ဟိုတလောက Dependent's Pass နဲ့ပတ်သက်လို့ Post တစ်ခုတင်ခဲ့ပါတယ်။ MoM ရဲ့  Laws ပြောင်းသွားပြန်တဲ့ အတွက် EP (သို့) S-Pass Holder တစ်ယောက်ဟာ အနည်းဆုံး လစာ $4000 ရမှ သူ့ရဲ့  မိသားစု ကို စင်္ကာပူသို့ အတူနေဖို့ ခေါ်လို့ ရပါတော့မယ်။ ဒါဟာ စက်တင်ဘာ (၁)ရက်နေ့ ကစပြီး အသက်ဝင်တော့မှာ ဖြစ်ပါတယ်။ စက်တင်ဘာ (၁)ရက်နေ့မတိုင်မီတော့ New Application တွေကို $2800 နဲ့ Approve လုပ်ပေးနေဦးမှာ ဖြစ်တယ်လို့တော့ MoM Website မှာဖော်ပြထားပါတယ်။ ဆိုတော့ လက်ရှိမှာ လစာ အနည်းဆုံး $2800 ရနေတဲ့ သူတွေအနေနဲ့ မိသားစုကို ခေါ်ထားချင်တယ်ဆိုရင် စက်တင်ဘာ (၁) ရက်နေ့မတိုင်မီမှာ အမြန်လျှောက်ရမှာ ဖြစ်ပါတယ်။ ဒီမှာ သွားကြည့်နိုင်ပါတယ်။
ဒီနေရာမှာ မရှင်းတာလေးတွေရှိလာပါတယ်။ လက်ရှိ DP နဲ့နေ နေတဲ့သူတွေကို ဒီ ဥပဒေ အသစ်က ဘယ်လို Effect တွေသက်ရောက်မလဲ ဆိုတာနဲ့ အခြားဟာလေးတွေပေါ့။ MoM Website ရဲ့  FAQs မှာ PDF ဖိုင်လေးနဲ့ သိထားသင့်တဲ့ အချက်အလက် အတော်များများကို အမေးအဖြေ ပြုလုပ်ပေးထားပါတယ်။ ဒီမှာ ဖတ်ကြည့်နိုင်ပါတယ်။
နားလည်သလောက်ဆိုရင်တော့ အခုလို သူတို့လုပ်တာက Non-resident population ကို လျှော့ချ ချင်တာက အဓိက အချက်ပဲ ဖြစ်ပါတယ်။
FAQs မှာဖတ်ကြည့် ရသလောက် လက်ရှိ DP နဲ့ နေ နေတဲ့ သူတွေနဲ့ စက်တင်ဘာ (၁)ရက်နေ့ မတိုင်မီ Approved ဖြစ်ထားတဲ့ သူတွေ အတွက် ဒီဥပဒေ အသစ်က အကျိုးသက်ရောက် မှုရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် Main Pass Holder အနေနဲ့ လက်ရှိ Employer အောက်မှာပဲ ဆက်ပြီး အလုပ်လုပ်နေ ရမှာ ဖြစ်ပါတယ်။ Employer change သွားတာနဲ့ ဒီဥပဒေ အသစ်က အကျုံးဝင်သွားပါပြီ။
FAQs မှာ ဒီလိုဖော်ပြထားသော်လည်း ကျွန်တော့် အနေနဲ့ ပိုပြီး ရှင်းရှင်း လင်းလင်း သိချင်တဲ့ အတွက် MoM ကို Mail ပို့ပြီး သေချာအောင်ထပ် မေးလိုက်ပါတယ်။
၁) မိသားစု အနေနဲ့ DP ရထားပြီးဖြစ်တယ်
၂) လက်ရှိ ကျွန်တော့် အနေနဲ့ လစာ $4000 လဲမရသေးဘူး
၃) စက်တင်ဘာ (၁) ရက်နေ့ နောက်ပိုင်းမှာ Pass ကို Renew လုပ်ရတော့မယ်
၎) ကိုယ်ကတော့ လက်ရှိ အလုပ်ကို သက်တမ်းတိုးတာ ဆိုတော့ အများအားဖြင့် Approved ဖြစ်မယ်လို့ ယူဆတယ်။ ကိုယ်တိုးပြီဆိုတာနဲ့ မိသားစု အတွက် တိုးရတော့မယ်။ ဒါဆို ဒီဥပဒေ အသစ်နဲ့ ငြိပြီး Rejected များဖြစ်နိုင်မလားဆိုပြီး မေးလိုက်ပါတယ်။
မနေ့က MoM ကနေ ကျွန်တော့ဆီကို ဖုန်းဆက်ပြီးဖြေပါတယ်။ ဒီဥပဒေ အသစ်က ကျွန်တော့်လို အခြေအနေ အတွက် Affected မဖြစ်ပါဘူး၊ ကျွန်တော် သက်တမ်းတိုးလို့ Approved ဖြစ်ရင် ကျန်တဲ့ ကျွန်တော့် မိသားစု အတွက်လဲ Approved ဖြစ်ပါလိမ့်မယ်ဆိုပြီးဖြေပါတယ်။ ဒါဟာ New Application အတွက် သက်သက်ပဲ သက်ရောက်ပါလိမ့်မယ် ဆိုပြီး ဖြေပါတယ်။
ကျွန်တော်သိတာလေးကို ကျွန်တော့်လို သိချင်တဲ့သူတွေ ရှိရင် သိရအောင် ပြန် လည်ဖော်ပြ လိုက်တာပါ။
Posted by ဂျစ်တီး
Showing posts with label သတင်းများ. Show all posts
Showing posts with label သတင်းများ. Show all posts
Saturday, July 14, 2012
Wednesday, July 11, 2012
Dictionary ကို Gtalk မှာ Add ပြန်လုပ်လို့ ရနေပါပြီ
နောက်ဆုံးထွက် Google talk English-Myanmar Dictionary အကောင့်
Google Account ရှိရုံဖြင့် မိမိသိလိုသော အင်္ဂလိပ်စာကားလုံး ၏ အဓိပ္ပါယ်ကို လွယ်ကူစွာ မြန်မာဘာသာသို့ ပြန်ဆိုပေးနိုင်သော အကောင့်ဖြစ်ပါတယ်။ နောက်ဆုံး Update အကောင့်ဖြစ်တဲ့ en2my@burmesecloud.net ကို မိမိ Google Talk Account မှာ Add ပီးတော့ အသုံးပြုနိုင်ပါတယ်။
