Thursday, May 31, 2012
ယူရို ၂၀၁၂ ယှဉ်ပြိုင်ကစားမည့် ဘောလုံးကွင်းကြီးများအကြောင်း
ယူရို ၂၀၁၂ ယှဉ်ပြိုင်ကစားမည့် ပိုလန်နိုင်ငံနှင့် ယူကရိန်းနိုင်ငံမှ ဘောလုံးကွင်းကြီးများအကြောင်းကို ဘောလုံးချစ်သူ စာဖတ်သူများ သိရှိစေရန်အလို့ငှာ တင်ဆက်ပေးလိုက်ရပါသည်။
ယူကရိန်းနိုင်ငံမှ ဘောလုံးကွင်းကြီးများ
ကိဗ်အိုလံပစ် စတေဒီယမ် ( ပရိသတ် ၀င်ဆန့်မှု – ၆၀၀၀၀ )
ကိဗ် အိုလံပစ်ဘောလုံးကွင်းကြီးကို ယူကရိန်းနိုင်ငံမြို့တော် ကိဗ်ယက် တွင် တည်ဆောက်ထားသည်။ အဆိုပါကွင်းကြီးသည် လက်ရှိယူကရိန်းတွင် အကြီးဆုံးကွင်းကြီးအဖြစ် သတ်မှတ်ထားပြီး ယူကရိန်း ကလပ် ဒိုင်နမိုကိဗ်အသင်း ပိုင်ဆိုင်သောကွင်းကြီးလည်း ဖြစ်သည်။
ထိုကွင်းကြီးတွင် ယူရို ၂၀၁၂ ပြိုင်ပွဲ၏ ဗိုလ်လုပွဲစဉ်ကို ယှဉ်ပြိုင်ကစားရန် စီစဉ်ထားပြီး၊ ကွာတားဖိုင်နယ် ပွဲစဉ်တစ်ပွဲနှင့် ယူကရိန်းအသင်း ပါဝင်သောအုပ်စုပွဲစဉ်များကိုလည်း အဆိုပါကွင်းတွင်ပင် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
နယူးအယ်လ်ဗစ် စတေဒီယမ် (ပရိသတ် ၀င်ဆန့်မှု – ၃၀၀၀၀)
အဆိုပါကွင်းကို ယူကရိန်းဘောလုံးကလပ် FC Lviv အသင်းပိုင်ဆိုင်ပြီး ယူကရိန်းနိုင်ငံ အနောက်ပိုင်းမြို့တော်ဟု ခေါ်တွင်သည့် Lviv မြို့တွင် တည်ဆောက်ထားသည်။ အဆိုပါကွင်းတွင် ဂျာမနီ၊ ပေါ်တူဂီ၊ ဒိန်းမတ်နှင့် ဟော်လန်အသင်း တို့ပါဝင်သော အုပ်စုပွဲစဉ် အချို့ကို လက်ခံကျင်းပမည် ဖြစ်သည်။
Wednesday, May 30, 2012
Easy way to speak English (3)
East way to speak English ကဏ္ဍမှာ အင်္ဂလိပ်စကားပြောတဲ့အခါ အလွယ်တကူသုံးလို့ရမယ့် စကားစုတွဲလုံး (phrase) တွေကို ဆက်လက်ဖော်ပြလိုက်ပါတယ်။
I have to + (Verb)
ဖော်ပြထားတဲ့ have to (ဒါမှမဟုတ်) has to ဟာ အကူကြိယာစကားလုံးဖြစ်တဲ့ must နဲ့အဓိပ္ပါယ်တူပါတယ်။ တစ်ခုခုကိုလုပ်ဖို့ တာဝန်ရှိတဲ့သဘော၊ မဖြစ်မနေလုပ်ရမယ့်သဘောမျိုးကို ဆိုလိုပါတယ်။
ရန်ရှိတယ်/ဖို့ ရှိတယ် (သို့) ရမယ် စသည်ဖြင့် ဘာသာပြန်ဆိုနိုင်ပါတယ်။ ဥပမာအားဖြင့် -
လေ့လာဖို့ရှိတယ်၊ သွားဖို့ရှိတယ်၊ လုပ်ဖို့ရှိတယ်… စသည့်ဖြင့် ပြောဆိုလိုတဲ့အခါမှာ သုံးရပါတယ်။
ဥပမာ ၀ါကျတွေကို လေ့လာကြည့်ရအောင်…
    I have to switch school.
