Saturday, June 30, 2012

အလုပ်အကိုင် အခွင့်အလမ်း

Marine Engine နဲ့ပတ်သက်လို့ ခိုင်ခိုင်မာမာ ရပ်တည်လျှက်ရှိတဲ့ ကုမ္ပ္ပဏီ "Wartsila" ဟာ ဒီရက်ပိုင်းမှာပဲ မြန်မာပြည် ကိုသွားပြီး လူခေါ်ဖို့ ရှိပါတယ်။ အလုပ်သမားကနေ အင်ဂျင်နီယာ position အထိ ခေါ်ဖွယ်ရှိတယ် လို့ သိရပါတယ်။ စိတ်ပါဝင်စားသူတွေ အနေနဲ့ အောက်ပါလိပ်စာ အတိုင်းဆက်သွယ်မေးမြန်းကြည့်နိုင်ပါတယ်။

ဦးသိန်း.ဟန်
Golden Falcon
44th Street
Lower Block
2nd Floor


Posted by ဂျွန်

ကျေင်းဖွင့်ချိန်

ခေါင်းလောင်းသံတိတ်
ကျောင်းတွေပိတ်ပြီ
အလွမ်းကမ္ဘာ ရင်ဝယ်ထားကာ
ကျောင်းကြီးဖွင့်ရက်
လက်ချိုးတွက်လို့
စောင့်မျှော်နေမယ်
သူငယ်ချင်းတို့ရယ်။   ။

ကျောင်းတော်ရင်ခွင်
တို့ပြေးဝင်မဲ့
ရာသီလေမြူး ၀သန်ဦးလဲ
စောင့်မျှော်ရက်ကြာ
ရောက်လို့လာတော့မှာမို့
နင်လဲငါ့လို ငါလဲနင့်လို
အလွမ်းတွေ ပိုလို့သာ
စောင့်မျှော်နေမှာ
ကျေင်းဖွင့်ချိန်ရာ ။   ။

Posted by တကိုယ်ငယ်

အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု တိုးတက်စေမည့် နည်းလမ်း (၇၀) - အပိုင်း (၁၄)

၆၆။ အနောက်တိုင်းစားသောက်ဆိုင်များကိုသွားပါ။ အင်္ဂလိပ်လို Menu ယူပြီးကြည့်ရမှာဖြစ်တဲ့အပြင် အင်္ဂလိပ်စကားပြောနိုင်ငံတွေရဲ့ ယဉ်ကျေးမှုအကြောင်း သိရှိနားလည်ဖို့ နည်းလမ်းကောင်းလည်း ဖြစ်ပါတယ်။ အဲဒီအပြင် အင်္ဂလိပ်ဘာသာနဲ့ စာရင်းတွေ ဖော်ပြထားတဲ့ အခမဲ့မဂ္ဂဇင်းတွေလည်းရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ တီဗွီမှာ အင်္ဂလိပ်လို အားကစားကဏ္ဍ ကြည့်နိုင်ပါတယ်။ စကားပြောလို့ရမယ့် နိုင်ငံခြားသားတွေလည်း တွေ့မှာဖြစ်ပါတယ်။
၆၇။ အသံထွက် အီလက်ထရောနစ်အဘိဓာန်ဝယ်ပါ။ အီလက်ထရောနစ်အဘိဓာန်တွေမှာ ပါတဲ့ စကားလုံးတစ်လုံးစီအတွက် ဖွင့်ဆိုရှင်းလင်းချက်တွေက ပုံနှိပ်အဘိဓာန်တွေမှာလောက် မကောင်းပါဘူး။ ဒါပေမယ့် အချို့ အီလက်ထရောနစ်အဘိဓာန်တွေက အသံထွက်ပါတဲ့အတွက် အသုံးဝင်ပါတယ်။
၆၈။ အီလက်ထရောနစ်အဘိဓာန်ပါတဲ့ Vocabulary စာရင်းကို ကျက်မှတ်ပါ။ အီလက်ထရောနစ် အဘိဓာန် အများစုမှာ နောက်ဆုံးကြည့်ခဲ့တဲ့စကားလုံး ၃၀၊ ဒါမှမဟုတ် အဲဒီထက် ပိုပြီး ပြန်ကြည့်လို့ ရအောင် ခလုတ်တစ်ခု ပါတတ်ပါတယ်။ အသုံးမ၀င်ဘူးလို့ယူဆတဲ့ စကားလုံးတွေ၊ ကျက်မှတ်ပြီး စကားလုံးတွေကို အဲဒီစာရင်းကနေ ဖျက်ထားနိုင်ပါတယ်။ ဒါဆိုရင် အဲဒီစာရင်းကို ကျက်ရမယ့်စာလုံး စာရင်း အနေနဲ့ သုံးနိုင်ပါတယ်။ ရထားစီးချိန် ကားစီးချိန်အတွင်း တစ်နေ့ကို ၃-၄ ကြိမ် အဲဒီစာရင်းကို ကြည့်ပေးနိုင်ပါတယ်။

Thursday, June 28, 2012

အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ (၉)

I mean (ငါပြောချင်တာက)
You use I mean when you wish to explain what you have just said:
ငါပြောချင်တာက I mean ကို မကြာမီက မိမိပြောလိုက်သော အကြောင်းအရာကို ရှင်းပြလိုသောအခါတွင် အသုံးပြုသည်။
  1. I'm surprised that Jane and Mike have bought a flat together. l mean they've only known each other a few weeks.
      Jane နဲ့ Mike နှစ်ယောက်ပေါင်းပြီး တိုက်ခန်းတစ်ခန်းဝယ်လိုက်တာကို ငါ အံ့သြတယ်။ ငါပြောချင်တာက သူတို့နှစ်ယောက် အချင်းချင်းသိကြတာ ရက်သတ္တပတ်အနည်းငယ်ပဲရှိသေးတယ်။
  2. I can’t understand why Mum and Dad want to go there again on holiday. I mean it always rains and there's nothing for us to do.
      အမေနဲ့အဖေဟာ ဘာ့ကြောင့် အဲဒီနေရာကို အပန်းဖြေဖို့ ထပ်သွားချင်တာလည်းဆိုတာကို ငါ နားမလည်နိုင်ဘူး။ ငါပြောချင်တာက အဲဒီမှာ မိုးအမြဲရွာပြီး ငါတို့ လုပ်စရာ ဘာမျှလည်း မရှိဘူး။
What's more (ဒါ့အပြင်)
You use what's more when you wish to add something to what you have just said, often something which is more important, more interesting or surprising:
ဒါ့အပြင် what’s more ကို အများအားဖြင့် အခုလေးတင် သင်ပြောလိုက်သော အကြောင်းအရာ တစ်ခုခုပေါ်တွင် ပို၍ စိတ်ဝင်စားဖွယ်ကောင်းသော (သို့) ပို၍ အံ့သြဖွယ်ကောင်းတဲ့ အချက်အလက်တစ်ခုကို ထပ်လောင်းဖြည့်စွက်လိုသောအခါ အသုံးပြုသည်။
  1. Jim's new girlfriend is very pretty and, what's more, she seems to be very much in love with him.
      Jim ရဲ့ရည်းစားအသစ်က အရမ်းချောတာပဲ။ ဒါ့အပြင် သူ့ကိုလည်း အရမ်းချစ်ပုံရတယ်။
  2. Ken is leaving to work for another firm and, what's more, his two assistants are going with him.
      Ken က အခြားစီးပွားရေးလုပ်ငန်းတစ်ခုမှာ အလုပ်သွားလုပ်ဖို့ ထွက်တော့မှာ။ ဒါ့အပြင် သူ့ရဲ့ လက်ထောက်နှစ်ယောက်က သူနဲ့လိုက်သွားမှာ။

Wednesday, June 27, 2012

လူငယ်နှင့် အချိန်အသုံးချမှု

လူဘ၀သက်တမ်း တစ်လျှောက်မှာ အကောင်းဆုံးတွေကိုလုပ်ဆောင်နိုင်မှာကတော့ လူငယ်လို့ သတ်မှတ်ထားတဲ့ အချိန်ပါပဲ။ လူငယ်လို့ ပါးစပ်ကနေ အော်လိုက်ရရင်ကို တော်တော်လေး ခွန်အားတွေ ပြည့်လာသလိုပဲ။ လူငယ်ဆိုတဲ့ ဂုဏ်ကိုတော့ အလွန်တန်ဖိုးထားတယ်။ ရှေ့ဆောင်ပုဂ္ဂိုလ်ကြီးတွေရဲ့ လူငယ်ဘ၀ ဖြတ်သန်းခဲ့ကြပုံလေးတွေကိုလည်း တတ်နိုင်သလောက်တော့လေ့လာမိတယ်။ တကယ်ကိုထွန်းပေါက် အောင်မြင်သွားကြတဲ့ ပုဂ္ဂိုလ်တိုင်းဟာ အခက်အခဲ ဒုက္ခဆိုတာတွေကို ခက်ခက်ခဲခဲ ရင်ဆိုင်ဖြတ် သန်းခဲ့ကြ တယ်ဆိုတာလေးတော့ တွေ့ရပါ တယ်။ ဒါလေးတွေကို သာဓကပြုပြီး ယနေ့လူငယ်တွေ လက်ဖက်ရည် ဆိုင်မှာ အချိန်တွေကို အလဟသတ် ကုန်ဆုံးနေတာတွေ့ ရလို့ အကြောင်းပြုပြီးရေးသားဖော်ပြခြင်းဖြစ်ပါတယ်။
ဘ၀ဆိုတာကိုအချိန်နဲ့တည်ဆောက်ထားတယ် လို့ဆရာပီမိုးနင်း စာအုပ်တွေမှာ တွေ့ခဲ့ရတယ်။ တန်ဖိုးရှိတဲ့ အရာတွေထဲမှာ အချိန်ဆိုတာကတော့ ဘာနဲ့မှာ အစားပြန်ထိုးလို့မရတဲ့ အရာပဲ ဖြစ်ပါတယ်။ ဒါကိုလူငယ် လေးတွေ သိပြီးသားပါ။ တန်ဖိုးရှိတဲ့ အချိန်တွေအတွက် အကျိုးရှိရှိ အသုံးချကြဖို့ ပြောခဲ့တဲ့ စာအုပ်ပေါင်း တွေလည်း ထပ်နေပါပြီ။ လက်ဖက်ရည်ဆိုင်မှာ အကျိုးမရှိတဲ့ စကားတွေပြောပြီး အချိန်ကုန်နေကြမယ့်အ စား တစ်ခုခုကိုအာရုံစိုက်ပြီး လုပ်ကိုင်ကြမယ် ဆိုရင်ဖြင့် အဖိုးတန်လူငယ်တွေ မြန်မာပြည်မှာ အမြောက်အများ ထွက်လာမှာပါ။
ဘ၀ဆိုတာကတော့ အမျိုးမျိုးရှိပါတယ်။ ကိုယ့်ဘ၀အကျိုးပေးနဲ့ကိုယ် ဆင်းရဲတာရှိသလို ချမ်းသာတာလည်း ရှိကြမယ်။ ဘယ်လိုဘ၀မျိုးပဲဖြစ်ဖြစ် ကိုယ်ဖြစ်ချင်ရာကို ဖြစ်ခွင့်ရှိပါတယ်။ အဓိကအကျဆုံးကတော့ ကိုယ့်စိတ်ပါ။ ဘ၀အကျိုးပေးနုံချာလို့ လောကဓံဆိုးတွေရင်ဆိုင်ကြရတယ်။ လွတ်လပ်မှုမရှိလို့ လုပ်ချင် ရာလုပ်လို့မရဘူးဆိုတာတွေလည်း ရှိပါတယ်။ ဘယ်လိုမျိုး အနေအထားမှာပဲ ရှိနေပါစေ ဖြစ်ချင်တယ်ဆိုရင် အားလုံးကိုရင်ဆိုင်ကျော်လွှားရဲတဲ့သတ္တိတစ်ခုပဲလိုပါတယ်။ ဘ၀အခြေမွဲလို့ နိုင်ငံတော်သမ္မတ မဖြစ်နိုင်ဘူးဆိုတဲ့ခံယူချက်ရှိနေကြမယ်ဆို ရင် အမေရိကန်နိုင်ငံရဲ့ မော်ကွန်တင် သမ္မတကြီး အေဗရာ ဟမ်လင်ကွန်း အကြောင်းလေး လေ့လာဖတ်ရှု့ကြည့်ကြစမ်းပါ။