အသုံးပြုပုံမှာ en2my@burmesecloud.net အကောင့်ကို မိမိ၏ Gtalk အကောင့်တွင် ပုံမှန်အကောင့်တစ်ခု Add သည့်အတိုင်း ပြုလုပ်ပေးရပါမယ်။ ထို့နောက် ၄င်း အကောင့် အွန်လိုင်းသို့ ရောက်ရှိလာပါက အထက်ပါပုံတွင်ပြထားသည့်အတို င်း
မိမိသိလို့သည့် အင်္ဂလိပ် meaning ကို ရိုက်ထည့်ပေးလိုက်လျှင်
မြန်မာဘာသာသို့ Auto Reply ပြန်ပို့ပေးမှာဖြစ်ပါတယ်။ ယခင်
en2mm@mmgeeks.org အကောင့်များအသုံးပြုရန် အဆင်မပြေသူများလည်း ယခု
en2my@burmesecloud.net ကို Add ပြီး အဆင်ပြေစွာ အသုံးပြုနိုင်ပါတယ်။
Source: International Social Network Myanmar
Posted by ဂျစ်တီး
Google Account ရှိရုံဖြင့် မိမိသိလိုသော အင်္ဂလိပ်စာကားလုံး ၏ အဓိပ္ပါယ်ကို လွယ်ကူစွာ မြန်မာဘာသာသို့ ပြန်ဆိုပေးနိုင်သော အကောင့်ဖြစ်ပါတယ်။ နောက်ဆုံး Update အကောင့်ဖြစ်တဲ့ en2my@burmesecloud.net ကို မိမိ Google Talk Account မှာ Add ပီးတော့ အသုံးပြုနိုင်ပါတယ်။
အသုံးပြုပုံမှာ en2my@burmesecloud.net အကောင့်ကို မိမိ၏ Gtalk အကောင့်တွင် ပုံမှန်အကောင့်တစ်ခု Add သည့်အတိုင်း ပြုလုပ်ပေးရပါမယ်။ ထို့နောက် ၄င်း အကောင့် အွန်လိုင်းသို့ ရောက်ရှိလာပါက အထက်ပါပုံတွင်ပြထားသည့်အတို
Source: International Social Network Myanmar
Posted by ဂျစ်တီး
မြန်မာပြည်က Mobile Ph ကို message ပို့မယ်
မိမိတို့၏ Andriod (or) IOS ဖုန်းများတွင် အင်တာနက်တပ်ဆင်ထားရုံမျှဖြင့်
မြန်မာနိုင်ငံရှိ လက်ကိုင်ဖုန်းများသို့ message ပို့နိုင်သော application
တစ်ခုအား Google play store တွင် ရှာဖွေပြီး install ပြုလုပ်နိုင်ပါသည်။
၁။ google play store တွင် txtmyanmar ဟု ရိုက်ပြီး ရှာဖွေပါ။
၂။ Install လုပ်ပါ။
၃။ ထို application အား open ပြီး register ပြုလုပ်ပါ။
Register ပြုလုပ်ပြီးအချိန်မှစ၍ မြန်မာလက်ကိုင်ဖုန်းများသို့ free message ပို့ခွင့် တစ်ပါတ် ရရှိပါမည်။
၎။ထို့နောက် facebook စာမျက်နှာပေါ်ရှိ txtmyanmar ၏ official page ( http://www.facebook.com/Txtmyanmar?ref=ts ) သို့ သွား၍ like ပြုလုပ်ပါ။
၅။ like ပြုလုပ်ပြီး page ၏ cover photo တွင်ပြထားသော ပုံအတိုင်း message ပို့ပါ။
message confirm ဖြစ်ပါက free message တစ်လ ထပ်မံရရှိပါမည်။
နောက်ပိုင်းဆက်လက်အသုံးပြုလိုလျှင် တစ်ပါတ်ကို ၃ဒေါ်လာ ဖြင့်ဝယ်ယူသုံးစွဲနိုင်ပါသည်။
(မှတ်ချက်။ ။ မြန်မာပြည်မှ message လက်ခံမည့် ဖုန်းမှာ အင်တာနက် (လုံးဝ) တပ်ဆင်ထားစရာမလိုပါ။)
ဆက်လက်ပြီးသိရှိရသည်မှာ ထိုရောက်ရှိလာသော message အား မြန်မာပြည်မှ reply ပြုလုပ်ပြီး ပြန်ပို့ပါကလည်း ပြည်တွင်း mobile phone အချင်းချင်း message ပို့ခ 25ကျပ်သာ ဖြတ်ကြောင်း သတင်းကောင်း ပါးလိုက်ရပါသည်။
From Ko Htun
Source:International Social Network Myanmar

Tuesday, July 10, 2012
Monday, July 09, 2012
ငွေလွှဲမယ်ဆိုရင်
ငွေပေါက်ဈေးကို အဲမှာ သွားကြည့်ကြပါ
http://www.cbbankmm.com/index.php?l=m
Source: ကိုအောင် FB
Posted by ဂျစ်တီး
Monday, June 25, 2012
စင်္ကာပူလုပ်ငန်းရှင်တစ်ဦးဆိုက်ရောက်ဗီဇာ ငြင်းပယ်ခံရ
( အမှန်တော့ ကိုယ့်လူတွေ လုပ်တာ မရှင်း မရှင်း နိုင်ပေမယ်လို့ ဒီလိုသတင်းမျိုး ရှားရှားပါးပါး ဖတ်ရတာ အရသာ ရှိလွန်းလို့ မျှဝေလိုက်ပါတယ်။ မကြာခင် ကိုယ့်အလှည့် ရောက်တော့မယ် ထင်ပါရဲ့ )
အာဆီယံနိုင်ငံများနှင့်ဥရောပနိုင်ငံများအပါအ၀င်
နိုင်ငံပေါင်း၂၇ နိုင်ငံကိုဇွန်လ၁ ရက်မှစပြီး ရာနှုန်းပြည့်ဆိုက်ရောက်ဗီဇာ
ခွင့်ပြုမည်ဟု တရားဝင်ထုတ်ပြန် ခဲ့သော်လည်းယခုလ၂၀ ရက်နေ့က