    ကျွန်တော် ကျောင်းပြောင်းဖို့ရှိတယ် (= ကျောင်းပြောင်းရမယ်)
    I have to use the telephone.
    ကျွန်တော် တယ်လီဖုန်းသုံးဖို့ရှိတယ်။
    I have to go to the bathroom.
    ကျွန်တော် သန့်စင်ခန်းကို သွားရမယ်။
    I have to leave.
    ကျွန်တော်ထွက်ခွာရမယ်။
အထက်ဖော်ပြပါ ဥပမာဝါကျတွေနဲ့ အမေးစကားပြောချင်ရင်တော့…….
    Do you have to use the telephone?
    Do you have to switch schools? အစရှိသဖြင့် ပြန်လည်မေးခွန်းထုတ်နိုင်ပါတယ်။
ဖော်ပြခဲ့တဲ့ မဖြစ်မနေလုပ်ရမယ့် ကိစ္စတွေကို လုပ်ဖို့ မလိုဘူး၊ လုပ်ဖို့မရှိဘူး၊ မလုပ်ရဘူးလို့ ပြောချင်ရင်တော့ I don’t have to + (Verb) ပုံစံနဲ့ ပြောဆိုနိုင်ပါတယ်။
ဥပမာဝါကျတွေကိုလေ့လာကြည့်ပါ။
Tuesday, May 29, 2012
စင်္ကာပူနိုင်ငံ၌ ဇွန်လတွင် ကျင်းပမည့် ဆရာတော်အရှင်ဇဝန(မေတ္တာရှင်-ရွှေပြည်သာ) တရားပွဲဖိတ်ကြားလွှာ
လာမည့်ဇွန်လအတွင်းမှာ ဆရာတော်အရှင်ဇဝန (မေတ္တာရှင်-ရွှေပြည်သာ) မှ စင်္ကာပူ-အင်ဒိုနီးရှား-မလေးရှားနိုင်ငံများသို့ ကြွရောက်ရန်ရှိပြီး စင်္ကာပူနိုင်ငံသို့ရောက်ရှိစဉ်ကာလအတွင်း မေတ္တာရှင်ဖောင်ဒေးရှင်း(စင်္ကာပူ)၊ စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းမှကြီးမှူး၍ တစ်ရက်တာ တရားပွဲကျင်းပသွားမည်ဖြစ်ရာ နိဗ္ဗာန်ရောက်ကြောင်းတရားတော်များကို လာရောက်နာယူနိုင်ရန် အောက်ပါအစီအစဉ်အတိုင်း လေးမြတ်စွာဖိတ်ကြားအပ်ပါသည်။
Photoshop Cs5 (မြန်မာလို)
Photoshop လေ့လာလိုသူများအတွက် ရည်ရွယ်၍ တင်ပေးလိုက်ပါတယ်။
Posted by ဝတီ
Monday, May 28, 2012
အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ (၈)
Just a minute (ခဏလေးစောင့်ပါ)
You say just a minute when you want someone to wait for a very short time:
ခဏလေးစောင့်ပါ  just a minute ကို တစ်စုံတစ်ယောက်အား အချိန်အနည်းငယ် စောင့်စေလိုသောအခါ အသုံးပြုပါသည်။
  1. 'Can you give me Pat's phone number?'
      Pat ရဲ့ ဖုန်းနံပါတ်ပေးနိုင်မလား။
      'Just a minute and I'll look it up in my address book.'
