Thursday, July 26, 2012

အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ (၁၁)

Look! (ဒီမှာ)
ဒီမှာ look! ကို တစ်စုံတစ်ယောက်အား သင်ပြောမည့်အကြောင်းအရာကို အာရုံစိုက်စေလိုသည့်အခါ အသုံးပြုပါသည်။ အများအားဖြင့် ထိုသူနှင့်ပတ်သက်၍ စိတ်အနှောက်အယှက်ဖြစ်သည့်အခါတွင် အသုံးပြုပါသည်။
1. Look! I've told you that I don't want you here. Get out!
    ဒီမှာ မင်းကို ဒီမှာ မရှိစေချင်ဘူးလို့ပြောခဲ့ပြီးပြီပဲ။ ထွက်သွားစမ်း။
2. Look! We're going to be late if we don't leave now.
    ဒီမှာ၊ ငါတို့အခုမထွက်ရင် နောက်ကျလိမ့်မယ်၊
It's no use (အသုံးမ၀င်ဘူး)
အသုံးမ၀င်ဘူး it’s no use  ကို ကိစ္စတစ်ခုကို အကျိုးသက်ရောက်မှုမရှိသည့်အတွက် လုပ်ကိုင်ရန် ရည်ရွယ်ချက်မရှိ (သို့) တန်ဖိုးမရှိဟု ယူဆသည့်အခါတွင် အသုံးပြုနိုင်ပါသည်။
1. It's no use asking Ben to help. He's very busy just now.
    Ben ကို အကူအညီပေးဖို့တောင်ဆိုတာ အသုံးမ၀င်ဘူး။ သူကအခုအရမ်းအလုပ်များနေတာ
2. It's no use ringing the office today. It's closed on Saturdays.
    ရုံးကို ဒီနေ့ဖုန်းဆက်တာ အသုံးမ၀င်ဘူး။ စနေနေ့တွေရုံးပိတ်တယ်။
Wait and see (စောင့်ကြည့်ပါ)
စောင့်ကြည့်ပါ wait and see ကို တစ်စုံတစ်ဦးအား တစ်စုံတစ်ခုနှင့်ပတ်သက်၍ ဘာဖြစ်လာမလဲဆိုတာ သိနိုင်ရန် စိတ်ရှည်ရှည်ထား၍ စောင့်စေလိုကြောင်း ပြောသည့်အခါတွင် အသုံးပြုသည်။
1. 'Do you think my birthday present from Dad will arrive tomorrow?'
    ကျွန်မအတွက် အဖေ့ရဲ့မွေးနေ့လက်ဆောင် မနက်ဖြန် ရောက်လာမယ်လို့ထင်လား။
    'You'll just have to wait and see.'
    မင်းစောင့်ကြည့်ရမှာပဲ
2. 'Will there be champagne at the party?'
    ပါတီမှာ ရှန်ပိန်ပါမှာလား။
    'Wait and see!'
    စောင့်ကြည့်ပေါ့ကွာ။

Tuesday, July 24, 2012

Mozila Firefox ထက်ပိုမြန်တယ်ဆိုပဲ


Mozila Firefox ထက်ပိုပြီမြန်တဲ့ browser ပေါ်လာပါပြီ။ Maxthon (Version 3) ဖြစ်ပါတယ်။ ကျွန်တော်ကတော့ သုံးကြည့်ပြီးပါပြီ။ သူငယ်ချင်းတို့ သုံးနိုင်ဖို့ မူရင်းလင့်နှင့်တကွ download လုပ်နိုင်တဲ့လင့်တွေကိုပါ ဖော်ပြပေးလိုက်ပါတယ်။ ကျွန်တော် ဒီ browser အကြောင်းကို MMID ကနေ ဖတ်ရှူခဲ့ပြီး တဆင့် ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။
http://www.mediafire.com/?5neq2o1t32i47hb  မှာလဲ download ရယူနိုင်ပါတယ်။

Posted by မောင်စူးစမ်း (MTLA GTI GROUP)

အင်္ဂလိပ်စာလေ့လာသူတို့ရင်ဆိုင်ရမည့်အကြီးမားဆုံးစိန်ခေါ်မှု ၃ ရပ်

antimoon website က by Tomasz P. Szynalski ရေးတဲ့  Three biggest challenges facing an English learner ကိုဘာသာပြန်ပေးထားပါတယ်။ ကျွန်တော့်ရဲ့အမြင်မှတ်ချက်တစ်ချို့ကို စာလုံးစောင်းနဲ့ကွင်းခတ်ပြီးထည့်ပေးထားပါတယ်။
၁။ အင်္ဂလိပ်ဘာသာစကားလေ့လာချင်စိတ်ပျိုးထောင်ခြင်း
အင်္ဂလိပ်ဘာသာစကား လေ့လာသူအားလုံးကတော့ အင်္ဂလိပ်စကား ကောင်းကောင်းပြောတတ်ချင်ကြပါသည်။ သူတို့ဟာ အင်္ဂလိပ်စကားနဲ့သွက်သွက်လက်လက် ဆက်သွယ်ပြောဆိုနိုင်မယ်ဆိုတဲ့ အတွေးနဲ့တက်ကြွနေတတ်ပါတယ်။ သို့သော်လည်း သူတို့ဟာ အင်္ဂလိပ်စာလေ့လာမှုဖြစ်စဉ်ကို ကိုယ်တိုင်ကိုယ်ုကျတော့ စိတ်ဝင်တစားမရှိတတ်ကြပါဘူး။ စာသင်သားအများစုအတွက် အင်္ဂလိပ်စာလေ့လာချင်းဆိုတာဟာ မလုပ်မဖြစ်လုပ်ရမယ့် တာဝန်ကြီးတစ်ရပ်လို ဖြစ်နေပါတယ်။ အင်္ဂလိပ်စာလေ့လာမှုမှာ ပျော်စရာမတွေ့တတ်ကြပါဘူး။
အတိုချုံ့ပြောရရင်တော့ လေ့လာသူအများစုဟာ အင်္ဂလိပ်လိုပြောတတ်ချင်ပေမယ့် အင်္ဂလိပ်စာမလေ့လာချင်ကြပါဘူး။ ဒါဟာ စာသင်သားတွေရဲ့ နံပါတ်တစ် အကြီးမားဆုံးပြဿနာတစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ စာမသင်ချင်တဲ့လူအတွက် စာတတ်ဖို့မလွယ်ပါဘူး။ အင်္ဂလိပ်စာကို သင်ကမချစ်ရင် အင်္ဂလိပ်စာကလည်း သင့်ကိုပြန်ချစ်မှာ မဟုတ်ဘူးလေ။
(ဒါဟာတကယ့်အမှန်တရားပါပဲ။ ကျွန်တော်စာသင်ခဲ့သမျှတစ်လျှောက်လုံး ကျောင်းသားတွေကိုစိတ်ဓါတ်မြင့်တင်ပေးရတဲ့အလုပ်ဟာ အခက်ခဲဆုံးပါပဲ။ ဘယ်လောက်ပဲ သူတို့ကို အင်္ဂလိပ်စာတတ်ခြင်းရဲ့အကျိုးကျေးဇူးတွေရှင်းပြရှင်းပြ သူတို့ဟာ ဆရာတစ်ယောက်သင်တဲ့အတန်းထဲလာထိုင်တာနဲ့ အင်္ဂလိပ်စာပြောတတ်ရေးတတ်မယ် ထင်နေကြတုန်းပါပဲ။ တစ်ချို့ကျောင်းသားတွေကတော့ မိဘကတက်ခိုင်းလို့၊ ကိုယ့်ရည်းစား၊ သူငယ်ချင်းရှိတဲ့အတန်းမို့လို့ အပျော်လာတက်ကြသူတွေလည်းရှိပါရဲ့။ သူတို့ကတော့ နဂိုတည်းက စာတတ်ချင်စိတ်မရှိတာမို့ ကျွန်တော့်ရဲ့ မြင်ဆရာကြားဆရာ ကိုကျော်သူရိန်ပြောသလို I don't care for losers. လို့ပဲပြောရမယ် ထင်ပါတယ်။ တစ်ခါတစ်ရံကျတော့လည်း learning must be fun ဆိုလို့ ရယ်ရဖို့လောက်ပဲအားထုတ်နေရင်လည်းအဓိကလမ်းကြောင်းက လွဲသွားနိုင်ပါတယ်။)