စကာင်္ပူနိုင်ငံသားစီးပွားရေးလုပ်ငန်းရှင် တစ်ဦးကိုစာရွက်စာတမ်းမပြည့်
စုံမှုဖြင့် ဆိုက်ရောက်ဗီဇာထုတ်ပေးရန် ငြင်းဆိုခဲ့သဖြင
ယင်းနေ့တွင်ပင်မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာခဲ့ရ ကြောင်း
၎င်းနှင့်ရင်းနှီးသူ မြန်မာဧည့်လမ်းညွှန် ကTheVoice Weekly သို့ထုတ်ဖော်
ပြောကြားသည်။
အဆိုပါ စီးပွားရေးလုပ်ငန်းရှင်ကဲ့သို့
ရန်ကုန်လေဆိပ်မှ ပြန်လည်ထွက်ခွာရသူ နိုင်ငံခြားသားများလည်းရှိကြောင်း
ဧည့်လမ်းညွှန်များထံက စုံစမ်းသိရသည်။
"နှစ်ရက်လောက်ပဲ ရှိ
ဦးမယ်၊ကျွန်တော့်မိတ်ဆွေ လုပ်ငန်းဆိုက်ရောက် ဗီဇာလုပ်ဖို့စကာင်္ပူကနေ
လာတာ၊ဒီရောက်တော့အထောက်အထား မပြည့်စုံလို့ပြန်လွှတ်ခံရတယ်၊သူကပြောတယ်
ဒါဟာတကယ့်ဆိုက်ရောက်ဗီဇာ အစစ်မဟုတ်ဘူးလို့၊လ၀က ကသူဆီက
ဒီကိုဝင်ဖို့လျှောက်တဲ့အခါမှာ လုပ်ငန်းအတွက်လာ ကြောင်း ၊ဖိတ်ကြားတဲ့ကုမ္ပဏီက
ထောက်ခံတဲ့ ဖိတ်တဲ့ စာ ပါမပါမေးတဲ့အကြောင်းမေးတော့ သူက
ဆိုက်ရောက်ဗီဇာဆိုတာ ဒီရောက်မှ လုပ်ရတာ မဟုတ်လားလို့ဆိုတော့ကြိုတင်
အထောက်အထားပြ တင်ပေးရမယ်အဲဒီအခါမှ ခွင့်ပြုမယ်လို့ပြောတယ်”ဟု၎င်းက
မိတ်ဆွေနိုင်ငြံ ခားသား ကြုံခဲ့ရသည်ကိုရှင်းလင်းပြောကြားသည်။
ယင်းသို့ဆိုက်ရောက်ဗီဇာ ခွင့်ပြုသည်ဟု
ပြောသော်လည်းလက်တွေ့တွင်ယခင်ခွင့်ပြုသည် ကြိုတင်ဆိုက်ရောက်ဗီဇာစနစ်
အတိုင်းသာ ဧည့်သည်များအားလုပ်ဆောင်စေပြီးမ
ဝင်ခွင့်ပြုသဖြင့်ယခုရာနှုန်းပြည့်ဗီဇာဟု ဆိုခြင်းမှာ များစွာ
ကွဲလွဲလျှက်ရှိကြောင်း၎င်း ကသုံးသပ်ပြသည်။
ယင်းသို့ပြန်လည်ခွင့်ပြုခဲ့သော ဆိုက်ရောက်ဗီဇာမ
ျားမှာလုပ်ငန်းဆိုက်ရောက်ဗီဇာ၊ပြည်ဝင်ဆိုက်ရော က်ဗီဇာ နှင့်ဖြတ်သန်းခွင့်
ဆိုက်ရောက်ဗီဇာ များဖြစ်ပြီး၎င်းဗီဇာများအတွက်လူတစ်ဦးလျှင်
အချိန်တစ်မိနစ်အတွင်း ထုတ်ပေးသွားမည့်အပြင် လေဆိပ်တွင်လည်းကောင်တာငါးခုဖြင
့်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလ. ၀.ကညွှန်ကြားရေးမှုးချုပ် ဦးမောင်မောင်သန်းက
မေလ၂၈ ရက်နေ့ကမီဒီယာများတွင်ေ ပြာကြားခဲ့သည်။
မြန်မာနိုင်ငံတွင်ဆိုက်ရောက်ဗီဇာ ထုတ်ပေးခြင်းကို
မေလတွင်စတင်ခွင့်ပြုခဲ့သော်လည်း စက်တင်ဘာလတွင်ပင်ပြန်လည်ရပ်နားခဲ့ပြီး
ယင်းအချိန်မှစပြီးနိုင်ငံခြားသားများအားကြိုတင် ဆိုက်ရောက်ဗီဇာ
စနစ်ဖြင့်သာ ၀င်ရောက်ခွင့် ပြုခဲ့သည်။
Posted by ဂျစ်တီး
Source: News of Myanmar
Friday, June 22, 2012
ပြည်တွင်းကုမ္ပဏီအချို့မှ ဝန်ထမ်းလစာပေးခြင်းကို ATM ကတ်ဖြင့် အသုံးပြုလာကြ
ပြည်တွင်းပုဂ္ဂလိက
ကုမ္ပဏီအချို့မှ ၎င်းတို့၏ ဝန်ထမ်းများ လစာပေးခြင်းကို ATM ကတ်ဖြင့်
ပြုလုပ်လာကြောင်း လက်ရှိ အဆိုပါ စနစ်ဖြင့် ဝန်ဆောင်မှုပေးနေသော CB ဘဏ်မှ
မန်နေဂျာဒေါ်စန္ဒာထွန်းက ပြောကြားသည်။ ‘အခုလက်ရှိက ပြည်တွင်းကုမ္ပဏီ ကိုးခုနဲ့
CB ဘဏ်နဲ့ချိတ်ပြီး သူတို့ရဲ့ ဝန်ထမ်းတွေကို ATM ကတ်နဲ့ လစာပေးတာ
လုပ်နေပါတယ်။ လကုန်ရင် ကုမ္ပဏီဘက်က ဝန်ထမ်းအမည်၊ ကုတ်နံပါတ်၊ ရရှိလစာ
စတာတွေကို အွန်လိုင်းကနေ ပို့ပေးရတယ်။ ပြီးမှ ဘဏ်ဘက်ကနေ ATM ကတ်ထဲကို
ဝန်ထမ်းရဲ့ Data တွေ ထည့်ပေးရပါတယ်။ ဝန်ထမ်းတွေကတော့ သူတို့နီးစပ်ရာ ATM
စက်တွေထဲကနေ ထုတ်ယူကြပါတယ်’ ဟု ဒေါ်စန္ဒာထွန်းက ဆိုသည်။ လက်ရှိ CB ဘဏ်ဖြင့်
ချိတ်ဆက်၍ ATM ကတ်ဖြင့် ဝန်ထမ်းလစာပေးခြင်းကို ဆောင်ရွက်နေသော
ပြည်တွင်းကုမ္ပဏီများမှာ MIT Co.Ltd, Right Lab ဓာတ်ခွဲခန်းနှင့် Computer
ဆက်စပ်ပစ္စည်းများ ထုတ်လုပ်သော ကုမ္ပဏီအချို့မှ ဆောင်ရွက်လျက်ရှိကြောင်း
ထပ်မံသိရှိရသည်။ ‘အခုပြည်တွင်းမှာ ATM ကတ် အသုံးတွင်ကျယ်ဖို့
လိုအပ်လာပါပြီ။ နောက်ပိုင်း MPO, Debit card, Credit card စတာတွေကို