      ခဏလေးစောင့်ပါ။ လိပ်စာစာအုပ်ထဲမှာ ရှာပေးမယ်။
  2. 'Do you know where Ken's new house is?' 'Just a minute and ask my son. He's a friend of Ken's daughter.'
      Ken ရဲ့အိမ်က ဘယ်နားမှာလဲဆိုတာ သိလား? ခဏလေးစောင့်ပါ ငါ့သားကိုမေးလိုက်ဦးမယ်။ သူက Ken သမီးရဲ့ သူငယ်ချင်းလေ။
Suit yourself! (မင်းကြိုက်သလိုသာလုပ်)
You say suit yourself! in an angry way to tell someone that they can do what they want even though that is not what you want:
မင်းကြိုက်သလိုသာလုပ် suit yourself ကို သင်က မလုပ်စေချင်သော်လည်း ထိုအကြောင်းကိစ္စနှင့်ပတ်သက် ၍ တစ်စုံတစ်ဦးအား ၄င်းကြိုက်သလို လုပ်နိုင်ကြောင်းကို စိတ်ဆိုးသောအားဖြင့် ပြောရာတွင် အသုံးပြုသည်။
  1. Suit yourself! You can stay longer at the party if you like, but I'm going home now!
      မင်းကြိုက်သလိုသာလုပ်။ ပါတီမှာ မင်းအချိန်ကြာကြာ ဆက်နေချင်ရင်နေ။ ငါကတော့ အခုပဲ အိမ်ပြန်တော့မယ်။
  2. I don't really want to go to the cinema this evening.'
      တကယ်တော့ ဒီညနေ ရုပ်ရှင်ရုံကို မသွားချင်ဘူး။
      'Suit yourself'!I’ll go by myself then!'
      မင်းကြိုက်သလိုသာလုပ်။ ဒါဖြင့်ရင် ငါ့ဘာသာငါပဲ သွားတော့မယ်။
Sunday, May 27, 2012
3D Studio Max အသုံးပြုနည်း (မြန်မာလို)
3D Studio Max အကြောင်း အသုံးပြုနည်းလမ်းညွှန် စာအုပ်လေးပါ။ 3D အကြောင်း စိတ်ဝင်းစားသူများအတွက် အဆင်ပြေမဲ့ စာအုပ်တစ်အုပ်ပါ။
Posted by ဝတီ
Friday, May 25, 2012
Easy way to speak English (2)
I’ve decide to + Verb
မိမိတစ်ခုတစ်ခုကို ပြုလုပ်ဖို့ဆုံးဖြတ်ပြီးဖြစ်တဲ့အကြောင်းပြောတဲ့အခါ I have decide to ဆိုတဲ့ စကားလုံး အတွဲကို ကျက်မှတ်ထားပြီး နောက်က Verb အမျိုးမျိုးပြောင်းလဲတွဲပေးကာ မိမိပြောချင်တဲ့ စိတ်ကူးအတွေး တွေကို အမျိုးမျိုးပြောဆိုနိုင်ပါတယ်။
ဥပမာ ၀ါကျတွေကို လေ့လာကြည့်ရအောင်………
    I’ve decide to accept the job.
    ကျွန်တော်အလုပ်ကို လက်ခံဖို့ ဆုံးဖြတ်ပြီးပြီ။
    I’ve decide to complete my degree.
    ကျွန်တော် ဘွဲ့ရသည်အထိ သင်ယူဖို့ ဆုံးဖြတ်ပြီးပြီ။
    I’ve decide to change my bad habits.
