Saturday, December 31, 2011

Tuesday, December 27, 2011

ပြည်ပနိုင်ငံမှ သက်သေခံလက်မှတ်ပါရှိလျှင် အိုင်တီပစ္စည်းများအတွက် အကောက်ခွန်ပေးဆောင်ရန်မလို

            အာဆီယံနိုင်ငံများ၏ သဘောတူညီမှုအရ ကုန်သွယ်မှု အခွန်ကင်းလွတ်ခွင့်များကို သက်မှတ်ခဲ့ကြောင်း အဆိုပါကင်းလွတ်ခွင့်အရ အိုင်တီနှင့် ဆက်စပ်ပစ္စည်းများအတွက် ပြည်ပနိုင်ငံများမှ ကုမ္ပဏီများ၏ သက်သေခံမှုရင်းလက်မှတ်ပါရှိလျှင် အကောက်ခွန်ပေးဆောင်ရန် မလိုအပ်တော့ကြောင်း အကောက်အခွန်ဦးစီးဌာန၊ စီမံရေးရာ ဌာနခွဲ ညွှန်ကြားရေးမှုးဦးကျော်ဝင်းက ပြောသည်။ အကောက်အခွန်အနေဖြင့် အိုင်တီပစ္စည်းများတင်သွင်းရာ၌ သက်ဆိုင်ရာ နိုင်ငံများ၏ ကုမ္ပဏီများမှ သက်သေခံလက်မှတ် မှုရင်းများ တင်ပြနိုင်သူများကို သုညရာခိုင်နှုန်းအထိ အကောက်အခွန် လျှော့ပေးခြင်းဖြစ်သည်။ “ အများဆုံးကောက်လည်း ၅ ရာခိုင်နှုန်းပါပဲ။ သုညရာခိုင်နှုန်းအတွက် သက်သေခံမူရင်းလက်မှတ် ပြနိုင်ဖို့တော့လိုတယ်” ဟု ၎င်းက ဆိုသည်။ အာဆီယံနိုင်ငံများ၏ သဘောတူညီမှုအရ အိုင်တီပစ္စည်းများအတွက် အကောက်ခွန် သုညရာခိုင်နှုန်း သတ်မှတ်ထားသော်လည်း လက်ရှိတင်သွင်းနေသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အိုင်တီပစ္စည်းများအတွက် အကောက်ခွန် ပေးဆောင်နေရဆဲဖြစ်ကြောင်း ရန်ကုန်မြို့လယ်ရှိ အိုင်တီစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ “ကုန်သွယ်ခွန် ၁.၅ ရာခိုင်နှုန်းနဲ့ အကောက်ခွန် ၂.၅ ရာခိုင်နှုန်းက ပေးနေရတုန်းပဲ။ သုညရာခိုင်နှုန်း ဆိုတာမျိုးတော့ မကြုံဖူးသေးဘူး” ဟု အဆိုပါ စီးပွားရေးလုပ်ငန်းရှင်က ပြောသည်။ ကုန်သွယ်ခွန်နှင့် အကောက်ခွန်ကို ၁.၅ ရာခိုင်နှုန်းနှင့် ၂.၅ ရာခိုင်နှုန်း ပေးဆောင်ရသော်လည်း သတ်မှတ်ချက် ငွေလဲလှယ်ဈေးနှုန်းကြောင့် ပေးဆောင်နိုင်သည့် အနေအထားတွင် ရှိကြောင်း အဆိုပါ စီးပွားရေးလုပ်ငန်းရှင်က ဆိုသည်။ အာဆီယံနိုင်ငံများအကြား အကောက်ခွန်ကိစ္စရပ်နှင့် ပတ်သက်၍ အပြန်အလှန် အသိအမှတ်ပြုနိုင်ရန်အတွက် Soft Certificate Code ကို စမ်းသပ်အသုံးပြုနေပြီဖြစ်ကြောင်း၊ စမ်းသပ်သုံးစွဲမှုတွင် မြန်မာနိုင်ငံ အနေဖြင့် ပါဝင်နိုင်ခြင်း မရှိသေးသော်လည်း စင်ကာပူ၊ မလေးနှင့် ဘရူနိုင်း နိုင်ငံတို့၌ စတင်စမ်းသပ်သုံးစွဲနေကြောင်း အကောက်ခွန်ဦးစီးဌာန စီမံရေးရာဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောကြားခဲ့ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
 Source: ခေတ်လူငယ်
Posted by ကိုကိုနေ

Sunday, December 25, 2011

လွမ်းည

အလွမ်းငွေ့တွေဖြာကျ
သတိရခြင်းတွေ လှိုင်းထနေမှတော့
ဒီည....
မအိပ်တာက ပိုကောင်းမယ် မဟုတ်လား.......


Posted by ဂျစ်တီး

အစိုးရနည်းပညာတက္ကသိုလ်များတွင် ကျောင်းလခများ တတ်နိုင်သလောက်ခွဲပေးရန် ခွင့်ပြု

အစိုးရနည်းပညာတက္ကသိုလ်များတွင် ကျောင်းသားမိဘများ၏ အဆင်မပြေမှုတင်ပြချက်များကြောင့် ကျောင်းလခ တစ်နှစ်စာ တစ်ခါတည်း အကျေပေးသွင်းရမည့်အစား ယခင်နှစ်များကဲ့သို့ တတ်နိုင်သလောက်သာ ခွဲဝေပေးသွင်းရန် ကျောင်းသားရေးရာဌာနမှ ခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။ ၂၀၁၀-၂၀၁၁ ပညာသင်နှစ်အတွက် နည်းပညာတက္ကသိုလ်များရှိ AGTI (ပထမနှစ်နှင့် ဒုတိယနှစ်) သင်တန်းသားများအတွက် တစ်လလျှင် ငါးရာကျပ်၊ B-Tech (ပထမနှစ်နှင့် ဒုတိယနှစ်) သင်တန်းသားများအတွက် တစ်ထောင်ကျပ်နှင့် BE သင်တန်းသားများအတွက် တစ်ထောင့်ငါးရာကျပ်ဖြင့် ကျောင်းလခများကို မိမိတို့ တတ်နိုင်သလောက်သွင်းရန် ခွင့်ပြုကောက်ခံခဲ့သော်လည်း ယခုနှစ် ၂၀၁၁-၂၀၁၂ ပညသင်နှစ်တွင် သင်တန်းအားလုံး အသီးသီးကို နှစ်ဆတိုးမြှင့်၍ ကောက်ခံခဲ့၍ ကျောင်းလခ တစ်နှစ်စာကို တစ်ကြိမ်တည်းဖြင့် အကျေပေးသွင်းရမည်ဟု သတ်မှတ်ခဲ့သည့်အပြင် ကျောင်းသုံးပုံနှိပ်စာအုပ်များကို ကျောင်းအပ်နှံရာတွင် မယူမနေရအနေဖြင့် သင်တန်းဌာနအလိုက် ကျောင်းသားတစ်ဦးလျှင် နှစ်သောင်းကျပ်ပါ ကောက်ခံခဲ့သည်။ နှစ်ကျ ကျောင်သားများအနေဖြင့် ပုံနှိပ်ဖတ်စာအုပ်ဖိုး တစ်သောင်းကျပ်သာ ကောက်ခံမည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း ကောက်ခံခြင်းမရှိခဲ့ဟု သတင်းရရှိသည်။ ကျောင်းလခ တိုးမြှင့်ခဲ့သည့်အပြင် ကျောင်းသားကတ် (Smart Card) အတွက် သုံးထောင်ကျပ်နှင့် တခြား အထွေထွေကြေးများ ပေါင်းကာ AGTI (ပထမနှစ်နှင့် ဒုတိယနှစ်) သင်တန်းသားတစ်ဦးအတွက် လေးသောင်းနီးပါး သွင်းရပြီး B-Tech (ပထမနှစ်နှင့် ဒုတိယနှစ်) အတွက် ငါးသောင်းကျပ်ကျော် သွင်းရကာ BE အတွက် ခြောက်သောင်းနီးပါး ပေးသွင်းနေရသဖြင့် ကျောင်းသားကျောင်းသူများ ကျောင်းအပ်နှံရာတွင် များစွာအခက်အခဲရှိကြောင်း သိရသည်။ ယခုအခါ ကျောင်းသားမိဘများ၏ အဆင်မပြေမှု တင်ပြချက်များကြောင့် ယခင်နှစ်များကဲ့သို့ ကျောင်းလခကို မိမိတို့ တတ်နိုင်သလောက်သာ ခွဲဝေပေးသွင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။ နည်းပညာတက္ကသိုလ်များတွင် ဒီဇင်ဘာလ အစောပိုင်းမှ စတင်၍ ဒီဇင်ဘာလကုန်အထိ ကျောင်းအပ်လက်ခံလျက်ရှိကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
Posted by ဝတီ

Saturday, December 24, 2011

အင်ဂျင်နီယာ ကျောင်းသားများအတွက် စိတ်မီးအိမ် ပညာသင်ဆု


အသိမိတ်ဆွေ အင်ဂျင်နီယာ တစ်ဦးက သူတို့ အဖွဲ့အစည်းမှ ပညာသင်ဆုပေးနေသည်ဟု ဆိုကာ Address Card လေးပေးလာသဖြင့် Web site သို့သွားရောက်ကြည့်ရှု ရင်း ပညာ သင်ကြားရေး အတွက် အခက်အခဲ ဖြစ်နေသော အင်ဂျင်နီယာ ကျောင်းသားများ အတွက် အားထားရမည့် အဖွဲ့ ဖြစ်သဖြင့် ပြန်လည်မျှဝေပါသည်။ မိမိတို့ ပတ်ဝန်းကျင်မှာ ပညာရေးအတွက် အကူအညီ လို အပ်နေ သူများကို တွေ့ရ၊သိရရင် သူတို့ စိတ်မီးအိမ်  အဖွဲ့ဝင်များကို အမြန်ဆုံး  အသိပေးပြီး အကူအညီတောင်းခံ နိုင်ပါသည်။ စိတ်မီးအိမ် ပညာသင်ဆု အတွက် ရံပုံငွေများ ပေးအပ်လိုပါကလည်း ပေးနိုင်ပါသည်။
စိတ်မီးအိမ် ပညာသင်ဆု လျှောက်ထား ဖို့အတွက်လိုအပ်တဲ့ အသေးစိတ် အချက်အလက်များကိုတော့ အောက်ဖော်ပြပါ Web Site မှာသွားရောက်ကြည့်ရှု နိုင်ပါသည်။ အခုလို မွန်မြတ်သော ရည်ရွယ်ချက်ရှိတဲ့ လူမှု အဖွဲ့အစည်းများ အများအပြား ပေါ်ပေါက်လာပါစေ ဟု ဆန္ဒပြုလိုက်ပါသည်။

www.seitmeeain.net                                        ရန်ကုန် ကိုယ်စားလှယ်

admin@seitmeeain.net                                     ssp.yangon@gmail.com

+65-96300224

Posted by ဂျစ်တီး

Photo of the week

funny officer waqawwwww 
 
Source: lwanmapyay.blogspot.com
 
Posted by ဂျစ်တီး

ဥမင်လှိုင်ခေါင်းဖောက် စက်ကြီး

ကဲ...ရွှေပြည်ကြီးမှာလည်း Subway Project Plan ရှိတယ်ဆိုတော့ ဥမင်ဘယ်လိုတူး သလဲဆိုတာ သိရအောင် ဗဟုသုတ အနေနဲ့ ဥမင်လှိုင်ခေါင်းဖောက် စက်ကိုတွေ့လို့ တင်ပေးလိုက်ပါတယ်။

Impressive Size

Impressive Size

Impressive Size

Impressive Size

Source: lwanmapyay.blogspot.com

Posted by ဂျစ်တီး

Thursday, December 22, 2011

ပြည်ပနိုင်ငံများတွင်သွားရောက် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား၏၀င်ငွေအပေါ် စည်းကြပ်ကောက်ခံသောအခွန်အား ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း သတင်းထုတ်ပြန်