Monday, June 25, 2012

စင်္ကာပူလုပ်ငန်းရှင်တစ်ဦးဆိုက်ရောက်ဗီဇာ ငြင်းပယ်ခံရ

( အမှန်တော့ ကိုယ့်လူတွေ လုပ်တာ မရှင်း မရှင်း နိုင်ပေမယ်လို့ ဒီလိုသတင်းမျိုး ရှားရှားပါးပါး ဖတ်ရတာ အရသာ ရှိလွန်းလို့ မျှဝေလိုက်ပါတယ်။ မကြာခင် ကိုယ့်အလှည့် ရောက်တော့မယ် ထင်ပါရဲ့ )
အာဆီယံနိုင်ငံများနှင့်ဥရောပနိုင်ငံများအပါအ၀င် နိုင်ငံပေါင်း၂၇ နိုင်ငံကိုဇွန်လ၁ ရက်မှစပြီး ရာနှုန်းပြည့်ဆိုက်ရောက်ဗီဇာ ခွင့်ပြုမည်ဟု တရားဝင်ထုတ်ပြန် ခဲ့သော်လည်းယခုလ၂၀ ရက်နေ့က စကာင်္ပူနိုင်ငံသားစီးပွားရေးလုပ်ငန်းရှင် တစ်ဦးကိုစာရွက်စာတမ်းမပြည့် စုံမှုဖြင့် ဆိုက်ရောက်ဗီဇာထုတ်ပေးရန် ငြင်းဆိုခဲ့သဖြင ယင်းနေ့တွင်ပင်မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာခဲ့ရ ကြောင်း ၎င်းနှင့်ရင်းနှီးသူ မြန်မာဧည့်လမ်းညွှန် ကTheVoice Weekly သို့ထုတ်ဖော် ပြောကြားသည်။

အဆိုပါ စီးပွားရေးလုပ်ငန်းရှင်ကဲ့သို့ ရန်ကုန်လေဆိပ်မှ ပြန်လည်ထွက်ခွာရသူ နိုင်ငံခြားသားများလည်းရှိကြောင်း ဧည့်လမ်းညွှန်များထံက စုံစမ်းသိရသည်။

"နှစ်ရက်လောက်ပဲ ရှိ ဦးမယ်၊ကျွန်တော့်မိတ်ဆွေ လုပ်ငန်းဆိုက်ရောက် ဗီဇာလုပ်ဖို့စကာင်္ပူကနေ လာတာ၊ဒီရောက်တော့အထောက်အထား မပြည့်စုံလို့ပြန်လွှတ်ခံရတယ်၊သူကပြောတယ် ဒါဟာတကယ့်ဆိုက်ရောက်ဗီဇာ အစစ်မဟုတ်ဘူးလို့၊လ၀က ကသူဆီက ဒီကိုဝင်ဖို့လျှောက်တဲ့အခါမှာ လုပ်ငန်းအတွက်လာ ကြောင်း ၊ဖိတ်ကြားတဲ့ကုမ္ပဏီက ထောက်ခံတဲ့ ဖိတ်တဲ့ စာ ပါမပါမေးတဲ့အကြောင်းမေးတော့ သူက ဆိုက်ရောက်ဗီဇာဆိုတာ ဒီရောက်မှ လုပ်ရတာ မဟုတ်လားလို့ဆိုတော့ကြိုတင် အထောက်အထားပြ တင်ပေးရမယ်အဲဒီအခါမှ ခွင့်ပြုမယ်လို့ပြောတယ်”ဟု၎င်းက မိတ်ဆွေနိုင်ငြံ ခားသား ကြုံခဲ့ရသည်ကိုရှင်းလင်းပြောကြားသည်။

ယင်းသို့ဆိုက်ရောက်ဗီဇာ ခွင့်ပြုသည်ဟု ပြောသော်လည်းလက်တွေ့တွင်ယခင်ခွင့်ပြုသည် ကြိုတင်ဆိုက်ရောက်ဗီဇာစနစ် အတိုင်းသာ ဧည့်သည်များအားလုပ်ဆောင်စေပြီးမ ၀င်ခွင့်ပြုသဖြင့်ယခုရာနှုန်းပြည့်ဗီဇာဟု ဆိုခြင်းမှာ များစွာ ကွဲလွဲလျှက်ရှိကြောင်း၎င်း ကသုံးသပ်ပြသည်။

ယင်းသို့ပြန်လည်ခွင့်ပြုခဲ့သော ဆိုက်ရောက်ဗီဇာများမှာလုပ်ငန်းဆိုက်ရောက်ဗီဇာ၊ပြည်ဝင်ဆိုက်ရော က်ဗီဇာ နှင့်ဖြတ်သန်းခွင့် ဆိုက်ရောက်ဗီဇာ များဖြစ်ပြီး၎င်းဗီဇာများအတွက်လူတစ်ဦးလျှင် အချိန်တစ်မိနစ်အတွင်း ထုတ်ပေးသွားမည့်အပြင် လေဆိပ်တွင်လည်းကောင်တာငါးခုဖြင့်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလ. ၀.ကညွှန်ကြားရေးမှုးချုပ် ဦးမောင်မောင်သန်းက မေလ၂၈ ရက်နေ့ကမီဒီယာများတွင်ေ ပြာကြားခဲ့သည်။

မြန်မာနိုင်ငံတွင်ဆိုက်ရောက်ဗီဇာ ထုတ်ပေးခြင်းကို မေလတွင်စတင်ခွင့်ပြုခဲ့သော်လည်း စက်တင်ဘာလတွင်ပင်ပြန်လည်ရပ်နားခဲ့ပြီး ယင်းအချိန်မှစပြီးနိုင်ငံခြားသားများအားကြိုတင် ဆိုက်ရောက်ဗီဇာ စနစ်ဖြင့်သာ ၀င်ရောက်ခွင့် ပြုခဲ့သည်။
Posted by ဂျစ်တီး 
Source: News of Myanmar

Sunday, June 24, 2012

သီတဂူဆရာတော်ဘုရားကြီး အရှင်ဥာဏိဿရ၏ ဓမ္မသဘင်(ဒုတိယနေ့) ပြန်လည်ထုတ်လွှင့်မူအစီအစဉ်

သီတဂူဆရာတော်ကြီး ဦးဥာဏိဿရ၏ တရားပွဲ (ဒုတိယနေ့)”ကို Function Room 1, The ARENA Country Club, 511 Upper Jurong Road, Singapore 638366, Near (Joo Koon MRT) တွင် ၂၄-၀၆-၂၀၁၂ တနင်္ဂနွေနေ့ ညနေ(ရး၃၀)နာရီမှ ည(၈း၃၀)ထိ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါသဖြင့် မအားလပ်၍ တရားဓမ္မ မနာယူနိုင်ခဲ့ကြသော ဓမ္မမိတ်ဆွေသူငယ်ချင်းအပေါင်းတို့အတွက် ပြန်လည်ထုတ်လွှင့် တက်ဆက်ပေးခြင်းဖြစ်ပါသည်။

Posted by MTLA GTI GROUP

Facebook မှာ Comment ကို ပြန်ပြင်နိုင်ပြီ

Facebook မှာ ကိုယ်ပေးခဲ့တဲ့ Comment တွေကို ပြန်ပြင်နိုင်တဲ့ Feature တစ်ခုကို ထည့်သွင်းပေးလိုက်ပါပြီ။ ကိုယ့် Comment ပေါ်မှာ Mouse တင်လိုက်တာနဲ့ ပေါ်လာတဲ့ ခဲတံပုံလေးကို နှိပ်ပြီး ပြင်လို့ရပါပြီ။

အရင်တုန်းက ကိုယ်ပေးခဲ့တဲ့ Comment ကို ဖျက်လို့ပဲရပြီး ပြင်လို့ မရခဲ့ပါဘူး။ အခုမှသာ ပြန်ပြင်ဆင်နိုင်ခွင့် ထည့်ပေးလိုက်ခြင်း ဖြစ်ပါတယ်။
Posted by ဂျစ်တီး
Source: MM IT

Saturday, June 23, 2012

သီတဂူဆရာတော်ဘုရားကြီး အရှင်ဥာဏိဿရ၏ ဓမ္မသဘင်(ပထမနေ့) ပြန်လည်ထုတ်လွှင့်မူအစီအစဉ်

သီတဂူဆရာတော်ကြီး ဦးဥာဏိဿရ၏ တရားပွဲ (ပထမနေ့)”ကို Function Room 1, The ARENA Country Club, 511 Upper Jurong Road, Singapore 638366, Near (Joo Koon MRT) တွင် ၂၃-၀၆-၂၀၁၂ စနေနေ့ ညနေ(ရး၃၀)နာရီမှ ည(၈း၃၀)ထိ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါသဖြင့် မအားလပ်၍ တရားဓမ္မ မနာယူနိုင်ခဲ့ကြသော ဓမ္မမိတ်ဆွေသူငယ်ချင်းအပေါင်းတို့အတွက် ပြန်လည်ထုတ်လွှင့် တက်ဆက်ပေးခြင်းဖြစ်ပါသည်။

Posted by MTLA GTI GROUP

အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု တိုးတက်စေမည့် နည်းလမ်း (၇၀) - အပိုင်း (၁၃)

