောလောဆယ်ကျွန်တော်တို့
ဇနီးမောင်နှံ ၂-ယောက်နဲ့ အခြားမြို့မှ ကျွန်တော့်သူငယ်ချင်းရယ်ကတော့ တက်ဖြစ်မှာပါ။

ဖူဂျီတောင်တက်ဖို့ အကောင်းဆုံးအချိန်

Wednesday, August 03, 2011

ဘာလီခရီး

 ဒီတစ်ခါတော့ ဘာလီခရီးစဉ်လေးပါ။ မြန်မာကျူးပစ်မှ ကိုခန့် ရဲ့ ခရီးသွားမှတ်တမ်းလေးကို ပြန်လည်တင်ပြ ထားတာပါ။ စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီမှာ ဒေါင်းလိုက်ပါ။ ထိုင်းနိုင်ငံက ဖူးခက်တို့ ဘာလီတို့ဆိုတာ အလွန်သွားသင့်တဲ့ နေရာတွေ ဖြစ်သော်လည်း ကျွန်တော်တော့ အခုထိ မရောက်ဖူးသေးပါ။ ဈေးအနေနဲ့ လည်း သိပ်တအားကြီး.ကြီးတဲ့ အထဲမပါဘူးဆိုတော့ တနေ့နေ့ သွားမယ်တော့ အားခဲထားတာပဲဗျာ။ ဘာတန်မှာလည်း အတော်လှတဲ့ ကမ်းခြေလေးတွေ ရှိတယ်။ ဈေးကလည်းချိုတယ်ပြောရမှာပဲ။့ ရုံးက စက်တင်ဘာမှာ သွားလည်မယ်ဆိုပြီး စီစဉ် ထားတာနေရာလေးတွေ ပြလို့ ကြည့်လိုက်တော့ လှတယ်၊ မဆိုး ဘူး။ ၂၀၀ လောက်ပဲရှိတယ်ပြောတယ်၊ ထမင်းပါကျွေးမှာ ဟိုတယ်က။ ဆိုတော့ ၀ါသနာပါတဲ့ သူတွေ အတွက် လည်ဖို့ ပတ်ဖို့ ပြောတာပါ။ သွားထားတာလေးတွေ ရှိတယ်ဆိုရင်လည်း Share လုပ်ကြပါဦး လို့ တိုက်တွန်းပါရစေ။


Posted by ငခဲ

Monday, June 13, 2011

ကျွန်တော် ခရီးသွား (၂)

၂၀၀၈ ခုနှစ်၊ မေလ (၁၅) ရက်။
ဒီနေ့ ကျွန်တော်လဲ ဂျပန်စာ အတန်းပြီးတော့ အဆောင်ပြန်လာ ခဏနားပြီး တော့အောက်ထပ်ကို မေးလ်စစ်ဖို့ ဆင်းလာခဲ့ပါတယ်။ ကျွန်တော်တို့ အဆောင်မှာ ကျောင်းသားများ အသုံးပြုရန် Computer Room တစ်ခု Desktop Computer ၅-လုံး ပေးထားပါတယ်။  မေးလ်ဖွင့်ကြည့်တော့ ကျွန်တော်တို့ Lab မှ Kato San(ကာတိုးစံ- နောင်တွင် ကျွန်တော်၏ Research Student ကာလတွင် Tutor ဖြစ်လာမည့်သူ၊) မှ တောင်တက်ခရီးစဉ်အတွက် အသက်အာမခံလုပ်ဖို့ လိုသည့်အတွက် လိုအပ်သည့်အချက်အလက်များ လှမ်းမေးထားပါတယ်။ Japanese Language Class အတွက် Orientation လုပ်ပေးစဉ်တုန်းကလည်း ကျွန်တော့်ဆရာ A.P Kato မှလည်း Lab အဖွဲ့ရဲ့ တောင်တက်ခရီးစဉ်ရှိကြောင်း ပြောပြထားတာ ရှိပါတယ်။ ဒီတောင်တက်ခြင်းက ကျွန်တော့်အတွက် ရိုးတွင်းခြင်ဆီထဲက ဝါသနာတစ်ခုလို့ ပြောလို့ရပါတယ်။ မန္တလေး နည်းပညာတက္ကသိုလ်မှာတုန်းကလည်း ဘေးနားက ရှမ်းတောင်တန်းတွေပေါ် ကျွန်တော်နှင့် သူငယ်ချင်းများ တော်တော်များများခြေချခဲ့ဖူးပါတယ်။ ဒါနဲ့ကျွန်တော်လဲ ချက်ခြင်းစိတ်ဝင်စားသွားပြီး  ခရီးစဉ်ရဲ့အကြောင်း၊ ဘယ်ချိန်လောက်သွားကြမှာလဲ ဆိုတဲ့အကြောင်း စာပြန်လိုက်ပါတယ်။

Sunday, May 29, 2011

ကျွန်တော် ခရီးသွား (၁)