ပြည်ပနိုင်ငံများတွင်သွားရောက်အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ၏၀င်ငွေအပေါ် စည်းကြပ်ကောက်ခံသောအခွန်အား ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့မှ ဒီဇင်ဘာလ ၂၁ ရက်နေ့က သတင်းထုတ်ပြန်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားခဲ့ပါသည်။
အဆိုပါထုတ်ပြန်ချက်အရ ပြည်ပနေနိုင်ငံသားများက နိုင်ငံခြားငွေဖြင့် ရရှိသည့်လစာခေါင်းစဉ်အောက်ရှိ ၀င်ငွေစုစုပေါင်းအပေါ်ရရှိသည့် နိုင်ငံခြားငွေအမျိုးအစားဖြင့် ပေးဆောင်စေသည့် ၀င်ငွေခွန်ကို ၀င်ငွေခွန်ဥပဒေပုဒ်မ-၅၊ပုဒ်မခွဲ(ခ)အရ ကင်းလွတ်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။
''အခုဟာက နိုင်ငံခြားကနေ နိုင်ငံခြားငွေနဲ့ ပြည်တွင်းကိုလွှဲတဲ့ လစာငွေတွေအပေါ် ကောက်ခံတဲ့ဝင်ငွေခွန်ကို ကင်းလွတ်ခွင့်ပြုလိုက်တယ်လို့ သိရတယ်။ ဒါကြောင့် နောက်ပိုင်းကျရင် ဟွန်တီပါပျောက်လာလိမ့်မယ်လို့ ယူဆရတယ်'' ဟု လည်း စီးပွားရေးပညာရင်တစ်ဦးက ပြောကြားခဲ့သည်။
''ဒီလို အခွန်လျော့ချလိုက်တော့ နိုင်ငံတော်ဝင်ငွေလျော့သွားပေမယ့်  နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့သူတွေအတွက် ကောင်းတယ်။ နိုင်ငံခြားနဲ့ တရားဝင်ငွေလွှဲတဲ့သူ များလာမယ်။   နိုင်ငံခြားငွေတွေလည်း တိုက်ရိုက်ဝင်လာနိုင်တယ်။ နိုင်ငံခြားကနေ ဘဏ်နဲ့ချိတ်ပြီး တိုက်ရိုက်ငွေလွှဲတာတွေ ရှိလာမယ်။ ဒီအတွက် ဘဏ်လုပ်ငန်းတွေ ဖွံ့ဖြိုးလာမယ်။ အခုဆိုရင် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံတွေမှာလည်း မြန်မာနိုင်ငံက MFTB,MICB အစရှိတဲ့ ဘဏ်ခွဲတွေ ဖွင့်မယ်ဆိုတာလည်း ကြားသိရတယ်ဆိုတော့ ပိုအဆင်ပြေသွားနိုင်တယ်။ နောက်ပိုင်းဆိုရင် နိုင်ငံခြား ဘဏ်လုပ်ငန်းတွေလည်း ဖွင့်ပေးတော့မှာဆိုတော့ ငွေလွှဲတဲ့ကိစ္စတွေ အဆင်ပြေမှာပါ'' ဟုလည်း စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။
ယင်းကဲ့သို့ ကင်းလွတ်ခွင့်ပြုခြင်းကို ၂၀၁၂ခုနှစ်၊ ဇန်န၀ါရီလ၁ ရက်နေ့တွင် စတင်အကျိုးသက်ရောက် မည်ဖြစ်ကြောင်းနှင့် အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် မည်သည့်နေ့မှ မည်သည့်နေ့အထိ ခွင့်ပြုသည်ဆိုသည့် ကန့်သတ်ချက် မပါဝင်ကြောင်းလည်း သိရှိရသည်။
ထုတ်ပြန်ချက်တွင်ပါဝင် သော အကြောင်းအရာအရ ပြည်ပ၌ ၁၈၃ ရက်နှင့်အထက် နေထိုင်ခဲ့ပြီး အလုပ် လုပ်ကိုင်နေသူများ၏ လစာဝင်ငွေ အပေါ်ကောက်ခံသောဝင်ငွေခွန်ကို ဆိုလိုခြင်းဖြစ်ကြောင်း သိရှိရသည်။
Source : Eleven Media Group
Posted by ဝတီ

Tuesday, December 20, 2011

You're Hired - အပိုင်း (၈)

Episode (8)


Marcia wrote an email to one of the candidates giving them the news that they have not got the job.
(မာစီယာသည် အလုပ်လျှောက်ထားသူတစ်ဦးထံသို့ အလုပ်မရရှိကြောင်း email ရေးပို့သည်။)

Marcia Boardman : …ok…ok…that’s great! We’ll be pleased to have you on the team! Looking forward to seeing you next week! Bye!
(…ကောင်းပြီ…ကောင်းပြီ… အဖွဲ့ဝင်ဖြစ်လာမှာကို ၀မ်းသာပါတယ်။ နောက်အပတ်မှ တွေ့ကြမယ်! တာ့တာ!)

Sunday, December 18, 2011

စားပွဲအဖြစ်သုံးနိုင်မည့် Samsung ၏ Tablet ကွန်ပျူတာ မိတ်ဆက်ပြသ




Samsungကုမ္ပဏီသည် စားပွဲအဖြစ် အသုံးပြုနိုင်မည့် လက်မ(၄၀) Tablet ကွန်ပျူတာ တစ်လုံးကို မိတ်ဆက် ပြသလိုက်ကြောင်း သိရသည်။ Multi-touch နည်းပညာအရ အဆိုပါ Tabletသည် မျက်နှာပြင်ပေါ် ထိတွေ့ခံစားမှု (၅၀)ကို တစ်ပြိုင်နက်တည်း အာရုံခံ သိရှိနိုင်ကြောင်း သိရှိရသည်။ Touchscreen နည်းပညာ၏ မျိုးဆက်သစ် ကွန်ပျူတာ တစ်ခုအဖြစ် ဖန်တီးထားသော အဆိုပါ ကွန်ပျူတာသည် ဘောပင်နှင့် ထောက်တံကဲ့သို့ ပစ္စည်းများ၏ အထိအတွေ့ကိုပါ ခံယူနားလည်နိုင်သည်။

ထို့အပြင် Screen ၏ ရုပ်ထွက်အားမှာ Full HD အဆင့်ဖြစ်ပြီး အတွင်းထဲတွင် Windowsစနစ်ကို အခြေခံထားသည့် စွမ်းအင်မြင့် System တစ်ခုကို ထည့်သွင်းထားသည်။ ကွန်ပျူတာ၏ အထူမှာ (၄)လက်မသာရှိသည်။ Touchscreen နည်းပညာတွင် Screen၏ ထိတွေ့မှုကို အာရုံခံရာ၌ အကန့်အသတ်ဖြင့်သာ လက်ခံနိုင်သော အားနည်းချက်ကို မိမိတို့ ကျော်လွှားနိုင်ခဲ့ကြောင်း Samsung က ကြေညာသည်။



အဆိုပါ Tabletသည် ကလေးငယ်များအတွက် အလွယ်တကူ ပုံဆွဲခြင်းမျိုး ပြုလုပ်နိုင်သလို Facebook တွင် ဓာတ်ပုံများတင်ခြင်း၊ YouTubeမှ ဗီဒီယိုများ ကြည့်ရှုခြင်းတို့ကို ကြည်လင်ပြတ်သားစွာ ပြုလုပ်နိုင်မည်ဖြစ်သည်။ Microsoft သည်လည်း အလားတူ နည်းပညာမျိုးကို CES 2011ပွဲတွင် ပြသခဲ့ဖူးသည်။ LCDအခြေပြု Touchscreen ကြီးများကို အသုံးပြုထားသည့် စားပွဲမျိုးကို Microsoftက ဖန်တီးမိတ်ဆက်ခဲ့သည်။ Samsungသည် ၎င်းတို့၏ စားပွဲTablet ကို SUR40 ဟု အမည်ပေးထားပြီး ပေါင်စတာလင် (၇,၅၀၀)ဖြင့် မှာယူနိုင်ကြောင်း သိရှိရသည်။

Source : www.planet.com.mm

Posted by ဂျစ်တီး

၀၉-၈၀ နှင့်စသော WCDMA ဖုန်းလိုင်းများကို ဒီဇင်ဘာလ ၁၃ ရက်နေ့မှ စတင်ပိတ်သိမ်း

ဝ၉-၈ဝ နှင့်စသော WCDMA  ဖုန်းလိုင်းများကို ဒီဇင်ဘာလ ၁၃ ရက်နေ့မှ စတင်ပြီး ပိတ်သိမ်း လိုက်ပြီဖြစ်ကြောင်း ရွှေဂုံတိုင်ရှိ မြန်မာ ဆက်သွယ်ရေးရုံးမှ ရုံးဝန်ထမ်းတစ်ဦးက ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။



ရွှေဂုံတိုင် မိုဘိုင်း အိတ်ချိန်ရုံး၏ ဆိုင်းဘုတ်

ဒီဇင်ဘာ ၁၃ ရက်နေ့ ကစပြီး ဝ၉-၈ဝ WCDMA  ဖုန်းလိုင်းတွေကို ပိတ်သိမ်းပြီး ဂျီအက်အမ် ငါးသိန်းဖုန်းတွေနှင့် ပြန်လဲပေးမှာဖြစ်ပါတယ်။ မည်သည့် အတွက်ကြောင့် အဆိုပါဖုန်းများကို ပိတ်သိမ်းရသည်ကို သေချာ မသိရသော်လည်း

ဖုန်းကိုင်ဆောင် အသုံးပြုနေသူများအား နေရာဒေသအလိုက် ငါးသိန်းတန် ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများဖြင့် လဲလှယ်ပေးသွားမည် ။ ဖြစ်ကြောင်း  ၊ CDMA 800 MHZ လိုင်း ရှိနေရင် 800 နဲ့ လဲပေးမယ် ၊ GSM ဖုန်းလိုင်းများကို GSM

နဲ့ လဲပေးမှာဖြစ်ပြီး  ဒီဇင်ဘာ ၁၄ ရက်နေ့မှ စတင်ပြီး သက်ဆိုင်ရာမြန်မာ့ ဆက်သွယ်ရေး ရုံးများတွင် လာရောက် လဲလှယ်နိုင်ကြောင်း ယင်းဝန်ထမ်းက ပြောပါတယ်။ ထိုသို့ လဲလှယ်ပေး ရာတွင် လဲလှယ်သည့် ဖုန်းမှာ မြန်မာ့ ဆက်သွယ်

ရေးလုပ်ငန်းမှ ထုတ်ပေးထားသည့် စာရွက်စာတမ်း အပြည့်အစုံ နှင့် အမည်ပေါက်ဖြစ်ရမည် ဖြစ်ကြောင်း သိရပါတယ်။  ငှားရမ်းထားတယ် ဆိုရင်လဲ နာမည်ပေါက်ဖြင့် ပြန်လျှောက်ရမှာဖြစ်တယ်။ ငွေထပ်မံ အလိုက်ပေး၍ လဲလှယ်စရာ

မလိုပါဘူး ဟု သိရပါတယ်။ မြန်မာ့ ဆက်သွယ်ရေး ရုံးများမှာ ပန်းဆိုးတန်း မြန်မာ့ ဆက်သွယ်ရေးရုံး ၊ အလုံဆက်သွယ်ရေးရုံး ၊   ရွှေဂုံတိုင် မိုဘိုင်း အိတ်ချိန်းရုံး နှင့် ရန်ကုန်စာတိုက်ကြီး စုစုပေါင်း ဆက်သွယ်ရေး ရုံး ၄ ရုံးမှာ ပြန်လည်၍

လဲလှယ် ပေးသွားမှာ ဖြစ်ပါသည်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ လက်ရှိတွင် ဝ၉-၈ဝ ဖုန်းများသာမက ဝ၉-၉၉ ဖြင့် စသော ဆယ်လူလာဖုန်း ၊ ခြင်းဖုန်းများကိုပါ ငါးသိန်းတန် မိုဘိုင်းဖုန်းများဖြင့် လဲလှယ်ပေးနေသလို မကြာမီ လပိုင်း

အတွင်း ကျပ်နှစ်သိန်းခွဲတန် ဂျီအက်စ်အမ် ဖုန်းများ ချထားပေးရန် စီစဉ်နေကြောင်း မြန်မာ့ဆက်သွယ်ရေးရုံးမှ သိရတယ်။

WCDMA ဆင်းကဒ်



@burmavjmedia

Posted by ဂျစ်တီး

လူသားတို့နေထိုင်ရန် သင့်တော်မည့် ဂြိုဟ်သစ်တစ်ခု ရှာဖွေတွေ့ရှိ

ဒီဇင်ဘာလထဲ စတင်ဝင်ရောက်လာခဲ့တဲ့ အေးမြမှုနဲ့အတူ အမေရိကန် အမျိုးသား အာကာသ လေ့လာရေး အေဂျင်စီ (NASA) က လူသားတွေ နေထိုင်ရန် သင့်တော်တဲ့ ကမ္ဘာမြေသစ် (သို့)  ဂြိုဟ်သားကမ္ဘာ (Alien world) တစ်လုံးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်လို့ ဒီဇင်ဘာလ ၅ ရက်နေ့မှာ ဒီသတင်းကောင်းကို ယူဆောင်ပေးနိုင်ခဲ့ပါတယ်။

NASA ရဲ့ သိပ္ပံပညာရှင်တွေက ယခုသတင်းအား လာမည့်နှစ်လောက်မှ ထုတ်ပြန်ရန် အဆိုပြုထားသော်လည်း NASA တာဝန်ရှိသူတွေက ယခုကဲ့သို့ အလျင်အမြန် ထုတ်ပြန်ခဲ့တာပါ။ ယခု ရှာဖွေတွေ့ရှိခဲ့တဲ့ ဂြိုဟ်ကို Kepler-22b လို့ အမည်ပေးထားပြီး သူ့ရဲ့ အလင်းနှစ်က သန်း ၆၀၀ ရှိပြီး ကမ္ဘာနဲ့ 5.9 ထရီလီယံမိုင် ကွာဝေးပါတယ်။ Kepler-22b ရဲ့ အချင်းဟာ ကမ္ဘာမြေထက် 2.4 q လောက်သာကြီးပြီး သူ၏ ပျမ်းမျှ အပူချိန်ဟာ 72° F (22° C) သာ ရှိပါတယ်။

