Monday, July 15, 2013

MRTV ကို မိမိ Mobile ဖုန်းမှတဆင့် တိုက်ရိုက်ကြည့်ရှုနိုင်

Internet ပေါ်တွင် http://www.mrtv.gov.mm/ (Web Media Protal) ၏ computer ဖန်သားပြင်မှတဆင့် MRTV Live Stream ကို ၁၅.၇.၂၀၁၃ (ယနေ့) မှစတင်၍ ကြည့်ရှုနိုင်ပါသည်။Android Mobile ဖုန်းမှလဲ ကြည့်ရှုနိုင်ရန် အောက်ပါအတိုင်းပြုလုပ်ရပါမည်။

(၁) MRTV တိုက်ရိုက်အစီအစဉ်ကို ကြည့်ရှုနိုင်ရန် မိမိ mobile ဖုန်းတွင် Andriod Version 2.3.6 နှင့်အထက် ရှိရမည်ဖြစ်သည်။ ထို့နောက် GooglePlay မှ Download ပေးသော Vplayer (Video Player) ကို ဦးစွာ Install ပြုလုပ်ထားရပါမည်။ထို့နောက် mobile ဖုန်းအတွင်းတွင် mmrtv.gov.mm domain name ကို တိုက်ရိုက်နှိပ်၍ MRTV mobile version ကို ဝင်ရောက်နိုင်ပါသည်။ အဆိုပါ Mobile Version တွင် MRTV Live Stream နှင့် Video on-demand များကို ကြည့်ရှုရန် VPlayer ကို ရွေးချယ်၍ ကြည့်ရှုနိုင်ပါသည်။

(၂) GooglePlay တွင် Android Application Package (APK) ကို download ချ၍လည်း MRTV mobile version ကိုဝင်ရောက်နိုင်ပါသည်။ အဆိုပါ Mobile Version တွင် MRTV Live Stream နှင့် Video on-demand များကို ကြည့်ရှုရန် VPlayer ကိုရွေးချယ်၍ ကြည့်ရှုနိုင်ပါသည်။

Posted by မောင်စူးစမ်း (MTLA GTI Group)