Sunday, July 22, 2012

Mt.Fuji hiking plan

နာဂိုယာမှ မြန်မာ အသိမိတ်ဆွေသူငယ်ချင်းများ ခင်ဗျား-

အားလုံးပဲ Theory works တွေ၊Lectures တွေ၊ Reports တွေ Experiments တွေနဲ့ရှုပ်နေမြုပ်နေ

ကြပြီလား။ နွေရာသီလဲ စလာနေပါပြီ။ တော်တော်လဲပူလာနေပါပြီ။နွေရာသီ ကျောင်းပိတ်ရက်လေးတွေလဲ
ရှေ့လ ၈-လပိုင်းဆို စပိတ်ပါပြီဗျား။ ကျောင်းပိတ်ရက်လေးအတွင်းမှာ ခရီးသွားဖို့ ပြင်ဆင်နေကြပြီလား။ ကျွန်တော်ကတော့ ဖူဂျီတောင်တက်ဖို့ ပြင်ဆင်နေခဲ့တာတော့ ကြာပါပြီ။ လွန်ခဲ့တဲ့ ၃-နှစ်လောက်
ကတည်းက လိုအပ်မယ့်အချက်အလက်လေးတွေလဲ စုလာခဲ့တာပါ။ စိတ်ဝင်စားကြမယ်ဆိုရင်တော့ ပူးပေါင်းပြီး တပျော်တပါးကြီး တက်ကြတာပေါ့ဗျာ။  တခြားခရီးစီစဉ်ပြီးသားရှိရင်တော့လဲ မတတ်နိုင်
တော့ဘူးပေါ့ဗျာ။ ကျွန်တော် နိုးဆော်တာ နဲနဲ နောက်ကျသွားပါတယ်။တောင်တက်ဖို့ အကြမ်းဖျဉ်းရေးဆွဲထားတဲ့ အစီအစဉ်လေးတွေ ရှင်းပြပါမယ်။ လောလောဆယ်ကျွန်တော်တို့
ဇနီးမောင်နှံ ၂-ယောက်နဲ့ အခြားမြို့မှ ကျွန်တော့်သူငယ်ချင်းရယ်ကတော့ တက်ဖြစ်မှာပါ။

ဖူဂျီတောင်တက်ဖို့ အကောင်းဆုံးအချိန်

Saturday, July 21, 2012

၉ဝ-၁ဝ နိယာမ

၉ဝ-၁ဝ နိယာမက သင့်ဘဝကို ပြောင်းလဲလိမ့်မယ်။ (အနည်းဆုံးတော့ သင့်ရဲ့တုံ့ပြန်မှုကို ပြောင်းလဲလိမ့်မယ်) ၉ဝ-၁ဝ နိယာမဆိုတာ ဘာလဲ? ဘဝရဲ့၁ဝ%က သင့်ရဲ့ကံကြမ္မာကြောင့်ဖြစ်တယ်။ ကျန်တဲ့ ၉ဝ%က သင့်ရဲ့တုံ့ပြန်ချက်အပေါ် မူတည်တယ်။ ဒါ ဘာအဓိပ္ပာယ်လဲ? ကံကြမ္မာကြောင့်ဖြစ်လာတဲ့ ၁ဝ%ကို ကျွန်တော်တို့ မထိန်းချုပ်နိုင်ဘူး။ ကားပျက်တာ၊ လေယာဉ်နောက်ကျတာ၊ ကားပိတ်ဆို့တာတွေကို ကျွန်တော်တို့ မထိန်းချုပ်နိုင်ဘူး။ ဒါပေမယ့် ကျန်တဲ့ ၉ဝ%ကိုတော့ ကျွန်တော်တို့ဆုံးဖြတ်နိုင်တယ်။ ဘယ်လိုဆုံးဖြတ်မလဲ? သင့်ရဲ့တုံ့ပြန်မှုပေါ်မှာပဲ မူတည်ပါတယ်။ ကားမီးနီသွားတာကို သင်မထိန်းချုပ်နိုင်ဘူး။ ဒါပေမဲ့ သင့်ရဲ့တုံ့ပြန်မှုကို သင်ထိန်းချုပ်နိုင်ပါတယ်။ တခြားသူ အရူးလုပ်တာကို မခံပါနဲ့။ ဘယ်လိုတုံ့ပြန်မယ်ဆိုတာကို သင်ထိန်းချုပ်နိုင်ပါတယ်။ ဥပမာတစ်ခုပြရရင်.... သင်နဲ့ သင့်မိသားစု မနက်စာစားနေတယ်။ သင့် သမီးငယ်က ကော်ဖီခွက်ကို သင့်အင်္ကျီပေါ် မတော်တဆ လောင်းမိတယ်။ ဒါက သင်မထိန်းချုပ်နိုင်တဲ့ အဖြစ်တစ်ခုဖြစ်တယ်။ နောက်ထပ် ဘာဆက်ဖြစ်မယ်ဆိုတာက သင့်ရဲ့တုံ့ပြန်မှုပေါ်မှာ မူတည်တယ်။ သင် စဆူပြီ.... သမီးကို သင်ဆူဆဲပစ်လိုက်တယ်။ သမီး ငိုယိုတော့တယ်။ အဲဒီနောက် သမီးကို ဆူဆဲနေရာက မြှားဦးကို ဇနီးဖက် သင်လှည့်လိုက်တယ်။ ကော်ဖီခွက်ကို စားပွဲစွန်းမှာ တင်ထားတာကို ဆူဆဲတယ်။ တစ်ဆက်တည်းမှာ အပြန်အလှန် အဆူအဆဲစစ်ပွဲလေး စတင်တော့တယ်။ သင် ဒေါသထွက်ထွက်နဲ့ အပေါ်ထပ်တက် အဝတ်အစားလဲတယ်။ အောက်ထပ်ပြန်ရောက်တော့ သမီးက ငိုငိုယိုယိုနဲ့ မနက်စာဆက်စားပြီး ကျောင်းသွားဖို့ အမြန်ပြင်တယ်။ ဒါပေမဲ့ ဘတ်စ်ကားက ထွက်သွားခဲ့ပြီ... သင့်ဇနီးကလည်း အလုပ်ကို အမြန်ထွက်သွားတယ်။ သင်လည်း သမီးကို ကျောင်းပြေးပို့ရတယ်။ သင်ရုံးနောက်ကျမှာစိုးလို့ တစ်နာရီ မိုင်၃ဝပဲ မောင်းရတဲ့လမ်းမှာ သင် ၄ဝနဲ့မောင်းတယ်။