ဒီမတိုင်မီ ၂၀၀၉ ခုနှစ်မှစ၍ နာဆာသည် ၎င်းတို့၏ Kepler telescope များဖြင့် ဂြိုဟ်ပေါင်း ၁၂၃၅ ဂြိုဟ်ကို ရွေးချယ်ခဲ့ပြီး ၎င်းတို့ထဲမှ နေထိုင်ရန် သင့်လျော်သောဂြိုဟ် ၅၄ ဂြိုဟ်၊ ကမ္ဘာမြေနှင့် အရွယ်အစား တူသော်လည်း မြေမျက်နှာသွင်ပြင် ကျောက်တောင်များဖြင့် ထူထပ်နေသော ဂြိုဟ် ၆၈ ဂြိုဟ်တို့မှ ယခု Kelper-22b ဂြိုဟ်ကို NASA ရဲ့ ဂြိုဟ်လိုက်မုဆိုး (Alienhunters) တို့က ရှာဖွေ ပေးနိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

ဝါရှင်တန် ဒီစီအခြေစိုက် နာဆာဂြိုဟ်တု လေ့လာရေး သိပ္ပံပညာရှင် ဒေါက်တာ ကလပ်ဟတ်ဂင်ကမူ “အခုအချိန် ကျွန်တော်တို့ တွေးနေတာကတော့ ကျွန်တော်တို့ ကမ္ဘာမြေရဲ့ အမြွှာညီလေး အကြောင်းကိုပါ။ ဒီသတင်းကို ခရစ်စမတ် လက်ဆောင်အဖြစ် ယူပေးနိုင်ခဲ့လို့ ဝမ်းသာမိပါတယ်” ဟု ဆိုသွားခဲ့သည်။

၎င်း၏ အဖွဲ့ဝင်များဟာ အခုဆိုရင် Kepler-22b ဂြိုဟ်အား အာရုံစိုက် လေ့လာလျက် ရှိနေကြပြီး ၂၀၁၂ နိုဝင်ဘာမှာတော့ နောက်ထပ် အတည်ပြုမှု ပြုလုပ်ဦးမှာပါ။ ကမ္ဘာမြေနှင့် သဏ္ဌာန်တူဖို့ ဆိုရာတွင် ယေဘုယျအားဖြင့် နေအဖွဲ့အစည်း ပတ်လည် ၃ လမ်း အပူချိန်၊ ရေ၊ မြေ၊ လေနှင့် နေအလင်းရောင်တို့က အဓိကကျကြောင်း သိရသည်။ ဟတ်ကင်တို့ရဲ့ NASA အဆိုသာ မှန်ကန်ခဲ့မည်ဆိုလျှင် ကျွန်တော်တို့ လူသားသမိုင်း၏ အကြီးမြတ်ဆုံးသော ရှာဖွေဖန်တီးမှုကို NASA က ကမ္ဘာသူ ကမ္ဘာသားတို့ အတွက် ယူဆောင်ပေးနိုင်တော့မှာပဲ ဖြစ်ပါတယ်။

Source: www.mmcybermedia.com

Posted by ဂျစ်တီး

အဝေးကသမီးလေးကို လွမ်းနေရတဲ့ သမီးရှင် သူငယ်ချင်းတွေအတွက်ပါ


Posted by ဝတီ

ဆရာမင်းသုဝဏ်ရဲ့ကဗျာလေးပါ


Posted by ဝတီ

Saturday, December 17, 2011

Tuesday, December 13, 2011

You're Hired - အပိုင်း (၇)

Episode (7)

Philip Hart and Marcia Boardman discuss which candidate to appoint.
(Philip Hart နှင့် Marcia Boardman တို့သည် မည်သည့်အလုပ်လျှောက်ထားသူကို ခန့်ရမည်ဆိုသည်ကို တိုင်ပင်နေကြသည်။)

Philip Hart : So…what did you think?
(ကဲ…ခင်ဗျားဘယ်လိုထင်လဲ?)
Marcia Boardman : Well … between Sarah Timms and Daniel Watson – I think the choice is pretty obvious! 
(Sarah Timms နဲ့ Daniel Watson တို့ကြားမှာဆိုရင်တော့ ဘယ်သူ့ကို ရွေးရမယ်ဆိုတာ ထင်ရှားနေတာပဲလို့ထင်ပါတယ်။)

Monday, December 12, 2011

အင်္ဂလိပ်ဘာသာလေ့လာသူများအတွက် ရှောင်ကြဉ်အပ်သောအချက် ၉ ချက်

ဆရာမကြီး ဒေါ်ခင်မျိုးချစ်ရဲ့ စာအုပ်တစ်အုပ်ထဲမှာဖတ်ဖူးတယ်။ “ကျိန်းသေပေါက် အင်္ဂလိပ်စာတတ်နည်းတော့ မပေးတတ်ဘူး။ ကျိန်းသေပေါက်မတတ်မယ့် နည်းတော့ရှိတဲ့။ အဲဒါ မီးနင်းအလွတ်ကျက်တဲ့နည်းပဲ” တဲ့။
အင်္ဂလိပ်စာလေ့လာနေတဲ့ ဘ၀တူများအတွက် တိုတိုထွာထွာလေးတွေ ရေးလာလိုက်တာ အားလုံးကိုပြန်ကြည့်လိုက်တော့ တစ်ခုခုကိုလုပ်ဖို့တိုက်တွန်းထားတဲ့ Dos တွေချည်းပဲများနေပါတယ်။ ဆောင်ရန်နဲ့ရှောင်ရန်မှာ ဆောင်ရန်တွေပဲရေးနေသလိုဖြစ်နေတယ်။ ရှောင်ရန်လေးတွေလည်း ရေးသင့်တယ်လို့ယူဆလို့ ဒီတစ်ခါတော့ John Fotheringham ရဲ့ A Not To Do List for Successful Language Learners ဟာကိုယ်ပြောချင်တာတွေနဲ့လည်းတိုက်ဆိုင်နေလို့ သူ့ကိုပဲအခြေခံရေးသားလိုက်ပါတယ်။
ရှောင်ရန်(၁)။ Do Not spend more than 5% of your study time on grammar, translation, vocabulary list or any other overt information about the language.
ကိုယ်လေ့လာချိန်ရဲ့ ၅ ရာခိုင်နှုန်းထက်ပိုပြီး သဒ္ဒါ၊ ဘာသာပြန်ခြင်း၊ ဝေါဟာရအစုလိုက်ကျက်ခြင်း၊ နဲ့ကိုယ်လေ့လာနေတဲ့ဘာသာစကားအကြောင်း ရေးထားတာတွေမှာ အချိန်မကုန်ပါစေနဲ့။

Friday, December 09, 2011

How to Improve Your English at Leisure

"How to Improve Your English at Leisure" အသံဖိုင် (podcast) ကို အင်္ဂလိပ်စာစိတ်ဝင်စားသူ သူငယ်ချင်းများအတွက် တင်ပေးလိုက်ပါသည်။ အင်္ဂလိပ်စာလေ့လာသူများအား ရုပ်ရှင်ကြည့်ရင်း၊ အင်တာနက်သုံးရင်း တစ်နေ့လျှင် နာရီဝက်ခန့် မိမိတစ်ဦးတည်း လေ့ကျင့်ရုံမျှဖြင့် သုံး-လေးပါတ်အတွင်း အင်္ဂလိပ်စာတိုးတက်စေရန် မည်သို့ပြုလုပ်ဆောင်ရွက်နိုင်ကြောင်း လမ်းညွန်ပေးထားပါသည်။
Posted by ကိုတူး(မိတ္ထီလာ GTI)

You're Hired - အပိုင်း (၆)

Episode (6)
Watch Daniel and Sarah make their presentations to see who can impress Philip and Marcia the most.
(ဒန်နီရယ်နှင့် ဆာရာတို့၏ တင်ဆက်မှုကိုပြုလုပ်ပြီးနောက် မည်သူက ဖိလစ်နှင့် မာစီယာကို အထင်ကြီးစေမလဲဆိုသည်ကို ကြည့်ရှုပါ။)

Thursday, December 08, 2011

မဆုံးသေးတဲ့ဇာတ်လမ်း

♥♥♣သေချာတွက်ကြည့်ရင်
အထီးကျန် ရှင်သန်ခဲ့တဲ့ လေးနှစ်
ဖြတ်သန်းခဲ့ရ ခရီးကြမ်း
တွေ့သမျှ boss ခေါ်
ရှဲရှဲတွေမိုးလုံးပြည့်
ရယ်ပြနေရတဲ့ ငါ့ပါးစပ်
အာတွေတောင်ညောင်းလို့
ကိုယ့်ကိုယ်ကိုတောင် ရွံမိတယ်။
♥♥♣အရင်ကတော့
မျှော်လင့်ချက်တွေ တစ်ပွေ့တစ်ပိုက်
ရောင်စုံအလွှာ မတူသူတွေကြား ရှင်သန်ဖို့
ရေဆန်ကိုလှော် လေဆန်ကိုကျော်ခဲ့တယ်။
♥♥♣မျှော်ခဲ့မိပါရဲ့ ဒီကွန်ကရစ် တောအုပ်ထဲမှာ
အတ္တမီးတွေကထိန်ထိန်လင်းလို့
ငါတို့မိုးအလင်း ကခဲ့ကြတာပေါ့။
♥♥♣ဖြေသိမ့်စရာက ဘာလဲ
မိုးချုပ်လို့ အိမ်မပြန် ဘ၀အမောတွေကို
ခဏ ပျော်စေတဲ့အယ်ကိုဟောတွေ
ခေါင်းထဲလောင်းထည့်ကြ
ဝေးနေကြရ တို့တွေ ဘယ်မှာလဲ မိသားစုဘ၀။
♥♥♣တစ်ခါတစ်လေလည်း ယောင်ရမ်းတမ်းတ
အမေ့အိမ်ကထမင်းဝိုင်း
အသားမပါတဲ့ညစာ ဆိုလည်း
KFC ထက်တော့ သာပါတယ်။
♥♥♣သွေးမတိတ်တဲ့ အနာတွေနဲ့
ချွေးသိပ်ချင်လွန်းလို့
နွေးထွေးတဲ့ အမေ့အိမ် ပြန်ချင်ပါတယ်။
အခြေအနေကို အရင်းစစ် အရင်းအမြစ်တွေလည်းဆွဲမနုတ်နိုင်
မျှော်လင့်ခြင်း ပန်းတိုင်တစ်ခုအတွက်
အတ္တတွေ မြေမြုပ် မာနတွေမီးရှို့ပြီး
ငါတို့ ဒီဇာတ်ကိုပဲ ရင်နာနာနဲ့
ဆက်ကနေရဦးတော့မှာပေါ့။။။။။

 Nyinyist

Posted by John

Wednesday, December 07, 2011

ဂျပန်နိုင်ငံမှ မြန်မာကျွမ်းကျင်အလုပ်သမား ခေါ်ယူမူ

ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်သော ဂျပန်နိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများ၊ ဆောက်လုပ်ရေး လုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်ရန် ကျွမ်းကျငမြန်မာအလုပ်သမားများကို ခေါ်ယူမှုများရှိလာကြောင်း ရန်ကုန်မြို့တော်အခြေစိုက် ပြည်ပအလုပ်အကိုင် အေဂျင်စီဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။  
ဂျပန်နိုင်ငံက မြန်မာအလုပ်သမားများခေါ်ယူရာတွင် ယခင်က Training Visa (အလုပ်သင်ဗီဇာ) ဖြင့် အလုပ်သမားခေါ်ယူမှုများသာ အများဆုံးရှိခဲ့ရာWork Visa (ကျွမ်းကျင်လုပ်သားဗီဇာ)သည် Training Visa ထက်ပိုအခြေအနေကောင်းလာသဖြင့် Work Visa ဖြင့် အလုပ်သမားခေါ်ယူမှု များရှိလာခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော်အခြေစိုက် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများထံမှ စုံစမ်းသိရှိရသည်။ 

Monday, December 05, 2011

ငယ်ဆရာများသို့ တမ်းချင်း

Teacher

Posted by ထွန်းမြင့်ဌေး

၁၅ ပြား စခန်း

15 pyar sakan


Posted by ထွန်းမြင့်ဌေး

Sunday, December 04, 2011

Security System for US VIP

စိုင်းနေမင်း၊        ၊အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် အသုံးပြုတဲ့ လေယာဉ်တွေအနက် C-40B အမျိုးအစား ဘိုးရင်းဂျက်လေယာဉ်လဲ အပါအ၀င် ဖြစ်ပါတယ်။

 ဟီလာရီ စီးလေ့ရှိသည့် C-40B အထူးဂျက်လေယာဉ်

 C-40B အထူး ဂျက်လေယာဉ်ထဲမှာ အလုပ်လုပ်နေတဲ့ ဟီလာရီ
 ဟီလာရီအတွက် အထူး သံတမန်လုံခြုံရေးအရာရှိ

