Wednesday, May 04, 2011

MathCAD for Solving Equations

MathCAD ဆိုတဲ့ software လေးတင်ပေးလိုက်ပါတယ်။ ဒါလေးက တင်ရတာ လွယ်သလို အတော်လေးလည်း အသုံးဝင်တဲ့ program လေးပါ။ GTC ကျောင်းသားတွေ အတွက်ပို အသုံးဝင်မယ်ထင်ပါတယ်။ Mathematical Equation တွေကို ရှင်းရာမှာအတော်လေး ကောင်းပါတယ်။ MathLab နဲ့ ခပ်ဆင်ဆင်ပါ။ Graph တွေလည်း ထုတ်လို့ ရပါတယ်။ Version အနေနဲ့ MathCAD 11, 12, 13 စသဖြင့်ထွက်ပါတယ်။ အခုဟာလေးကတော့ MathCAD 2001 i ပါ။ အသုံးဝင်မယ် ဆိုရင်တော့ ဒီမှာ ယူလိုက်ပါ။

Posted by ငခဲ

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၆)

Present Perfect Tense
Has ....................
have .................. + participle
ဒီကြိယာပုံစံမှာလည်း နှစ်ပိုင်းပါတယ်။ ရှေ့ က has ဒါမှမဟုတ် have နောက်က participle လို့ခေါ်တဲ့ အပိုင်း။ he, she, it, the boy စတဲ့  Singular noun တွေနဲ့  has ၊ I , We ,They The boys စတဲ့  Plural noun တွေနဲ့  have.
The boy has written.
The boys have written.
I have written.
(တစ်ယောက်တည်း Singular ကို has ဆိုပြီး ပုံသေမှတ်လို့ မရပါ။ I ကို have သုံးတာမှတ်ပါလေ။ I has လို့ မှားတတ်တာ မကြာမကြာ ကြုံရတယ်။ မမှားပါစေနဲ့။့)
မေးခွန်းလုပ်ရင် has / have ကို ကတ္တားနဲ့  ရှေ့ နောက် နေရာပြောင်း ၊ မဟုတ်ဝါကျလုပ်ရင် not ကလေးထည့်။
Has the teacher come yet?
ဆရာလာပြီလား။
What have you done?
မင်းဘာလုပ်ထားတာလည်း။
We have not eaten anything.
ကျနော်တို့  ဘာမှမစားရသေးဘူး။
Maung Pu has not done his homework.
မောင်ပု အိမ်စာမလုပ်ရသေးဘူး။
ဒီကြိယာရုပ်ကို သုံးတဲ့ နေရာများကတော့ ---