Thursday, July 19, 2012

အာဇာနည်

အာဇာနည်ခေါင်းဆောင်ကြီး ကိုးဦးအား လေးစားအားကျ နှမျောလွမ်းဆွတ်ခြင်း များစွာဖြင့် ဦးညွှတ်ပါသည်။



Posted by ဂျစ်တီး

Photo Source:အဘ ဥက္ကာကိုကို

Wednesday, July 18, 2012

အခြေခံ အင်္ဂလိပ်သဒ္ဒါစည်းမျဉ်းများ အပိုင်း (၁)

အခြေခံ အကျဆုံးနဲ့ အရေးကြီးဆုံး အင်္ဂလိပ်သဒ္ဒါစည်းမျဉ်းတွေကတော့ ၀ါကျဖွဲ့စည်းပုံနဲ့ တိုက်ရိုက် ပတ်သက်တဲ့ စည်းမျဉ်းများဘဲ ဖြစ်တယ်။ အောက်ပါစည်းမျဉ်းမျိုးဖြစ်တယ်။
  • ကတ္တား Subject က အနည်းကိန်း Singular ဆိုရင် ၀ါကျရဲ့အဆိုပိုင်း Predicate ကလည်း အနည်းကိန်း Singular ဘဲဖြစ်ရမယ်။
  • ၀ါကျ Sentence တစ်ကြောင်းမှာ ပြည့်စုံတဲ့ အတွေးကို ဖော်ပြရမယ်။
ဝါကျ Sentence ကို နောက်တစ်မျိုးခေါ်တာက သီးခြားလွတ်လပ်တဲ့ ၀ါကျကဏ္ဍ independent clause ဖြစ်တယ်။
  • ၀ါကျကဏ္ဍ Cause တွေက ၀ါကျ Sentence တွေလိုဘဲ ကတ္တား Subject နဲ့ အဆိုပိုင်း Predicate ပါဝင်တယ်။ စကားစုတစ်ခုမှာ ကတ္တား Subject နဲ့ အဆိုပိုင်း predicate မပါဘူးဆိုရင် စကားစု Phrase လို့ဘဲ ခေါ်တယ်။
  • သီးခြားရပ်တည်နိုင်ပြီး ပြည့်စုံတဲ့ အတွေးတစ်ခုကို ဖော်ပြရင် ၀ါကျ Sentence ဖြစ်တယ်။
  • ပြည့်စုံတဲ့ အတွေးတစ်ခုကို မဖော်ပြရင် မှီခိုဝါကျကဏ္ဍ dependent clause လို့ ခေါ်တယ်။ ဥပမာ “when I finish my work” (အလုပ်ပြီးသောအခါ) ဆိုတာဟာ မှီခိုဝါကျကဏ္ဍ dependent clause ဖြစ်တယ်။
ဒါဆိုရင် အခြေခံ ၀ါကျ ဖွဲ့စည်းပုံ အင်္ဂလိပ်သဒ္ဒါစည်းမျဉ်းတွေက ဘာကို ဆိုလိုပါသလဲ
ကတ္တား Subject နှင့် အဆိုပိုင်း Predicate
ဘယ်ဘာသာမှာမဆို ၀ါကျ sentence က အခြေခံဖြစ်တယ်။ ကတ္တား  Subject နဲ့ အဆိုပိုင်း Predicate ပါဝင်ပြီး ပြည့်စုံတဲ့ အတွေးကို ဖော်ပြတယ်။ ကတ္တား  Subject နဲ့ အဆိုပိုင်း Predicate ဆိုတာ ဘာလဲလို့ မေးရင်

Saturday, July 14, 2012

၁၉၆၂ ခုနှစ်မှ ယနေ့အထိ ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း


အောက်ပါ မိန့်ခွန်းမှာ ဂျပန်ခေတ် ၁၉၄၄ -ခု မတ်လ ၁၃ ရက်နေ့ နံနက်အချိန်တွင် မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်း ပွဲ၌ ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိနှင့် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော မိန့်ခွန်းတရပ် ဖြစ်ကြောင်း။ သူကျဆုံးသွားခဲ့ရသော ဤဇူလိုင်လတွင် သူ့အား ပြန်ပြောင်းသတိရမိသည့်အားလျှော်စွာ သူ၏ ပြောင် မြောက်သော မိန့်ခွန်းကို ရှာဖွေဖော်ပြလိုက်ရခြင်းဖြစ်ကြောင်း။
(ဗိုလ်ဥတ္တမကျော်)
…………………………………………………………………….
ရဲဘော်တို့
ယနေ့ ရဲဘော်တို့ အစုအချို့ဟာ စစ်ဗိုလ်လောင်းကလေးများအဖြစ် ဘွဲ့အဆင့်အတန်းကို ခံယူကြရတော့မယ်။ ယနေ့ အထိ ရဲဘော်တို့ဟာ ကျောင်းသားများဖြစ်ပြီး တာဝန်ရယ်လို့ မိမိတို့အပေါ်မှာ မရှိကြသေးဘူး။
ယနေ့ကျောင်းကထွက်ပြီး ဗမာ့တပ်မတော်အသီသီး ဋ္ဌာနအသီးသီးမှာ ရာထူးအလုပ်ဝတ္တရားများရတာနဲ့ တပြိုင်နက် ရဲ ဘော်တို့ အသီးသီးမှာ ကိုယ့်တာဝန်နှင့် ကိုယ့်ဝတ္တရားနှင့် ဖြစ်သွားပြီ။ ဒီလို ကိုယ့်တာဝန် ကိုယ့်ဝတ္တရားနှင့် ဗမာနိုင်ငံ တော်နဲ့ ဗမာ့တပ်မတော်ရဲ့ အမှုကိုထမ်းကြတဲ့အခါ ရဲဘော်တို့ကို မှာသင့်မှာရာ အချက်တွေကို ငါတို့မှာကြားလိုတယ်။
ပထမဆုံး ရဲဘော်တို့ကိုမှာချင်တာက ငါတို့ အခု ဗမာနိုင်ငံဟာ ကိုယ့်မင်းကိုယ့်ချင်းနိုင်ငံ ဖြစ်တယ်။ ဒို့တပ်မတော်ဟာ တနိုင်ငံလုံးတမျိုးသားလုံးရဲ့ အကျိုးအတွက်ဖြစ်တယ်။ ဒါကြောင့် ဒီနိုင်ငံ ဒီအကျိုးကို ကာကွယ်ရမယ့် ဗမာ့တပ်မတော် ဟာလည်း ဗမာတနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ်တယ်ဆိုတာ နားလည်ရမယ်။

