♥♥♣သေချာတွက်ကြည့်ရင်
အထီးကျန် ရှင်သန်ခဲ့တဲ့ လေးနှစ်
ဖြတ်သန်းခဲ့ရ ခရီးကြမ်း
တွေ့သမျှ boss ခေါ်
‘ရှဲရှဲ’ တွေမိုးလုံးပြည့်
ရယ်ပြနေရတဲ့ ငါ့ပါးစပ်
အာတွေတောင်ညောင်းလို့
ကိုယ့်ကိုယ်ကိုတောင် ရွံမိတယ်။
♥♥♣အရင်ကတော့…
မျှော်လင့်ချက်တွေ တစ်ပွေ့တစ်ပိုက်
ရောင်စုံအလွှာ မတူသူတွေကြား ရှင်သန်ဖို့
ရေဆန်ကိုလှော် လေဆန်ကိုကျော်ခဲ့တယ်။
♥♥♣မျှော်ခဲ့မိပါရဲ့ ဒီကွန်ကရစ် တောအုပ်ထဲမှာ
အတ္တမီးတွေကထိန်ထိန်လင်းလို့
ငါတို့မိုးအလင်း ကခဲ့ကြတာပေါ့။
♥♥♣ဖြေသိမ့်စရာက ဘာလဲ
မိုးချုပ်လို့ အိမ်မပြန် ဘ၀အမောတွေကို
ခဏ ပျော်စေတဲ့ ‘ အယ်ကိုဟော’ တွေ
ခေါင်းထဲလောင်းထည့်ကြ
ဝေးနေကြရ တို့တွေ ဘယ်မှာလဲ မိသားစုဘ၀။
♥♥♣တစ်ခါတစ်လေလည်း ယောင်ရမ်းတမ်းတ
အမေ့အိမ်ကထမင်းဝိုင်း
အသားမပါတဲ့ညစာ ဆိုလည်း
KFC ထက်တော့ သာပါတယ်။
♥♥♣သွေးမတိတ်တဲ့ အနာတွေနဲ့
ချွေးသိပ်ချင်လွန်းလို့
နွေးထွေးတဲ့ အမေ့အိမ် ပြန်ချင်ပါတယ်။
အခြေအနေကို အရင်းစစ် အရင်းအမြစ်တွေလည်းဆွဲမနုတ်နိုင်
မျှော်လင့်ခြင်း ပန်းတိုင်တစ်ခုအတွက်
အတ္တတွေ မြေမြုပ် မာနတွေမီးရှို့ပြီး
ငါတို့ ဒီဇာတ်ကိုပဲ ရင်နာနာနဲ့
ဆက်ကနေရဦးတော့မှာပေါ့။။။။။Nyinyist
Posted by John
No comments:
Post a Comment