၆၁။ အပြန်အလှန်စကားပြောဖို့စီစဉ်ပါ။ ရည်းစားမထားလိုသူတွေ၊ ရှုပ်ရှုပ်ယှက်ယှက် မလုပ်လိုသူတွေ အတွက် ကိုယ့်ရဲ့ဘာသာစကားကို သင်ယူချင်တဲ့သူနဲ့ အပြန်အလှန် သင်ပေး၊ အပြန်အလှန် စကားပြောဖို့ စီစဉ်နိုင်ပါတယ်။ ရွေးချယ်စရာ နည်းလမ်းကောင်းတစ်ခုပါဘဲ။ ရည်းစားထားချင်ရင်လည်း အခွင့်အလမ်း ရလာနိုင်ပါတယ်။
၆၂။ အင်္ဂလိပ်ဘာသာစကားစာမေးပွဲဖြေပါ။ အင်္ဂလိပ်စကားစာမေးပွဲဖြေဖို့ စာရင်းသွင်းပါ။ စာမေးပွဲဖြေဖို့ မလိုဘူးဆိုရင်တောင် ဒါမှမဟုတ် စာမေးပွဲမဖြေချင်ရင်တောင်၊ စာမေးပွဲဖြေဖို့သင်တန်းလည်း မတက်နိုင်ရင်တောင် TOEFL, TOEIC, IELTS ဒါမှမဟုတ် FCE လို စာမေးပွဲအတွက် စာရင်းသွင်းပြီး ဖြေလိုက်မယ်ဆိုရင် အင်္ဂလိပ်စာလေ့လာရာမှာ အလေးအနက်ထားပြီး စိတ်ဝင်တစားဖြစ်လာနိုင်ပါတယ်။
၆၃။ အသံထွက်အတွက် သရုပ်ဆောင်တစ်ဦးကို စံနမူနာထားပြီး လေ့ကျင့်ပါ။ ဥပမာ Robert Deniro လိုမျိုး စကားပြောကြည့်ပါ။ တချို့ ကျောင်းသူကျောင်းသားတွေက အင်္ဂလိပ်စာကို မိခင်ဘာသာစကားအဖြစ် ပြောတဲ့သူတစ်ယောက်လို အသံထွက်ချင်တယ်၊ ဒါပေမယ့် ခက်တာက မိခင်ဘာသာစကားအဖြစ် ပြောတဲ့သူတွေကိုယ်တိုင် တစ်ယောက်နဲ့တစ်ယောက် အသံထွက်က သိပ်မတူကြဘူး။ ဒါကြောင့် တစ်ယောက်ယောက်ကို စံနမူနာအနေနဲ့ ရွေးချယ်လိုက်ခြင်းအားဖြင့် အသံထွက်ပိုကောင်းအောင် လုပ်ရတာ လွယ်သွားတယ်။ ပျော်စရာလည်းကောင်းလာနိုင်တယ်။ ပါတီပွဲတွေလိုနေရာမျိုးမှာလည်း သရုပ်ဆောင်ပြလို့ ရပါတယ်။
၆၄။ အင်္ဂလိပ်-အင်္ဂလိပ်အဘိဓာန်ကိုအသုံးပြုပါ။ ဘာသာနှစ်မျိုး အဘိဓာန်ကို လျှော့သုံးပြီး အင်္ဂလိပ်ဘာသာ တစ်မျိုးတည်း အဘိဓာန်ကို ပြောင်းသုံးခြင်းအားဖြင့် စကားပြောတဲ့အခါ ဒါမှမဟုတ် နားထောင်တဲ့အခါ ဘာသာပြန်မနေရအောင် အထောက်အကူပြုနိုင်ပါတယ်။ အဘိဓာန်သုံးနေတုန်းမှာ အခြားအသုံးဝင်တဲ့ စကားလုံးတွေလည်း ရလာနိုင်ပါတယ်။
၆၅။ ရံဖန်ရံခါ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အင်္ဂလိပ်လို စကားပြောပါ။ e-mail ပို့ပါ။လူအတော်များများက အဲဒီလို အင်္ဂလိပ်လို ပြောရ ရေးရ တာကို ပုံမှန်မဟုတ်သလိုမျိုး၊ ရှက်စရာကောင်းသလိုလို ထင်ကြပါတယ်။ ဒါပေမယ့် ဘာသာစကားလေ့လာ နေတာဘဲလို့ သဘောထားပြီး အချိန် ဒါမှမဟုတ် နေရာ သတ်မှတ်ပြီးတော့ ပြောမယ်ဆိုရင် သင်္ချာအတူ လေ့လာသလိုပါဘဲ၊ ဘာမှ တိုးပြီး ထူးခြားစရာမရှိပါဘူး။
ရေးသားသူ - Language Republic of MyanmarNetwork
Posted by ကိုတူး(မိတ္ထီလာ GTI) 

Friday, June 22, 2012

ပြည်တွင်းကုမ္ပဏီအချို့မှ ဝန်ထမ်းလစာပေးခြင်းကို ATM ကတ်ဖြင့် အသုံးပြုလာကြ

ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီအချို့မှ ၎င်းတို့၏ ဝန်ထမ်းများ လစာပေးခြင်းကို ATM ကတ်ဖြင့် ပြုလုပ်လာကြောင်း လက်ရှိ အဆိုပါ စနစ်ဖြင့် ဝန်ဆောင်မှုပေးနေသော CB ဘဏ်မှ မန်နေဂျာဒေါ်စန္ဒာထွန်းက ပြောကြားသည်။ ‘အခုလက်ရှိက ပြည်တွင်းကုမ္ပဏီ ကိုးခုနဲ့ CB ဘဏ်နဲ့ချိတ်ပြီး သူတို့ရဲ့ ဝန်ထမ်းတွေကို ATM ကတ်နဲ့ လစာပေးတာ လုပ်နေပါတယ်။ လကုန်ရင် ကုမ္ပဏီဘက်က ဝန်ထမ်းအမည်၊ ကုတ်နံပါတ်၊ ရရှိလစာ စတာတွေကို အွန်လိုင်းကနေ ပို့ပေးရတယ်။ ပြီးမှ ဘဏ်ဘက်ကနေ ATM ကတ်ထဲကို ဝန်ထမ်းရဲ့ Data တွေ ထည့်ပေးရပါတယ်။ ဝန်ထမ်းတွေကတော့ သူတို့နီးစပ်ရာ ATM စက်တွေထဲကနေ ထုတ်ယူကြပါတယ်’ ဟု ဒေါ်စန္ဒာထွန်းက ဆိုသည်။ လက်ရှိ CB ဘဏ်ဖြင့် ချိတ်ဆက်၍ ATM ကတ်ဖြင့် ဝန်ထမ်းလစာပေးခြင်းကို ဆောင်ရွက်နေသော ပြည်တွင်းကုမ္ပဏီများမှာ MIT Co.Ltd, Right Lab ဓာတ်ခွဲခန်းနှင့် Computer ဆက်စပ်ပစ္စည်းများ ထုတ်လုပ်သော ကုမ္ပဏီအချို့မှ ဆောင်ရွက်လျက်ရှိကြောင်း ထပ်မံသိရှိရသည်။ ‘အခုပြည်တွင်းမှာ ATM ကတ် အသုံးတွင်ကျယ်ဖို့ လိုအပ်လာပါပြီ။ နောက်ပိုင်း MPO, Debit card, Credit card စတာတွေကို တဖြည်းဖြည်း အကောင်အထည် ဖော်သွားရမှာပေါ့။ ငွေစက္ကူ အထပ်လိုက်ကိုင်ပြီး အသုံးပြုတာထက် နိုင်ငံတကာလို ကတ်စနစ် အသုံးပြုနိုင်တာ ပိုကောင်းပါတယ်’ ဟု ပြည်တွင်း သဘောင်္သား ကုမ္ပဏီတစ်ခုမှ ဝန်ထမ်းတစ်ဦးက ပြောကြားခဲ့သည်။ ပြည်တွင်း ပုဂ္ဂလိက ဘဏ်များတွင် ATM ကတ်စနစ် အသုံးပြုနိုင်ရန် ၂၀၁၁ ခုနှစ်အတွင်းမှ ဆောင်ရွက်ခဲ့ကြပြီး ယခုနှစ်တွင်ပို၍ အသုံးတွင်ကျယ်လာကြောင်း၊ CB ဘဏ်မှ အဆိုပါ ကတ်စနစ်ကို ၂၀၁၁ ခုနှစ် အောက်တိုဘာလအတွင်းမှ ဆောင်ရွက်ခဲ့ပြီး ယခုအချိန်ထိ အဆိုပါကတ် အသုံးပြုသူဦးရေ ခုနစ်ထောင်ကျော်လာပြီ ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

Posted by ဂျစ်တီး
Source:  ခေတ်လူငယ်

အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု တိုးတက်စေမည့် နည်းလမ်း (၇၀) - အပိုင်း (၁၂)

၅၆။ အသံထွက်ကို ကွန်ပျူတာနဲ့ စစ်ပါ။ အသံထွက် မှန်မမှန် ပြပေးနိုင်တယ်ဆိုတဲ့ ကွန်ပျူတာပရိုဂရမ် အများစုက တကယ်တမ်းတော့ အတိအကျ မှန်အောင် မပြနိုင်ပါဘူး။ ဒါပေမယ့် အကြိမ်ကြိမ်နားထောင်ပြီး စီဒီမှာပါတဲ့ အသံထွက်တွေအတိုင်း ကိုက်ညီအောင် အကြိမ်ကြိမ် ပြောရတဲ့အပြင် အသံလှိုင်းပုံစံတွေကို တွေ့မြင်နေရတဲ့အတွက် လေ့ကျင့်လို့ကောင်းတယ်။ ကိုယ့်အသံကို အသံသွင်းတာထက်လည်း ပိုပြီး စိတ်ဝင်စားစရာ ကောင်းတယ်။
၅၇။ အကြောင်းအရာတစ်ခုနဲ့ပတ်သက်တဲ့ စကားလုံးတွေကို တတ်နိုင်သလောက်များများ သင်ယူပါ။ ဥပမာ တိရစ္ဆာန်အမည်တွေ ဖြစ်ပါတယ်။ ဆင်တူစကားလုံးတွေကို အတွဲလိုက် သင်ယူခြင်းအားဖြင့် အထွေထွေ ဝေါဟာရကြွယ်ဝလာပြီး ဦးနှောက်ထဲမှာလည်း စကားလုံး တစ်လုံးနဲ့တစ်လုံးအကြား ချိတ်ဆက်မှတ်သား နိုင်တဲ့အတွက် သင်ရတာလွယ်နိုင်ပါတယ်။
၅၈။ ပြည်ပကို အားလပ်ရက် ခရီးထွက်ပါ။ ပြည်ပမှာ နေ့စဉ်နေထိုင်မှုအတွက် တခြားသူတွေ နားလည်အောင် အင်္ဂလိပ်လို တကယ်တမ်း ပြောရမယ့် အခြေအနေတွေ ကြုံတွေ့ရမှာဖြစ်ပါတယ်။ အဲဒီအပြင် ခရီးမထွက်ခင် ရက်သတ္တပတ်၊ လများ အတွင်းမှာ အင်္ဂလိပ်စာကို အလေးအနက် လေ့လာဖို့လည်း စိတ်အားထက်သန်စေမှာ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် ကိုယ့်ဘာသာစကားကို အသုံးပြုနိုင်တဲ့ အချိန်မှာတောင် အင်္ဂလိပ်ဘာသာစကားကို အသုံးပြုဖို့ ကြိုးစားပါ။ ဥပမာ ပြတိုက်မှာ လမ်းညွှန်နဲ့တကွ လျှောက်ကြည့်တာမျိုး၊ သမိုင်းဝင်နေရာမှာ လျှောက်ကြည့်တာမျိုး၊ အင်တာနက်ကနေ လေယာဉ်လက်မှတ် ကြိုတင်မှာထားတာမျိုး ဖြစ်ပါတယ်။ အုပ်စုလိုက် သွားမယ့်နေရာ သတ်မှတ်ပြီး ခရီးစဉ် (package tour) တွေမှာတော့ အင်္ဂလိပ်စကားပြောရဖို့ အခွင့်အလမ်း နည်းတတ်ပါတယ်။
၅၉။ တတ်ချင်တဲ့စကားလုံးတွေကို ရုပ်ပုံရေးဆွဲပါ။ အနုပညာဝါသနာပါသူဆိုရင် ဝေါဟာရတွေကို ရုပ်ပုံဆွဲပြီး မှတ်သားတာက ဘာသာပြန်တာ၊ ဥပမာ ၀ါကျတွေရေးတာထက် ပိုပြီးထိရောက်နိုင်ပါတယ်။
၆၀။ နိုင်ငံခြားသူ နိုင်ငံခြားသားကို မိတ်ဆွေဖွဲ့ထားပါ။ ဘယ်လိုလုပ်ရမယ်ဆိုတာ အကြံတော့မပေးလိုပါဘူး။ ဒါပေမယ့် အင်္ဂလိပ်စကားပြောလို့ရတဲ့သူနဲ့ အဲဒီလို  မိတ်ဆွေဖွဲ့နိုင်ဖို့ ရှာဖွေတာနဲ့တင် ဘာသာစကား ကျွမ်းကျင်မှု တိုးတက်ကောင်းမွန်လာဖို့ အများကြီးစေ့ဆော်မှုပေးနိုင်ပါတယ်။
ရေးသားသူ - Language Republic of MyanmarNetwork
Posted by ကိုတူး(မိတ္ထီလာ GTI)