၂၀၀၈ ခုနှစ်၊ မေလ (၂၄)ရက်။
ဒီနေ့သည် ဂျပန်ဘာသာသင်ကြားမှု (၁)လခွဲပြည့်မြောက်သည့်နေ့ဖြစ်ပါတယ်။ အဲဒီနေ့မှာ ဂျပန်နိုင်ငံရောက်ပြီး ဦးစွာပထမခရီးတစ်ခု ထွက်ဖြစ်ဖို့ အကြောင်းပေါ်လာပါတယ်။ မြန်မာပြည်က ထွက်မလာခင် ဂျပန်ကို ပညာတော်သင်သွားရဖို့ ပြင်ကြဆင်ကြတုန်းကလည်း ဂျပန်နိုင်ငံနဲ့ ပတ်သက်တဲ့ အထောက်အထားစာရွက်စာတမ်း တွေလက်လှမ်းမှီသလောက် ရှာကြည့်ပါတယ်။ ထုံးစံအတိုင်း အမြဲရောက်နေကျ ပန်းဆိုးတန်းလမ်း ဘက်မှာပဲပေါ့။ ကံကောင်းထောက်မစွာ “ဂျပန်ပြည်မှာ ရက်ပေါင်း ၁၃၀၀” ဆိုတဲ့ စာအုပ်လေးတစ်အုပ်တွေ့တယ်။ ရေးတဲ့သူကလည်း MONBUKAGASHOU အတိုကောက်အခေါ် မွန်ဘူးရှိုး လို့ခေါ်တဲ့ ဂျပန်ပညာရေးဝန်ကြီးဌာန အထောက်အပံ့နဲ့ ဂျပန်နိုင်ငံမှာ ပညာတော်သင်နေသွားသူက ရေးသားထားတာဆိုတော့ ကျွန်တော့်အတွက် မွန်ဘူးရှိုးကျောင်းသားလဲ ဖြစ်ပြန်တော့ များစွာမှ အထောက်အကူရလှပါတယ်။ သူတို့တုန်းက Osaka gaidai အိုဆာကာ ဂိုင်းဒိုင်း လို့ခေါ်တဲ့ အိုဆာကာ နိုင်ငံခြားဘာသာသင် တက္ကသိုလ်မှာ နိုင်ငံတကာက ကျောင်းသားပေါင်းစုံ ဂျပန်စာ စုဝေးသင်ကြရပြီး အဲဒီနောက်မှ သက်ဆိုင်ရာ တက္ကသိုလ်များသို့ သွားကြရတာဖြစ်ပါတယ်။ သူတို့ ဂျပန်စာသင်ကြားနေစဉ်ကာလများမှာလည်း မကြာခဏဆိုသလို လေ့လာရေး အပျော်ခရီးစဉ်လေးတွေ စီစဉ်ပေးတယ်ဆိုတာ ဖတ်ခဲ့ရတယ်။ ဆိုတော့ ခရီးသွားလာရတာ အင်မတန်မှ နှစ်ခြိုက်တတ်တဲ့ ကျွန်တော့်အတွက်တော့ စူဋ္ဌလိပ်ရေထဲလွှတ်သလိုနေတော့တာပေါ့။ ကျွန်တော်လဲ ခရီးသွားလာပြီး ဒေသန္တရဗဟုသုတလေးတွေ ရှာဖွေရတာ အင်မတန်မှ စိတ်ဝင်စားပါတယ်။ ဘာလို့လဲဆိုတော့ ဒေသတစ်ခုနဲ့တစ်ခု၊ အဲဒီဒေသမှာ နေထိုင်နေကြတဲ့ လူမျိုးစုတွေရဲ့ နေထိုင်ပြုမူတာတွေကအင်မတန်မှ စိတ်ဝင်စားစရာကောင်းတဲ့အတွက်ကြောင့်လဲဖြစ်ပါတယ်။

Wednesday, May 25, 2011

ဂျမေကာ ခရီးစဉ်

အခုတင်ထားတဲ့ စာအုပ်လေးကတော့ ဂျမေကာ ခရီးစဉ် ဆိုတဲ့ စာအုပ်လေးပါ။ ထုံးစံအတိုင်း မြန်မာ ကျူးပစ် ဖိုရန် ကပဲ မ လာခဲ့တာပါ။ရေးသူကတော့ Mood လို့ခေါ်တဲ့ အမျိုးသမီး တစ်ယောက်ပါ။ ခုလို ခရီးသွား အတွေ့ အကြုံလေးတွေ ပြန်လည် ဝေမျှ ပေးတဲ့ အတွက် ကျေးဇူးတင် ပါတယ် ဆိုတဲ့ အကြောင်း ဒီနေရာ က နေပြောပါရစေ။ ကျွန်တော့် အနေနဲ့ ခရီးသွား ရတဲ့ အရသာ ကို ကြိုက်နှစ်သက်တဲ့ အတွက် ခုလို ကိုယ် မရောက်ဖူးတဲ့ နေရာလေးတွေ ကို ရေးထားတာ လေးတွေ ရှိရင် လိုက်ဖတ်ပြီး သဘောကျ တာလေးတွေ ရှိလို့ ပြန်တင် ပေးခြင်းဖြစ်ပါတယ်။ ဒီဂျမေကာ ကမ်းခြေကိုလည်း သီချင်းတွေ မှာ နောက်ခံ အဖြစ် တွေ့ဖူး ကတည်းက အတော် သာယာတဲ့ နေရာလေး ဆိုတာ သတိထားမိ နေတာပါ။ ဖတ်ကြည့် လိုက်မယ် လေဆိုရင်တော့ ဒီမှာ down လိုက်ပါ။


