Monday, April 30, 2012

ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဓါတ်တော်များပူဇော်ပွဲနှင့် မိုးကုတ်ဝိပဿနာ ၇-ရက် အထူးတရားစခန်းပွဲ

လေးစားအပ်ပါသော ဓမ္မမိတ်ဆွေ သူတော်စဉ် အပေါင်းတို့ခင်ဗျာ...

ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဓာတ်တော်များဖြစ်ကြသော
အံသွားတော်
မျက်လုံးတော်
ဆံတော်များ
အသွေး၊အသား ဓာတ်တော်များနှင့်
ဆရာတော်ကြီး၏ အသုံးအဆောင်ပစ္စည်းများကို (၇) ရက်တိုင်တိုင် ပူဇော်ပွဲနှင့် မန္တလေးမြို့
မိုးကုတ်ဝိပဿနာ မင်္ဂလာရိပ်သာ ဌာနချုပ်မှ နာယကချုပ်ဆရာတော်ဖြစ်သော အရှင် ဣန္ဒက
(ဓမ္မကထိကဆရာတော်)မှ မိုးကုတ်ဝိပဿနာ (၇)ရက်  အထူးတရားစခန်းပွဲကို မေလ (၁)ရက်မှ (၇)ရက်နေ့ အထိကျင်းပသွားမည်ဖြစ်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်အသိပေး နှိုးဆော်လိုက်ရပါသည်။
ဤကဲ့သို့ ထူးကဲလှစွာ စင်္ကာပူနိုင်ငံသို့ ပထမဆုံးအကြိမ်ကြွချီလာတော်မူသော ဓာတ်တော်ပူဇော်ပွဲ နှင့် (၇)ရက် တရားစခန်းပွဲတွင် ကျွန်တော်များ မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့မှ (၂)ရက် မေလ ၂၀၁၂တွင် အခြားဓမ္မအဖွဲ့များနှင့် စုပေါင်း၍ နေ့လည်ပိုင်း ဝေယျာဝစ္စကုသိုလ်အားလည်းကောင်း၊ (၄)ရက် မေလ ၂၀၁၂တွင် တရားစခန်းယောဂီများအတွက် တစ်နေ့တာ ဝေယျာဝစ္စကုသိုလ်၊ ဓာတ်တော်များ တာဝန်ယူစောင့်ရှောက်ရေး ကုသိုလ် နှင့် လာရောက်ဖူးမျှော်ပူဇော်သူများအား အဆင်ပြေချောမွေ့စေရေး အစရှိသည့် လုပ်အားကုသိုလ် အစုစုတို့ကို ပါဝင်အားဖြည့်သွားမည် ဖြစ်ပါသည်။
ညနေတရားပွဲများကိုလည်း မေလ (၁)ရက်၊ (၅)ရက် နှင့် (၆)ရက် တို့၏ ညနေ ၆:၃၀ မှ ၈:၀၀ အထိ Function Room 1, Arina Country Club, Joo Koon တွင် ကျင်းပပေးသွားမည်ဖြစ်ပါသည်။
တရားစခန်းဝင်လိုသူများအနေဖြင့် မိမိတို့၏
အမည်
ဆက်သွယ်ရန် ဖုန်းနံပါတ်နှင့်
အီးမေလ်းလိပ်စာများကို
မနီလာအောင် (၉၆၉၉ ၄၇၉၅)၊ လမ်းပြသူ (၆၃၃၆ ၅၉၄၉)၊ (nilaaung63@gmail.com)
ကိုအောင်နိုင် (၉၂၂၇ ၇၄၉၁)၊ dhammadownload (၉၇၃၆၅၀၃၄)၊
ကိုကျော်ဝင်း (၈၃၂၄၈၁၈၀)
ကိုသန်းဝင်း (၉၃၂၂၀၆၂၄)
ကိုထင်ကျော် (၉၄၂၄ ၂၉၆၁)
မသွယ်သွယ်စိုး (၉၃၅၁ ၆၄၃၉)
ကိုထွန်းထွန်း (၉၄၅၁၈၂၆၃)
ကိုသန်းမြတ်စိုး (၈၃၆၈၉၇၈၅)
မမြင့်မြင့်သန်း (၉၄၂၄၂၇၁၃)
ကိုထိန်လင်း (၉၀၆၈ ၇၀၁၉)
 မဇာခြည်သန်းထွန်း (၉၄၃၄၆၀၅၅)
ကိုခိုင်ဇော်လင်း (၈၁၈၀ ၀၇၇၆)
တို့ထံသို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြပါကြောင်း လေးစားစွာတင်ပြအပ်ပါသည်။
လှူဒါန်းလိုသူများ အနေဖြင့် ဒေါ်နီလာအောင် (၉၆၉၉ ၄၇၉၅)၊ nilaaung63@gmail.com (POSB Saving account 189-11107-0)  အကောင့်သို့တိုက်ရိုက်ထဲ့ဝင်၍လည်းလှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်လိုက်ပါသည်။
မေတ္တာရှင်ဖောင်ဒေးရှင်း (စင်္ကာပူ) အဖွဲ့
Posted by ဝတီ

No comments:

Post a Comment