Thursday, June 21, 2012

မည်သည့်ဖုန်းဖြင့်မဆို နိုင်ငံတကာသို့ တိုက်ရိုက် ဖုန်းခေါ်ဆိုမှု စနစ်

မည်သည့်ဖုန်းဖြင့်မဆို နိုင်ငံတကာသို့ တိုက်ရိုက် ဖုန်းခေါ်ဆိုမှု စနစ်ကို ဇူလိုင်တွင် စတင်မည်ဖြစ်ကြောင်း Blue Ocean Operating Management ကုမ္ပဏီလီမိတက်မှ သိရသည်။ ယင်းသို့ ဖုန်းခေါ်ဆိုခြင်းကို မိုဘိုင်းဖုန်း သို့မဟုတ် လိုင်းဖုန်းတွင်ပါ အသုံးပြုနိုင်မည်ဖြစ်ပြီး 1877 သို့ ဖုန်းဆက်သွယ်ရုံဖြင့် မိမိခေါ်ဆိုလိုသည့် နိုင်ငံသို့ တိုက်ရိုက် ဖုန်းပြောဆိုနိုင်မည်ဖြစ်ကြောင်း သိရသည်။ “ဒီစနစ်က အင်တာနက်ရှိဖို့ မလိုအပ်ပါဘူး။ Call Center ကနေ ၂၄ နာရီ ဝန်ဆောင်မှုပေးမှာပါ။ ဖုန်းခေါ်ဆုခကိုတော့ ဖုန်းထဲကနေပဲ ဖြတ်သွားမှာပါ။ ကျသင့်ငွေကို မိနစ်အလိုက် ကောက်ခံသွားမှာပါ။ Y talk Service ကို Call Center နဲ့ ပူးပေါင်းလိုက်ခြင်းပါပဲ။ နိုင်ငံတကာနဲ့ ဖုန်းခေါ်ဆိုခကိုတော့ အတိအကျ မသတ်မှတ်ရသေးပါဘူး။ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းနေဆဲပါ” ဟု Blue Ocean အုပ်ချုပ်မှု ဒါရိုက်တာ ဦးထွန်းထွန်းနိုင်က ပြောသည်။ ယင်းစနစ်ဖြင့် စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ အမေရိကန် အစရှိသည့် နိုင်ငံများသို့ ဖုန်းခေါ်ဆိုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ယင်းဖုန်းခေါ်ဆိုခြင်းနှင့်ပတ်သက်၍ ကုမ္ပဏီဝန်ထမ်းကို အောင်အောင်က “ဒီစနစ်လုပ်ပေးတာ ကောင်းပါတယ်။ ဈေးနှုန်းကတော့ ဘယ်လိုဖြစ်ဦးမလဲ မသိဘူး။ ဆက်သွယ်ရေးကနေ နိုင်ငံခြားကို ဖုန်းခေါ်ဆိုရတာလဲ အဆင်မပြေတာတွေ ရှိတယ်လေ။ အဓိကက ဈေးနှုန်းသက်သာဖို့ပါပဲ” ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။

Posted by ဂျစ်တီး
Source: MEG

တစ်ရက်ကို ၂၀၀ ကျပ်နဲ့ အင်တာနက် သုံးစွဲနိုင်မယ့် Mobile E-mail Service

Call Center မှ ၀န်ဆောင်မှု အသစ် အနေနဲ့ တစ်ရက်ကို ၂၀၀ ကျပ်နဲ့ အင်တာနက် သုံးစွဲနိုင်မယ့် Mobile E-mail Service ၀န်ဆောင်မှုကို ဇွန်လ ၁၅ ရက်
နေ့မှာ စတင် မိတ်ဆက်ခဲ့ပြီး ယခုအခါ စတင် အသုံးပြု နိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ စနစ်မှာ အင်တာနက် လျှောက်ထား ပြီးဖြစ်တဲ့ CDMA, GSM Mobile ဖုန်းတွေသာ အသုံးပြု နိုင်မှာ ဖြစ်ပြီး အင်တာနက် အသုံးပြုခ ဖြစ်တဲ့ ၁ မိနစ်ကို ၂ ကျပ်၊ ၄ ကျပ်တို့ ပေးစရာ မလိုပဲ ရက်နဲ့သာ တွက်ပြီး ၁ ရက်ကို ၂၀၀ ကျပ်နဲ့ ၂၄ နာရီ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အသုံးပြုလို သူတွေ အနေနဲ့ Call Center သို့ အသုံးပြု လိုကြောင်း Message ပေးပို့ ရမှာ ဖြစ်ပါတယ်။ ဒီလို ပေးပို့ရာမှာ Call Center ရဲ့ ကုတ်နံပါတ် တစ်ခုဖြစ်တဲ့ ၁၈၈၃ ကို GET MAIL ဆိုတဲ့ စကားလုံးကို အင်္ဂလိပ် အက္ခရာ စာလုံး အကြီးများ အသုံးပြုကာ သုံးစွဲမယ့် သူရဲ့ အင်တာနက် Account နဲ့ Passward ကို ပေးပို့ရမှာ ဖြစ်ပါတယ်။ အသုံးပြုခ ကိုတော့ ဖုန်းဘေလ် ထဲမှ ဖြတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ သုံးစွဲပုံ အသေးစိတ်ကို သိရှိလိုပါ ကလည်း Call Center သို့ စုံစမ်း မေးမြန်း နိုင်တယ် လို့လည်း သိရပါတယ်။

သုံးစွဲသူတွေ အနေနဲ့ ၁ ရက်ကို ၂၀၀ ကျပ်နဲ့ ၁ လစာ ၆၀၀၀ ကျပ် သတ်မှတ် ထားပြီး အသုံးမပြု လိုတဲ့ ရက်ရှိပါက Call Center သို့ ကြိုတင် အကြောင်းကြားပြီး Server ပိတ်ထားရမှာ ဖြစ်ပါတယ်။ ဒီလို အကြောင်း မကြားပါက တစ်လစာ အတွက် ကျပ် ၆၀၀၀ ကို မိမိဖုန်းဘေလ် ထဲက ဖြတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ၀န်ဆောင်မှုကို ယခုဇွန်လ ကုန်အထိ အခမဲ့ အသုံးပြုနိုင် မှာဖြစ်ပြီး အသုံးပြုခ ကောက်ခံမှု ကိုတော့ ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကာ ကောက်ခံမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

Posted by ဂျစ်တီး
Source: MEG

နိုင်ငံကူးလက်မှတ်စာအုပ်ပျောက်ဆုံးပါကပြည်ပတွင်ပျောက်ဆုံးမှုအတွက် အမေရိကန်ဒေါ်လာ ၃၀၀ နှင့် ပြည်တွင်းအတွက် ကျပ် ၄၀၀၀၀ ပေးဆောင်၍ ပြန်လည်လျှောက်ထားနိုင်

မြန်မာနိုင်ငံကူးလက်မှတ် စာအုပ်(Passport) ပျောက်ဆုံးပါက ပြည်ပတွင် ပျောက်ဆုံးခြင်းအတွက် ပြည်ပပျောက် ဒဏ်ကြေး အမေရိကန်ဒေါ်လာ ၃၀၀ နှင့် ပြည်တွင်းတွင် ပျောက်ဆုံးခြင်းအတွက် ပြည်တွင်းပျောက် ဒဏ်ကြေး ကျပ် ၄၀၀၀၀ ပေးဆောင်၍ ပြန်လည် လျှောက်ထားနိုင်ကြောင်း သိရသည်။ မြန်မာနိုင်ငံကူးလက်မှတ် ပျောက်ဆုံး၍ ပြန်လည်လျှောက်ထားရာတွင် ပြည်ပတွင် ပျောက်ဆုံးခဲ့ပါက ဒဏ်ကြေး အမေရိကန်ဒေါ်လာ ၃၀၀ ကို မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်တွင် သွင်း၍ လျှောက်ထားနိုင်ပြီး ပြည်တွင်းတွင် ပျောက်ဆုံးခဲ့ပါက ပတ်စ်ပို့ ပျောက်ဆုံးကြောင်း သတင်းစာတွင် ကြော်ငြာပြီး တစ်လပြည့်သည့် အချိန်တွင် ကြော်ငြာပါသည့် သတင်းစာ မူရင်းနှင့်အတူ ပြည်တွင်းပျောက် ဒဏ်ကြေးပေးဆောင်၍ ပြန်လည် လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရာတွင် ၂၀၁၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍ ပုံမှန် မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားသူများအား တစ်လအစား ၂၁ ရက်ဖြင့် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးခဲ့ကြောင်းနှင့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ အလုပ်သမား နိုင်ငံကူးလက်မှတ် သက်တမ်းအား ယခင်သုံးနှစ်မှ လေးနှစ် သတ်မှတ်ထုတ်ပေးခြင်း၊ သင်္ဘောသား နိုင်ငံကူးလက်မှတ် သက်တမ်းတိုး လျှောက်ထားမှုများအား ယခင်တစ်လမှ နှစ်ပတ်ဖြင့် ထုတ်ပေးခြင်းနှင့် သင်္ဘောသားအသစ် နိုင်ငံကူးလက်မှတ်များအား သာမန်နိုင်ငံကူးလက်မှတ် လျှောက်ထားသူများကဲ့သို့ ၂၁ ရက်ဖြင့် ထုတ်ပေးခြင်း၊ သင်္ဘောသား နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ ကိုယ်ရေးကိုယ်တာ ကိစ္စဖြင့် ပြည်ပသို့ သွားရောက်ရန်ရှိပါက ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ သင်္ဘောသား အလုပ်အကိုင်ကြီးကြပ်ရေးဌာနခွဲ၏ ခွင့်ပြုချက်ဖြင့်သာ ပြည်ပသို့ သွားရောက်ခွင့်ပြုခြင်း၊ ခွင့်ပြုကာလ ကျော်လွန်နေသူများအား  Black List စာရင်းသွင်း၍ အရေးယူရန်အတွက် သင်္ဘောသား အလုပ်အကိုင် ကြီးကြပ်ရေးဌာနမှ ကြပ်မတ်၍ အမည်စာရင်းအား မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနသို့ တင်ပြခြင်းများကို ဆောင်ရွက်နေကြောင်းလည်း သိရသည်။ လက်ရှိကာလတွင် နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် တစ်နိုင်ငံလုံးမှ လျှောက်ထားသူများမှာ ရန်ကုန်တိုင်းဒေသကြီးရှိ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးသို့ လာရောက်လျှောက်ထားနေရပြီး မကြာမီလများအတွင်း အထက်မြန်မာပြည်အတွက် မန္တလေးတိုင်း ဒေသကြီးတွင် နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ရုံးတစ်ခု ဖွင့်လှစ်နိုင်ရန် စီစဉ်မှုများရှိနေကြောင်း သိရသည်။ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ ဧပြီလ ၃၀ ရက်အထိ  နိုင်ငံကူးလက်မှတ် ထုတ်ပေးမှုမှာ အမျိုးသား ၃၄၉၄၅ ဦးနှင့် အမျိုးသမီး ၂၅၀၁၉ ဦးဖြစ်ပြီး စုစုပေါင်း  ၅၉၉၆၄ ဦး ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇွန်လ ၂၂ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