Dependent's Pass နောက်ဆက်တွဲ

      ဟိုတလောက Dependent's Pass နဲ့ပတ်သက်လို့ Post တစ်ခုတင်ခဲ့ပါတယ်။ MoM ရဲ့  Laws ပြောင်းသွားပြန်တဲ့ အတွက် EP (သို့) S-Pass Holder တစ်ယောက်ဟာ အနည်းဆုံး လစာ $4000 ရမှ သူ့ရဲ့  မိသားစု ကို စင်္ကာပူသို့ အတူနေဖို့ ခေါ်လို့ ရပါတော့မယ်။ ဒါဟာ စက်တင်ဘာ (၁)ရက်နေ့ ကစပြီး အသက်ဝင်တော့မှာ ဖြစ်ပါတယ်။ စက်တင်ဘာ (၁)ရက်နေ့မတိုင်မီတော့ New Application တွေကို $2800 နဲ့ Approve လုပ်ပေးနေဦးမှာ ဖြစ်တယ်လို့တော့ MoM Website မှာဖော်ပြထားပါတယ်။ ဆိုတော့ လက်ရှိမှာ လစာ အနည်းဆုံး $2800 ရနေတဲ့ သူတွေအနေနဲ့ မိသားစုကို ခေါ်ထားချင်တယ်ဆိုရင် စက်တင်ဘာ (၁) ရက်နေ့မတိုင်မီမှာ အမြန်လျှောက်ရမှာ ဖြစ်ပါတယ်။ ဒီမှာ သွားကြည့်နိုင်ပါတယ်။ 
      ဒီနေရာမှာ မရှင်းတာလေးတွေရှိလာပါတယ်။ လက်ရှိ DP နဲ့နေ နေတဲ့သူတွေကို ဒီ ဥပဒေ အသစ်က ဘယ်လို Effect တွေသက်ရောက်မလဲ ဆိုတာနဲ့ အခြားဟာလေးတွေပေါ့။ MoM Website ရဲ့  FAQs မှာ PDF ဖိုင်လေးနဲ့ သိထားသင့်တဲ့ အချက်အလက် အတော်များများကို အမေးအဖြေ ပြုလုပ်ပေးထားပါတယ်။ ဒီမှာ ဖတ်ကြည့်နိုင်ပါတယ်။
       နားလည်သလောက်ဆိုရင်တော့ အခုလို သူတို့လုပ်တာက Non-resident population ကို လျှော့ချ ချင်တာက အဓိက အချက်ပဲ ဖြစ်ပါတယ်။
       FAQs မှာဖတ်ကြည့် ရသလောက် လက်ရှိ DP နဲ့ နေ နေတဲ့ သူတွေနဲ့ စက်တင်ဘာ (၁)ရက်နေ့ မတိုင်မီ Approved ဖြစ်ထားတဲ့ သူတွေ အတွက် ဒီဥပဒေ အသစ်က အကျိုးသက်ရောက် မှုရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် Main Pass Holder အနေနဲ့ လက်ရှိ Employer အောက်မှာပဲ ဆက်ပြီး အလုပ်လုပ်နေ ရမှာ ဖြစ်ပါတယ်။ Employer change သွားတာနဲ့ ဒီဥပဒေ အသစ်က အကျုံးဝင်သွားပါပြီ။
      FAQs မှာ ဒီလိုဖော်ပြထားသော်လည်း ကျွန်တော့် အနေနဲ့ ပိုပြီး ရှင်းရှင်း လင်းလင်း သိချင်တဲ့ အတွက် MoM ကို Mail ပို့ပြီး သေချာအောင်ထပ် မေးလိုက်ပါတယ်။

၁)  မိသားစု အနေနဲ့ DP ရထားပြီးဖြစ်တယ်
၂) လက်ရှိ ကျွန်တော့် အနေနဲ့ လစာ $4000 လဲမရသေးဘူး
၃) စက်တင်ဘာ (၁) ရက်နေ့ နောက်ပိုင်းမှာ Pass ကို Renew လုပ်ရတော့မယ်
၎) ကိုယ်ကတော့ လက်ရှိ အလုပ်ကို သက်တမ်းတိုးတာ ဆိုတော့ အများအားဖြင့် Approved ဖြစ်မယ်လို့ ယူဆတယ်။ ကိုယ်တိုးပြီဆိုတာနဲ့ မိသားစု အတွက် တိုးရတော့မယ်။ ဒါဆို ဒီဥပဒေ အသစ်နဲ့ ငြိပြီး Rejected များဖြစ်နိုင်မလားဆိုပြီး မေးလိုက်ပါတယ်။

         မနေ့က MoM ကနေ ကျွန်တော့ဆီကို ဖုန်းဆက်ပြီးဖြေပါတယ်။ ဒီဥပဒေ အသစ်က ကျွန်တော့်လို အခြေအနေ အတွက် Affected မဖြစ်ပါဘူး၊ ကျွန်တော် သက်တမ်းတိုးလို့ Approved ဖြစ်ရင် ကျန်တဲ့ ကျွန်တော့် မိသားစု အတွက်လဲ Approved ဖြစ်ပါလိမ့်မယ်ဆိုပြီးဖြေပါတယ်။ ဒါဟာ New Application အတွက် သက်သက်ပဲ သက်ရောက်ပါလိမ့်မယ် ဆိုပြီး ဖြေပါတယ်။
         ကျွန်တော်သိတာလေးကို ကျွန်တော့်လို သိချင်တဲ့သူတွေ ရှိရင် သိရအောင် ပြန် လည်ဖော်ပြ လိုက်တာပါ။

Posted by ဂျစ်တီး

Wednesday, July 11, 2012

Dictionary ကို Gtalk မှာ Add ပြန်လုပ်လို့ ရနေပါပြီ

နောက်ဆုံးထွက် Google talk English-Myanmar Dictionary အကောင့်

Google Account ရှိရုံဖြင့် မိမိသိလိုသော အင်္ဂလိပ်စာကားလုံး ၏ အဓိပ္ပါယ်ကို လွယ်ကူစွာ မြန်မာဘာသာသို့ ပြန်ဆိုပေးနိုင်သော အကောင့်ဖြစ်ပါတယ်။ နောက်ဆုံး Update အကောင့်ဖြစ်တဲ့ en2my@burmesecloud.net ကို မိမိ Google Talk Account မှာ Add ပီးတော့ အသုံးပြုနိုင်ပါတယ်။