    ကျွန်တော့ရဲ့မကောင်းတဲ့အကျင့်တွေကို ပြောင်းလဲဖို့ ဆုံးဖြတ်ပြီးပြီ။
xxxxxxxxxxxxxxxxxxxxxxxxxxxxx
I was about to + Verb
တစ်ခုခုကိုလုပ်ခါနီးမှာ၊ တစ်ခုခုဖြစ်ပျက်တယ်လို့ပြောဆိုတဲ့အခါမှာ I was about to +verb ပုံစံနဲ့ပြောဆို နိုင်ပါတယ်။ ဥပမာ ထမင်းစားမယ်လုပ်တုန်း ဧည့်သည်ရောက်လာတယ်။ ရေချိုးမယ်လုပ်နေတုန်း တယ်လီ ဖုန်းလာတယ် ဆိုတဲ့ သဘောမျိုးတွေမှာ သုံးနိုင်ပါတယ်။ “တော့မလို့” ဟု ဘာသာပြန်နိုင်ပါတယ်။
ဥပမာဝါကျတွေကိုလေ့လာကြည့်ပါဦး…………
    I was about to go out.
    ကျွန်တော်အပြင်သွားတော့မလို့။
    I was about to go to dinner.
    ကျွန်တော် ညစာစားဖို့ သွားတော့မလို့။
    I was about to go to bed.
    ကျွန်တော်အိပ်ယာထဲဝင်တော့မလို့။
    I was about to go to work.
    ကျွန်တော်အလုပ်သွားတော့မလို့
    I was about to send you an e-mail.
    ကျွန်တော် ခင်ဗျားကို အီးမေလ်းတစ်စောင့် ပို့တော့မလို့။
Tuesday, May 22, 2012
အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု တိုးတက်စေမည့် နည်းလမ်း (၇၀) - အပိုင်း (၉)
၄၁။ မှတ်စုတွေအားလုံးလွှင့်ပစ်လိုက်ပြီး အသစ်ပြန်စနိုင်ပါတယ်။ တချို့လူတွေအတွက် စာမသင်ချင်တော့ဘဲ နောက်ဆုတ်သွားရတဲ့ အကြောင်းတစ်ခုကတော့ တစ်ဝက်တစ်ပျက်ပဲ ဖတ်ရသေးတဲ့ စာအုပ်တွေက အပုံလိုက်၊ ကျက်ရမယ့် Vocubulary စာရင်းကလည်း အရှည်ကြီးဖြစ်နေတာပါဘဲ။ အဲဒါတွေအကုန်လုံးကို ဘေးဖယ်ထားလိုက်ပြီး အစကနေ အသစ်တဖန် ပြန်စမယ်ဆိုရင် စိတ်အားထက်သန်ပြီး စာပြန်ဖတ်ဖြစ် လာနိုင်ပါတယ်။
၄၂။ အိမ်ထဲကပစ္စည်းတွေ၊ ရုံးကပစ္စည်းတွေမှာ post-it စာရွက်လေးတွေနဲ့ အခေါ်အဝေါ်တွေ ရေးပြီး ကပ်ထားနိုင်ပါတယ်။ နေ့စဉ် မြင်တွေ့အသုံးပြုနေတဲ့ အရာဝတ္ထုအမည် ဝေါဟာရတွေကို အလွယ်ဆုံး သင်ယူနည်းပဲဖြစ်ပါတယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ အရာဝတ္ထုတွေရဲ့ အမည်တွေကို စာရွက်ကလေးတွေနဲ့ ရေးပြီး လိုက်ကပ်ထားမယ်ဆိုရင် အသုံးဝင်တဲ့ ဝေါဟာရတွေ တတ်မြောက်လာဖို့ အင်မတန်ကောင်းတဲ့ နည်းလမ်းဖြစ်ပါတယ်။ လာမယ့်နေ့တွေ၊ ရက်သတ္တပတ်တွေမှာ အဲဒီ Vocabulary တွေကို ဆက်ပြီး ကပ်ထားနိုင်ပါတယ်။ စနစ်တကျ တတ်မြောက်ပြီးတဲ့အထိ Vocabulary ကို အလွယ်တကူပြန်နွှေးပြီး ဖြစ်သွားနိုင်ပါတယ်။