Posted by ဂျစ်တီး 
Source: ခေတ်လူငယ်

သီတဂူဆရာတော်ဘုရားကြီး အရှင်ဥာဏိဿရ၏ ဓမ္မသဘင်

နေ့ ရက်  ။       ။ ၂၃၊ ၀၆၊ ၂၀၁၂ (စနေနေ့ )
                     ၂၄၊ ၀၆၊ ၂၀၁၂ (တနင်္ဂနွေနေ့ )
အချိန်     ။      ။ စင်္ကာပူအချိန် ညနေ ၇း၃၀ မှ ၉း၀၀ အထိ (မြန်မာစံတော်ချိန် ညနေ ၆း၀၀ မှ ၇း၃၀)
နေရာ     ။      ။ Function Room 1, The ARENA Country Club, 511 Upper Jurong Road, Singapore 638366, near (JooKoon MRT)
Posted by ဝတီ

Wednesday, June 20, 2012

အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု တိုးတက်စေမည့် နည်းလမ်း (၇၀) - အပိုင်း (၁၁)

၅၂။ ရုပ်ရှင်ကြည့်တဲ့အခါမှာ အဘိဓာန်ကိုင်ပြီးကြည့်ပါ။ ရုပ်ရှင်တွေမှာ ဒီစကားလုံးကိုပဲ အကြိမ်ပေါင်း များစွာ သုံးထားတတ်ပါတယ်။ ဒါကြောင့် စကားလုံးတွေကို ပထမအကြိမ် ဒါမှမဟုတ် ဒုတိယအကြိမ် ကြားတဲ့အခါမှာ အရေးကြီးတဲ့စကားလုံးတွေကို အဘိဓာန်မှာ ရှာထားမယ်ဆိုရင် ရုပ်ရှင်လည်း ဆုံးရော အဲဒီစကားလုံးတွေကို တတ်သွားမှာဖြစ်ပါတယ်။ အင်္ဂလိပ် စာတမ်းထိုးပြီး ကြည့်မယ်ဆိုရင် အဘိဓာန် သုံးရတာ ပိုပြီးတော့ လွယ်မှာ ဖြစ်ပါတယ်။
၅၃။ အသံထွက်သင်္ကေတတွေကို သင်ထားပါ။ အသုံးပြုပါ။ အင်္ဂလိပ်ဘာသာမှာ စာလုံးပေါင်း ပုံစံတွေက အသံအရေအတွက်ထက် ပိုများတယ်။ အသံထွက်သင်္ကေတတွေကို သင်ယူပြီး Vocabulary ရေးတဲ့အခါမှာ အသံထွက်သင်္ကေတပါ တစ်ပါတည်းရေးခြင်းအားဖြင့် Vocabulary သင်တဲ့အဆင့်တစ်ဆင့် ထပ်ဖြည့် နိုင်တယ်၊ ပိုပြီး နှံ့နှံ့စပ်စပ် လေ့လာနိုင်တဲ့အပြင် အသံထွက်လည်း ပိုကောင်းလာမှာ ဖြစ်ပါတယ်။ အသံထွက်တစ်ခုတည်းကိုပဲ နည်းလမ်းအမျိုးမျိုးနဲ့ စာလုံးပေါင်းထားတာတွေကို မှန်းဆပြီး အသံထွက်စရာ မလိုတော့တဲ့အတွက်ကြောင့်လည်း ပိုပြီးတော့ လွယ်ကူအဆင်ပြေသွားမှာဖြစ်ပါတယ်။
၅၄။ စာလုံးပေါင်းစည်းမျဉ်းတွေကိုသင်ယူပါ။ အင်္ဂလိပ်စာလုံးပေါင်းက ကြုံရာကျပန်း စာလုံးပေါင်းတာမျိုးလို့ လူအတော်များများက ထင်ကြပါတယ်။ ဒါပေမယ့် တကယ်တော့ စကားလုံး အများစုက စည်းမျဉ်း တစ်မျိုးမျိုးနဲ့ ကိုက်ညီလေ့ရှိပါတယ်။ ဥပမာ mad နဲ့ made လိုမျိုး နောက်ဆုံးမှာ e ပါတဲ့အတွက် အသံထွက်ပြောင်းလဲသွားတာမျိုးဖြစ်ပါတယ်။
၅၅။ ကိုယ့်အသံကို အသံသွင်းထားပြီး ပြန်နားထောင်ပါ။ ဆရာဆရာမက အသံထွက်ပြင်ပေးတာမျိုးမရှိရင် ဒါမှမဟုတ် နည်းပါးလို့ရှိရင် ကိုယ့်ဘာသာ အသံသွင်းပြီး ပြန်နားထောင်ခြင်းဖြင့် အင်္ဂလိပ်ဘာသာ အသံထွက်တွေ တကယ်တမ်း မှန်အောင် ထွက်နိုင်ရဲ့လား ပြန်ပြီးကြားနိုင်မှာဖြစ်ပါတယ်။
ရေးသားသူ - Language Republic of MyanmarNetwork
Posted by ကိုတူး(မိတ္ထီလာ GTI)

Monday, June 18, 2012

Call Center မှ ဝန်ဆောင်မှုအသစ်နှင့် ဖုန်းလိုင်းအသစ်တစ်ခု ထပ်မံတိုးလာ

ပြည်တွင်းရှိ Call Center သည် လက်ရှိဆောင်ရွက်ပေးနေသော ဝန်ဆောင်မှုများအပြင် နောက်ထပ်ဝန်ဆောင်မှု အသစ်များကို ဇွန်လအတွင်း ထပ်မံတိုးချဲ့လိုက်ပြီး ဆက်သွယ်ရန် ဖုန်းနံပါတ်အသစ် တစ်ခုလည်း တိုးလာကြောင်း သတင်းရရှိသည်။ ယခင်က ဆက်သွယ်ရန် ဖုန်းနံပါတ်မှာ ၁၈၇၆ တစ်ခုတည်းဖြစ်ပြီး အသစ်တိုးလာသော ဖုန်းနံပါတ်မှာ ၁၈၇၅ ဖြစ်ကြောင်း သိရသည်။ ယင်းနံပါတ်အသစ်သို့ ဆက်သွယ်မေးမြန်းနိုင်မည့် ဝန်ဆောင်မှုအသစ်များမှာ ကျန်းမာရေးဝန်ဆောင်မှုများ၊ ဟိုတယ်ဝန်ဆောင်မှုများ၊ အလုပ်အကိုင်ရှာဖွေပေးသည့် ဝန်ဆောင်မှုများနှင့် ဗေဒင်ဝန်ဆောင်မှုများဖြစ်ကြောင်း သိရသည်။ ကျန်းမာရေးဝန်ဆောင်မှုတွင် ၂၄ နာရီ အချိန်မရွေး မေးမြန်းနိုင်ပြီး ဆရာဝန်များမှ ကျန်းမာရေးနှင့် ပတ်သက်၍ ဆွေးနွေးတိုင်ပင်ပေးခြင်း၊ အိမ်တိုင်ရာရောက် ကျန်းမာရေးဝန်ဆောင်မှုပေးခြင်းတို့ ပါဝင်ကြောင်း သိရသည်။ အလုပ်အကိုင် ဝန်ဆောင်မှုအဖြစ် အလုပ်ရှာဖွေသူများမှ ၁၈၇၅ သို့ ဖုန်းဆက်ပြီး မိမိတို့၏ CV များကို တင်နိုင်ခြင်း၊ ကုမ္ပဏီများမှလည်း ၁၈၇၅ သို့ ဖုန်းဆက်ပြီး ဆက်သွယ်ဆောင်ရွက်နိုင်ခြင်းတို့ကို လုပ်ဆောင်နိုင်မည်ဟု သိရကြောင်း ၂၀၁၂ ခုနှစ် ဇွန်လ ၂၀ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

Posted by ဂျစ်တီး 
Source: ခေတ်လူငယ်

Sunday, June 17, 2012

လျှပ်တစ်ပြတ် ဆိုးလ် (Seoul)