အသုံးပြုပုံမှာ en2my@burmesecloud.net အကောင့်ကို မိမိ၏ Gtalk အကောင့်တွင် ပုံမှန်အကောင့်တစ်ခု Add သည့်အတိုင်း ပြုလုပ်ပေးရပါမယ်။ ထို့နောက် ၄င်း အကောင့် အွန်လိုင်းသို့ ရောက်ရှိလာပါက အထက်ပါပုံတွင်ပြထားသည့်အတိုင်း မိမိသိလို့သည့် အင်္ဂလိပ် meaning ကို ရိုက်ထည့်ပေးလိုက်လျှင် မြန်မာဘာသာသို့ Auto Reply ပြန်ပို့ပေးမှာဖြစ်ပါတယ်။ ယခင် en2mm@mmgeeks.org အကောင့်များအသုံးပြုရန် အဆင်မပြေသူများလည်း ယခု en2my@burmesecloud.net ကို Add ပြီး အဆင်ပြေစွာ အသုံးပြုနိုင်ပါတယ်။


Source: International Social Network Myanmar

Posted by ဂျစ်တီး

မြန်မာပြည်က Mobile Ph ကို message ပို့မယ်

မိမိတို့၏ Andriod (or) IOS ဖုန်းများတွင် အင်တာနက်တပ်ဆင်ထားရုံမျှဖြင့် မြန်မာနိုင်ငံရှိ လက်ကိုင်ဖုန်းများသို့ message ပို့နိုင်သော application တစ်ခုအား Google play store တွင် ရှာဖွေပြီး install ပြုလုပ်နိုင်ပါသည်။

၁။ google play store တွင် txtmyanmar ဟု ရိုက်ပြီး ရှာဖွေပါ။

၂။ Install လုပ်ပါ။

၃။ ထို application အား open ပြီး register ပြုလုပ်ပါ။
Register ပြုလုပ်ပြီးအချိန်မှစ၍ မြန်မာလက်ကိုင်ဖုန်းများသို့ free message ပို့ခွင့် တစ်ပါတ် ရရှိပါမည်။

၎။ထို့နောက် facebook စာမျက်နှာပေါ်ရှိ txtmyanmar ၏ official page ( http://www.facebook.com/Txtmyanmar?ref=ts ) သို့ သွား၍ like ပြုလုပ်ပါ။

၅။ like ပြုလုပ်ပြီး page ၏ cover photo တွင်ပြထားသော ပုံအတိုင်း message ပို့ပါ။
message confirm ဖြစ်ပါက free message တစ်လ ထပ်မံရရှိပါမည်။
နောက်ပိုင်းဆက်လက်အသုံးပြုလိုလျှင် တစ်ပါတ်ကို ၃ဒေါ်လာ ဖြင့်ဝယ်ယူသုံးစွဲနိုင်ပါသည်။

(မှတ်ချက်။ ။ မြန်မာပြည်မှ message လက်ခံမည့် ဖုန်းမှာ အင်တာနက် (လုံးဝ) တပ်ဆင်ထားစရာမလိုပါ။)
ဆက်လက်ပြီးသိရှိရသည်မှာ ထိုရောက်ရှိလာသော message အား မြန်မာပြည်မှ reply ပြုလုပ်ပြီး ပြန်ပို့ပါကလည်း ပြည်တွင်း mobile phone အချင်းချင်း message ပို့ခ 25ကျပ်သာ ဖြတ်ကြောင်း သတင်းကောင်း ပါးလိုက်ရပါသည်။ 


From Ko Htun
Source:International Social Network Myanmar

Posted by ဂျစ်တီး

Monday, July 09, 2012

ငွေလွှဲမယ်ဆိုရင်


  ငွေပေါက်ဈေးကို အဲမှာ သွားကြည့်ကြပါ
http://www.cbbankmm.com/index.php?l=m
Source: ကိုအောင် FB

Posted by ဂျစ်တီး

ကျွန်တော် ပညာသင် (၄)

နံနက် (၇) နာရီ Alarm ပေးထားတာ (၆း၅၆) နာရီမှာနိုးလာပါတယ်။ Alarm မြည်တဲ့ထိစောင့်ပြီးမှ အိပ်ယာက ထလိုက်တယ်။ မနက်စာ ခေါက်ဆွဲပြုတ်၊ ပေါင်မုန့် တို့စားပြီး (၈း၀၀) နာရီ ကျောင်းပြေးခဲ့တယ်။ အချိန်မီရုံလေးပါပဲ။ ဆရာမ Suzawa Chieko သင်ပါတယ်။ ၁၅-မိနစ်နားပြီး (၁၀း၃၀) နာရီ အတန်းပြန်စတော့ အရင် အခြေခံအတန်းနဲ့ ခြားထားတဲ့ နံရံကို ဖယ်လိုက်ပြီး Compound Room လုပ်လိုက်ပါတယ်။ အားလုံး အံ့အားသင့်နေစဉ်မှာပဲ ဆရာ Kashima Tanomu ကနေ Sound Pronunciation တွေသင်ကြားပါတယ်။ ဂျပန်စာ (Nihongo) မှာတော့ အသံထွက်တာ အင်မတန် အရေးကြီးပါတယ်။ ပြောနေတဲ့ အချိန်မှာ မှားနိုင်တာတွေ အများကြီးပါ။ ဥပမာ- စာရွက် နဲ့ နတ်ဘုရား (တရုတ်စာလုံး ခန်းကြီး ရေးပုံမတူပေမယ့် အသံထွက် Kami ကို စာရွက်ကျတော့ “ခ” သံကို လေးထွက်ပြီး နတ်ဘုရားကိုကျတော့ “ခ” သံကို ပေါ့ထွက်ပါတယ်- ရုတ်တရက် နားထောင်လိုက်ရင် တူသလိုလိုနဲ့ မှားနိုင်တာမျိုးပါ။) လိုပေါ့။ တရုတ်စာလုံး ခန်းဂျီးရေးပုံတွေ ကွဲပြားပေမယ့် ပြောနေစဉ် အသံထွက်အလိုက် အဓိပ္ပါယ်ကွဲသွားနိုင်တာတွေ အများကြီးပါ။ ကျွန်တော်တို့ အားလုံး နိုင်ငံပေါင်းစုံ (၂၄) ယောက်ရှိပါတယ်။ နယ်မြေဒေသ အလိုက် အသံထွက်တွေ အမျိုးမျိုးပါ။ သင်နေတဲ့အချိန် တစ်ယောက်ချင်းစီ အသံထွက်ဖတ်ခိုင်းပါတယ်။ သင်နေရင်းနဲ့ ဟာသတွေလဲ မြောက်ပါတယ်။ နေ့လည် (၁း၀၀) နာရီမှာ ဆရာမ Yasui Sumie သင်ပါတယ်။ (၂း၃၀) နာရီ အတန်းပြီးသွားတော့ ကိုစိုင်းတို့နဲ့လူစုပြီးစက်ဘီးဝယ်ဖို့ ထွက်ခဲ့ကြပါတယ်။ 

Sunday, July 08, 2012

အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ (၁၀)