 Credit to Mood
Myanmar Cupid Forum
Posted by ငခဲ

Saturday, May 21, 2011

ချင်းပြည်နယ် ရိဒ်ရေကန်သွားခရီးစဉ်


အခုတင်ပေးထားတဲ့ စာအုပ်လေးကလည်း ချင်းပြည်နယ် ခရီးစဉ်လေးပါပဲ။ မမျက်ဝန်းက မြန်မာကျူးပစ် မှာ သူ့ခရီးစဉ်လေးကို Share လုပ်ထားတာလေးပါ။ ကလေးမြို့ မှတဆင့် ရိဒ်ရေကန် ကိုသွားတဲ့ ခရီးစဉ်က အဓိကပါ။ သူငယ်ချင်းတို့လည်း ခရီးသွား မှတ်တမ်းလေးတွေ ပြန်လည်မျှဝေ ပေးစေချင်ပါတယ်။ ကျွန်တော့် ရဲ့ တရုတ်ပြည် ရဲ့ကမ္ဘာကျော် Great Wall ကိုရောက်ခဲ့တဲ့ အတွေ့အကြုံ လေးကိုလည်း မှတ်မိ သလောက် ဓါတ်ပုံ လေးတွေ နဲ့ မကြာခင်မှာ ပြန်လည်တင်ပြ ပေးသွားပါမယ်။ အခုစာအုပ်လေးကို Share လုပ်ပေးတဲ့ မမျက်ဝန်း ကိုလည်း ဒီနေရာ ကနေကျေးဇူးတင် ကြောင်း ပြောပါရစေ။ စာအုပ်လေးကို ဖတ်ချင်တယ် ဆိုရင်တော့ ဒီမှာ ယူပါဗျာ။

Credit to မမျက်ဝန်း
Myanmar Cupid Forum
Posted by ငခဲ

Sunday, May 15, 2011

ချင်းပြည်တောင်ပိုင်းခရီးသွားမှတ်တမ်း

 ဒီတခါတော့ ခရီးသွား အကြောင်းလေးပေါ့ဗျာ။ မြန်မာပြည်ကရှုခင်းတွေဟာ အလွန်လှပပြီး လည်စရာ ပတ်စရာတွေလည်း အများကြီးပါ။ ဒါပေမယ့် ကျွန်တော်တို့ မရောက်ဖူးတဲ့ နေရာတွေကလည်း အလွန်များပြားလှပါတယ်။ မင်းသားလွင်မိုး ရဲ့ ခရီးသွား မှတ် တမ်း အခွေဟာလည်း ကြည့်ရတာ တကယ်ကို ဗဟုသုတ ရပါတယ်။ ကချင်ပြည် လည်းအတော် စိတ်ဝင်စား စရာကောင်းပြီး ကြည့်ရှုစရာ တွေချည်းပါပဲ။ ကိုယ်တိုင် မသွာနိုင်သေးတော့ မှတ်တမ်းစာအုပ်လေးတွေပဲဖတ် ရတာပေါ့ဗျာ (ရှုခင်းခွေတွေလည်း ရှိပါတယ်)။ ကချင်ပြည်အကြောင်း ရေးထားတဲ့ စာအုပ်လေးတစ်အုပ် ဖတ် ဖူးပါတယ်။ ကချင်ပြည် ခရီးသွားလမ်းညွှန် ဆိုတဲ့စာအုပ်လေးပါ။ ရေးတဲ့သူကတော့ ကချင်မြေ(သန်းဆောင်) လို့ထင်ပါတယ်။ ဒီစာအုပ်လေးထဲမှာလည်း ဗဟုသုတ ရစရာလေးတွေအတော်ပါ ပါတယ်။ အခုတင်ထားတဲ့ စာအုပ်လေးကတော့ မြန်မာကျူးပစ် မှာ ကိုညီစေ Share လုပ်ပေးထားတဲ့ သူ့ရဲ့မှတ်တမ်းလေးပါ။ ချင်းပြည် တောင်ပိုင်းခရီးသွားမှတ်တမ်းလေးပေါ့။ ခရီးသွား ခြင်းကို စိတ်ဝင်စားတဲ့ သူတွေဖတ်ရအောင် ပြန်တင်ပေးလိုက်ပါတယ်။ ဖတ်ချင်တယ်ဆိုရင်တော့ ဒီမှာယူပါဗျုာ။ မူလတင်ပေးသူ ကိုညီစေ ကိုလည်း ကျေးဇူးတင်ပါတယ် ခင်ဗျာ။   




Credit to ကိုညီစေ (မြန်မာကျူးပစ်)
Posted by ငခဲ