Tuesday, May 31, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၁၄)

V-ing
ခုထိတော့ လေ့လာခဲ့တဲ့ V တွေက Subject နဲ့တွဲပြီး ၀ါကျထဲမှာ သုံးနိုင်တဲ့ V တွေချည်းဖြစ်တယ်။ သူတို့ကို Finite verbs လို့ခ်ါတယ်။ ၀ါကျထဲမှာ Subject နဲ့တွဲပြီး မသုံးနိုင်တဲ့ အခြား V ပုံစံတွေရှိသေးတယ်။ Non-finite- verbs လို့ခေါ်တယ်။ ဒီအထဲမှာ တခုအပါအ၀င်ဖြစ်တဲ့ V မှာ ing ထည့်ထားတဲ့ ပုံစံကို လေ့လာကြရအောင်။ ( တကယ်တော့  V ကို ing ထည့်တာကို N သဖွယ်သုံးရင် Gerund ခေါ်ပြီး၊ ကြိယာတစ်ပိုင်းဖြစ်နေတာကို Participle လို့ခေါ်ကြတယ်။ ဒီမှာတော့လွယ်အောင် V- ing လို့ခေါ်သွားမယ်။)

1. As NounV-ing ကို N လိုသုံးနိုင်ပါတယ်။ Nဆိုတာ Subject နေရာ၊ Object နေရာမှာရှိတဲ့ စကားလုံးကိုခေါ်တာပေါ့။ ဒီတော့ V-ing ကို Subject နေရာ၊ Object နေရာမှာ သုံးနိုင်တယ်လို့ပြောတာပါပဲ။ Object ဆိုရာမှာ V ရဲ့နောက်က လာတာရှိတယ်။ Preposition နောက်ကလာတာရှိတယ်။