Right you are! (ကောင်းပါပြီ)
ကောင်းပါပြီ right you are! ကို တစ်စုံတစ်ဦးက အကြံပြုသည့်အတိုင်း (သို့) အမှာပြုသည့်အတိုင်းဆောင်ရွက်ရန် သဘောတူသည့်အခါတွင် အသုံးပြုပါသည်။
  1. 'Plant the rose bushes in a sunny place in the garden.'
      နှင်းဆီရုံတွေကို ပနးခြံထဲက နေရောင် ရတဲ့ နေရာတွေမှာ စိုက်လိုက်ပါ။
      'Right you are!'
      ကောင်းပါပြီ။
  2. We would like two black coffees, please.'
      ကျေးဇူးပြု၍ ဘလက်ကော်ဖီ ၂ ခွက် လုပ်ပေးပါ။
      'Right you are!'
      ကောင်းပါပြီ။
Don't you think? (...လို့ မင်းမထင်ဘူးလား)
....လို့ မင်းမထင်ဘူးလား don’t you think?  ကို တစ်ဦးတစ်ယောက်သည် တစ်စုံတစ်ခုနှင့်ပတ်သက်၍ သင်နဲ့တူညီတဲ့ အယူအဆ (သို့) စိတ်ကူးရှိမရှိကို မေးလိုသောအခါတွင် အသုံးပြုပါသည်။ အများအားဖြင့်သင်နှင့်သဘောထားတူညီကြောင်းယူဆပြီး မေးလေ့ရှိပါသည်။
  1. This is an interesting menu, don't you think?
      ဒါက စိတ်ဝင်စားစရာကောင်းတဲ့ ဟင်းလျာစာရင်းလို့မင်းမထင်ဘူးလား
  2. Tom has decorated his flat very well, don't you think?
      Tom က သူ့ရဲ့တိုက်ခန်းကို တော်တော်ကောင်းကောင်းပြင်ဆင်ထားတယ်လို့ မင်းမထင်ဘူးလား
The only trouble is (ပြဿနာကတော့)
ပြဿနာကတော့ the only trouble is ကို တစ်နည်းနည်းဖြင့် မှန်ကန်နေသော (သို့) လက်ခံနိုင်ဖွယ်ရှိသော (သို့) သင့်တော်နေသော အကြောင်းအရာနှင့် ပတ်သက်နေသော ပြဿနာ (သို့) အခက်အခဲကို ရည်ညွှန်းလိုသော အခါတွင် သုံးပါသည်။
  1. The cottage would make an ideal holiday home. The only trouble is that it's a bit small for our large family.
      ဒီအိမ်ငယ်လေးကတော့ အပန်းဖြေအိမ်လုပ်ဖို့ အသင့်တော်ဆုံးဖြစ်မှာပဲ ပြဿနာကတော့ ငါတို့လိုမျိုးမိသားစုများတဲ့ လူတွေအတွက်တော့ သေးလွန်းတယ်
  2. I've been offered a very good job. The only trouble is that I would have to move house if I accept it.
      ငါအလွန်ကောင်းမွန်တဲ့ အလုပ်ကမ်းလှန်းချက်ကို ရထားတယ်။ ပြဿနာကတော့ ငါလက်ခံလိုက်ရင် အိမ်ပြောင်းရမယ်။

Saturday, July 07, 2012

ကြံ့ကြံ့ခံ လောကဓံ

လူရယ်လို့ဖြစ်လာကြပြီဆိုရင် လောကဓံတရားကို မည်သူတစ်ဦးတစ်ယောက်မျှ ရှောင်ကွင်းနိုင်းစွမ်း မရှိကြချေ။ အသက်ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ ဆင်းရဲသူဖြစ်စေ၊ ချမ်းသာသူဖြစ်စေ လောကဓံတရားကို တစ်နေ့မဟုတ် တစ်နေ့ ရင်ဆိုင်ကြရပေမည်။ ဤသို့လောကဓံတရားနှင့် မလွဲမသွေ ရင်ဆိုင်ကြရသည့်အခါ စိတ်ဓာတ်ကြံ့ကြံ့ခံ နိုင်စွမ်းရှိဖို့လိုသည်။
လောကဓံ တရား ရှစ်ပါးရှိ၏။ ဤသည်တို့ကား ‘လာဘော’ ဥစ္စာပေါများ၍ တက်ကြွတုန်လှုပ်ခြင်း၊ ‘အလောဘ’ ဥစ္စာနည်းပါ၍ ညှိုးငယ်တုန်လှုပ်ခြင်း၊ ‘ယတော’ အခြံအရံများ၍ တက်ကြွတုန်လှုပ်ခြင်း၊ ‘အယတော’ အခြံအရံနည်းပါး၍ ညှိုးငယ်တုန်လှုပ်ခြင်း၊ ‘နိနံ္ဒ’ ကဲ့ရဲ့ခံရ၍ ညှိုးငယ်တုန်လှုပ်ခြင်း၊ ‘ပသံကံ’ ချီးမွမ်းခံ၍ တက်ကြွတုန်လှုပ်ခြင်း၊ ‘သုခံ’ ချမ်းသာခြင်းကိုစွဲ၍ တက်ကြွတုန်လှုပ်ခြင်း၊ ‘ဒုက္ခံ’ ဆင်းရဲခြင်းကိုစွဲ၍ ညှိုးငယ်တုန်လှုပ်ခြင်းတို့ပင်ဖြစ်သည်။ ဤလောကဓံတရားကို ကြံ့ကြံ့ခံနိုင်စွမ်းရှိမှ လူဟု ရှင်တော်ဗုဒ္ဓက ဟောကြားတော်မူခဲ့လေသည်။
တရံရောအခါက ဘုရင်ကြီးတစ်ပါးသည် ထိုလောကဓံတရားနှိပ်စက်၍ မအိပ်နိုင်၊ မစားနိုင်ဘဲရှိသည်။ ထိုအခါ ဘုရင်ကြီးက အမတ်ပညာရှိတို့အား မိမိအားကိုးပြုစရာ ဆောင်ပုဒ်တစ်ခုရေးသားပြုစုပေးရန် တောင်းဆိုလေသည်။ ဆောင်ပုဒ်သည်ကား လက်စွပ်တစ်ကွင်းပေါ်မှာ ရေးထွင်း၍ရလောက်အောင်လည်း တိုရမည်၊ အောင်မြင်စဉ်မှာရော နိမ့်ပါးစဉ်မှာပါ သုံးစွဲနိုင်တာမျိုးလည်းဖြစ်ရမည်ဟု သူကဆိုသည်။ မှူးမတ်တွေဆောင်ပုဒ်အမျိုးမျိုး တင်လျှောက်ကြသည်။ ရှင်ဘုရင်က လက်မခံ။ အားလုံးကိုပယ်ချသည်။ နောက်ဆုံး သမီးတော်က သူမရွေးချယ်ထားသည့်ဆောင်ပုဒ်ကို မြလက်စွပ်တစ်ကွင်းပေါ်တွင် ရေးထွင်းပြီး ဆက်သတော့မှ ရှင်ဘုရင် နှစ်သက်သဘောကျသွားသည်ဟု ဆိုသည်။ ထိုဆောင်ပုဒ်သည်ကား ‘ဒါလည်း ပြီးသွားမှာပါ’ ဟူ၍ ဖြစ်သည်။ အင်္ဂလိပ်လိုတော့ This, too, will pass ဟူ၍ ဖြစ်သည်။

