Wednesday, February 15, 2012

ဒုတိယအကြိမ် လောကချမ်းသာသဲပုံစေတီ တည်ထားပူဇော်ပွဲ

စင်္ကာပူနိုင်ငံတွင် လောကချမ်းသာသဲပုံစေတီ တည်ထားပူဇော်ပွဲကြီးကို အဘိဓမ္မာအသင်းကြီး(စင်္ကာပူ) မှ ဦးစီး၍ စင်္ကာပူရောက်မြန်မာမိသားစုများ၊ အသင်းအဖွဲ့များမှ ပါဝင်ကျင်းပခဲ့ကြပါတယ်။ ယခုနှစ်မှာလည်း ဒုတိယအကြိမ် သဲပုံစေတီ တည်ထားပူဇော်ပွဲကို ယခုလ ၂၄ ရက်နေ့ (သောကြာနေ) ညနေ ၅ နာရီ မှ စတင်တည်ထားကိုးကွယ် ပူဇော်ကြမည်ဖြစ်ပြီး၊ ၂၅-၂-၂၀၁၂ (စနေနေ့)တွင် အာရုံတက်ချိန်မှစတင်ကာ တနေ့တာပတ်လုံးဖြင့် ညအချိန်ထိ သစ်သီးဆွမ်းများ၊ ပဋ္ဌာန်းရွတ်ပွဲလေးများ၊ စသဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပါကြောင်း အသိပေးနိုးဆော်လိုက်ရပါသည်။
ကျင်းပမည့်နေရာ - East Cost, Car park E2,Sand Castel, Rock No. 14, Singapore
 ပထမအကြိမ် လောကချမ်းသာသဲပုံစေတီ တည်ထားပူဇော်ပွဲ မှတ်တမ်းဓာတ်ပုံများ
Posted by ဝတီ

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၄၁)

Sentence Structure (14) - Noun
(ကျွန်တော်အင်္ဂလိမ်စာနဲ့ပတ်သက်၍ ဖတ်ရှူလေ့လာခဲ့တဲ့အထဲမှ ဆရာကြီးဦးသာနိုးရဲ့ဆောင်ပါးများကို ဒီ blogတွင် အလျဉ်းသင့်သလို တင်ဆက်ခဲ့ပါတယ်။ ယခုတင်ပြလိုက်တဲ့ ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၄၁)ဟာ နောက်ဆုံးဆောင်းပါးဖြစ်ကြောင်းနှင့် ကျွန်တော်အနေနဲ့ ကောင်းနိုးရာရာ ဆောင်ပါးများကို စာဖတ်ဝါသနာရှင် သူငယ်ချင်းတို့အတွက် တင်ဆက်ပေးသွားပါ့မယ်။ သူငယ်ချင်းတို့တွေလဲ အင်္ဂလိမ်စာနဲ့ပတ်သက်၍ ထူးချွန်ထက်မြက်သူများဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။)
Noun ဆိုတာ ဘာလဲ။ ၀ါကျရဲ့ အဆောက်အအုံထဲမှာ Subject နေရာ၊ Object နေရာ၊ Complement နေရာက ပါဝင်ကပြနိုင်တဲ့ စကားလုံး (၀ါ) စကားလုံး အစုအဝေးကို Noun လို့ သမုတ်ကြတာပါပဲ။ (Complement မှာတော့ Noun အပြင် Adjective လည်း ၀င်ရောက်နိုင်သေးတာကို သတိပြုပါလေ။) ဒီတော့ man, dog, chair တို့ဟာ noun ဖြစ်သလို၊ အောက်ပါဝါကျတွေမှာ Underline တွေနဲ့ ဖော်ပြထားတဲ့ အစုတွေဟာလည်း noun တွေပဲ ဖြစ်ပါတယ်။
1. To err is human. ( Subject )
... မှားတာ လူဆန်တယ်။
2. She hates to be looked at. ( Object )
... အကြည့်ခံရတာကို သူမုန်းတယ်။
3. Her only concern is to look beautiful. ( Subject Complement )
... သူ့တစ်ခုတည်းသောအလုပ်က လှဖို့ပဲ။
4. Where to begin was the problem. ( Subject )
... ဘယ်ကစရမလဲဆိုတာ ပြသနာပဲ။
5. I don't know what to say. ( Direct Object )
... ကျွန်တော် ဘာပြောရမှန်း မသိဘူး။
6. The problem is where to begin. ( Subject Complement )
... ပြသနာကတော့ ဘယ်ကစရမလဲဆိုတာပါပဲ။
7. Walking ten miles is not easy. ( Subject )
... ဆယ်မိုင်လမ်းလျှောက်ရတာ မလွယ်ဘူး။
8. Most of us hate walking a few miles. ( Direct Object )
... ကျွန်တော်တို့အများစုဟာ မိုင်အနည်းငယ် လမ်းလျှောက်ရတာကို မုန်းကြတယ်။
9. The only alternative was taking the bus. ( Subject Complement )
... တစ်ခုတည်းသော ရွေးစရာကတော့ ဘတ်စ်စီးတာပါပဲ။
10. I saw him cross the road. ( Object )
... သူ လမ်းဖြတ်ကူးတာကို ကျွန်တော်မြင်တယ်။
11. I saw him crossing the road. ( Object )
... သူ လမ်းဖြတ်ကူးနေတာကို ကျွန်တော်မြင်တယ်။