Saturday, February 25, 2012

MathLAB and Pro-E

MathLAB ဆိုတဲ့ Programming လေးကိုတော့ သိကြမှာပါ။ ဆက်ပြီးတော့ လေ့လာချင်တယ် ဆိုရင်တော့ အောက်မှာ ဒေါင်းလိုက်ပါ။ မြန်မာ လိုလေးဆိုတော့ အသုံးလို နေတဲ့ သူတွေ အတွက် အတော်လေး အဆင်ပြေမှာပါ။ အရင်တုန်းက လိုချင်လို့ လိုက်ရှာခဲ့တာ မြန်မာလို ရေးထားတာ မတွေ့ခဲ့ ပေမယ့် အခုတော့ ထွက်လာပါပြီ။
http://www.mediafire.com/?z5lmlk1zjzo 
Pro-E နဲ့ ပတ်သက်လို့ လေ့လာချင် သေးတယ်ဆိုရင်လည်း အောက်ပါ လင့် လေးကို သွားင်္ပြီး ဒေါင်းကြပါ။
http://www.ptc.com/for/education/schools/curriculum/index.htm

Source: မောင်ပညာ
Posted by ဂျစ်တီး

အများသိချင်နေတဲ့ မြင့်မိုရ်တောင်နဲ့စကြာဝဠာအကြောင်း

မြတ်ဗုဒ္ဓက မိမိအတွက် ကောင်းမှုကုသိုလ်ရမဲ့အရာမဟုတ်ရင် မလုပ်နဲ့၊ မကြံစည်နဲ့၊ မပြောဆိုနဲ့။ အဲဒါမျိုးတွေနဲ့ အချိန်ကုန်နေမယ်ဆိုရင် မိမိလက်ရှိအချိန်လေးဟာ တန်ဖိုးမဲ့တဲ့အချိန်တွေ ဖြစ်သွားလိမ့်မယ်တဲ့။ ဒါပေမဲ့ ခုခေတ်လူတွေဟာ သူတို့သိချင်တာကို မသိရရင် ဗုဒ္ဓတရားတော်များ မှားနေသလို သူတို့ပဲ ဗုဒ္ဓကိုယုံကြည်ရတာ အကျိုးမရှိသလိုဖြစ်နေကြပါတယ်။ ဦးဇင်းစပြီး အွန်လိုင်းမှာ မေးဖြေလုပ်ပေးကတည်းက လူအများဆုံးအမေးခံရတဲ့အရာဟာ ဒီမြင့်မိုရ်တောင်ကိစ္စပဲ ဖြစ်နေပါတယ်။ ဒါပေမဲ့ ဦးဇင်း မဟုတ်တဲ့အရာနဲ့အချိန်ကုန်မခံချင်လို့ ဖြေမပေးခဲ့ပါဘူး။ ခုတော့ ဖြေမပေးရင် ဦးဇင်းတို့ဘာသာဝင်တွေကို သူများက ကဲ့ရဲ့လို၍ဖြစ်စေ၊ ပညာစမ်းချင်လို့ဖြစ်စေ မေးလာတဲ့အခါ မဖြေနိုင်မည်ဆိုးတာကြောင့် ဦးဇင်းလေ့လာသိရှိသမျှ မြင့်မိုရ်တောင်နဲ့စကြာဝဠာအကြောင်းကို ရေးသားတင်ပြပေးလိုက်ပါတယ်။