           C-40B ဂျက်လေယာဉ်ဟာ အလျား ပေ ၁၁၀နဲ့ လေးလက်မရှိပီး အမြင့် ၄၁ပေနဲ့ ၂ လက်မ ရှိပါတယ်။ GE-CFM 56-7B27 အမျိုးအစား အင်ဂျင် ၂ လုံး တပ်ဆင်ထားပြီး ရေမိုင် ၄၆၀၀ ထိ ဆီမဖြည့်ဘဲ ဆက်တိုက် ပျံနိုင်စွမ်းရှိပါတယ်။ မူလအသုံးပြုဖို့ ရည်ရွယ်ချက်က တိုက်ပွဲဝင်မဲ့ အမေရိကန် တပ်မှူးတွေ အမေရိကန်အစိုးရ ထိပ်တန်းအရာရှိတွေကို သွားလိုရာ ကမ္ဘာ့ဒေ သ အသီးသီးကို သက်တောင့်သက်သာ စိတ်ချလက်ချ သယ်ပို့ပေးဖို့ ဖြစ်ပါတယ်။ ဒီလေယာဉ်ဟာ အရပ်သုံး ဘိုးရင်း ဂျက်လေ ယာဉ် ၇၃၇-၇၀၀ ကို စစ်သုံးဖြစ်အောင် အမေရိကန်လေတပ် အတွက် ပြုပြင်ထားတဲ့ အထူးဂျက်လေ ယာဉ်ဖြစ် ပါတယ်။ C-40B ဂျက်လေယာဉ်ကို အမေရိကန် ထိပ်တန်းစစ်အရာရှိတွေ အမေရိကန်အစိုးရ ခေါင်းဆောင်တွေအတွက် မိုးပျံရုံးခန်း ဖြစ်အောင် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
         

Thursday, December 01, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၄၀)

Sentence Structure - (13) - Adjectives
ပညာရပ်တစ်ခုကို လေ့လာတဲ့ကျောင်းသားအဖို့ ကြုံတွေ့ရမယ့် ပြဿနာတစ်ခုကတော့ ဝေါဟာရပြဿနာပါပဲ။ ဆရာသမားများဟာ “ သူ့ထက်သူ ” လူစွမ်းကောင်း လုပ်ကာ ဝေါဟာရတွေ ထွင်ချင်ကြတယ်။ အင်္ဂလိပ်သဒ္ဒါကို လေ့လာမယ်ဆိုရင် တွေ့ရမှာတွေကတော့ Noun လို့ ရှိပြီးသားကိုပဲ Substantive ခေါ်သူကခေါ်၊ Nominal လုပ်သူက လုပ်ပြီး Subject ကိုလဲ Nominative Case ရယ်လို့ ရှေးဟောင်းခေါ် သဒ္ဒါစကားလုံးကို ပြန်လည်ဆန်းသစ်ကာ အမည်ပေးချင်တဲ့လူက မရှားဘူး။ အခု ဆွေးနွေးမယ့် Adjective ကို ကြည့်လေ။ Verb ကို ချဲ့ထွင်တော့ Adverb ခေါ်တာကို အကြောင်းပြုပြီး Noun ကို ချဲ့ထွင်တာမို့ Adnominal ခေါ်သူက ခေါ်နေကြပြီ။ တလောဆီက ကျွန်တော်တို့ ကျောင်းတွေမှာလည်း Noun modifier လို့ တော်တော်လေး တွင်ကျယ်လိုက်သေးတယ်။ တစ်ချို့ကတော့ Modifier, Qualifier ခွဲခြားပြကြလေသေးရဲ့။ ကျွန်တော်တို့ ငယ်ငယ်က ကျောင်းမှာ သဒ္ဒါသင်စဉ်က Adjunct of Subject / Object စသဖြင့် သင်ခဲ့ရတယ်။ တစ်ချို့စာအုပ်များမှာ Extension, Enlargement သုံးတာကိုလည်း တွေ့ခဲ့ရသေးတယ်။ ခုအခန်းမှာတော့ Adjective ဆိုတဲ့ ဝေါဟာရကိုပဲ သုံးသွားမယ်။ အရင်အခန်းများမှာ တွေ့ခဲ့ရတဲ့အတိုင်း Adjective ကို Complement အဖြစ် သုံးပါတယ်။
Thita is bad-tempered.
....S...V............SC
Toothache made Thita bad-tempered.
.......S...........V........DO............OC
သိကြတဲ့အတိုင်း Adj များကို Noun ရှေ့က၊ နောက်ကထားပြီးလည်း သုံးရတယ်။ တစ်လုံးချင်းလည်း သုံးတယ်။

Wednesday, November 30, 2011

You're Hired - အပိုင်း (၅)

Episode (5)

Sarah goes for an interview with Marcia and Philip.
(မာစီယာနှင့် ဖိလစ်တို့၏ လူတွေ့အင်တာဗျူးသို့ ဆာရာသွားသည်။)
Marcia Boardman : Hi Sarah! I’m Marcia Boardman – we spoke on the phone….
(ဟိုင်းဆာရာ၊ကျွန်မကတော့ မာစီယာ ဘော့မန်းပါ - ကျွန်မတို့ ဖုန်းနဲ့ စကားပြောခဲ့တယ်လေ…)
Sarah : Oh yes, I remember – I was having a bad day!
(အော်၊ဟုတ်ကဲ့၊ ကျွန်မမှတ်မိပါတယ် - ကျွန်မစိတ်အခန့်မသင့်ဖြစ်နေတဲ့နေ့က စကားပြောဖြစ်ခဲ့တာနော်)
Marcia Boardman : … and this is Philip Hart, our CEO.
(… ဒါကတော့ ကျွန်မတို့ရဲ့ အမှုဆောင်အရာရှိချုပ် ဖိလစ်ဟတ်ပါ။)
Philip Hart : Hello! (ဟယ်လို!)
Sarah : Hello, it’s very nice to meet you both.
(ဟယ်လို၊ နှစ်ယောက်စလုံးကို တွေ့ရတာအလွန် ၀မ်းသာပါတယ်။)

Monday, November 28, 2011

တေးစီးရီးအသစ်

တောင်ကြီင်္းသား အဆိုတော်သစ် တိုးမခ ရဲ့ သီချင်းလေးတွေကို တင်ပေးလိုက်ပါတယ်။ နားထောင်ကြည့်တော့လည်း သီချင်းစာသားလေးတွေ နဲ့ သံစဉ်လေးတွေကောင်းတာ တွေ့ရတယ်။ နောက်ပြီး အဆိုတော် ကလည်း ကျွန်တော်တို့ မိတ္ထီလာ GTI ကျောင်းသားဟောင်း ကိုဂျွန်မျိုးမင်း ရဲ့ သူငယ်ချင်းပါ။ အကြိုက်ဆုံး တခန်းရပ်ဇာတ်လမ်း ဆိုတဲ့ သီချင်းလေးကို စမ်းနားထောင်ကြည့် ဖို့တင်ပေးလိုက်ပါတယ်။ စီးရီး အလိုက် Download Link လေးတွေပါ တင်ပေးလိုက်ပါတယ်။ ခံစားကြည့်ကြပါ။





တစ်ခန်းရပ်ဇတ်လမ်း
http://www.mediafire.com/download.php?v4w1i05xk2i14em

စေညွှန်ရာ
http://www.mediafire.com/download.php?l2mskico8mqotn4

ရုန်းထွက်ခွင့်
http://www.mediafire.com/download.php?1mi0n1ulu197u1q

မင်းအကြောင်းတွေပြန်တွေးချိန်
http://www.mediafire.com/download.php?b1mcoarselrbqqq

ငါ့အကြောင်းနဲ့ငါ
http://www.mediafire.com/download.php?qrmomjbo3fqb879

မျှော်လင့်ခြင်းမနက်ဖြန်
http://www.mediafire.com/download.php?8ydx5vvkpx5cb5w

လက်ဆောင်
http://www.mediafire.com/download.php?aj9juaiz4af3s4v

လရိပ်ရောင်မဲ့
http://www.mediafire.com/download.php?o0rfta65ghbog63

အမြဲတမ်းခရီးသည်
http://www.mediafire.com/download.php?3b0aumgpay07cs2

စိတ္တဇ
http://www.mediafire.com/download.php?2ikmh8t29kudm0v

မညီမျှခြင်း
http://www.mediafire.com/download.php?8b7dg972aoi6gi7

မေ့နေတဲ့တန်ဖိုးများ
http://www.mediafire.com/download.php?vcjah7pcobmchpc

Posted by ဂျစ်တီး

Saturday, November 26, 2011

ဒေါသထွက်လာ စကားအထာ

(၁) I'm fed up.
ငါစိတ်ပျက်တယ်ကွာ။
(စိတ်ပျက်တာကို အင်္ဂလိပ်တွေက fed up နဲ့ပြောပါတယ်။)

(၂) Don't swear me!
ငါ့ကိုမဆဲနဲ့။

(၃) Who you think you are?
မင်းကိုယ်မင်းဘာထင်နေလဲ။

(၄) What's wrong with you?
မင်းဘာဖြစ်နေတာလဲ။

(၅) If you say so,
ဒါဆိုလဲ မင်းပြောတဲ့အတိုင်းပဲပေါ့။

(၆) Leave me alone!
ငါ့ဖာသာငါ တစ်ယောက်တည်းနေပါရစေ။

(၇) Clear off!
ဘေးဖယ်ပေး။

(၈) Go away (or) Get away
ငါ့နားမနေနဲ့ သွား။

(၉) He is so aggressive.
ဒီကောင်ရန်လိုနေတယ်။

(၁၀) You are a witness.
မင်းဟာ မျက်မြင်သက်သေပဲ။

Wednesday, November 23, 2011

Core i3, Core i5, Core i7 ဘာတွေ ကွာခြားသလည်း…

Intel Core processor (CPUs) တွေကို စဉ်းစားမယ် ဆိုရင် အခုမှ ကွန်ပျူတာ လောကကို စပြီး အခြေချသူတွေ နဲ့ Intel CPU အသစ်တွေအကြောင်း သေချာမသိသေးတဲ့ သူတွေအတွက် ကျွန်တော် သိတာလေးကို မျှဝေချင်ပါတယ်။
အထူးသဖြင့် Intel ရဲ့ second generation Core processor တွေမှာ Core i3, Core i5, Core i7 ဆိုပြီး ကွဲပြားနေပါတယ်။ ယျေဘူယျ ပြောရရင် Core i7 က အကောင်းဆုံးပေါ့နော်။ Core i5 က Core i3 ထက်ပိုကောင်းတာ ပေါ့နော်။ ဈေးနှုန်းကလည်း ကွာတာကိုး။ ဒါဖြင့် ဘာတွေများ ကွာသလည်းလို့ နဲနဲ ပိုပြီး အတွင်းကျကျ သိချင်တဲ့ beginner တစ်ယောက်က မေးလာမယ်ဆိုရင် ကျွန်တော် သိသလောက် ပြောပြချင်ပါတယ်။
Intel Core i3 processorတွက dual core ဖြစ်ပါတယ်။ ဆိုလိုတာက အထဲမှာ တစ်ကယ် အလုပ်လုပ်တဲ့ CPU core ၂ ခုပါတာပေါ့။ ဒါပေမယ့် ကောင်းတာတစ်ခုက Core i3 CPU က Hyper Thread နည်းပညာကို support လုပ်တဲ့အတွက် သူ့ရဲ့ core တစ်ခုမှာ thread ၂ ခုကို ကိုင်တွယ်နိုင်တဲ့ အတွက် 2 cores/4 threads ဖြစ်သွားပါတယ်။ ဒါကြောင့် Windows OS ထဲမှာ သွားကြည့်ရင် CPU ၄ ခုရှိတယ်လို့ မြင်ရနိုင်ပါတယ်။ တစ်ကယ်တမ်းက 2 cores ဖြစ်ပြီး နောက် ၂ ခုက  ”virtual cores” တွေလို့ပြောရမှာပါ။ Core i5 ကတော့ 4 cores (Quad-core) processor ဖြစ်ပါတယ်။ တစ်ကယ် အလုပ်လုပ်တဲ့ physical cores ၄ ခုပါပါတယ်။ ဒါပေမယ့် Hpyer Thread ကိုတော့ support မလုပ်ပါဘူး။ Core i5 ရဲ့  Core i3 ထက် သာတဲ့ အချက်က Turbo Boost နည်းပညာ ပါပါတယ်။ Turbo Boost ဆိုတာ automatic  overlcocking လို့ အလွယ်ပြောလို့ ရပါတယ်။ တစ်ကယ်လို့ application တွေက လောလောဆယ် CPU ရဲ့   core အကုန်လုံးကို သုံးမနေဘူး ဆိုရင် လက်ရှိသုံးနေတဲ့ cores တွေရဲ့ clock speed ကို default clock spped ထက် ပိုပြီမြန်မြန် လုပ်ခိုင်းတာကို ပြောတာပါ။ ဥပမာ=  3.3GHz Core i5 CPU ရဲ့ Turbo Boost frequency က 3.7GHz ဖြစ်ပါတယ်။ ဒါကြောင့် တစ်ကယ်လို့ လက်ရှိ သုံးနေတဲ့ application က core (all 4 cores) အကုန်လုံးကိုသာ လောလောဆယ် သုံးမနေဘူးဆိုရင် application ကလည်း clock spped မြန်မြန်တစ်ကယ် လိုအပ်တယ်ဆိုရင် လက်ရှိ active ဖြစ်နေတဲ့ cores တွေကို 3.7GHz နဲ့ run နိုင်ပါတယ်။ Core အားလုံးကို တစ်ပြိုင်ထဲမှာ Turbo Boost မသုံးရတဲ့ အကြောင်းကတော့ heat ကြောင့် ဖြစ်နိုင်ပါတယ်။ Core i5 ရဲ့ Core i3 ထက်သာတဲ့ အချက်က Turbo Boost ဖြစ်ပါတယ်။
         