လျှပ်တစ်ပြတ် ဆိုးလ် (Seoul) တဲ့။ ဟုတ်ပါသည်- လျှပ်တစ်ပြတ်မှ တကယ့်ကို တခဏလေးပါပဲ။ ထိုတခဏလေး အတွင်းကျွန်တော် ရောက်ရှိခဲ့သော၊ အမှတ်မထင် တွေ့ကြုံခဲ့ရသော ကိုရီးယားနိုင်ငံ၏ မြို့တော်ဖြစ်သော ဆိုးလ်မြို့နှင့်ပတ်သက်သည်လေးများအား ဖောက်သည်ချ ရေးဖွဲ့ပါမည်။ ကျွန်တော်ရေးဖွဲ့မည်ဆိုသော အကြောင်းအရာလေးများသည် ကျွန်တော်၏ လျှပ်တစ်ပြတ် အတွင်းတွေ့ကြုံခဲ့ရသည်များသာ ဖြစ်သောကြောင့် မှန်ကောင်းမှန်ချင်မှ မှန်ပေမည်။ ကွဲလွဲသည်များလည်း ရှိနိုင်ပေမည်။ တိုက်ဆိုင်သည်များလည်း ပါပေလိမ့်မည်။ ပွင့်ပွင့်လင်းလင်းပြောရမည်ဆိုပါလျှင် ကျွန်တော်သည် ၂၀၀၈ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့မတိုင်ခင်အထိ နိုင်ငံခြားတိုင်းပြည်များသို့ မရောက်ဖူးသေးပါ။ ကိုယ့်မြေကိုယ့်ရေ အတွင်းမှာနေ  ကိုယ့်လူမျိုးတွေနဲ့သာ ထိတွေ့ဆက်ဆံ ဖူးလေတော့ ဖွံ့ဖြိုးပြီးစနိုင်ငံတွေ တိုးတက်ကြပါသည်ဟု ပြောနေကြားနေရသည်။ မထိတွေ့ရ၊ ကိုယ်တွေ့ မမြင်ရတော့ အကြားပဲရှိသည်။ မသိ။ ဒီအတောအတွင်း မြန်မာပြည်သို့ အကြောင်းတိုက်ဆိုင်စွာ ပြန်ရခွင့်ကြုံတော့လဲ လေယာဉ်အတက်အဆင်း လုပ်စဉ်မှာပဲ တိုးတက်နေပါပြီဟုဆိုသော ဘန်ကောက်မြို့ကြီးကိုအကဲခတ်ကြည့်မိပါသည်။ မြင်ရသလောက်လဲ တိုးတက်သည့် အရိပ်အယောင်တွေ တွေ့နေရသည်။ ဂျပန်ဆိုတာကတော့ နှစ်နဲ့ချီနေထိုင်နေခဲ့ပြီးတဲ့နောက် သူတို့လူမျိုးတွေနဲ့ ထိတွေ့ ဆက်ဆံရသည်။ သွားလာရင်း မမြင်ချင်အဆုံး မြင်တွေ့နေရသည်။ သူတို့လူမျိုးသဘောကို အတော်အတန် စောကြောမိလာပြီ။ Laboratory ထဲမှာ သူတို့နဲ့ အတူလုပ်ကိုင်နေရတော့လဲ သူတို့ရဲ့ လုပ်နည်းလုပ်ဟန်တွေ အတော်အတန်တီးမိခေါက်မိလာပြီ။ သိသင့်သလောက် သိလာရတော့မှပဲ သြော- ဒါ့ကြောင့် ဂျပန်နိုင်ငံ တိုးတက်နေရတာကိုး- ကမ္ဘာ့ဒုတိယ စီးပွားရေး အဖွံ့ဖြိုးဆုံးနိုင်ငံရယ်လို့ ရပ်တည်နိုင်ခဲ့တာကိုးလို့ ကောက်ချက်ချမိပါတယ်။ မွန်ဘူးရှိုးပညာတော်သင်တစ်ယောက်လည်းဖြစ်တဲ့ ရင်မောင် (ဒေါက်တာတိုင်းအုပ်) ရေးသားထားတဲ့ "ဂျပန်ပြည်မှာ ရက်ပေါင်း တစ်ထောင့်သုံးရာ" ဆိုတဲ့ စာအုပ်လေးရဲ့  အစပိုင်းမှာ ဂျပန်နိုင်ငံ တိုးတက်ရတဲ့ အကြောင်းရင်းတွေကို စာရေးသူသုံးသပ်ထားတာက ဂျပန်နိုင်ငံသည် လူမျိုးတစ်မျိုးတည်းသာရှိခြင်း၊ နယ်နမိတ် ထိစပ်လျှက်မရှိသော ကျွန်းနိုင်ငံဖြစ်နေရခြင်းတို့ဖြစ်ပါတယ်။ ကျွန်တော်လည်း ထိုအချက်တွေကို ထောက်ခံပါသည်။ နိုင်ငံတစ်နိုင်ငံ ဖွံဖြိုးတိုးတက်ဖို့သည် သဘာဝကဖန်တီးပေးထားခြင်းများကလည်း လျစ်လျူရှု၍မရပါ။ လူမျိုးတစ်မျိုးတည်းသာရှိခြင်းကြောင့် ဥပဒေ ပြဌာန်းရာတွင်လည်းကောင်း အုပ်ချုပ်ရာတွင်လည်းကောင်း လွယ်ကူခြင်း၊ နယ်နမိတ် ထိစပ်မနေခြင်းကြောင့် ၎င်းနှင့်သက်ဆိုင်သော ပြဿနာများ အထိုက်အလျောက်လျော့ပါးခြင်းများ စသည်တို့ကို ထောက်ပြထားပါသည်။ 

ကျွန်တော်၏ အပိုင်းအစများ (၁)


ကျွန်တော်၏ အပိုင်းအစများမှာ အပိုင်းအစများသာ ဖြစ်၏။ ဤကမ္ဘာမြေနှင့်ဆက်စပ်ပက်သက်သော အကြောင်းအရာများ လည်းဖြစ်၏။ အခြားဂြိုလ်ကမ္ဘာအကြောင်းများ မပါဝင်။ အကြောင်းမှာ ကျွန်ုပ်သည် ဤကမ္ဘာမြေပေါ်တွင်သာ နေထိုင် နေသောကြောင့် ဖြစ်၏။

ဗုဒ္ဓ၊ ဗိုလ်ချုပ်

တရံရော အခါက ကျွနု၏လက်ထဲသို့ ထိုအချိန်က ခေတ်စားနေသော “ရေးပေးပါ” ဟူသော စာအုပ်လေး ရင်းနှီးသူတစ်ယောက်ထံမှ ရေးပေးရန် လက်ခံရ၏။ ကိုယ်ရေးအကြောင်းအရာများ ရေးပေးရန်ဖြစ်ပါ၏။ တချို့က ကိုယ့်အကြောင်းအရာများကို ဟာသနှော၍ရေး၏။ တချို့ကလည်း သွယ်ဝိုက်၍ရေး၏။ တချို့က အတည်ရေး၏။ မည်သို့ပင်ရေးစေကာမူ သူ့အကြိုက်၊ ကိုယ့်အကြိုက်သိရ၍ ဆက်ဆံရေးတွင် အရေးပါ၏။ ကောင်းပါ၏။ ကျွန်ုပ်လည်း ရေးခွင့် ကြုံတုန်း ကိုယ့်အကြောင်းအရာများ အတန်သင့် ရေးလိုက်၏။ ဤလောက၌ မိမိချစ်ခင်လေးစားရသူများဖော်ပြရာတွင် ဗုဒ္ဓ၊ ဗိုလ်ချုပ် ဟုဖော်ပြခဲ့၏။ ယခု အတန်ငယ် ဆင်ခြင်တုံ တရားလေးရလာတော့ အဆိုပါအကြောင်းအရာကို ကိုယ့်ကိုယ်ကို ပြန်သုံးသပ်မိ၏။ အထက်ပါ ပုဂိုလ်များကို မိမိ အမှန်တကယ် ချစ်ခင်လေးစားပါရဲ့လား။ အမှန်တကယ် ချစ်ခင်လေးစားပါမူ ထိုသူတို့ ချမှတ်ထားသော ဝါဒများကို မမှိတ်မသုန် လိုက်နာကျင့်သုံးနိုင်ရမည်။ ဒါမှ ချစ်ခင်လေးစားရာရောက်၏။ ဗုဒ္ဓမြတ်စွာဘုရားမှ ငါဘုရား ဟောကြားထားသော တရားတော်တို့ကို လိုက်နာကျင့်ကြံပါမူ ငါဘုရားနှင့် အနေနီးသည်မည်၏။ ထိုသို့ မဟုတ်မူကား ငါဘုရားနှင့် အနေဝေးသည် မည်၏ ဟု ဟောကြားထား၏။ ဗိုလ်ချုပ်သည်လည်း ကိုယ်ကျိုးအတ္တ မကြီးရာတွင် နာမည်ကျော်၏။ တိုင်းပြည်ကောင်းစားရေး အတွက်မမှတ်မသုန် လုပ်ရာတွင် နာမည်ကြီး၏။ စာရင်းချုပ်လိုက်တော့ ငါထိုသူတို့ကို အမှန်မချစ်သေး ဟူ၏။

Easy way to speak English (4)

အင်္ဂလိပ်စကားကို သွက်သွက်လက်လက်ပြောတတ်ချင်ရင် အခုပြောပြမယ့်အကြောင်းအရာတွေကို မှတ်သားစေချင်ပါတယ်။
ပထမအချက်ကတော့ Do not study grammar ပါတဲ့။ ဒီလိုပြောလို့ အံအားသင့်သွားနိုင်သလား။ သဒ္ဒါတတ် မှ စာတတ်မယ်။ သဒ္ဒါမတတ်ရင် စာမတတ်ဘူးဆိုတဲ့ စကားကလည်းရှိတာကိုး။ စာမေးပွဲအောင်ချင်ရင် (သို့) အမှတ်ကောင်းချင်ရင်၊ အင်္ဂလိပ်စာအရေးအသားကောင်းချင်ရင် သဒ္ဒါ( Grammar) ကိုလေ့လာပါ။
အဲ့………..ဒါပေမဲ့ အင်္ဂလိပ်သွက်သွက်လက်လက်နဲ့ ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ချင်ရင် သဒ္ဒါကိုအလေးပေးတာထက် အသုံးအနှုန်းကို ပိုပြီးလေ့လာသင့်ပါတယ်။ အပြောအင်္ဂလိပ်စကားမှာ သဒ္ဒါစည်းမျဉ်းတွေ တွေးပြီး ၀ါကျဖွဲ့ပြောနေရင် ဖြောင့်ဖြောင့်ဖြူးဖြူးပြောနိုင်တော့မှာမဟုတ်ဘူး နှေးကွေးသွားပါလိမ့်မယ့်။ မိမိပြောမဲ့စကားမှာ အဟန့်အတားဖြစ်နေပါလိမ့်မယ်။ ဒီတော့ မှားမှားမှန်မှန် ပြောရဲတဲ့သတ္တိကိုမွေးပါ။ ဒါဟာ ပထမလိုအပ်ချက်ပါ။
အင်္ဂလိပ်လိုပြောနေတဲ့ ဒေသခံအင်္ဂလိပ်လူမျိုးအစစ်တွေတောင်မှ သူတို့ပြောတဲ့ အပြောအင်္ဂလိပ်စကား မှာ အမှားတွေ ပါတတ်ကြတာပါပဲ။ အင်္ဂလိပ်လူမျိုးအစစ်တွေဟာ အင်္ဂလိပ်သဒ္ဒါကို  ပြည်ပက နိုင်ငံခြားသားတွေလောက် မသိကြဘူး။ ပြည်ပက နိုင်ငံခြားသားတွေက သူတို့ထက်ပိုသိတယ်။  ဒါပေမဲ့ အင်္ဂလိပ်လူမျိုးတွေလောက် စကားမပြောတတ်ကြဘူး။
ကျနော်တို့ မြန်မာလူမျိုးတွေကော??? ။ စကားပြောရင် မြန်မာသဒ္ဒါကို ထည့်စဉ်းစားပြီး ပြောဖူးလားလို့ တွေးမိဘူးလားမသိဘူး။။ ဘယ်ဟာက ကြိယာ၊ နာမ၀ိသေသန၊ ကြိယာဝိသေသန ဆိုပြီးတော့ပေါ့။ အဲ့ဒီ ဥပမာကိုကြည့်ရင် ဆိုလိုတဲ့အချက်ကိုသဘောပေါက်လောက်ပါပြီ။
ဒုတိယအချက်ကတော့ Learn and study phrases ပါ။ အင်္ဂလိပ်စကားလုံးကို တစ်လုံးချင်းကျက်တာထက် စကားလုံးအတွဲလိုက်၊ စကားစုအလိုက် ကျက်မှတ်လေ့လာတာက ပိုကောင်းပါတယ်။ ။ စကားလုံးအတွဲလိုက်၊ စကားစုလိုက် ကျက်မှတ်ထားတယ်ဆိုရင် သဒ္ဒါစည်းမျဉ်းစဉ်းစားစရာမလိုတော့ဘဲ သူ့ဘာသာသူ အလိုအလျောက် ပြောနိုင်ပါလိမ့်မယ်။
အင်္ဂလိပ်စကားကို သက်တောင့်သက်သာနဲ့ သွက်သွက်လက်လက် မှန်မှန်ကန်ကန်ပြောနိုင်အောင် အလွယ် တကူ အသုံးပြုလို့ရမယ့် စကားလုံးအတွဲ၊ စကားစု (Phrases) တွေကိုလည်း ဆက်လက်ဖော်ပြလိုက်ပါတယ်။