တဖြည်းဖြည်း အကောင်အထည် ဖော်သွားရမှာပေါ့။ ငွေစက္ကူ အထပ်လိုက်ကိုင်ပြီး
အသုံးပြုတာထက် နိုင်ငံတကာလို ကတ်စနစ် အသုံးပြုနိုင်တာ ပိုကောင်းပါတယ်’ ဟု
ပြည်တွင်း သဘောင်္သား ကုမ္ပဏီတစ်ခုမှ ဝန်ထမ်းတစ်ဦးက ပြောကြားခဲ့သည်။
ပြည်တွင်း ပုဂ္ဂလိက ဘဏ်များတွင် ATM ကတ်စနစ် အသုံးပြုနိုင်ရန် ၂၀၁၁
ခုနှစ်အတွင်းမှ ဆောင်ရွက်ခဲ့ကြပြီး ယခုနှစ်တွင်ပို၍
အသုံးတွင်ကျယ်လာကြောင်း၊ CB ဘဏ်မှ အဆိုပါ ကတ်စနစ်ကို ၂၀၁၁ ခုနှစ်
အောက်တိုဘာလအတွင်းမှ ဆောင်ရွက်ခဲ့ပြီး ယခုအချိန်ထိ အဆိုပါကတ်
အသုံးပြုသူဦးရေ ခုနစ်ထောင်ကျော်လာပြီ ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇွန်လ ၂၆
ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။
Posted by ဂျစ်တီး
Source: ခေတ်လူငယ်
Posted by ဂျစ်တီး
Source: ခေတ်လူငယ်
Thursday, June 21, 2012
တစ်ရက်ကို ၂၀၀ ကျပ်နဲ့ အင်တာနက် သုံးစွဲနိုင်မယ့် Mobile E-mail Service
Call Center မှ ၀န်ဆောင်မှု အသစ် အနေနဲ့ တစ်ရက်ကို ၂၀၀ ကျပ်နဲ့ အင်တာနက်
သုံးစွဲနိုင်မယ့် Mobile E-mail Service ၀န်ဆောင်မှုကို ဇွန်လ ၁၅ ရက်
နေ့မှာ စတင် မိတ်ဆက်ခဲ့ပြီး ယခုအခါ စတင် အသုံးပြု နိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ စနစ်မှာ အင်တာနက် လျှောက်ထား ပြီးဖြစ်တဲ့ CDMA, GSM Mobile ဖုန်းတွေသာ အသုံးပြု နိုင်မှာ ဖြစ်ပြီး အင်တာနက် အသုံးပြုခ ဖြစ်တဲ့ ၁ မိနစ်ကို ၂ ကျပ်၊ ၄ ကျပ်တို့ ပေးစရာ မလိုပဲ ရက်နဲ့သာ တွက်ပြီး ၁ ရက်ကို ၂၀၀ ကျပ်နဲ့ ၂၄ နာရီ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
အသုံးပြုလို သူတွေ အနေနဲ့ Call Center သို့ အသုံးပြု လိုကြောင်း Message ပေးပို့ ရမှာ ဖြစ်ပါတယ်။ ဒီလို ပေးပို့ရာမှာ Call Center ရဲ့ ကုတ်နံပါတ် တစ်ခုဖြစ်တဲ့ ၁၈၈၃ ကို GET MAIL ဆိုတဲ့ စကားလုံးကို အင်္ဂလိပ် အက္ခရာ စာလုံး အကြီးများ အသုံးပြုကာ သုံးစွဲမယ့် သူရဲ့ အင်တာနက် Account နဲ့ Passward ကို ပေးပို့ရမှာ ဖြစ်ပါတယ်။ အသုံးပြုခ ကိုတော့ ဖုန်းဘေလ် ထဲမှ ဖြတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ သုံးစွဲပုံ အသေးစိတ်ကို သိရှိလိုပါ ကလည်း Call Center သို့ စုံစမ်း မေးမြန်း နိုင်တယ် လို့လည်း သိရပါတယ်။
သုံးစွဲသူတွေ အနေနဲ့ ၁ ရက်ကို ၂၀၀ ကျပ်နဲ့ ၁ လစာ ၆၀၀၀ ကျပ် သတ်မှတ် ထားပြီး အသုံးမပြု လိုတဲ့ ရက်ရှိပါက Call Center သို့ ကြိုတင် အကြောင်းကြားပြီး Server ပိတ်ထားရမှာ ဖြစ်ပါတယ်။ ဒီလို အကြောင်း မကြားပါက တစ်လစာ အတွက် ကျပ် ၆၀၀၀ ကို မိမိဖုန်းဘေလ် ထဲက ဖြတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ၀န်ဆောင်မှုကို ယခုဇွန်လ ကုန်အထိ အခမဲ့ အသုံးပြုနိုင် မှာဖြစ်ပြီး အသုံးပြုခ ကောက်ခံမှု ကိုတော့ ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကာ ကောက်ခံမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
Posted by ဂျစ်တီး
Source: MEG

နိုင်ငံကူးလက်မှတ်စာအုပ်ပျောက်ဆုံးပါကပြည်ပတွင်ပျောက်ဆုံးမှုအတွက် အမေရိကန်ဒေါ်လာ ၃၀၀ နှင့် ပြည်တွင်းအတွက် ကျပ် ၄၀၀၀၀ ပေးဆောင်၍ ပြန်လည်လျှောက်ထားနိုင်
မြန်မာနိုင်ငံကူးလက်မှတ်
စာအုပ်(Passport) ပျောက်ဆုံးပါက ပြည်ပတွင် ပျောက်ဆုံးခြင်းအတွက်
ပြည်ပပျောက် ဒဏ်ကြေး အမေရိကန်ဒေါ်လာ ၃၀၀ နှင့် ပြည်တွင်းတွင်
ပျောက်ဆုံးခြင်းအတွက် ပြည်တွင်းပျောက် ဒဏ်ကြေး ကျပ် ၄၀၀၀၀ ပေးဆောင်၍
ပြန်လည် လျှောက်ထားနိုင်ကြောင်း သိရသည်။ မြန်မာနိုင်ငံကူးလက်မှတ်
ပျောက်ဆုံး၍ ပြန်လည်လျှောက်ထားရာတွင် ပြည်ပတွင် ပျောက်ဆုံးခဲ့ပါက ဒဏ်ကြေး