Tuesday, November 22, 2011

Movie Links

အားနေသူများ Movie လေးပဲကြည့်ရင်း အိမ်မှာပဲ နှပ်နေမယ် ဆိုတဲ့ သူတွေအတွက် Link လေးတွေ  Share ပါရစေ။ များသောအားဖြင့် ကြည့်လေ့ရှိတာကတော့ Funshion ပါပဲ။ ဒါပေမယ့် သိတဲ့အတိုင်းပဲ တစ်ချို့ဟာတွေက ကြည့်မရဘူး အောက်ကလင့်လေးကတော့ မဆိုးဘူးပြောရမယ်။ Latest လေးတွေတင်ပေးထားတာတွေ့ရတယ်။ Download ဆွဲပြီး ကြည့်ရုံပဲ။ Mediafire ဆိုတော့ အဆင်ကလဲပြေ။ TV Series တွေလဲရတယ်။ ၀ါသနာပါရင်တော့ ဆွဲပေတော့ဗျာ။

               www.mediafiremovie.org

ဒီအောက်မှာလဲ Movie အကြောင်းလေးတွေ ဆွေးနွေးကြရင်း တင်ပေးနေတဲ့ သူတွေရှိတယ်။ ၀ါသနာပါရင်သွားကြည့်ပါ

              www.facebook.com/5movies

မှတ်ချက်။ မြန်မာကားများမဟုတ်ပါ

Posted by ငခဲ

You're Hired - အပိုင်း (၄)

Episode (4)

Daniel makes some classic mistakes in his interview.
(လူတွေ့စစ်ဆေးပွဲတွင် ဒန်နီရယ်အနေဖြင့်လူအများပြုလုပ်နေကျ အမှားများ ကိုကျူးလွန်မိသည်။)

Monday, November 21, 2011

Which tablet PC …?

Tablet computer လေးတွေ ၀ယ်သုံးချင် သူတွေအတွက် ကျွန်တော့ အတွေ့အကြုံ နဲ့ သိသမျှလေးတွေ ကို မျှဝေပေးချင် ပါတယ်။ အခုမှ tablet တစ်ခု ၀ယ်ဖို့ စဉ်းစားနေသူတွေ အတွက် အသုံးတည့်မယ်လို့ မျှော်လင့်ပါတယ်။
အခုလောလောဆယ် ဈေးကွက်ထဲမှာ နာမည်ကြီးနေတဲ့ tablet ကွန်ပျူတာ တွေက Apple iPad2, Samsung Galaxy Tab 10.1 (or 8.9), Asus EEE Pad Transformer, Acer Iconia နဲ့ Sony ရဲ့ နောက်ဆုံးထွက် 10.1” tablet လေးတွေ ဖြစ်ပါတယ်။ ကျွန်တော့ သူငယ်ချင်းတွေလည်း ၀ယ်ထားကြတော့ iPad, Galaxy Tab 10.1, Acer နဲ့ Asus EEE Pad Transformer တွေကို စမ်းကြည့်ခွင့် ရခဲ့ပါတယ်။
Apple iPad2 က ထုံးစံအတိုင်း IOS နဲ့ ဖြစ်ပြီး တစ်ခြား tablet တွေကတော့ Android OS သုံးပါတယ်။ Acer Iconia W series ကတော့ Windows OS သုံးပါတယ်။ ပုံမှန်အတိုင်း ဆိုရင် ကျွန်တော်က Android OS သုံးထားတဲ့ tablet တွေကို သဘောကျပါတယ်။ ISO ထက်ပိုလို့ လွတ်လွတ်လပ်လပ် ရှိတဲ့အပြင် အဓိက သဘောကျမိတာက Adobe Flash ကို support လုပ်တဲ့အတွက် ဖြစ်ပါတယ်။ ကျွန်တော့ အနေနဲ့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် Adobe Flash player က အရေးပါနေဆဲပါ။ Flash content တွေပါတဲ့ web site တွေကို ဖွင့်တာအပြင် Myanmar video/movie တွေကြည့်လို့ ရတဲ့ web site တော်တော်မျာများး ကလည်း Flash နဲ့ပဲ အလုပ်လုပ်တဲ့အတွက် Adobe Flash နဲ့ အဆင်ပြေဖို့က ကျွန်တော့အတွက် အေ၇းကြီးပါတယ်။ Apple ရဲ့ အဓိက ပြဿနာက အဲဒီလို Flash ကို support မလုပ်တာပါပဲ။ Flash contents တွေကို ကြည့်ခွင့် မရတာဟာ ကျွန်တော်တို့ အတွက်တော့ အများကြီး စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ နောက်ပိုင်းမှာ Flash ကို HTLM5 လို နည်းစနစ်တွေနဲ့ အစားထိုးမယ် ဆိုပေမယ့် ကျွန်တော့အမြင်တော့ နောက်နှစ်အတော်ကြာထိ Flash က ရှိနေ၊ သုံးနေ ဦးမှာသေချာပါတယ်။ IOS အတွက် Flash ကို ကြည့်လို့ရအောင် လုပ်ပေးနိုင်တယ် ဆိုတဲ့ software တွေ ရှိပေမယ့် ဘယ်ဟာမှ ရာနှုန်းပြည့် အဆင်မပြေပါဘူး။

Sunday, November 20, 2011

ချောင်းလှဖို့ကို

ဒီချောင်းမှာသာ၊ ကြာပါပေါ့လား။
မဗေဒါပြာနွဲ့နှောင်းငဲ့။
ချောင်းတန်တန် ရေငန်ရပ်မှာ စွဲတတ်နိုင်အား။

သူ့စိတ်နဲ့သူ့ကိုယ်။
ချောင်းတစ်ခွင်မြင်သမျှ ချောင်းလှဖို့ကို။
ဘုတ်မက ချိုချင်ချို
ဗျိုင်းညိုက အောက်ချင်အောက်။
အုန်းညီနောင် စောင်းချင်စောင်း
ချောင်းကောက်ချင်ကောက်။

သူ့လမ်းနဲ့သူ့အမြင်။
ချောင်းဒီရေနေသမျှ၊ ချောင်းလှဖို့ပင်။
ချောင်းဖျားက ထက်တစ်ခွင်
ပင်လယ်က အောက်တလွှား။
စုန်ချည် ဆန်ချည်နဲ့
တစ်လှည့်စီ ဒီသဘော၊ မျောကြမနား။


ဒီချောင်းမှာသာ၊ ကြာချင်လှလေး။
ကျူရိုးမောင် ရွှေယောင်စောင်းငဲ့။
ချောင်းတန်တန် ရေငန်ထဲ၊ စွဲချင်လှလေး။ ။


အင်မတန် ကြိုက်ခဲ့ရတဲ့ ဆရာဇ်ာဂျီ ရဲ့ ဗေဒါလမ်း ကဗျာများထဲက ကဗျာလေးတစ်ပုဒ်ကို ပြန်လည်တင်ပြလိုက်ပါတယ်။ အတော်များများလည်း သိပြီးဖြစ်မှာပါ။ အကြိုက်ဆုံး အပိုဒ်ကတော့ ဒုတိယ အပိုဒ်ပါပဲ။ အသံ အရမ်းလှလို့ပါ။


Posted by ဂျစ်တီး

အိုင်ဖုန်းကို မုန်းတဲ့ ခွေးကလေး ကိုကို

            ကိုကိုဆိုတဲ့ ခွေးမလေးဟာ အသက် ၄ နှစ်ခွဲရှိပါပြီ။  ဒီခွေးမလေးဟာ ရုပ်ရှင် ကြည်ရတာကို အရမ်းကြိုက်ပါသတဲ့။  ဒါပေမယ့် အိုင်ဖုန်း ကြော်ငြာဝင်လာရင်တော့ အပြင်းအထန်ကို ဟောင် ပြီးတော့ ကန့်ကွက်ပါတယ်။  ဒါကြောင့် အိုင်ဖုန်း မကြိုက်တဲ့ ခွေးကလေး ကိုကိုဆိုပြီး အင်တာနက်မှာ ရေပန်းစားနေပါတယ်။  ခွေးရဲ့ သခင်ကတော့ အိုင်ဖုန်း အစား အန်းဒရွိုက်ကို ကြိုက်တယ်ထင်ပါ့ ခွေးကလေးရဲ့ ဘလော့ဂ်မှာ အိုင်ဖုန်း ဆန့်ကျင်ကြောင်းထွေ ရေးထားလေရဲ့။  ဒါတင် ဘယ်ကမလဲ ခွေးကလေးရဲ့ အကျီင်္ကို တစ်ထည် ၁၄ ဒေါ်လောက်နဲ့ ရောင်းထားကိုလည်း တွေ့ရပါသဗျ။  မည်သို့ပင် ဖြစ်စေကာမူ အောက်က YouTube ဗီဒီယိုလေးမှာတော့ ခွေးကလေးနဲ့ အိုင်ဖုန်း ကြော်ငြာ မတည့်ပုံများတော့ ကြည့်ရတာ အတော် ရယ်ရသဗျ။ 




Credit to blog-aunghtut.blogspot.com
Posted by ဂျစ်တီး

Saturday, November 19, 2011

Cover letter အကြောင်း

Cover letter သည် သင်ပေးပို့လိုက်တဲ့ ကိုယ်ရေးရာဇ၀င်နှင့် တစ်ပါတည်း ပါသွားရမှာ ဖြစ်ပါတယ်။ သင်လျှောက်ထားတဲ့ အလုပ်အတွက် လူတွေ့စစ်ဆေးခံရခြင်းနှင့် သင့်ရဲ့ကိုယ်ရေးရာဇ၀င် လစ်လျူရှုခံရခြင်းတို့သည် cover letter ပေါ်မှာ မူတည်ပါသည်။ ထို့ကြောင့် လိုအပ်တဲ့အချိန်ကိုယူပြီး အကျိုးရှိစေမည့် cover letter ရေးခြင်းဟာ အဓိပ္ပါယ်ရှိပါတယ်။
Cover letter အမျိုးအစားများ
အလုပ်ရှာဖွေတဲ့အခါ - အလုပ်ကို လျှောက်ပုံ လျှောက်နည်း (သို့) အလုပ်လျှောက်ရာတွင် အကူအညီ ရယူခြင်းတို့နှင့် သင့်တော်မည့် cover letter မျိုးကို ရွေးချယ်တတ်ဖို့ အရေးကြီးပါတယ်။ cover letter အမျိုးအစားများနှင့် ၎င်းတို့ကို ဘယ်အခါမှာအသုံးပြုရမယ်ဆိုတဲ့ အချက်တွေကို အောက်တွင်ဖော်ပြလိုက်ပါတယ်။
Cover letter ပုံစံ
Cover letter သည် ရုံးစာရဲ့ အခြေခံကျတဲ့ပုံစံနှင့် ကိုက်ညီပြီး ဒီစာကိုရေးရတဲ့အကြောင်းရင်း၊ ကိုယ့်အနေနဲ့ ကမ်းလှမ်းနိုင်တဲ့အရာများ၊ ဘယ်လိုဆက်လက်ဆောင်ရွက်သွားမယ်ဆိုတဲ့ အချက် (၃) ချက်ကို ထည့်သွင်းရေးသားရမှာ ဖြစ်ပါတယ်။

Burmese Girl killed herself in Singapore – စင်္ကာပူရောက် မြန်မာတဦး တိုက်ပေါ်မှခုန်ချ သတ်သေ

www.shwelone.com။ နိုဝင်ဘာ ၁၇၊ ၂၀၁၁

စင်ကာပူနိုင်ငံ၊ Serangoon Central, Block 420 နေ မရင်ငြိမ်းပွင့်သည် ဗုဒ္ဓဟူးနေ့နံနက်ပိုင်းတွင် သူမနေထိုင်ရာ တိုက်ခန်းမှ ခုန်ချပြီး မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ တုန်လှုပ်ဖွယ်သတင်းသည် Facebook အပါအဝင် လူမှုရေးကွန်ယက်များမှတဆင့် အလျင်အမြန် ပျံ့နှံ့သွားခဲ့ပြီး လူအများ အနေဖြင့် အကြီးအကျယ် အံ့အားသင့်သွားခဲ့ရသည်။

သူမ၏ Facebook ပေါ်တွင်လည်း “I Miss Being Happy” ဆိုသည့် စကားလုံးအား ပုံဖော်ရေးသားထားသည်ကို တွေ့ရှိရမည်ဖြစ်သည်။