Friday, July 06, 2012

အလုပ်အကိုင်ရှာဖွေနေသူများအတွက် (၂) လသင်တန်းများ

ဟိုတယ်ကြီးများ ၊စားသောက်ဆိုင်ကြီးများ ၊သဘောင်္လိုင်း၊
လေကြောင်းများနှင့်အရောင်းဆိုင်
များ
တွင်အလုပ်အကိုင်ရရှိနိုင်သည့်ြ
မန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း
(ရန်ကုန်ဇုန်) မှ အသိအမှတ်ပြု Certificate   ချီးမြှင့်သည့်
(၁) ဟိုတယ်စားဖိုမှူးသင်တန်း    (၂)နိုင်ငံတကာမုန့်ဖုတ်သင်တန်း  (၃)
ဟိုတယ်စားပွဲထိုးသင်တန်း
(၄)   ဟိုတယ်ဧည့်ကြိုနှင့်လေယာဉ်မယ်     (၅)    ဟိုတယ်အိပ်ခန်းဆောင်ထိန်း
 (၆)ဘားဝန်ထမ်း
(၇)အရောင်းနှင့် စာရင်းကိုင်သင်တန်း
အထက်ပါသင်တန်းတစ်ခုတက်လျှင် အင်္ဂလိပ်ဘာသာစကား၊ ကွန်ပျူတာနှင့်
အင်တာနက်အခမဲ့ အတတ်သင်ပေးသည်။ ယူနီဖောင်းတစ်စုံပေးသည်။ ရန်ကုန်မြို့ရှိ
ဟိုတယ်ကြီးများနှင့်  စားသောက်ဆိုင်များသို့ လေ့လာရေး
ခရီးပို့ဆောင်ပေးသည်။ ဟိုတယ်ကြီးများမှ HR များနှင် ဆက်သွယ်ထားရှိပြီး
အလုပ်အကိုင် ရရှိနိုင်ရေး ကူညီဆောင်ရွက်ပေးသည်။

DIPLOMA IN HOTEL MANAGEMENT(CTH)

CTHသည် အင်္ဂလန်နိုင်ငံအစိုးရအသိအမှတ်ပြု အောင်လက်မှတ်
ထုတ်ပေးသည့်အဖွဲ့အစည်း Confederation of Tourism and Hospitality
ဖြစ်သည်။ ဘာသာရပ် (Module) ၁၀-ခု သင်ကြားသည်။ တစ်နှစ်လျှင် ဇန်န၀ါရီ၊ဇွန်
 နှင့် စက်တင်ဘာလတွင် စာမေးပွဲ (၃) ကြိမ်ရှိသည်။
မိမိပိုင်နိုင်ရာဘာသာရပ်ကို ဖြေဆိုနိုင်သည်။ဘာသာရပ်(၁၀) ခုပြီးစီးပါက
Diploma in Hotel Management ကို အင်္ဂလန်နိုင်ငံမှ ချီးမြှင့်သည်။

အင်္ဂလိပ်ဘာသာစကားနှင့်  I.C.T ကျွမ်းကျင်သင်တန်းများ

အင်္ဂလိပ်ဘာသာစကား နှင့် I.C.T ကို ကျွမ်းကျင်စွာတတ်မြောက်လိုသူမျာ
း၊
အလုပ်အကိုင် အင်တာဗျူး ၀င်လို သူများအတွက်
ဖွင့်လှစ်ထားသောသင်တန်းများဖြစ်
သည်။

0973050603 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါ
သည်။
Source: http://www.komoethee.blogspot.sg/
Posted by ဂျစ်တီး

ဓမ္မစေတီ ခေါင်းလောင်းတော်ကြီး



 ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်နှင့် သမိုင်းတန်ဖိုးအလွန်ကြီးမားလှသောဓမ္မစေတီ ခေါင်းလောင်း တော်ကြီးကို စင်္ကာပူနိုင်ငံမှ S.D markInternational LLP ကုမ္ပဏီတစ်ခုမှ အမေရိကန် ဒေါ်လာငွေ(၁၀)သန်း အကုန်အကျခံကာရှာဖွေဆယ်ယူပေးရန်  စီစဉ်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ခေါင်းလောင်းကြီးမှာ ရန်ကုန်မြစ်နှင့်ပဲခူးတို့ဆုံရာပန်းအလွဲမြစ်အတွင်း နှစ်ပေါင်း(၄၀၀)ခန့် နစ်မြှုပ်ပျောက်ကွယ်နေ ခဲ့ခြင်းဖြစ်သည်။

ခေါင်းလောင်းကြီးမှာ အရွယ်အစားအားဖြင့် စောက်(၁၂)တောင်၊အ၀(၈)တောင်ရှိပြီး အလယ်ဖောင်းရစ်ရစ်တွင်   နှစ်ကျိပ်ရှစ်ဆူ ပါသောဖောင်းကြွဘုရား(၂၈)ဆူပါပြီး ၄င်း၏အပေါ်ဖက်တွင် အတွဲတစ်တွဲလျှင် ကျောက်သံပတ္တမြား(၄၅)လုံးပါရှိ ရှိသော အတွဲ(၄၅)တွဲ၊ အတန်း(၂)တန်းပါရှိသဖြင့်စုစုပေါင်းကျောက်သံပတ္တမြားပေါင်း (၄၀၅၀)လုံးပါရှိကြောင်းသမိုင်းအထောက်အထားများတွင် ဖတ်ရှုလေ့လာခဲ့ရသည်။

ဓမ္မစေတီခေါင်းလောင်းတော်ကြီး၏ ရာဇ၀င်သမိုင်းကြောင်းကိုပြန်လည်လေ့လာကြည့်ရာ၌ မြန်မာ့သမိုင်းတွင် မွန်တို့၏ မဂဒူမင်းဆက်(၁၆)ဆက်မြောက်မွန်ဘုရင်စမ္မစေတီမင်းသည် ဟံသာဝတီ(ယခုပဲခူး)မှအုပ်စိုးပြီး ၁၄၈၀ ခုတွင် အမတ်ကြီး ဗညားအိန်အားခေါင်းလောင်းအဖြစ်သွန်းစေခဲ့ရာ ပဲခူးရွှေမော်စောဘုရား ရာဟုထောင့် အနောက်ဖက် မြေကွက်လပ်၌၁၄၈၄ ခုဖေဖော်ဝါရီ(၅)ရက်၊ ခရစ်နှစ်(၁၄၇၆)ခုနှစ် တပေါင်းလဆန်း(၈)ရက်နေ့တွင်  ပွဲသဘင်ကျင်းပ၍  သွန်းလောင်းခဲ့ကြောင်းသိရှိရသည်။

