Wednesday, February 22, 2012

အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ(၁)

Wonders will never cease!  (အံ့သြမကုန်နိုင်ဘွယ်ပါလား)
အံ့သြတယ်လို့ သိစေချင်ရင် wonders will never cease! လို့ ပြောနိုင်တယ်။
1. Wonders will never cease! There were no delays at the airport.
    အံ့သြမကုန်နိုင်ဘွယ်ပါလား။ လေဆိပ်မှာ မစောင့်ရဘူး။
2. Wonders will never cease! We're getting quite a large pay rise this year.   
    အံ့သြမကုန်နိုင်ဘွယ်ပါလား။ ဒီနှစ်အတွက် လစာ အများကြီး တိုးရတော့မှာ။
Don’t bank on it (အပိုင်တွက်ထားလို့ မရဘူးနော်)
တစ်ခုခုအပေါ်မှာ လုံးလုံးလျားလျား မှီခိုအားထားပြီး ကြိုတွက်မထားနဲ့လို့ အကြံပေးချင်ရင် don’t bank on it လို့ ပြောနိုင်တယ်။
1. 'According to the weather forecast it's going to be a fine day for a picnic tomorrow.' 'Don't bank on it! The weather forecasters often get things wrong.
မိုးလေဝသခန့်မှန်းချက်မှာ မနက်ဖြန် ပျော်ပွဲစားထွက်ဖို့ ရာသီဥတုကောင်းမယ်လို့ ပါတယ်။
အပိုင်တွက်ထားလို့ မရဘူးနော်။ မိုးလေ၀သ ခန့်မှန်းချက်ထုတ်တဲ့ လူတွေ မကြာမကြာ မှားတယ်နော်။
2. Jim said that he'd help us move house, but don't bank on it. He's not very reliable.  
    ဒို့အိမ်ပြောင်းတဲ့အခါ ဂျင်မ်က ကူမယ်လို့ ပြောတာဘဲ။ ဒါပေမယ့် အပိုင်တွက်မထားနဲ့။ ဒီလူက သုံးခွက်တစ်ခွက်တင် လူစားမျိုး။
No big deal (ရေးကြီးခွင်ကျယ်မဟုတ်ပါ။)
ဘာမှအရေးကြီးတဲ့ကိစ္စမဟုတ်ပါဘူးလို့ ပြောချင်ရင် no big deal ကို သုံးနိုင်တယ်။
1. Many people considered that John was a hero for rescuing the boy from the fire, but he said modestly that it was no big deal.
   ကောင်လေးကို မီးထဲက ကယ်ထုတ်ခဲ့လို့ ဂျွန်ကို သူရဲကောင်းလို့ အများက သဘောထားကြပေမယ့် ဂျွန်ကတော့ ဒါဘာမှ ကြီးကျယ်တဲ့ လုပ်ရပ်မဟုတ်ပါဘူးလို့ နှိမ့်ချစွာနဲ့ ပြောပါတယ်။
2. Bob said it was no big deal when he borrowed the firm's van for his personal business, but the boss was furious when he found out.
    ဘော့ဘ်က ဘာမှ ရေးကြီးခွင်ကျယ်ကိစ္စမဟုတ်ဘူးလို့ ဆိုပြီး ကုမ္ပဏီက ဗင်ကားကို ကိုယ်ရေးကိုယ်တာ အတွက် ယူသုံးတယ်၊ ဘော့စ်လဲသိရော ဒေါသူပုန်ထပါလေရော။
Talk of the devil! (အသက်ရှည်အုံးမယ်။)
လူတစ်ယောက်အကြောင်း ပြောနေတုံး အဲဒီလူကို ရုတ်တရက် အနားရောက်လာတာ တွေ့ရတဲ့အခါ talk of the devil! လို့ ပြောနိုင်တယ်။
1. Talk of the devil! We were just saying that we hadn't seen you for a long time.
    အသက်ရှည်အုံးမယ်။ မင်းကို မတွေ့တာကြာပြီလို့ အခုဘဲ ပြောနေတာ။
2. Talk of the devil! I'd have just remarked that I don't see many of my old student friends these days when two of them came into the pub.
    ဒီလူတွေ အသက်ရှည်အုံးမယ်၊ ကျောင်းတုံးက သူငယ်ချင်းဟောင်းတွေ တော်တော်များများ ပြန်မဆုံတော့ဘူးလို့ ပြောရုံရှိသေး၊ (လက်ဖက်ရည်/အရက်) ဆိုင်ထဲ သူငယ်ချင်းဟောင်း နှစ်ယောက်ဝင်လာတယ်။
Not exactly ... (တော့ မ...ဘူး။)
အကြောင်းအရာတစ်ခုခု မမှန်ကြောင်း ပြောချင်တဲ့အခါ not exactly ကို သုံးနိုင်တယ်။
1. The neighbours are not exactly friendly. They all ignored us.
    အိမ်နီးချင်းတွေက ရင်းရင်းနှီးနှီးတော့ မရှိဘူး။ ဆေးဖော်ကြောဖက်ကို မလုပ်တာ။
2. Property is not exactly cheap in this area. I am amazed that Lucy was able to afford a flat here.
    ဒီရပ်ကွက်ထဲမှာ အိမ်ခြံမြေဈေး မသေးဘူး။ ဒီရပ်ကွက်ထဲမှာ လူစီ အိမ်ခန်းဝယ်နိုင်တာ သိပ်အံ့သြတာဘဲ။
ကိုယ့်ကို တစ်ခုခု လာပြောတဲ့အခါ မဟုတ်သေးဘူးလို့ ပြန်ပြောချင်ရင် not exactly ကို သုံးနိုင်တယ်။
1. 'Was Jack happy to be transferred to the London office?' 'Not exactly, but he didn't complain because he thought the transfer would lead to   promotion.'  
    ဂျက် က လန်ဒန်ရုံးကို ပြောင်းသွားရတာ ပျော်ရဲ့လား။ ပျော်တော့ မပျော်ဘူး။ ဒါပေမယ့် ပြောင်းပြီးရင် ရာထူးတက်မယ်ထင်လို့ အောင့်အည်းပြီး နေနေတယ်။
Posted by ကိုတူး(မိတ္ထီလာ GTI)