အမေရိကန်ဒေါ်လာ ၃၀၀ ကို မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်တွင် သွင်း၍
လျှောက်ထားနိုင်ပြီး ပြည်တွင်းတွင် ပျောက်ဆုံးခဲ့ပါက ပတ်စ်ပို့
ပျောက်ဆုံးကြောင်း သတင်းစာတွင် ကြော်ငြာပြီး တစ်လပြည့်သည့် အချိန်တွင်
ကြော်ငြာပါသည့် သတင်းစာ မူရင်းနှင့်အတူ ပြည်တွင်းပျောက် ဒဏ်ကြေးပေးဆောင်၍
ပြန်လည် လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့၏
ထုတ်ပြန်ချက်အရ သိရှိရသည်။ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရာတွင် ၂၀၁၁
ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍ ပုံမှန် မြန်မာနိုင်ငံကူးလက်မှတ်
လျှောက်ထားသူများအား တစ်လအစား ၂၁ ရက်ဖြင့် မြန်မာနိုင်ငံကူးလက်မှတ်
ထုတ်ပေးခဲ့ကြောင်းနှင့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ အလုပ်သမား
နိုင်ငံကူးလက်မှတ် သက်တမ်းအား ယခင်သုံးနှစ်မှ လေးနှစ် သတ်မှတ်ထုတ်ပေးခြင်း၊
သင်္ဘောသား နိုင်ငံကူးလက်မှတ် သက်တမ်းတိုး လျှောက်ထားမှုများအား ယခင်တစ်လမှ
နှစ်ပတ်ဖြင့် ထုတ်ပေးခြင်းနှင့် သင်္ဘောသားအသစ် နိုင်ငံကူးလက်မှတ်များအား
သာမန်နိုင်ငံကူးလက်မှတ် လျှောက်ထားသူများကဲ့သို့ ၂၁ ရက်ဖြင့် ထုတ်ပေးခြင်း၊
သင်္ဘောသား နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ ကိုယ်ရေးကိုယ်တာ ကိစ္စဖြင့်
ပြည်ပသို့ သွားရောက်ရန်ရှိပါက ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊
သင်္ဘောသား အလုပ်အကိုင်ကြီးကြပ်ရေးဌာနခွဲ၏ ခွင့်ပြုချက်ဖြင့်သာ ပြည်ပသို့
သွားရောက်ခွင့်ပြုခြင်း၊ ခွင့်ပြုကာလ ကျော်လွန်နေသူများအား Black List
စာရင်းသွင်း၍ အရေးယူရန်အတွက် သင်္ဘောသား အလုပ်အကိုင် ကြီးကြပ်ရေးဌာနမှ
ကြပ်မတ်၍ အမည်စာရင်းအား မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးဌာနနှင့်
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနသို့ တင်ပြခြင်းများကို
ဆောင်ရွက်နေကြောင်းလည်း သိရသည်။ လက်ရှိကာလတွင် နိုင်ငံကူးလက်မှတ်
လျှောက်ထားရာတွင် တစ်နိုင်ငံလုံးမှ လျှောက်ထားသူများမှာ
ရန်ကုန်တိုင်းဒေသကြီးရှိ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးသို့
လာရောက်လျှောက်ထားနေရပြီး မကြာမီလများအတွင်း အထက်မြန်မာပြည်အတွက်
မန္တလေးတိုင်း ဒေသကြီးတွင် နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ရုံးတစ်ခု
ဖွင့်လှစ်နိုင်ရန် စီစဉ်မှုများရှိနေကြောင်း သိရသည်။ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁
ရက်နေ့မှ ဧပြီလ ၃၀ ရက်အထိ နိုင်ငံကူးလက်မှတ် ထုတ်ပေးမှုမှာ အမျိုးသား
၃၄၉၄၅ ဦးနှင့် အမျိုးသမီး ၂၅၀၁၉ ဦးဖြစ်ပြီး စုစုပေါင်း ၅၉၉၆၄ ဦး
ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇွန်လ ၂၂ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင်
ဖော်ပြထားပါသည်။
Posted by ဂျစ်တီး
Source: ခေတ်လူငယ်
Posted by ဂျစ်တီး
Source: ခေတ်လူငယ်
Monday, June 18, 2012
Call Center မှ ဝန်ဆောင်မှုအသစ်နှင့် ဖုန်းလိုင်းအသစ်တစ်ခု ထပ်မံတိုးလာ
ပြည်တွင်းရှိ
Call Center သည် လက်ရှိဆောင်ရွက်ပေးနေသော ဝန်ဆောင်မှုများအပြင်
နောက်ထပ်ဝန်ဆောင်မှု အသစ်များကို ဇွန်လအတွင်း ထပ်မံတိုးချဲ့လိုက်ပြီး
ဆက်သွယ်ရန် ဖုန်းနံပါတ်အသစ် တစ်ခုလည်း တိုးလာကြောင်း သတင်းရရှိသည်။ ယခင်က
ဆက်သွယ်ရန် ဖုန်းနံပါတ်မှာ ၁၈၇၆ တစ်ခုတည်းဖြစ်ပြီး အသစ်တိုးလာသော
ဖုန်းနံပါတ်မှာ ၁၈၇၅ ဖြစ်ကြောင်း သိရသည်။ ယင်းနံပါတ်အသစ်သို့
ဆက်သွယ်မေးမြန်းနိုင်မည့် ဝန်ဆောင်မှုအသစ်များမှာ ကျန်းမာရေးဝန်ဆောင်မှုများ၊