၄၃။ ရုပ်ပုံမှာစာတမ်းထိုးပါ။ တကယ့်ပစ္စည်းတွေမှာ စာတမ်းမထိုးနိုင်ဘူးဆိုရင် ဒုတိယအကောင်းဆုံး နည်းလမ်းကတော့ ရုံးခန်းလိုမျိုး နေ့စဉ်ဘ၀ တကယ်တမ်း ကြုံတွေ့နေရတဲ့ နေရာကို ဓာတ်ပုံရိုက်လိုက်ပြီး Printer နဲ့ထုတ်၊ ပြီးရင် ပုံမှာပါတဲ့ အရာဝတ္ထုတွေအားလုံးကို အင်္ဂလိပ်လို စာတမ်းထိုးဖို့ဖြစ်ပါတယ်။ အဘိဓာန်ရဲ့အကူအညီနဲ့ စာတမ်းထိုးပါ။ ဘူတာရုံလိုမျိုး နေ့စဉ်ဖြတ်သန်းသွားရတဲ့ နေရာတွေကိုလည်း အလားတူ ဓာတ်ပုံရိုက်၊ Print ထုတ်၊ စာတမ်းထိုးနိုင်ပါတယ်။ ဒီမြင်ကွင်းကိုပဲ ထပ်ကာထပ်ကာ မြင်ရမှာဖြစ်တဲ့အတွက် အရာဝတ္ထုတွေအတွက် ဝေါဟာရတွေကို အလွယ်တကူ တတ်မြောက်သွားမှာ ဖြစ်ပါတယ်။
Monday, May 21, 2012
ဗွီဒီယိုတည်းဖြတ်မူဆိုင်ရာ နည်းပညာစာအုပ်
ဒါစာအုပ်လေးဟာအသုံးချ ဗွီဒီယိုတည်းဖြတ်နည်းပညာ ဆိုတဲ့ စာအုပ်လေးပဲဖြစ်ပါတယ်.။ ဗွီဒီယိုတည်းဖြတ် ဝါသနာပါတတ်တဲ့ သူငယ်ချင်းတွေအတွက် ရှာဖွေပြီး တင်ပေးထားတာပါ။ Posted by ဝတီ
Easy way to speak English (1)
ဒီကဏ္ဍမှာ ကျွန်တော်တို့သိထားသင့်တဲ့စကားစုတွေ၊ စကားလုံးတွဲတွေကို လေ့လာဖို့အပြင်၊  အစားထိုးရမယ့် နေရာမှာ စိတ်ကူးရှိသလို လိုအပ်တဲ့စကားလုံးတွေကို ပြောင်းလဲအသုံးပြုနိုင်မယ်ဆိုရင် သဒ္ဒါစည်းမျဉ်းလည်း စဉ်းစားစရာ မလိုပဲ လွယ်လွယ်ကူကူနဲ့စကားတွေပြောနိုင်ပါလိမ့်မယ်။ ကဲ့ လေ့လာကြည့်ရအောင်ဗျာ…..။
I don’t have time to + (Verb)
မိမိတစ်စုံတစ်ခုကို ပြုလုပ်ဖို့အချိန်မရှိတဲ့ အကြောင်းပြောတဲ့အခါမှာ I don’t have time to ဆိုတဲ့ စကား လုံးတွဲကို ကျက်မှတ်ထားပြီး နောက်က Verb အမျိုးမျိုးပြောင်းလဲတွဲပေးခြင်းဖြင့် မိမိရဲ့ လတ်တလောအခြေ အနေကို ပြောပြနိုင်ပါတယ်။
ဥပမာအားဖြင့်-
I don’t have time to explain.
ကျွန်တော့်မှာရှင်းပြဖို့ အချိန်မရှိဘူး။
I don’t have time to eat.
ကျွန်တော့်မှာ စားဖို့အချိန်မရှိဘူး။
I don’t have time to exercise.
ကျွန်တော့်မှာ လေ့ကျင့်ဖို့ အချိန်မရှိဘူး။
I don’t have time to watch my favourite TV Show.
အနှစ်သက်ဆုံး တီဗီကြည့်ဖို့ ကျွန်တော့်မှာအချိန်မရှိဘူး။
I don’t have time to talk.