Saturday, June 16, 2012

အခမဲ့ သီချင်းဆိုင်

တေးသီချင်းနှစ်သက်ကြတဲ့ သူငယ်ချင်းတို့အတွက် သီချင်း Album အလိုက် download ဆွဲနိုင်တဲ့ blog တစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ်။ မိမိနှစ်သက်ရာတေးသီချင်းများကို  နားဆင်ရင်း ဘဝအမောများပြေပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
Axlerose

Posted by KAE 

ဒေါ်အောင်ဆန်းဆုကြည် ရဲ့ နိုဗယ်လ် ဆုပေးပွဲ အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မှု

မြန်မာတို့ရဲ့ ဂုဏ်ယူလေးစား အားကိုးယုံကြည်၊  အမေတစ်ယောက်လို ချစ်ခင် မြတ်နိုးခြင်းကို ခံရတဲ့ အမေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဗယ်ဆု ပေးပွဲ အခမ်းအနားကို
ဇွန်လ ၁၆ ရက်နေ့ နယူးယောက်အချိန် စနေနေ့နံနက် (၇) နာရီ၊
စကာင်္ပူအချိန် စနေနေ့ည (၇) နာရီ၊
မြန်မာအချိန် စနေနေ့ညနေ (၅ နာရီခွဲ) တွင် အောက်ပါ လင့်မှ တိုက်ရိုက် ကြည့်ရှုနိုင်ပါသည်။
http://www.nobelprize.org/

16th June (Saturday) 2012
Live Webcast of Aung San Suu Kyi's Nobel Lecture, Oslo, Norway
1:00 PM. CET


Source: Min Kyaw Khine FB

Posted by ဂျစ်တီး

ပိတောက်စိတ်ကူး

ရွှေဝါရောင် တဖိတ်ဖိတ်နဲ့
လူ့ရဲ့စိတ်ကို မရိုးမရွစေတာ
ဒီတခါတော့ ငါလွမ်းရပြီထင်ရဲ့
ပန်းပိတောက်ရယ် ။

အဆက်အသွယ်ပြတ်ခဲ့တဲ့ တခဏ
စိတ်ကူး အိပ်မက်တွေ ပျက်ခဲ့ရတယ်
နင့်ကြောင့် ရယ်လို့တော့ မပြောပါဘူး
ပုံမှန်ရောက်လာတတ်ခဲ့တဲ့
တစ်နှစ်တစ်ခါဆိုတာက
ဖိအားပေးခဲ့တာပါ ။

ပျော်စရာတွေ ယူလာတတ်သလို
ပျော်စရာတွေလဲ ပြန်သယ်သွားတတ်တော့
နင့်ကြောင့်ပဲ ငါလွမ်းတတ်သွားပြီ။

နင့်ကြောင့် စိတ်ကူးတွေ ယဉ်ခဲ့ဖူး
နင့်ကြောင့် ပဲစိတ်ကူးတွေ ယိုင်ခဲ့ဖူး
ဘာမဟုတ်တဲ့ ပိတောက်စိတ်ကူး က
ငါ့ကို ရူးစေခဲ့တာလား ။

ပိတောက်ဖူးနဲ့ ငါ့စိတ်ကူးတဲ့
ခဏတော့ ငါ့မကြာခဏပဲ
ပျော်ဖူးပါတယ်
ပိတောက်စိတ်ကူးလေးရယ် ။     ။

Posted by တကိုယ်ငယ်

Friday, June 15, 2012

အင်္ဂလိပ်စကားပြောပိုကောင်းစေရန်နည်းလမ်းများ (အပိုင်း-၁)

ယနေ့ခေတ်မှာ လူတိုင်းကိုမေးလိုက်။ ဘာလုပ်နေလဲ “အင်္ဂလိပ် စပီကင် တက်နေတယ်” ဟူသည့်အဖြေကို ညံညံစီစီ ကြားနေရသည်။ အင်္ဂလိပ်စာ၏အရေးကြီးပုံကို လူတိုင်း သဘောပေါက်နေကြပြီဖြစ်သည်။ တစ်ချိန်ကလို ကျွန်လုပ်ချင်သည့်သူများအတွက် စာနှင့်စကားဟု ယိုးစွပ်သည့်ခေတ် မဟုတ်တော့ပြီ။
သူသူငှာငှာ အင်္ဂလိပ်စကားပြောတတ်ချင် ကြသည်။ အင်္ဂလိပ်လို ဒွတ်ဒက်ရွှတ်ရှက် နှင့်ပြောနေ သူတစ်ယောက်ကို မြင်ရကြားရတိုင်း သူတို့လို ပြောတတ်ချင်စိတ်တွေ တဖွားဖွားပေါ်လာ တတ်ပါသည်။ ဒါကြောင့်လည်း ဟိုသင်တန်း ဒီသင် တန်းတွေကို ဈေးကြီးပေးပြီး တက်ကြပြန်သည်။ သင်တန်းတွေကလည်း သင်ပေးကြပါသည်။ ဒါပေမယ့် တကယ့်တစ်ကယ် မြို့ထဲမှာ တိုးရစ်တစ်ယောက်က ကိုယ့်ကို အိမ်သာ ဘယ်နေရာ မှာရှိသလဲလို့ လာလည်းမေးရော
ရင်တွေတဒိန်းဒိန်းခုန်၊ ပါးစပ်က အာစေးထည့်ထားသလို ပြောမထွက်၊ တိုးရစ်က တစ်လုံးချင်း အသံအကျယ်ကြီးထွက်ပြောတာကိုလည်း နားမလည်၊ အင်း- အဲ လုပ်ရင်း ကိုယ်ပြောချင်တာက တစ်မျိုး၊ တစ်ကယ်ညွှန်ပြလိုက်တာက တစ်ခြားနဲ့ဧည့်သည်လည်း ရောက်ချင်ရာရောက်။ နောက်ပိုင်း သွေးအေးသွားသည့်အချိန်ပြန် စဉ်းစားလိုက်မှ ငါ ဒီလို ပြောလိုက်ရင်ရတာပဲ။ ဘာဖြစ်လို့ အဲဒီလိုပြောဖို့ သတိမရခဲ့ရတာလဲ ဟု မကျေမချမ်းနှင့် ကိုယ့်ကိုယ်ကို ပြစ်တင်ရသည့်အဖြစ်မျိုး ကြုံဖူးကြမည် ထင်ပါသည်။
မိမိတစ်ယောက်တည်း မဟုတ်ပါ။ စာသင်သားအများစုဖြစ်ပါသည်။ အင်္ဂလိပ်စကားကို သွက်သွက်လက်လက်နှင့် ကိုယ်ပြောတာကို သူများနားလည်၊ သူများပြောတာကိုလည်း ကိုယ်ကနားလည် ဖြစ်ချင်ပါက အောက်ပါနည်းလမ်းများက မိမိဆန္ဒများကို ဖြည့်ဆည်း ပေးနိုင်ပါလိမ့်မည်။

Thursday, June 14, 2012

ဂဟေဆော်လုပ်ငန်းနှင့် ကျန်းမာရေး


ဒေါက်တာခင်ဗျာ Welding (Co2, Ar) အငွေ့အသက်တွေကို ရှုရှိုက်မိခြင်းအားဖြင့် ဘာဆိုးကျိုးတွေ ရှိနိုင်ပါသလဲခင်ဗျာ။
၂ဝဝ၄ မတ်လ ၁၁ နေ့ ထုတ်ပြန်ချက်တခုထဲမှာ "အမေရိကန်မှာ ဂဟေဆော် လုပ်ငန်းမယ် လူပေါင်း ၄ သိန်းကျော် လုပ်ကိုင်နေရတယ်၊ သူတို့မှာ လုပ်ငန်းခွင်-ကျန်းမာရေး အန္တရာယ်တွေ ရှိနေကြရတယ်၊ အဲဒါတွေထဲမှာ အသက်ရှူလမ်း၊ အာရုံကြောနဲ့ မျိုးပွားလမ်းတွေမှာ ထိခိုက်နိုင်တယ်" လို့ ပါရှိခဲ့တယ်။ သုတေသနတွေ ဆက်လုပ်စရာတော့ ရှိတယ်လို့လဲ ဆိုပါတယ်။
၂ဝဝ၃ ခုနှစ်က အတော်ကြီးပြည့်စုံတဲ့ ဂဟေဆော်ခြင်းနဲ့ပါတ်သက်တဲ့ သိပ္ပံစာပေ ဆန်းစစ်ချက်တခု ထုတ်ခဲ့တယ်။ အဲဒီ ဂဟေဆော်ခြင်းနဲ့ ကျန်းမာရေး စာတမ်း အဆိုအရ Bronchitis လေပြွန်ရောင်ခြင်း၊ Airway irritation အသက်ရှူလမ်း ထိခိုက်ခြင်း နဲ့ တခြား အသက်ရှူလမ်းဝေဒနာတွေ အများစုမှာ ခံစားကြရတယ်လို့ ပါရှိခဲ့တယ်။ တချို့ကလည်း အဆုပ်-ကင်ဆာ၊ အာရုံကြောရောဂါ ဖြစ်မလားပြောကြတယ်။ အထောက်အထားတွေတော့ မပြည့်စုံပါ။
ဂဟေဆော်ရာကနေ ထွက်တဲ့ အငွေ့ထဲမှာ Nickel နစ်ကယ်လ် Chromium ခရိုမီယမ် နဲ့ Manganese မင်းဂနီးစ်တွေ ပါနေနိုင်တယ်။ အမေရိကန် ပြည်နယ်၊ ကောင်တီ နဲ့ မြူနီစပယ် အလုပ်သမားမားအဖွဲ့ American Federation of State, County, and Municipal Employees (AFSCME) ကနေထုတ်တဲ့ သတိပေးစာထဲမှာ ပိုပြီး ပြည့်စုံအောင် ပါတယ်။ Chromium, Nickel, Manganese တွေအပြင် Arsenic, Asbestos, Silica, Beryllium, Cadmium, Nitrogen oxides, Phosgene, Acrolein, Fluorine compounds, Carbon monoxide, Cobalt, Copper, Lead, Ozone, Selenium, Zinc တွေ ပါနေတာဟာ အဆိပ်အတောက်တွေ ဖြစ်ချင် ဖြစ်နိုင်တယ်လို့ ရေးထားတယ်။ အတိအကျ ပြောရတာတော့ ခက်တယ်လို့ ဝန်ခံပါတယ်။