ဟိုတယ်ဝန်ဆောင်မှုများ၊ အလုပ်အကိုင်ရှာဖွေပေးသည့် ဝန်ဆောင်မှုများနှင့်
ဗေဒင်ဝန်ဆောင်မှုများဖြစ်ကြောင်း သိရသည်။ ကျန်းမာရေးဝန်ဆောင်မှုတွင် ၂၄ နာရီ
အချိန်မရွေး မေးမြန်းနိုင်ပြီး ဆရာဝန်များမှ ကျန်းမာရေးနှင့် ပတ်သက်၍
ဆွေးနွေးတိုင်ပင်ပေးခြင်း၊ အိမ်တိုင်ရာရောက်
ကျန်းမာရေးဝန်ဆောင်မှုပေးခြင်းတို့ ပါဝင်ကြောင်း သိရသည်။ အလုပ်အကိုင်
ဝန်ဆောင်မှုအဖြစ် အလုပ်ရှာဖွေသူများမှ ၁၈၇၅ သို့ ဖုန်းဆက်ပြီး မိမိတို့၏ CV
များကို တင်နိုင်ခြင်း၊ ကုမ္ပဏီများမှလည်း ၁၈၇၅ သို့ ဖုန်းဆက်ပြီး
ဆက်သွယ်ဆောင်ရွက်နိုင်ခြင်းတို့ကို လုပ်ဆောင်နိုင်မည်ဟု သိရကြောင်း ၂၀၁၂
ခုနှစ် ဇွန်လ ၂၀ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
Posted by ဂျစ်တီး
Source: ခေတ်လူငယ်
Posted by ဂျစ်တီး
Source: ခေတ်လူငယ်
Saturday, June 16, 2012
ဒေါ်အောင်ဆန်းဆုကြည် ရဲ့ နိုဗယ်လ် ဆုပေးပွဲ အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မှု
မြန်မာတို့ရဲ့ ဂုဏ်ယူလေးစား အားကိုးယုံကြည်၊ အမေတစ်ယောက်လို ချစ်ခင် မြတ်နိုးခြင်းကို ခံရတဲ့ အမေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဗယ်ဆု ပေးပွဲ အခမ်းအနားကို
ဇွန်လ ၁၆ ရက်နေ့ နယူးယောက်အချိန် စနေနေ့နံနက် (၇) နာရီ၊
စကာင်္ပူအချိန် စနေနေ့ည (၇) နာရီ၊
မြန်မာအချိန် စနေနေ့ညနေ (၅ နာရီခွဲ) တွင် အောက်ပါ လင့်မှ တိုက်ရိုက် ကြည့်ရှုနိုင်ပါသည်။
http://www.nobelprize.org/
16th June (Saturday) 2012
Live Webcast of Aung San Suu Kyi's Nobel Lecture, Oslo, Norway
1:00 PM. CET
Source: Min Kyaw Khine FB

Sunday, June 10, 2012
နိုင်ငံတော် သမ္မတမိန့်ခွန်း
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ယနေ့ည ၈ နာရီတွင် နိုင်ငံပိုင်
ရုပ်သံမီဒီယာများ မှတဆင့် ပြည်သူလူထုသို့ မိန့်ခွန့်ပြောကြားမည်
ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ သတင်းရရှိသည်။
သမ္မတ မိန့်ခွန်းကို တိုက်ရိုက်ကြည့်ချင်သူများ TVU player ကိုဒေါင်းပြီး install လုပ်ပါ http:// www.tvunetworks.com/ downloads/player.html# ထို့နောက် ပလေယာတွင် search channel နံပါတ် ၉၉၂၂၁ ကိုထည့်ရှာပါ။ စကိုင်းနက် ရုပ်သံမှတိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။
သမ္မတ မိန့်ခွန်းကို တိုက်ရိုက်ကြည့်ချင်သူများ TVU player ကိုဒေါင်းပြီး install လုပ်ပါ http://
Thursday, June 07, 2012
New Big Money
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တစ်သောင်းကျပ်တန်ငွေစက္ကူအမျိုးအ စားသစ်ကို ၂၀၁၂ခုနှစ် ဇွန်လ၁၅ရက်တွင် စတင်ထုတ်ဝေမည်ဖြစ်ကြောင်း ယနေ့ညနေ (ဇွန်၇ရက်) ၆နာရီသတင်းတွင် တရားဝင်ကြေညာခဲ့သည်။
အဆိုပါငွေစက္ကူအမျိုးအစားသစ်ကို အများပြည်သူအား ဘဏ်ဖွင့်ချိန် အ တွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေကြေးဌာန၊ ဘဏ်များနှင့်အစိုးရငွေတိုက်များ တွင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုလက်ရှိတရားဝင် လှည့်လည်သုံးစွဲလျက်ရှိသည့် ငွေစက္ကူများနှင့် ငွေအကြွေများသည် တရားဝင်သုံးစွဲငွေများအဖြစ် ဆက်လက်တည်ရှိသွားမည်ဖြစ်ကြောင်း လည်း အဆိုပါသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တစ်သောင်းကျပ်တန်ငွေစက္ကူသစ်၏အရွ ယ်အစားမှာ 15x7 စင်တီမီတာရှိပြီး လက်ရှိသုံးစွဲနေသော ကျပ်၁၀၀၀တန်(အသေး)နှင့်ကျပ်ငါး ထောင်တန်တို့နှင့်အရွယ်အစားတူညီ သည်။
