Thursday, April 19, 2012

အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု တိုးတက်စေမည့် နည်းလမ်း (၇၀) - အပိုင်း (၆)

၂၆။ အင်္ဂလိပ်လိုစာတမ်းထိုးတဲ့ အင်္ဂလိပ်စကားပြော ရုပ်ရှင်တွေကို ကြည့်ပါ။ အချို့လူတွေက စာတမ်းမထိုးတဲ့ ရုပ်ရှင်ကိုကြည့်ရင် နားမလည်နိုင်ဘူး။ ဒါပေမယ့် ကိုယ့်ဘာသာစကားနဲ့ စာတမ်းထိုးတဲ့ ရုပ်ရှင်တွေကို ကြည့်ပြန်တော့လည်း စာတမ်းတွေကိုသာဖတ်နေပြီး အင်္ဂလိပ်လိုပြောတာကို နားမထောင်မိတော့ဘဲ ဖြစ်တတ်ပါတယ်။ အဲဒါဆိုရင် အင်္ဂလိပ်လို စာတမ်းထိုးပြီးကြည့်ဖို့ ဦးတည်ပြီး ကြိုးစားကြည့်ပါ။ ရုပ်ရှင်တစ်ကားလုံးကို အင်္ဂလိပ်စာတမ်းနဲ့ ကြည့်ဖို့ ခက်လွန်းနေတယ် ဆိုရင် (ပုံမှန်အားဖြင့် အရေးကြီးဆုံးအပိုင်းဖြစ်တဲ့) ပထမ ၁၀ မိနစ်၊ ၁၅ မိနစ်လောက်ကို ကိုယ့်ဘာသာစကားနဲ့ ကြည့်ပြီး အဲဒီနောက်ပိုင်းမှာ အင်္ဂလိပ်ဘာသာစကားနဲ့ ကြည့်ပါ။ ရုပ်ရှင်ဇာတ်လမ်းကို လုံးဝမသိတော့ဘဲ လမ်းပျောက်သွားမှပဲ စာတမ်းပြောင်းပြီး ကိုယ့်ဘာသာစကားနဲ့ ကြည့်ပါ။
၂၇။ ကိုယ့်ဘာသာစကားပြောတဲ့ ရုပ်ရှင်တွေကို အင်္ဂလိပ်လိုစာတမ်းထိုးပြီးကြည့်ပါ။ အင်္ဂလိပ်စကားပြော ရုပ်ရှင်တွေကို အင်္ဂလိပ်စာတမ်းထိုးနဲ့ပဲ ကြည့်ရတာ ခက်လွန်းနေတယ်ဆိုရင် ဒါမှမဟုတ် ကိုယ့်အိမ်နားမှာရှိတဲ့ ဗီဒီယိုဆိုင်မှာ အင်္ဂလိပ်စကားပြော၊ အင်္ဂလိပ်စာတမ်းထိုးရုပ်ရှင်တွေ မရှိဘူးဆိုရင် ဒီနည်းဟာ ဒုတိယအကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေမှရုပ်ရှင်တွေထဲမှာ အင်္ဂလိပ်စာတမ်းထိုးတဲ့ ရုပ်ရှင်တွေကို ရှာပြီးတော့ ကြည့်မယ်ဆိုရင် အရည်အသွေးကောင်းတဲ့ ရုပ်ရှင်တွေလည်း ဖြစ်တတ်ပါတယ်။ နိုင်ငံတကာမှာ လူကြိုက်များမယ်လို့ ထုတ်လုပ်သူတွေက ယူဆတဲ့အတွက်ဖြစ်ပါတယ်။