Tuesday, June 12, 2012

ပုံများ




အောင်မငီး....တေပါဘီ၊ ဒီလောက်ကြီးအံကြိတ်ပြီး ရိုက်ရလား




သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ



ယုံဘူး...ဆို ယုံဘူးပဲ

 တကောင်ကြွက်လေးမို့ပါ

ဒီလိုပဲလေ...ကြုံသလိုဖြေရှင်းရတာ။ နားလည်ပေးကြပါ


Posted by ဂျစ်တီး 
Source: လွမ်းမပြေ

Monday, June 11, 2012

တတ်ချင်ရင်ဖတ်ပါ

ဆိုလိုချင်တာက အင်္ဂလိပ်စာတတ်ချင်ရင် အင်္ဂလိပ်စာဖတ်၊ ပြင်သစ်စာတတ်ချင်ရင် ပြင်သစ်စာဖတ်ဖို့ပြောချင်တာ။ စာဖတ်တာဟာ ဘာသာစကားတစ်ခုခုကို ကျွမ်းဝင်ဖို့အတွက် အများကြီး အထောက်အကူပြုနိုင်တယ်။
စာဖတ်တယ်ဆိုတာ ဦးနှောက်ကို အများကြီး အလုပ်ပေးရတယ်။ စာရေးရင် တွေးရတယ်၊ ရေးရတယ်၊ ပိုပြီး အလုပ်ရှုပ်သွားတယ်။ စာဖတ်တယ်ဆိုတာလည်း မျက်လုံးကကြည့်၊ ဦးနှောက်နဲ့ အသိဖလှယ်နိုင်မှ နားလည်ခံ စားလို့ရတယ်။ အင်္ဂလိပ်စာတစ်လုံးမှ မတတ်သူက အင်္ဂလိပ်စာတွေကို ကြည့်သာကြည့်တယ် နားမလည်ရင် ဘယ်လိုမှ ခံစားနိုင်မှာ မဟုတ်ဘူး။
စာဖတ်ရင်
-       ခေါင်းထဲမှာ အရင်ဆုံး သူပြောတာဘာလဲဆိုပြီး မြင်ကြည့်ရတယ်
-       သူပြောတဲ့အကြောင်းအရာကို သိပြီဆိုရင် ခံစားကြည့်ရတယ်
-       စာရေးသူရဲ့ ရေးသားထားချက်ကို သဘောတူခြင်း မတူခြင်းတွေနဲ့ တုံ့ပြန်နိုင်ရတယ်
စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူး
ဘာသာစကားတစ်ခုကို လေ့လာရာမှာ Skill လေးမျိုးစလုံးအရေးကြီးတယ်။ Listening, Speaking, Writing, Reading တွေအားလုံး အရေးကြီးတယ်။ Reading က အများကြီးအထောက်အကူပေးနိုင်တယ်။ စာဖတ်ခြင်း ကြောင့် ရရှိလာနိုင်တဲ့ အကျိုးတရားတွေ အများကြီးရှိတယ်။

Sunday, June 10, 2012

နိုင်ငံတော် သမ္မတမိန့်ခွန်း

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ယနေ့ည ၈ နာရီတွင် နိုင်ငံပိုင် ရုပ်သံမီဒီယာများ မှတဆင့် ပြည်သူလူထုသို့ မိန့်ခွန့်ပြောကြားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ သတင်းရရှိသည်။
သမ္မတ မိန့်ခွန်းကို တိုက်ရိုက်ကြည့်ချင်သူများ TVU player ကိုဒေါင်းပြီး install လုပ်ပါ http://www.tvunetworks.com/downloads/player.html# ထို့နောက် ပလေယာတွင် search channel နံပါတ် ၉၉၂၂၁ ကိုထည့်ရှာပါ။ စကိုင်းနက် ရုပ်သံမှတိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။

Friday, June 08, 2012

အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု တိုးတက်စေမည့် နည်းလမ်း (၇၀) - အပိုင်း (၁ဝ)

၄၆။ အင်္ဂလိပ်ဘာသာနဲ့ထုတ်လွှင့်တဲ့ ရေဒီယိုသတင်းကိုနားထောင်ပါ။ ပိုလွယ်အောင်လို့ သတင်းကို အင်္ဂလိပ်လို ဖတ်ထားပြီးမှ နားထောင်နိုင်ပါတယ်။ ဒါမှမဟုတ် ကိုယ့်ရဲ့ဘာသာစကားနဲ့ သတင်းကို ကြိုဖတ် ကြိုနားထောင်ထားနိုင်ပါတယ်။
၄၇။ အင်္ဂလိပ်ဘာသာ သတင်းစာကို ဖတ်ပါ။ လန်ဒန်မှာ Metro သတင်းစာလို အခမဲ့ရတဲ့ သတင်းစာတွေက ဖတ်လို့ အလွယ်ဆုံး ဖြစ်တတ်ပါတယ်။ အဲဒီနောက်တော့ အင်္ဂလိပ်ဘာသာ အသုံးအနှုန်း ခက်ခဲမှု အလယ်အလတ်အဆင့်ရှိတဲ့ Daily Express သတင်းစာ၊ Daily Mail သတင်းစာတွေ ရှိပါတယ်။ The Sun လိုမျိုး လူကြိုက်များတဲ့ သတင်းစာတွေကတော့ မျက်နှာဖုံးသတင်းခေါင်းစဉ်တွေ၊ ဆောင်းပါးတွေမှာ Idiom တွေ၊ ဘန်းစကားအသုံးအနှုန်းတွေ နောက်ပြီးတော့ ဟာသတွေလည်း ထည့်ရေးထားတဲ့အတွက်ကြောင့် ပိုပြီးတော့ ခက်ခဲတတ်ပါတယ်။
၄၈။ အင်္ဂလိပ်လိုဝတ္ထုရေးပါ။ ဥပမာ ၀တ္ထုတိုရေးနိုင်ပါတယ်။ နေ့တိုင်းဘာတွေဖြစ်ပျက်တယ်ဆိုတာကို နေ့စဉ်မှတ်တမ်းရေးရတာ ပျင်းရိငြီးငွေ့သူတွေအတွက် အကောင်းဆုံးကတော့ စိတ်ကူးစိတ်သန်းရှိတဲ့အတိုင်း ခေါင်းထဲဝင်လာတာတွေကို လွတ်လွတ်လပ်လပ် ရေးခြင်း ဖြစ်ပါတယ်။ ဒီအတွက် ကောင်းကျိုးကတော့ အင်္ဂလိပ်လိုတစ်ခုခုကို ဘယ်လို ပြောရမလဲ စဉ်းစားလို့မရဘူးဆိုရင် ရေးလို့လွယ်တဲ့ အကြောင်းအရာ တစ်ခုကို ပြောင်းလဲလိုက်လို့ ရပါတယ်။ အင်္ဂလိပ်လို ၀တ္ထုစရေးဖို့ အလွယ်ကူဆုံးနည်းလမ်းကတော့ နေ့စဉ်မှတ်တမ်းရေးတာကနေစပြီး အသေးစိတ် အချက်အလက်လေးတွေကို ပြောင်းပြီးတော့ စိတ်ဝင်စားစရာ ဖြစ်လာအောင် လုပ်နိုင်ပါတယ်။ ၃ပတ် ၄ပတ် စသည်ဖြင့် အချိန်ကြာလာတာနှင့်အမျှ စိတ်ကူးယဉ်အချက်တွေကို ပိုပြီးတော့ထည့်နိုင်ပါတယ်။

Thursday, June 07, 2012

New Big Money


    မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တစ်သောင်းကျပ်တန်ငွေစက္ကူအမျိုးအစားသစ်ကို ၂၀၁၂ခုနှစ် ဇွန်လ၁၅ရက်တွင် စတင်ထုတ်ဝေမည်ဖြစ်ကြောင်း ယနေ့ညနေ (ဇွန်၇ရက်) ၆နာရီသတင်းတွင် တရားဝင်ကြေညာခဲ့သည်။
  အဆိုပါငွေစက္ကူအမျိုးအစားသစ်ကို အများပြည်သူအား ဘဏ်ဖွင့်ချိန် အ တွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေကြေးဌာန၊ ဘဏ်များနှင့်အစိုးရငွေတိုက်များတွင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုလက်ရှိတရားဝင် လှည့်လည်သုံးစွဲလျက်ရှိသည့် ငွေစက္ကူများနှင့် ငွေအကြွေများသည် တရားဝင်သုံးစွဲငွေများအဖြစ် ဆက်လက်တည်ရှိသွားမည်ဖြစ်ကြောင်းလည်း အဆိုပါသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
              တစ်သောင်းကျပ်တန်ငွေစက္ကူသစ်၏အရွယ်အစားမှာ 15x7 စင်တီမီတာရှိပြီး လက်ရှိသုံးစွဲနေသော ကျပ်၁၀၀၀တန်(အသေး)နှင့်ကျပ်ငါးထောင်တန်တို့နှင့်အရွယ်အစားတူညီသည်။
ပေါ်လွင် ထင်ရှားသောအရောင်မှာ အပြာရောင်ဖြစ်ပြီး၊ မျက်နှာစာတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်မြေပုံ၊ သပြေခက်နှစ်ခက်နှင့် ဆင်ဖြူနှစ်စီးနှင့် ကြာဖြူတစ်ပွင့်တို့ဖြင့် ဖွဲ့စည်းရိုက်နှိပ်ထားသည်။
“ထူး၂ခြား၂ဖြစ်မယ်မထင်ဘူး။         ငါးထောင်တန်ထွက်တုန်းကလည်း ငွေကြေးဖောင်းပွမှုနဲ့ပတ်သက်ပြီး ပြောခဲ့ကြတယ်။ ဒါပေမယ့် မဖြစ်ခဲ့ဘူး။ အခုလည်းဖြစ်မယ်မထင်ဘူး”ဟု စီးပွားရေးပညာရှင် ဦးခင်မောင်ညို(ဘောဂဗေဒ)ကသုံးသပ်ပြောကြားသည်။
Posted by ဂျစ်တီး

Sunday, June 03, 2012

အင်္ဂလိပ်ဘာသာစကား ပြောဆိုရေးသားရာတွင် သွက်လက်ချောမွေ့မှုရှိခြင်း

ဤဆောင်းပါးကို Alireza ZareaBecoming Fluent in Speaking and Writing English အား ဆီလျော်သလို ဘာသာပြန်ဆိုထားပေးထားခြင်း ဖြစ်ပါသည်။
အင်္ဂလိပ်ဘာသာစကားကို သွက်သွက်လက်လက် ချောချောမွေ့မွေ့ ပြောဆိုချင်တယ်ဆိုရင် အခုပေးမယ့် အကြံအတိုင်း လိုက်နာပြီး ကြိုးစားကြည့်ပါ။ အင်္ဂလိပ်စကားသင်ရာမှာ တတ်မြောက်ဖို့ လိုအပ်တဲ့ ကျွမ်းကျင်မှု ၄မျိုးရှိပါတယ်။ အဖတ်၊ အကြား၊ အပြောနဲ့ အရေး ကျွမ်းကျင်မှုတွေ ဖြစ်ပါတယ်။
သတိပြုရမယ့် အရေးကြီးဆုံးအချက်ကတော့ အဖတ်နဲ့ အကြား ကျွမ်းကျင်မှုတွေဟာ လက်ခံရယူတဲ့ ကျွမ်းကျင်မှုတွေဖြစ်ပြီး အပြောနဲ့ အရေးကတော့ ထုတ်ဖော်သိစေတဲ့ ကျွမ်းကျင်မှုတွေ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ဆိုရရင် အပြောနဲ့ အရေး ကျွမ်းကျင်မှုတွေ တိုးတက်ကောင်းမွန်စေဖို့ အဖတ်နဲ့ အကြား ကျွမ်းကျင်မှုတွေကို အရင်ဆုံး ပိုင်နိုင်ထားရမှာ ဖြစ်ပါတယ်။ အဲဒီလို ပိုင်နိုင်လာဖို့ နည်းလမ်းအချို့ ရှိပါတယ်။ အကျဉ်းချုပ် ပြောပြပါမယ်။