Wednesday, July 04, 2012

ပြုတ်သောက်၍မရသော ပုပ္ပားနှင့် ကင်စား၍မရသော ငပလီ


ကျွန်တော် ကချင်ပြည်နယ် မိုးညှင်းမြို့သို့ရောက်ရှိစဉ်က ကချင်တိုင်းရင်းသူကလေးတစ်ဦးနှင့် စကားစမြည်ပြောဆိုခွင့်ရခဲ့ရာ ထိုတိုင်းရင်းသူကလေးမှာ ဂျပန်အတွေ့အကြုံ အနည်းငယ်ရှိသော တိုင်းရင်းသူကလေးဖြစ်ကြောင်း သိခွင့်ရလိုက်ပါသည်။ ထိုစဉ်က ဂျပန်-မြန်မာ ရင်းနှီးချစ်ကြည်ရေးအတွက် မြန်မာကျောင်းသူ ကျောင်းသားကလေးများကို ဂျပန်သို့ခေါ်ဆောင်ကာ ဟိုအိမ်သည်အိမ်များသို့ တစ်အိမ်တစ်ယောက်ကျ ပို့ဆောင်ပေးသည့် အစီအစဉ်ဖြင့် ထိုတိုင်းရင်းသူကလေး ပါဝင်သွားခဲ့ရာ ဂျပန်မိသားစုများနှင့်အတူ ရောနှောနေထိုင်ရသဖြင့် ချစ်ကြည်မူရင်းနှီးမူများအပြင် ဂျပန်လိုအနည်းငယ်တီးမိခေါက်မိရှိအောင် လုပ်ဆောင်သော အစီအစဉ်ဟု နားလည်ရပါသည်။ ထိုအစီအစဉ်သည် ကာလနှင့်ချီကာ အချိန်ကြာသောအစီအစဉ်လည်း ဖြစ်ပါသည်။
သို့ဖြင့်၍ မြန်မာကျောင်းသူကျောင်းသားကလေးတို့ သက်ဆိုင်ရာဂျပန်အိမ်ကလေးများ၌ တော်တော်လေးနေသားကျသွားသည့်တစ်နေ့တွင် ကျွန်တော့်တိုင်းရင်းသားကလေးက သူနေထိုင်ရာ အိမ်ကလေး၏ ရှေ့မြေကွက်တွင် စိုက်ထားသည့် နှင်းဆီပင်မှ နှင်းဆီပွင့်ကလေးကို သဘောကျသွားကာ ဆိုးခနဲ့ဆက်ခနဲ့ဆို ခူးယူလိုက်ပါသည်။
ဤတွင် ဂျပန်ဇနီးမောင်နှံက လှမ်းတွေ့ကာ မျက်နှာအနည်းငယ်ပျက်သွားပြီး ဘာကြောင့် ခူးသလဲမေးပါသည်။ တိုင်းရင်းသူကလေးကလည်း မြတ်နိုးလို့ဟု ဖြေပါသည်။ ထိုအခါ ဂျပန်ဇနီးမောင်နှံက မြတ်နိုးရင် မခူးရဘူးလေတဲ့။
ထို့နေ့က တိုင်းရင်းသူကလေး ကျွန်တော်ကိုပြောပြနေပုံက ဂျပန်တို့၏ စိတ်ကို အတုယူခြင်းဖြင့် ပြန်လည်သုံးသပ်ကာ မိမိကိုယ်မိမိ ဝေဖန်ရေးလုပ်နေပုံမျိုးဖြစ်ပါသည်။ သူတို့ပြောသလို ကျွန်မတို့မှာ မြတ်နိုးတတ်တဲ့စိတ်ကလေးတွေများ အားနည်းနေသလား ဆရာ...တဲ့။
အော်...မြတ်နိုးတတ်တဲ့စိတ်

Monday, July 02, 2012

The Key to Excellent English Speaking

အရေးအကြီးဆုံးသော English ကျွမ်းကျင်မှုက ဘာပါလဲ။ ပြေပြေပြစ်ပြစ် English လို (ပြောဆို) ဆက်ဆံဖို့ ဘယ်လိုကျွမ်းကျင်မှုရှိရမှာပါလဲ။
အထင်အရှားဆုံ နံပတ် (၁) တော့ fluencyပါ။ fluencyဆိုတာကရော ဘာပါလဲ။ fluencyဆိုတာ  ဘာသာပြန်မှုမပြုပဲ လွယ်ကူ မြန်ဆန်စွာ အင်္ဂလိပ်လို နားလည် ပြောဆိုနိုင်တဲ့ စွမ်းရည် ဖြစ်ပါတယ်။ fluencyဆိုတာ ဒေသခံ အင်္ဂလိပ်လူမျိုးတွေနဲ့ သက်တောင့်သက်သာ စကားပြောနိုင်တဲ့ စွမ်းရည်လို့ ဆိုလိုပါတယ်။ သူတို့ သင်ပြေတာကို လွယ်လင့်တကူ နားလည် သင်က သူတို့ပြောတာကို လွယ်လင့်တကူနဲ့ နားလည်နိုင်ရမယ်ပေါ့။ တကယ်ပြောရရင် သင်ဟာ ချက်ချင်း နားလည်နိုင် ပြန်ပြောနိုင်ရပါမယ်။ fluencyဆိုတာ English စာသင်ကြားခြင်းရဲ့ အရေးအကြီးဆုံးသော ပန်းတိုင်ပါ။
သုတေသီတွေရဲ့ အလိုကတော့ ရှင်းပါတယ်။ fluencyကိုရဖို့ တနည်းပဲ ရှိပါတယ်။ ပြဋ္ဌာန်းစာအုပ်တွေကို ဖတ်လို့ fluencyကို မရနိုင်ပါဘူး။ English ကျောင်းတွေမှာ တက်လို့လဲ fluencyကို မရနိုင်ပါဘူး။ Grammar စည်းကမ်းတွေကို သင်ယူလို့လဲ fluencyကို မရနိုင်ပါဘူး။
နားထောင်ခြင်းသည် သော့ချက်
fluencyကို ရဖို့ ကျွန်တော်တို့တွေ နားလည်ပြီး ပြန်လည် ရွတ်ဆိုနိုင်တဲ့ ( English စကားသံတွေကို) နားထောင်မှု အများကြီး လိုပါတယ်။ ဒါဟာ တခုတည်းသော နည်းလမ်းပါ။ English စကားပြော ကောင်းသူ တယောက်ဖြစ်ဖို့ နားနဲ့ ကျွန်တော်တို့ သင်ယူရမှာပါ။ မျက်စိနဲ့ သင်ယူရမှာ မဟုတ်ပါဘူး။ တနည်းအားဖြင့် ကျွန်တော်တို့ ( English စကားသံတွေကို) နားထောင်ရပါမယ်။ ကျွန်တော်တို့ရဲ့ နားတွေဟာ English စကားပြော ကောင်းသူ ဖြစ်ဖို့ သော့ချက်တွေ ဖြစ်ပါတယ်။
ဘယ်လို ( English စကားတွေကို) နားထောင်ခြင်းက အကောင်းဆုံးပါလဲ။ ကောင်းပါပြီ၊ ကျွန်တော်တို့ နားထောင်တဲ့ English ဟာ ကျွန်တော်တို့ နားလည်ရပါမယ်။ လိုက် ပြောနိုင်ရပါမယ်။ ဒီနှစ်ခုက အင်မတန် အရေးကြီးပါတယ်− နားလည်ရပါမယ် ပြီးတော့ လိုက်ပြောနိုင်ရပါမယ်။