Tuesday, November 15, 2011

အာစီမို ၂၀၁၁ စက်ရုပ်

            ၂၀၀၅ ခုနှစ်ထက်ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်မှု့တွေနဲ့အတူ ဟွန်ဒါရဲ့ အာစီမို ၂၀၁၁ စက်ရုပ်လေးပါ။  ဒီစက်ရုပ်ကိုတော့ ဟွန်ဒါရဲ့ သုတေသန ဋ္ဌာနတည်ရှိရာ တိုကျိုမြို့မှာ ပြသခဲ့ပါတယ်။  ဒီ လူအသွင် စက်ရုပ်ကလေးဟာ လူတွေ ပြုလုပ်နိုင်တဲ့ အရာတွေကို ပြုလုပ်နိုင်အောင် တီထွင်ထားတာပါ။
          အခု ပိုမိုကောင်းမွန်လာအောင် မွန်းမံထားတဲ့ စက်ရုပ်ကလေးမှာတော့ စက်ရုပ်ရဲ့ လက်တွေဟာ လက်ချောင်းတစ်ချောင်းခြင်းစီပါ လှုပ်ရှား သိရှိလာနိုင်ပါတယ်။  ဒါကို အာစီမို စက်ရုပ်ကလေး အချိုရည်ဘူးအဖုံးကိုဖွင့် ခွက်ကလေးကိုကိုင်ပြီး အချိုရည်ငှဲ့ပြပုံနဲ့ ပြသခဲ့ပါတယ်။
          နောက်တစ်ခုက အာစီမိုရဲ့ ပြေးအား ပိုမိုမြန်ဆန်လာတာဖြစ်ပါတယ်။  ပြီးခဲ့တဲ့တစ်ခေါက်က တစ်နာရီကို ၄ မိုင်နှုန်းပြေးနိုင်တာကနေ အခု တစ်နာရီကို ၅.၇ မိုင်နှုန်းပြေးနိုင်ပါတယ်။  နောက်တစ်ခုက ခြေတစ်ပေါင်ကျိုးလဲ ခုန်တတ်သေးသလို၊ စုံလိုက်လည်း ခုန်တတ်ပါပြီ။ 
          ဒီစက်ရုပ်ကလေးဟာလူသုံးယောက်ကသူ့ကိုတစ်ချိန်ထည်းစကားပြောရင်လည်း သုံးရောက်စလုံးရဲ့ အသံကို တစ်ချိန်ထည်း မှတ်မိနိုင်စွမ်း ရှိပါသတဲ့။  ဒါဟာ မျက်နှာနဲ့ အသံကို မှတ်မိစေတဲ့ နည်းပညာကို အသုံးပြုထားလို့ပါ။
            ၂၀၀၀ ခုနှစ်က ဒီ အာစီမိုလေးနဲ့ စတင်မိတ်ဆက်တဲ့အချိန်မှာတော့ အများစုက သိပ်အသုံးမ၀င်လှတဲ့ ပရောဂျက် စီမံကိန်း တစ်ခုလို့သာ ရှု့မြင်ခဲ့ကြပါတယ်။  ဟွန်ဒါကတော့ အခု အာစီမိုမှာ အဆင့်မြှင့်ထားတဲ့ နည်းပညာတစ်ခုဖြစ်တဲ့ စက်ရုပ် လက်ဟာ ၆ လအတွင်း ပြီးစီးအောင် အမြန်လုပ်ဆောင်ခဲ့ရတာဖြစ်ပြီး ဂျပန်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ နူးကလီယား ယိုစိမ့်မှု့လို နေရာတွေမှာ နောက် အသုံးချဖို့ ရည်ရွယ်တယ်လို့ ပြောသွားပါတယ်။
          ဟွန်ဒါကုမ္မဏီဟာ အခုလောလောဆယ်မှာလည်း ဖူကူရှီးမားက နူလျှပ်စစ်ရုံကြီး ယိုစိမ့်နေတဲ့ ယူရေနီယမ်တွေ၊ အပူချိန်ကျရေးအတွက် အခြားသော ၀န်ဆောင်မှု့ ကုမ္ပဏီတစ်ခုနဲ့ အလုပ်တူတူလုပ်နေပါတယ်။  ဒီ စက်ရုပ်လက်ကိုတော့ နူစက်ရုံထဲက ပိုက်ခေါင်း(valve) တွေကို အဖွင့်အပိတ် လုပ်ဖို့ အသုံးချမှာဖြစ်တယ်လို့ ဆိုပါတယ်။
                     




Credit to http://blog-aunghtut.blogspot.com/2011/11/blog-post_11.html#more

Posted by Jitty

Monday, November 14, 2011

စတုထ္ထအကြိမ် မိတ္ထီလာGTI မြတ်ဆရာပူဇော်ပွဲ ဖိတ်ကြားလွှာ

Posted by MTLA GTI GROUP

You're Hired - အပိုင်း (၃)

Episode (3)


Marcia calls two of the candidates giving them details of the interview process.
(မာစီယာသည် အလုပ်လျှောက်သူ နှစ်ယောက်ကို ဖုန်းဆက်၍ လူတွေ့မေးမည့်အစီအစဉ်အသေးစိတ်ကို ပြောကြားသည်။)

Sunday, November 13, 2011

Facebook ပိတ်တော့မယ်

        
        Facebook တည်ထောင်သူ Mark Zuckerberg မှနေ၍ Facebook ကို မတ်လ ၂၀၁၂ မှာ ပိတ်ရတော့မှာဖြစ်ကြောင်းနဲ့ Facebook ကို လုပ်နေရတာ သူ့အတွက် အရမ်းစိတ်ဖိစီးမှု များနေပါတယ်လို့ ပြောသွားပါတယ်။

       "Facebook က ထိန်းလို့မရတော့ပါဘူး" လို့ Palo Alto ရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ Zuckerberg မှတဆင့်ပြောကြားခဲ့ပါတယ်။ "နောက်ပြီးတော့ Facebook ကို လုပ်နေရတာ ကျွန်တော့်အတွက် စိတ်ဖိစီးမှု အရမ်းများနေ တာကြောင့် ကျွန်တော် ဒီဟာကို အဆုံးသတ်ဖို့ လိုအပ်နေပါပြီ။

        Zuckerberg ဟာ Facebook ကို ၂၀၁၂ မတ်လ ၁၅ရက်နေ့တွင် အသုံးပြုသူများ အနေနှင့် Facebook အကောင့် များ ကို ပိတ်မည်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ အသုံးပြုသူများ အနေနဲ့ ဒီနှစ်မှာ Facebook မရှိ ဘဲ နေနိုင်အောင် နေပေးကြပါလို့လဲ ပြောသွားပါတယ်။

"မတ်လ ၁၅ ရက်နေ့ ၂၀၁၂ ခုနှစ် နောက်ပိုင်း မှာ Website ကြီး တစ်ခုလုံး ပိတ်လိုက်ပါတော့မယ်" လို့ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့ပါတယ်။ "အဲဒါကြောင့် သင့်ရဲ့ ဓါတ်ပုံတွေကို လိုချင်သေးရင် Facebook ပေါ်က ပြန်ယူထားဖို့လည်း အကြံပေးချင်ပါတယ်။ Facebook ပိတ်လိုက်ရင် ဓါတ်ပုံတွေ ပြန်ရတော့မှာ မဟုတ်ပါဘူး" လို့လည်း ပြောသွားခဲ့ပါသေးတယ်။

Zuckerberg ကတော့ Facebook ကိုပိတ်ဖို့ ဆုံးဖြတ်ရတာဟာ သူ့အတွက် အရမ်းကို ခက်ခဲကြောင်းနဲ့ သူ ပိတ်လိုက်တဲ့အတွက် အသုံးပြုသူတွေကို ၀မ်းမနည်းစေချင်ပါဘူးလို့လဲ မျှော်လင့်ကြောင်း ပြောသွားပါသေးတယ်။

"ကျွန်တော်အနေနဲ့တော့ အဲဒါ သိပ်အရေးကြီးတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ဘူးလို့တော့ ထင်တယ်ခင်ဗျ" ဆိုပြီး သူ့ရဲ့ အင်တာဗျူးတစ်ခုမှာ ဖြေကြားသွားပါတယ်။ "ရိုးရိုးသားသား ၀န်ခံရရင် ကျွန်တော် အဲဒီလိုလုပ်တာ ပိုကောင်းမယ်လို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့ Facebook မရှိရင် လူတွေဟာ အပြင်ထွက်ပြီး တကယ့်သူငယ်ချင်းတွေနဲ့ စကားပြောဖြစ်ကြမှာပါ။ အဲဒါကို ကျွန်တော်မျှော်လင့်ပါတယ်။"

Facebook သုံးစွဲသူ တချို့ကတော့ အဲဒီသတင်းကို ကြားပြီး ထိတ်လန့်ခဲ့ပါတယ်။ အင်ဒီယားနား ပြည်နယ်မှ အထက်တန်းကျောင်းသား Denise Bradshaw ဆိုရင် "ကျွန်တော် Facebook သာမရှိရင် ဘာလုပ်နေရမလဲ?" လို့ ငြီးငြူခဲ့ပါသေးတယ်။ "ကျွန်တော့် ဘ၀က Facebook က အဓိကပါ။ ကျွန်တော် Facebook ကို တစ်နေ့ ၁၀ နာရီလောက် သုံးပါတယ်။ အခု Facebook မရှိတော့ဘူးဆိုရင် ကျွန်တော့် အဲဒီအချိန်တွေကို ဘယ်နားသွားသုံးရမလဲဗျာ?"

သို့ပေမယ့် မိဘတွေကတော့ အဲဒီသတင်းတွေကြားပြီး စိတ်သက်သာရာရခဲ့ပါတယ်။ "Facebook ပိတ်သွားတာ တော်တော်ကောင်းပါတယ်" လို့ Detroit မှ မိဘတစ်ဦးဖြစ်သူ Jon Guttari မှ ပြောသွားပါတယ်။ "အဲါးဆို ကျွန်တော့်ကလေးက ကွန်ပျူတာနဲ့ မျက်နာကို နေ့တိုင်း ကပ်မနေတော့ဘူးပေါ့ဗျာ။ ကျွန်တော်နဲ့ စကားပြောဖို့ အချိန်ပိုရနိုင်တာပေါ့" လို့ ၀မ်းမြောက်ဝမ်းသာ ပြောသွားပါတယ်။

Source: Facebook
Posted by ဂျစ်တီး

Friday, November 11, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၃၉)

Adverbs ဆိုတာ Verb ရဲ့ အဓိပ္ပာယ်ထဲကို ဖြည့်စွက်ပြောပြတဲ့ စကားလုံး၊ ဒါမှမဟုတ် စကားစုဖြစ်တယ်။
He walked quickly.
He walked to the station.
He walked as fast as he could.
ဒီဝါကျ သုံးခုမှာပါတဲ့ quickly, to the station, as fast as he could တို့ဟာ Adverb တွေပါပဲ.။ တစ်ခုက စကားလုံးတစ်လုံးတည်း Adv၊ တစ်ခုက စကားလုံးစု Phrase Adv၊ တစ်ခုက S နဲ့ V ပါတဲ့ Clause Adv.။ အားလုံးဟာ walked ဆိုတဲ့ Verb ကို ဖြည့်စွက် ပြောနေကြတာချည်း။
Adv ဟာ V ကိုတင် ညွှန်းတာမဟုတ်ဘဲ Sentence တစ်ခုလုံးကို ညွှန်းနိုင်သေးတယ်။ ဥပမာ....
Nothing could be done in the circumstances.
အခြေအနေအရ ဘာမှ မလုပ်နိုင်ကြဘူး။
ဒီဝါကျမှာ in the circumstances ဆိုတဲ့ Adv ဟာ could be done ဆိုတဲ့ V သက်သက်ကိုသာ ညွှန်းတာမဟုတ်ဘဲ Nothing could be done ဆိုတဲ့ ၀ါကျတစ်ခုလုံးကို ညွှန်းနေတာ ဖြစ်တယ်။ ဒီလို Adv မျိုးကို Sentence Adv လို့ ခေါ်ရမယ်။ ( တစ်ချို့ကလည်း Sentence Modifier လို့ ခေါ်ကြရဲ့။ )
Sentence Adv တွေကို ၀ါကျနောက်၊ ၀ါကျရှေ့၊ ၀ါကျအလယ် ကြိုက်ရာမှာ အလျဉ်းသင့်သလို လွတ်လွတ်လပ်လပ် ထားနိုင်တယ်။ ဥပမာ အထက်က ၀ါကျကို ..
In the circumstances, nothing could be done. လို့ ရေးလည်း ရပါတယ်။ အဓိပ္ပာယ်အလေး အပေါ့ အနည်းအပါးပဲ ရှိတယ်။
Nothing, in the circumstances, could be done. လို့ ရေးလည်း ရသေးတာပါပဲ။ အလားတူ ...
To our surprise, she had married the rascal.
She had married the rascal to our surprise.
( ဒီဝါကျကို မြန်မာလိုပြန်ရင် Adv သဘောပျောက်သွားမယ်။ ၀ါကျ အဆောက်အအုံကို ပြင်ရမယ်။ “ သူခွေးသူတောင်းစားကို ယူလိုက်သဗျ၊ အံ့ရော ” လို့ ဖြစ်မယ်။ )

Wednesday, November 09, 2011

You're Hired - အပိုင်း (၂)

