Saturday, June 30, 2012

အလုပ်အကိုင် အခွင့်အလမ်း

Marine Engine နဲ့ပတ်သက်လို့ ခိုင်ခိုင်မာမာ ရပ်တည်လျှက်ရှိတဲ့ ကုမ္ပ္ပဏီ "Wartsila" ဟာ ဒီရက်ပိုင်းမှာပဲ မြန်မာပြည် ကိုသွားပြီး လူခေါ်ဖို့ ရှိပါတယ်။ အလုပ်သမားကနေ အင်ဂျင်နီယာ position အထိ ခေါ်ဖွယ်ရှိတယ် လို့ သိရပါတယ်။ စိတ်ပါဝင်စားသူတွေ အနေနဲ့ အောက်ပါလိပ်စာ အတိုင်းဆက်သွယ်မေးမြန်းကြည့်နိုင်ပါတယ်။

ဦးသိန်း.ဟန်
Golden Falcon
44th Street
Lower Block
2nd Floor


Posted by ဂျွန်

ကျေင်းဖွင့်ချိန်

ခေါင်းလောင်းသံတိတ်
ကျောင်းတွေပိတ်ပြီ
အလွမ်းကမ္ဘာ ရင်ဝယ်ထားကာ
ကျောင်းကြီးဖွင့်ရက်
လက်ချိုးတွက်လို့
စောင့်မျှော်နေမယ်
သူငယ်ချင်းတို့ရယ်။   ။

ကျောင်းတော်ရင်ခွင်
တို့ပြေးဝင်မဲ့
ရာသီလေမြူး ၀သန်ဦးလဲ
စောင့်မျှော်ရက်ကြာ
ရောက်လို့လာတော့မှာမို့
နင်လဲငါ့လို ငါလဲနင့်လို
အလွမ်းတွေ ပိုလို့သာ
စောင့်မျှော်နေမှာ
ကျေင်းဖွင့်ချိန်ရာ ။   ။

Posted by တကိုယ်ငယ်

အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု တိုးတက်စေမည့် နည်းလမ်း (၇၀) - အပိုင်း (၁၄)

၆၆။ အနောက်တိုင်းစားသောက်ဆိုင်များကိုသွားပါ။ အင်္ဂလိပ်လို Menu ယူပြီးကြည့်ရမှာဖြစ်တဲ့အပြင် အင်္ဂလိပ်စကားပြောနိုင်ငံတွေရဲ့ ယဉ်ကျေးမှုအကြောင်း သိရှိနားလည်ဖို့ နည်းလမ်းကောင်းလည်း ဖြစ်ပါတယ်။ အဲဒီအပြင် အင်္ဂလိပ်ဘာသာနဲ့ စာရင်းတွေ ဖော်ပြထားတဲ့ အခမဲ့မဂ္ဂဇင်းတွေလည်းရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ တီဗွီမှာ အင်္ဂလိပ်လို အားကစားကဏ္ဍ ကြည့်နိုင်ပါတယ်။ စကားပြောလို့ရမယ့် နိုင်ငံခြားသားတွေလည်း တွေ့မှာဖြစ်ပါတယ်။
၆၇။ အသံထွက် အီလက်ထရောနစ်အဘိဓာန်ဝယ်ပါ။ အီလက်ထရောနစ်အဘိဓာန်တွေမှာ ပါတဲ့ စကားလုံးတစ်လုံးစီအတွက် ဖွင့်ဆိုရှင်းလင်းချက်တွေက ပုံနှိပ်အဘိဓာန်တွေမှာလောက် မကောင်းပါဘူး။ ဒါပေမယ့် အချို့ အီလက်ထရောနစ်အဘိဓာန်တွေက အသံထွက်ပါတဲ့အတွက် အသုံးဝင်ပါတယ်။
၆၈။ အီလက်ထရောနစ်အဘိဓာန်ပါတဲ့ Vocabulary စာရင်းကို ကျက်မှတ်ပါ။ အီလက်ထရောနစ် အဘိဓာန် အများစုမှာ နောက်ဆုံးကြည့်ခဲ့တဲ့စကားလုံး ၃၀၊ ဒါမှမဟုတ် အဲဒီထက် ပိုပြီး ပြန်ကြည့်လို့ ရအောင် ခလုတ်တစ်ခု ပါတတ်ပါတယ်။ အသုံးမ၀င်ဘူးလို့ယူဆတဲ့ စကားလုံးတွေ၊ ကျက်မှတ်ပြီး စကားလုံးတွေကို အဲဒီစာရင်းကနေ ဖျက်ထားနိုင်ပါတယ်။ ဒါဆိုရင် အဲဒီစာရင်းကို ကျက်ရမယ့်စာလုံး စာရင်း အနေနဲ့ သုံးနိုင်ပါတယ်။ ရထားစီးချိန် ကားစီးချိန်အတွင်း တစ်နေ့ကို ၃-၄ ကြိမ် အဲဒီစာရင်းကို ကြည့်ပေးနိုင်ပါတယ်။