ပေါ်လွင် ထင်ရှားသောအရောင်မှာ အပြာရောင်ဖြစ်ပြီး၊ မျက်နှာစာတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်ြေ မပုံ၊ သပြေခက်နှစ်ခက်နှင့် ဆင်ဖြူနှစ်စီးနှင့် ကြာဖြူတစ်ပွင့်တို့ဖြင့် ဖွဲ့စည်းရိုက်နှိပ်ထားသည်။
“ထူး၂ခြား၂ဖြစ်မယ်မထင်ဘူး။ ငါးထောင်တန်ထွက်တုန်းကလည်း ငွေကြေးဖောင်းပွမှုနဲ့ပတ်သက်ပြီး ပြောခဲ့ကြတယ်။ ဒါပေမယ့် မဖြစ်ခဲ့ဘူး။ အခုလည်းဖြစ်မယ်မထင်ဘူး”ဟု စီးပွားရေးပညာရှင် ဦးခင်မောင်ညို(ဘောဂဗေဒ)ကသုံးသပ်ပြောကြားသည်။
အဆိုပါငွေစက္ကူအမျိုးအစားသစ်ကို အများပြည်သူအား ဘဏ်ဖွင့်ချိန် အ တွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေကြေးဌာန၊ ဘဏ်များနှင့်အစိုးရငွေတိုက်များ
ယခုလက်ရှိတရားဝင် လှည့်လည်သုံးစွဲလျက်ရှိသည့် ငွေစက္ကူများနှင့် ငွေအကြွေများသည် တရားဝင်သုံးစွဲငွေများအဖြစ် ဆက်လက်တည်ရှိသွားမည်ဖြစ်ကြောင်း
တစ်သောင်းကျပ်တန်ငွေစက္ကူသစ်၏အရွ
ပေါ်လွင် ထင်ရှားသောအရောင်မှာ အပြာရောင်ဖြစ်ပြီး၊ မျက်နှာစာတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်ြေ
“ထူး၂ခြား၂ဖြစ်မယ်မထင်ဘူး။ ငါးထောင်တန်ထွက်တုန်းကလည်း ငွေကြေးဖောင်းပွမှုနဲ့ပတ်သက်ပြီး
Posted by ဂျစ်တီး
Source: 7Day News Journal
Thursday, May 10, 2012
Singapore - Yangon လေယာဉ်ပျံ လက်မှတ်များဈေးချ
စင်္ကာပူနဲ့ရန်ကုန်မြို့ကြား
အသွားအလာများနေတာနဲ့အမျှ လေကြောင်းလိုင်းများအနေနဲ့ အပြိုင်အဆိုင်ဈေးချလေ့ရှိပါတယ်။
အထူးသဖြင့် မြန်မာလေကြောင်းက အနိုမ့်ဆုံးဈေး S$230 လောက်နဲ့ SIN-YGN ကိုချပေးပေမယ့်
ရန်ကုန်ကနေ စင်္ကာပူကိုလာတဲ့ဈေးကိုတော့ သိပ်ချလေ့မရှိပါဘူး။ Silk Air အနေနဲ့လောလောဆယ်
အနိုမ့်ဆုံးဈေးဆိုလို့ S$345 မှာ online promotion ရောင်းပေးနေတာတွေ့ ရပါတယ်။
အခုမြန်မာပြည်မိုးတွင်းဝင်လာပြီး
ခရီးသွားရာသီအခေါ် low season အတွက် Jet Star Asia ကနေ ချလိုက်တော့ ဈေးကိုတော့ ပြိုင်ဖက်လေကြောင်း
လိုင်းတွေဖြစ်တဲ့ MAI နဲ့ Silkair တို့ ဘယ်လိုမှလိုက်မချနိုင်လောက်တော့ဖူးလို့ ထင်တာပါပဲ။
JetStar က လွန်ခဲ့တဲ့ ၂ ရက်မှာ Take a Friend FREE promotion နဲ့ ဈေးချတဲ့အခါ ရန်ကုန်ကပဲ
စင်္ကာပူလာလာ၊ စင်္ကာပူကနေ ရန်ကုန်ပဲသွားသွား၊ အနိုမ့်ဆုံးဈေး (၂)ယောက်ကို S$344 နဲ့ဝယ်လို့ရပါတယ်။
တစ်ယောက်ကို အသွားအပြန် အပြီးအစီး ကီလို ၂၀၊ လက်ဆွဲ ၁၀ သယ်ခွင့်အပါ S$172 ပဲကျတော့တဲ့အတွက်
အလွန်သက်သာတယ်လို့ ပြောရမှာပါပဲ။ (၂) ယောက်အတွက် S$344 လျော့လှပြီအောက်မေ့လို့ ဝယ်လိုက်ကြပြီးတဲ့
အခါမှာတော့ JetStar က
Travel Asia Sales Promotion ကို Launch လုပ်လိုက်တဲ့အခါ ခရီးသည် ဘယ်နှစ်ဦးပဲသွားသွား
ရန်ကုန် - စင်္ကာပူ၊ စင်္ကာပူ - ရန်ကုန်လက်မှတ်ကို အနိုမ့်ဆုံးဈေး တစ်ယောက်ကို S$158 နဲ့
ထပ်ပြီးဈေးချလိုက်ပါတယ်။ အခုမြန်မာငွေပေါက်ဈေးနဲ့ဆို ၁ သိန်းစွန်းစွန်းလေးပဲ ကျလို့
ရန်ကုန် - မန္တလေးလေပျံလက်မှတ်တွေ၊ ရန်ကုန် - ဘန်ကောက်လေပျံလက်မှတ်တွေထက်တောင် သက်သာသွားပါတယ်။
သို့သော် promotion လက်မှတ်ဖြစ်သည်နှင့်အမျှ weekend တွေမပါပဲ weekday တွေထဲမှာပဲ ရမှာပါ။
သူငယ်ချင်း ညီအကို၊ မောင်နှမများ ရန်ကုန်ကို သက်သက်သာသာလေးနဲ့ ပြန်ချင်တယ်ဆိုရင် သိရအောင်
မျှဝေပေးလိုက်ပါတယ်။
Friday, May 04, 2012
ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၂ ဦး ဆော်ဒီတွင် ခေါင်းဖြတ် ကွပ်မျက်ခံရ
ဘင်္ဂလာဒေခ်ျ့နိုင်ငံသား ၈ ဦး ခေါင်းဖြတ်
ကွပ်မျက်ခံရပြီး (၇) လအကြာတွင် နောက်ထပ် ဘင်္ဂလီ ၂ ဦးကို ဆော်ဒီ
အာရေဗီးယားတွင် မေလ ၁ ရက်နေ့က လူသတ်မူနှင့် ခိုးမူကြောင့် ခေါင်းဖြတ်
ကွပ်မျက်ခဲ့သည်ဟု သိရသည်။