Episode 2

After firing WebWare’s sales director and advertising the new post. Philip Hart and Marcia Boardman discuss the applications and decide on an interview format.
(Webware ကုမ္ပဏီ၏ အရောင်းဒါရိုက်တာအား အလုပ်ဖြုတ်၍ အလုပ်နေရာသစ်အတွက် ကြော်ငြာထည့်ပြီးနောက် Philip Hart နှင့် Mercia Boardman တို့သည် အလုပ်လျှောက်သူများ အကြောင်းဆွေးနွေးကြပြီး လူတွေ့မေးခွန်းပုံစံကို ဆုံးဖြတ်နေကြသည်။)

စတုထ္ထအကြိမ် မိတ္ထီလာ GTI မြတ်ဆရာပူဇော်ပွဲနှင့် စုံညီမိတ်ဆုံစားပွဲအတွက် အလှူရှင်များစာရင်း

၁၉-၁၁-၂၀၁၁ နေ့တွင် နေပြည်တော်၌ကျင်းပပြုလုပ်မည့်ဖြစ်သော စတုထ္ထအကြိမ် မိတ္ထီလာ GTI မြတ်ဆရာပူဇော်ပွဲနှင့် စုံညီမိတ်ဆုံစားပွဲ အတွက် မိမိတို့၏ကျေးဇူးရှင် ဆရာ၊ဆရာမဟောင်းများကို ပူဇော်ကန်တော့နိုင်စေရန် ကိုတင့်လွင်၊ ကိုသန့်ဇင်မောင်မောင်၊ ကိုမျိုးကျော်ဇင်၊ မရီမာအုန်း နှင့် မခိုင်သင်းအေး တို့မှ အလှူငွေကောက်ခံခဲ့ကြ၍ ထည့်ဝင်လှူဒါန်းခဲ့ကြသော အလှူရှင်များစာရင်းနှင့် ငွေလွှဲစာရွက်တို့ကို အောက်တွင်ဖော်ပြပေးထားပါသည်။ ထိုသို့ အလှူငွေ ကောက်ခံပေးကြသူများနှင့် အလှူရှင်များဖြစ်ကြသော မိတ္ထီလာ GTI/GTC/GTU  ကျောင်းသား/သူဟောင်းများ၏ ဤမွန်မြတ်သောအလှူအတွက် အလှူရှင်များနှင့် မိတ္ထီလာ GTI/GTC/GTU သူငယ်ချင်းများအားလုံး ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်စေရန် ကျွန်တော်တို့ Blog မှ ဖော်ပြပေးလိုက်ပါသည်။

 (ကိုမျိုးကျော်ဇင်၊ မရီမာအုန်း နှင့် မခိုင်သင်းအေး တို့မှကောက်ခံရရှိသော အလှူငွေစာရင်း)

(အလှူငွေလွှဲ စာရွက်)

(ကိုတင့်လွင်၊ ကိုသန့်ဇင်မောင်မောင် တို့မှကောက်ခံရရှိသော အလှူငွေစာရင်း)
 (အလှူငွေလွှဲ စာရွက်)
Posted by MTLA GTI GROUP

Monday, November 07, 2011

GTI Opera (MP) / 1999

၁၉၉၉ ခုနှစ် Meiktila GTI, Mechanical Power (MP) Major ရဲ့ မြတ်ဆရာပူဇော်ပွဲနှင့် နောက်ဆုံးနှစ် ကျောင်းသား/သူဟောင်းများ နှုတ်ဆက်ပွဲက Opera လေးပါ။ ဗွီဒီယို ဖိုင်မရလို့ အော်ဒီယို ဖိုင်အနေနဲ့ ပဲ တင်လိုက်ပါတယ်။ အမှတ်တရ လေးပေါ့ဗျာ။



Posted by MTLA GTI GROUP

Saturday, November 05, 2011

E-books for useful applications

Windows 7 အသုံးပြုနည်း မြန်မာလို ဖတ်ချင်တယ် ဆိုရင်တော့ ဒီမှာ ယူပါ။
Basic AutoDesk 3D Design အသုံးပြုနည်း မြန်မာလို ဖတ်ချင်တယ် ဆိုရင်တော့ ဒီမှာ ယူပါ။
Power Point 2007 အသုံးပြုနည်း မြန်မာလို ဖတ်ချင်တယ် ဆိုရင်တော ဒီမှာ ယူပါ။
MS Word 2010 အသုံးပြုနည်း မြန်မာလို ဖတ်ချင်တယ် ဆိုရင်တော့ ဒီမှာ ယူပါ။
MS Excel 2010 အသုံးပြုနည်း မြန်မာလို ဖတ်ချင်တယ် ဆိုရင်တော့ ဒီမှာ ယူပါ။
Adobe Photoshop CS4  အသုံးပြုနည်း မြန်မာလို ဖတ်ချင်တယ် ဆိုရင်တော့ ဒီမှာ ယူပါ။

Credit to Ko Nyi Nay Min
Posted by ဂျစ်တီး

Friday, November 04, 2011

You're Hired - အပိုင်း (၁)

"You're hired" ဗီဒီယိုဇာတ်လမ်းတွဲသည် British Council မှစီစဉ်တင်ဆက်သော ဝန်ထမ်းရွေးချယ်ခြင်းနှင့်သက်ဆိုင်သော အသုံးအနှုန်းဝေါဟာရ နှင့်စကားပြောဆိုပုံများကို ဖေါ်ပြထားသည့် ဗီဒီယိုဇာတ်လမ်းတွဲဖြစ်ပါသည်။ အဆိုပါ ဗီဒီယိုဇာတ်လမ်းတွဲမှ စကားပြောများကို ဘာသာပြန်ဆို၍ တင်ဆက်ပေးလိုက်ပါသည်။
Episode 1

Philip Hart, CEO of IT peripherals company WebWare, gives Sales Director Brian O’Dell some bad news.
(Webware အိုင်တီဆက်စပ်ပစ္စည်းကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Philip Hart သည် အရောင်းဌာန ဒါရိုက်တာ Brian O’Dell အား သတင်းဆိုးအချို့ ပေးလိုက်သည်။)

PH : You what? What do you mean? You’ve lost the DollarMart contract? Oh Brian, tell me you’re joking! That’s our biggest contract! And you’ve lost it!
(PH : မင်းဘာဖြစ်တယ်? ဘာကိုဆိုလိုချင်တာလဲ? ဒေါ်လာမတ် (DollarMart) ကုမ္ပဏီနဲ့ သဘောတူ စာချုပ်မချုပ်ဖြစ်လိုက်ဘူး? ဘရိုင်ယန်ရယ် ငါ့ကို နောက်နေတာလို့ ပြောလိုက်ပါ!အဲ့ဒါ ငါတို့အတွက် အကြီးမားဆုံး သဘောတူညီမှုစာချုပ်ပဲ! အဲ့ဒါကို မင်း ဆုံးရှုံးသွားတယ်!)

Ok…ok…yes, I know you’ve had some personal problems recently…yes, sure…yes, I know our competitors have improved their offer…but, really Brian, these are just excuses…(အိုကေ..အိုကေ..ဟုတ်ပါပြီ။ မင်းမှာ အခုတလော ကိုယ်ရေးကိုယ်တာပြဿနာလေးတွေရှိနေတာကို သိပါတယ်။ မှန်ပါတယ်.. မှန်ပါတယ်.. ငါတို့ရဲ့ ပြိုင်ဘက်တွေကလဲ သူတို့ရဲ့ ကမ်းလှမ်းချက်ကို ပိုမိုကောင်းမွန်အောင် လုပ်လိုက်တယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ဘရိုင်ယန်ရယ် အဲဒါတွေက တကယ်တမ်းတော့ ဆင်ခြေတွေပါပဲ။)

Monday, October 31, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၃၈)

ကျောင်းသုံးမြန်မာသဒ္ဒါ လေ့ကျင့်ခန်းများမှာ ( သဒ္ဒါအထားအသို ) ဆိုတာ ပါလေ့ရှိတယ်။ စကားလုံးတစ်လုံးကို ဒီနားထားရင် ဒီလို အဓိပ္ပါယ်ထွက်ပြီး ဟိုနားထားရင် ဟိုလိုအဓိပ္ပါယ် ထွက်တတ်တာကို ဆင်ခြင်ခိုင်းတဲ့ လေ့ကျင့်ခန်းပါပဲ။ အင်္ဂလိပ်သဒ္ဒါ စာအုပ်များမှာလည်း ဒီလေ့ကျင့်ခန်းမျိုးပါလေ့ရှိတယ်။ ( တကယ်တော့ မြန်မာသဒ္ဒါစာအုပ် ပြုစုသူများဟာ အင်္ဂလိပ်သဒ္ဒါစာအုပ်တွေဆီက နည်းယူထားတာပါ။ ) တစ်ချို့က ( ၀ါကျမှာ စကားလုံးတို့ရဲ့ အစီအစဉ် - Order of words in a sentence ) လို့ ခေါ်ကြပြီး တစ်ချို့ကတော့ စကားလုံးတစ်လုံးနား တစ်လုံးသွားထားတာမို့ ( နီးကပ်မှု - Proximity ) လို့ ခေါင်းစဉ်တပ်ကြတယ်။ ၀ါကျမှာ စကားလုံးတို့ရဲ့ ( အစီအစဉ် ) ၀ါ ( အထားအသို ) ဆိုရင် ကျွန်တော်တို့ ဆွေးနွေးနေတဲ့ S, V, DO စကားတွေရဲ့ အစီအစဉ်၊ ၀ါ၊ အထားအသိုကိုလည်း ဆိုနိုင်တာမို့ ယေဘုယျကျလွန်းနေတယ်။ ဒါကြောင့် ( နီးကပ်မှု ) လို့ ခေါ်တာကမှ အခုပြောချင်တာကို တိတိကျကျညွှန်းနိုင်တယ်။ စကားလုံးတစ်လုံး၊ ပုဒ်စုတစ်စုဟာ တစ်ခြားစကားလုံးတစ်လုံး ပုဒ်စုတစ်စုနဲ့ နီးကပ်နေရင် နီးကပ်သလို အဓိပ္ပါယ်ပြောင်းလဲသွားနိုင်တာကို ပြောချင်တာ ဖြစ်တယ်။ S, V, DO တို့ အထားအသိုကို ဆိုလိုတာမဟုတ်ဘူး။ အောက်ပါ ဥပမာကို ကြည့်ပါလေ။

Saturday, October 29, 2011

ရပ်တည်မှုခက်ခဲလာနိုင်သော စင်ကာပူရောက် နိုင်ငံခြားသားများအခြေအနေ(၃)

စင်ကာပူနိုင်ငံအတွင်း နိုင်ငံခြားသားများ ၀င်ရောက်လာနေမှုကို ကန့်သတ်ရန် ဒုတိယအကြိမ် စင်ကာပူအစိုးရ၏ ကြိုးပမ်းအားထုတ်မှုမှာ အခြေခံလစာများအား တိုးမြှင့်ခြင်း ဖြစ်ပါသည်။
စင်ကာပူတွင် အခြေခံလစာများကို ၂၀၀၁ ခုနှစ်က သတ်မှတ် ပြဌာန်းပေးလိုက်ပြီး (ငွေဖောင်းပွမှု များရှိနေသည့်တိုင်) မပြင်ဘဲ ထားခဲ့သည်မှာ ၁၀ စုနှစ်တစ်ခုမျှ ကြာခဲ့ပါပြီ။ ယခုမူ နိုင်ငံခြားသား အလုပ်ခန့်ထားမှုကို တင်းကျပ်နိုင်စေရန် အခြေခံ လစာများကိုလည်း ပြင်ဆင်ခဲ့ရာ ယခုနှစ်တစ်နှစ်တည်းအတွင်းတွင်ပင် နှစ်ကြိမ်တိုင်တိုင် ပြင်ဆင်ပြောင်းလဲခဲ့ပါသည်။
ယခင်က အခြေခံလစာ နှုံးထားများမှာ (၂၀၀၄ ခုနှစ်အလွန်နှစ်များက) -
S Pass Holder: S$1800
Q1 Pass (EP): S$2500
P2 Pass: S$3500
P1 Pass: S$7000 - ဖြစ်၏။
၂၀၁၁ ဇူလိုင်လ ၁ ရက်နေ့မှစကာ ထိုနှုံးများကို အောက်ပါအတိုင်း ပြင်ဆင် သတ်မှတ်လိုက်ပါသည်။
S Pass Holder: S$2000
Q1 Pass (EP): S$2800
P2 Pass: S$4000
P1 Pass: S$8000

Thursday, October 27, 2011

Apple iPhone 4S အကြောင်း

Appleအနေနှင့် ပဉ္စမမြောက် iPhoneအဖြစ် iPhone 4Sကို စတင်မိတ်ဆက်လိုက်သော်လည်း iPhone 5 စစ်စစ်ကို မျှော်လင့်နေသည့် Appleပရိသတ်များအတွက် အပြည့်အ၀ကျေနပ်စရာမဖြစ်ခဲ့ကြောင်း သိရသည်။ Appleသည် ဈေးကွက်အတွင်း HTC ၊ Blackberry စသော ပြိုင်ဘက်များ၏ ယှဉ်ပြိုင်လာမှုနှင့် ကြုံနေရသော်လည်း iPhone 5 အစား လက်ရှိရောင်းချနေသော iPhone 4 ကို အဆင့်မြှင့်ထားသည့် Versionကိုသာ မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာ (၄)ရက်နေ့တွင် Apple၏ အမှုဆောင်ချုပ် တင်ကွတ်ခ်က ကယ်လီဖိုးနီးယားရှိ Appleဌာနချုပ်တွင် iPhone 4 ထက် မြန်နှုန်းပိုမြင့်သော iPhone 4S ကို မိတ်ဆက်ပြသကာ အောက်တိုဘာ (၁၄)ရက်နေ့တွင် စတင်ရောင်းချသွားမည်ဟု ကြေညာခဲ့သည်။
 (iPhone 4S အား Apple အမှုဆောင်ချုပ် တင်ကွတ်ခ်က မိတ်ဆက်ပြသစဉ်)

