Thursday, May 26, 2011

စင်ကာပူကို ပညာတော်သင်မသွားခင် သိစေချင်ပါသည်

စင်ကာပူသို့  ပညာတော်သင်လာကြမယ့် ကိုကို မမ များအတွက်ပါ။
စင်ကာပူကို ပညာသင်လာမယ်ဆိုရင် များသောအားဖြင့် အေးဂျင့်တွေကနေ လာကြရတာများတာပါ။
အဲဒီအခ်ျိန်မှာအေးဂျင့်တွေကို မျက်စိမှိတ်ယုံလို့ မရနိုင်ပါဘူး။ အဖြစ်ကလေးတစ်ခုပြောပြပါ့မယ်။

သင့်ကို ကျန်းမာနေစေမည့် လက်တစ်ကမ်းမှ အစာ (၁ဝ) မျိုး

သင့်ကို ကျန်းမာနေစေမယ့် သဘာဝအစားအစာ (၁ဝ)မျိုးရှိပါတယ်။ သင့်ပတ်ဝန်းကျင်မှာပဲ ရှိနေပြီး သတိ မထားလိုက်မိတဲ့ အစားအစာတွေ ထဲမှာ သင့်ကို အကျိုးပြု အာဟာရတွေ ရှိပါတယ်။
၁။ ဟင်းခတ် အမွှေးအကြိုင်များ  
အီတလီ လူမျိုးတွေဟာ ဟင်းထဲမှာ ဟင်းခတ် အမွှေးအကြိုင် တချို့ကို ထည့်စားတတ်ကြပါတယ်။ ဒါဟာ ဘက်တီးရီးယားနဲ့ ရောဂါပိုးမွှား တွေကို တိုက်ထုတ်နိုင်တယ်လို့လည်း ယုံကြည်ကြပါတယ်။ သဘာဝ ဘက်တီးရီးယား ဆန့်ကျင်နိုင်တဲ့ အစားအစာ အဖြစ် ဟင်းတွေထဲမှာ ထည့်ချက်သင့်ပါတယ်။
၂။ အမဲသား  

အာဟာရ ပြည့်စေတဲ့ အသားတစ်မျိုး ဖြစ်ပြီး ခေါင်းတစ်ခြမ်း ကိုက်တဲ့ ရောဂါကို သက်သာစေပါတယ်။
၃။ ကြက်သွန်မြိတ်  

သွေးဖိအား ကျစေပါတယ်။ သွေးလည်ပတ် စီးဆင်းမှုကို ကောင်းစေတာကြောင့် စိတ်ရော၊ ခန္ဓာပါ သက်သောင့်သက်သာ ဖြစ်စေပါတယ်။