ခေါင်းဖြတ် ကွပ်မျက်ခံရသူ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား အလုပ်သမား (၂) ဦးမှာ Najoum Md Amin abdul sharif နှင့် Abdul Majid Abu Bakr Manza တို့ဖြစ်ကြသည်။
သူတို့ နှစ်ဦးအား တစ်နိုင်ငံတည်းသား လုပ်ဖေါ်ကိုင်ဘက် တစ်ဦးကို သတ်ဖြတ်ပြီး ငွေနှင့် မိုဘိုင်း တယ်လီဖုံးကို ခိုးယူမူကြောင့် ဆော်ဒီ အာရေဗီးယားနိုင်ငံ Jazan ဒေသတွင် ခေါင်းဖြတ် ကွပ်မျက်ကာ ပြစ်ဒဏ်ပေးလိုက်ခြင်း ဖြစ်ကြောင်း Saudi Press Agency (SPA) က ပြည်ထဲရေး ဌာနကို ကိုးကားပြီး သတင်း ရေးသား ဖေါ်ပြသည်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၂ ဦးကို လူမြင်ကွင်း ကွပ်မျက်ပြီးနောက် ဆော်ဒီ ပြည်ထဲရေး ၀န်ကြီးဌာနမှ လည်း သတင်း ထုတ်ပြန်ခဲ့သည်ဟု ဆိုသည်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၂ ဦးကို ကွပ်မျက်ရန် ဆော်ဒီတရားရုံးချုပ်မှ အတည်ပြုကာ ဘုရင်အုပ်ချုပ်ရေး အဖွဲ့မှ အမိန့်ထုတ်ခဲ့ကြောင်း သိရသည်။
လွန်ခဲ့သောနှစ် အောက်တိုဘာလ ၇ ရက်နေ့ကလည်း ဘင်္ဂလာဒေခ်ျ့နိုင်ငံသား (၈) ဦးကို အီဂျစ်နိုင်ငံသား အစောင့် တစ်ဦးကို ဓါးပြတိုက်ပြီး သတ်ဖြတ်ပစ်မူဖြင့် ဆော်ဒီနိုင်ငံ ရီယဒ်မြို့တွင် ခေါင်းဖြတ်သတ်ကာ ပြစ်ဒဏ်စီရင်ခဲ့သည်။
ဘင်္ဂလာဒေခ်ျ့ အစိုးရမှ အဆိုပါ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားများကို ခေါင်းဖြတ်သတ်ခြင်းမှ ချမ်းသာ ပေးရန် မေတ္တာရပ်ခံခဲ့သော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ကြားမူ မရှိဘဲ ခေါင်းဖြတ်ကာ ကွပ်မျက် ပစ်ခဲ့သည်။

မည်သို့ပင် ဆိုစေကာမူ အဲဒီလို့ နိုင်ငံမျိုးကို မြန်မာနိုင်ငံသားများ မသွားကြဖို့ တိုက်တွန်းချင်ပါတယ်။
Posted By Htun
Monday, April 30, 2012
ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဓါတ်တော်များပူဇော်ပွဲနှင့် မိုးကုတ်ဝိပဿနာ ၇-ရက် အထူးတရားစခန်းပွဲ
လေးစားအပ်ပါသော ဓမ္မမိတ်ဆွေ သူတော်စဉ် အပေါင်းတို့ခင်ဗျာ...
ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဓာတ်တော်များဖြစ်ကြသော
အံသွားတော်
မျက်လုံးတော်
ဆံတော်များ
အသွေး၊အသား ဓာတ်တော်များနှင့်
ဆရာတော်ကြီး၏ အသုံးအဆောင်ပစ္စည်းများကို (၇) ရက်တိုင်တိုင် ပူဇော်ပွဲနှင့် မန္တလေးမြို့
မိုးကုတ်ဝိပဿနာ မင်္ဂလာရိပ်သာ ဌာနချုပ်မှ နာယကချုပ်ဆရာတော်ဖြစ်သော အရှင် ဣန္ဒက
(ဓမ္မကထိကဆရာတော်)မှ မိုးကုတ်ဝိပဿနာ (၇)ရက် အထူးတရားစခန်းပွဲကို မေလ (၁)ရက်မှ (၇)ရက်နေ့ အထိကျင်းပသွားမည်ဖြစ်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်အသိပေး နှိုးဆော်လိုက်ရပါသည်။

Wednesday, April 18, 2012
လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင် ဟောပြောပွဲ
ဆရာဦးအေးငြိမ်းမှ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင် ဟောပြောပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
နေ့ရက်။ ။ ၂၂၊ ၄၊ ၂၀၁၂ (တနင်္ဂနွေ)
အချိန်။ ။ ညနေ ၆ နာရီ မှ ၇ နာရီ
နေရာ။ ။ မင်္ဂလ၀ိဟာရ ၊ Eunos MRT အနီး
မှတ်ချက်။ ။ မြန်မာပြည်တွင် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ရေးဆွဲပြဌာန်း အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဤဟောပြောပွဲကို မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်၊ မေလ ၄ ရက်နေ့၌ ကျုင်းပရန် ဖြစ်ပါသည်။
ယခုပွဲမှာ စင်ကာပူမှ မိတ်ဆွေအပေါင်း သိနိုင်စေရန် ပြုလုပ်ခြင်း ဖြစ်ပါသည်။
Posted by အိမ်လွမ်းသူ
Source : စင်္ကာပူေ၇ာက်မြန်မာများ
Sunday, April 15, 2012
Saturday, March 31, 2012
Subscribe to:
Posts (Atom)