Monday, October 24, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၃၇ )

SxVxO ပုံစံဟာ အင်္ဂလိပ်စကားမှာ အရိုးစွဲနေတဲ့အကြောင်း အရင်အခန်းများတုန်းက
( Passive voice အကြောင်း ဆွေးနွေးစဉ် ) တင်ပြခဲ့ဖူးပြီ။ ဒီတော့ ဒီပုံစံမှာ S နဲ့ V ရှေ့နောက် ပြောင်းတာမျိုး အတော်ကလေးနည်းတယ်။ အကြောင်းကတော့ နေရာပြောင်းလိုက်ရင် အဓိပ္ပါယ် ပြောင်းသွားတာကိုး။ ( Sentence Structure ( 9 ) - Word Order - 1 မှာ ဆွေးနွေးခဲ့ပြီးပြီ )။ ဥပမာ ...
The dog bit the man.
The man bit the dog.
.........S.....V..........O
ဒါပေမယ့် DO ကို မျက်တောင်ကော်မာလို့ မြန်မာတွေခေါ်ကြတဲ့ စကားပြော အမှတ်အသားလေးတွေ ထည့်သွင်းထားတယ်။ စကားပြောရာမှာလည်း အသံနေ အသံထားက ပြညွှန်မယ်ဆိုရင် ရှေ့နောက် ပြောင်းပြန်လုပ်လို့လည်းရ၊ လုပ်တာလည်း အတော်များတယ်။ ဥပမာ ...
She said, " NO ".
.S.......V......DO
" NO " said she.
..DO.....V.....S
အချိန်ပြတဲ့စကားလုံးနောက်မှာ S နဲ့ V ကို နေရာပြောင်းလဲတာ ခေတ်စားတယ်။ ဥပမာ ..
One seldom has such an opportunity.
..S.................V
Seldom has one such an opportunity.
...............V....S
ဒီလို အခါအခွင့်မျိုး ရခဲတယ်။
DO ကို ၀ါကျရှေ့ထားလိုက်တဲ့အခါ အာရုံက သူ့အပေါ် ရောက်သွားတယ်။ နှစ်ခုယှဉ်စရာရှိရင် ဒီနှစ်ခုအပေါ်မှာပဲ အာရုံရောက်သွားတာပါပဲ။ ဒီတော့ ဆန့်ကျင်ဘက်နှစ်ခုဟာ သိသိသာသာကြီး ထင်ရှားသွားရတော့တာပဲ။

Sunday, October 23, 2011

ကျွန်တော် ပညာသင် (၃)

ဂျပန်ပညာရေးဝန်ကြီးဌာန (Monbukagakushou- မွန်ဘူးခဂကူရှိုး) အထောက်အပံ့နဲ့ ပညာတော်သင်လာရောက်ကြသူများရဲ့  Japanese Course 58th  2008 Opening Ceremony က (၁၀.၄.၂၀၀၈) ရက်နေ့၊ နေ့လည် (၂း၀၀)နာရီ မှာစပါတယ်။ ဒါကလည်း သက်ဆိုင်ရာ ဘာသာရပ်များ မသင်ကြားမီ ဂျပန်မှာနေထိုင်စဉ် ဘာသာစကားအခက်အခဲ မဖြစ်စေရန် ၆-လတာ ဂျပန်စာသင်ကြားရန်အတွက် စီစဉ်ပေးခြင်းဖြစ်ပါတယ်။ အစီအစဉ်ကြေငြာပြီးတော့ Nagoya University Vice President က စကားနည်းနည်းပြောပြီး တစ်ယောက်ချင်းစီ မိတ်ဆက်ကြရပါတယ်။ ပြီးတော့ အောက်ထပ်မှာ ကျွေးမွေးပွဲလေး စီစဉ်ပေးပါတယ်။ 

Friday, October 21, 2011

ရပ်တည်မှုခက်ခဲလာနိုင်သော စင်ကာပူရောက် နိုင်ငံခြားသားများအခြေအနေ(၂)

စင်ကာပူနိုင်ငံအတွင်း နိုင်ငံခြားသားများ အလုံးလိုက်အရင်းလိုက် စီးဝင်လာနေမှုကို ကန့်သတ်ရန် ပထမဦးဆုံး စင်ကာပူအစိုးရ၏ ကြိုးစားအားထုတ်မှုမှာ Levy များအား တိုးမြှင့်လိုက်ခြင်း ဖြစ်ပါသည်။
Levy များတိုးမြှင့်ကာ အလုပ်ခန့်ထားမှုများကို ကြပ်လိုက်ရုံသာမက အလုပ်အကိုင်အခွင့်အလမ်းများလည်း လျော့ကျသွားခဲ့ရာ ယခုအခါ မြန်မာအများစုမှာ စင်ကာပူသို့ Visit Visa ဖြင့်လာရောက်အလုပ်ရှာရာတွင် အခက်အခဲ များစွာနှင့် ရင်ဆိုင်ရလျှက် ရှိပါသည်။ အလုပ်မရသူများ၊ အလုပ်ရသည့်တိုင် တင်လိုက်သည့် Work Pass ကျမလာမှု စသည် တို့ကြောင့် ပြန်လည်ဆုတ်ခွာသွားရသူများ တစ်နေ့တခြား များပြားလာခဲ့ပါသည်။
စင်ကာပူအစိုးရမှ Foreign Worker Levy များကို အဆင့်ဆင့်ပြောင်းလဲ သတ်မှတ်ခဲ့ရာ ယခု သတ်မှတ်ထားသော Levy များ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
Ref: http://www.mom.gov.sg/foreign-manpower/foreign-worker-levies/Pages/levies-quotas-for-hiring-foreign-workers.aspx
အောက်ဖော်ပြပါဇယားမှ Skilled ဟူသည်မှာ Low Levy စာမေးပွဲ အောင်ထားသူကို ခေါ်ပြီး Unskilled ဟူသည် High Levy တစ်နည်းအားဖြင့် Low Levy စာမေးပွဲ မအောင်ထားသူများကို ခေါ်ပါသည်။ Levy များအကြောင်း အသေးစိတ်သိလိုလျှင် ကျွန်တော်ရေးသော “အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း” စာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။
Tire 1: Work Permit ဦးရေသည် စုစုပေါင်း အလုပ်သမားအားလုံး၏ ၃၀ % အောက်သာ ရှိခြင်း
Tire 2: Work Permit ဦးရေသည် စုစုပေါင်း အလုပ်သမားအားလုံး၏ ၃၀% မှ ၅၀% ထိရှိခြင်း
Tire 3: Work Permit ဦးရေသည် စုစုပေါင်း အလုပ်သမားအားလုံး၏ ၅၀ % မှ ၆၅% ထိရှိခြင်း
Higher Skill : BCA မှ ထုတ်ပေးသော Trade Certificate ရှိပြီး စင်ကာပူတွင် ထိုအလုပ်နှင့် လုပ်သက် အနည်းဆုံး ၄ နှစ်ရှိသူ။ BCA မှ ထုတ်ပေးသော Trade Certificate အသေးစိတ်ကို http://www.bcaa.edu.sg/ListCPCF.aspx တွင်ကြည့်ပါ။
Basic Skill : BCA မှ ထုတ်ပေးသော SEC or SEC (K) လက်မှတ်ရှိသူ။
BCA မှ ထုတ်ပေးသော SEC or SEC (K) လက်မှတ်အကြောင်း အသေးစိတ်ကို အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း စာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။ သို့မဟုတ်ပါကလည်း
https://www.bca.gov.sg/academy/cop_Testcenters.aspx တွင် ၀င်ရောက်လေ့လာနိုင်ပါသည်။

Thursday, October 20, 2011

စတုတ္ထအကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲအတွက် အလှူငွေထည့်ဝင်လိုပါက


          အလှူရှင် များ၏အမည်စာရင်းများနှင့် တကွ စာရှင်းရှင်းတမ်းများကို ဤဘလော့ဂ်တွင် ဖော်ပြပေးထားပါမည်။

Posted by MTLA GTI GROUP

S’pass လျှောက်ထားနိုင်သည့် စင်ကာပူနိုင်ငံမှ Diploma in Tourism

စင်ကာပူ၌ အဆင့်မြင့်ကျွမ်းကျင်လုပ်သား (S’pass) လျှောက်ထားနိုင်သည့် Diploma in Tourism ဘာသာရပ်လျှောက်လွှာများကို စင်ကာပူနိုင်ငံမှ ခေါ်ယူနေပြီဖြစ်ကြောင်း သိရသည်။ စင်ကာပူ အလုပ်သမားဝန်ကြီးဌာန လက်အောက်ရှိ လုပ်အားဖွံ့ဖြိုးရေးအေဂျင်စီ (WSQ)မှ ချီးမြှင့်သည့်အဆိုပါ ဒီပလိုမာဘာသာရပ်ကို အသက် ၁၆ နှစ်ပြည့်ပြီး ဘွဲ့တစ်ခုခုရရှိထားသူများ စတင်လျှောက်ထားနိုင်မည်ဖြစ်သည်။ ထိုလျှောက်ထားသူကို ခရီးသွားကုမ္ပဏီများတွင် လက်တွေ့အလုပ်လုပ်ခွင့် တစ်နှစ်စီစဉ်ပေးမည်ဖြစ်ကြောင်း သိရသည်။ ”အဲဒီတစ်နှစ်အတွင်းမှာ သူတို့သတ်မှတ်ထားတဲ့ လုပ်ခလစာတွေ ခံစားခွင့်ရှိတဲ့အပြင် ထူးခြားတာက လျှောက်ထားသူဟာ တက္ကသိုလ်ဝင်တန်း အမှတ်စာရင်း ပြည့်မီတယ်ဆိုရင် WSQ Certificate ၄ လပြီးဆုံးတာနဲ့ ပိုလီကျောင်းတွေကို ဆက်လက်လျှောက်ထားခွင့် ရှိတယ်ဆိုတာပဲ”ဟု Crown မှ ဦးအောင်ကျော်ဆန်းက ပြောသည်။ ဟိုတယ်နှင့်ခရီးသွားဘာသာရပ်ဖြင့် စင်ကာပူနိုင်ငံသို့ သွားရောက် ပညာသင်ကြားမှုနှုန်းမှာ ၂ဝဝ၆ ခုနှစ်မှစ၍ တရိပ်ရိပ်တက်လာပြီး ၂ဝဝ၈ ခုနှစ်တွင် အမြင့်ဆုံးနေရာတစ်ခုကို ရောက်ခဲ့သည်အထိ ဖြစ်ခဲ့သည့် နိုင်ငံခြားပညာရေးလမ်းကြောင်း မြန်မာနိုင်ငံတွင်ရှိခဲ့ကြောင်း ပညာရေးအတိုင်ပင်ခံအချို့က သုံးသပ်ကြသည်။ ”ဒီလို အစဉ်အလာတွေရှိခဲ့ပေမယ့် ၂ဝဝ၈ အမြင့်ဆုံးစံချိန်ကို ၂ဝဝ၉ ကစပြီး ထက်ဝက်ချိုးကျဆင်းလာမှုတွေကနေ ၂ဝ၁ဝ-၂ဝ၁၁ အထိကို တက်မလာသေးဘူး။ ဒါကဘာကြောင့်လဲဆိုတာကို ဆန်းစစ်ကြည့်ကြဖို့လိုနေပြီ။ဒါပေမဲ့ WSQ ကပေးတဲ့အကြောင်းကရော ရှေ့အလားအလာ ကောင်းမကောင်းဆိုတာကို စောင့်ကြည့်ကြဖို့ပဲရှိတော့တယ်” ဟု နိုင်ငံခြားပညာရေးလေ့လာနေသူ အသက် ၃ဝ အရွယ်ရှိလူငယ်တစ်ဦးက ပြောသည်။ ကုန်ကျစရိတ်များအပါအဝင် အသေးစိတ်အချက်အလက် များကို ဖော်ပြထားသည့် WSQ Tourism  ၏တရားဝင်ဝက်ဘ်ဆိုက်  http://tmis.edu.sg တွင်ဝင်ရောက် ကြည့်ရှုရန်လိုမည်ဖြစ်ကြောင်းနှင့်  ယင်းနိုင်ငံတို့ရှိ ၄င်းနယ်ပယ်အတွေ့အကြုံရှိသူများကိုပါ စုံစမ်း မေးမြန်းစေလိုကြောင်း ပညာရေးကျွမ်းကျင်သူများထံမှ သိရသည်။ 
Posted by အိမ်လွမ်းသူ