ကျွန်တော့်မှာစကားပြောဖို့ အချိန်မရှိဘူး။
မိမိမနှစ်သက်တဲ့အရာ၊ မိမိနားမလည်တဲ့အရာ၊ မိမိမလုပ်ချင်တဲ့ကိစ္စတွေအကြောင်း ပြောချင်ရင်တော့-
ကျနော်တို့သိပြီးသား I don't ဆိုတဲ့ စကားလုံးတွဲကို အလွတ်ကျက်ထားပြီး နောက်ဘက်က ကြိယာတွဲလုံး စကားစု (Verb phrase) တွေအမျိုးမျိုး ပြောင်းလဲ ထည့်ပေးကာ ပြောဆိုနိုင်ပါတယ်။ နောက်ဘက်က ပြောင်းလဲထည့်ပေးတဲ့ Verb phrase တွေက V 1   ပုံစံဖြစ်ရပါမယ်။
ဥပမာအားဖြင့်-
Sunday, May 20, 2012
Internet ကနေ Mobile Phone တွေဆီ Free SMS ပို့ကြရအောင်
ခေါင်းစဉ်လေးကိုဖတ်လိုက်တာနဲ့တင်ဘဲ အားလုံးစိတ်ဝင်စားသွားကြမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီwebsite လေးက ဘယ်လောက်တောင်အဆင်ပြေလည်းဆိုရင် Register လည်းလုပ်စရာမလိုဘူး။ တခါတည်းတန်းပြီး နိုင်ငံရွေး ဖုန်းနံပါတ်ရေးပြီး Message ရိုက်ပြီးတာနဲ့ တန်းပို့လိုက်ရုံပါပဲ။ အရမ်းလွယ်ပါတယ်။ အားလုံးအဆင်ပြေမယ်လို့ ထင်ပါတယ်။ ပြည်ပနိုင်ငံများအချင်းချင်းလဲ ပို့လို့ အဆင်ပြေပါတယ်။ စမ်းပြီးသုံးကြည့်ပါ။ အောက်မှာအသုံပြုပုံကို ပုံလေးတွေနဲ့ သေချာစွာ ရှင်းပြပေးထားပါတယ်။
Friday, May 18, 2012
အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု တိုးတက်စေမည့် နည်းလမ်း (၇၀) - အပိုင်း (၈)
၃၆။ အင်္ဂလိပ်လိုရေးထားတဲ့ ကလေးစာအုပ်တွေကိုဖတ်ပါ။ ဒါကလည်း အင်္ဂလိပ်စကားပြော ကလေး ရုပ်ရှင်တွေကို ကြည့်သလိုပါဘဲ။ လူကြီးအတွက် စာအုပ်တွေမှာထက် အရုပ်တွေပိုပါတော့ ဖတ်ရတာ ပိုလွယ်ပါတယ်။ ဇာတ်လမ်းကို နားလည်ဖို့အထောက်အကူဖြစ်ပြီး ရောင်စုံ စာမျက်နှာတွေမိုဖတ်ချင်စဖွယ်လည်း ဖြစ်ပါတယ်။
၃၇။ သင်ယူလေ့လာရမယ့် ဘာသာစကား အသုံးအနှုန်းတွေကို စာရင်းလုပ်ထားပါ။ ဥပမာ Vocabulary စာရင်းလုပ်ထားပါ။ Vocabulary စာရင်းကို လေ့လာကျက်မှတ်ဖို့ အချိန်မရလို့ စာရင်းထဲမှာ Vocabulary တွေ စုပုံလာနေသည့်တိုင်အောင် ဘယ်စကားလုံးတွေကို တတ်ဖို့လိုတယ်၊ ကျက်မှတ်ရမယ့်စာရင်းထဲမှာ ထည့်ထားရမယ်ဆိုပြီး ရွေးချယ်ရတဲ့အတွက် အဲဒီစကားလုံးတွေ တတ်ဖို့ အထောက်အကူပြုနိုင်ပါတယ်။
၃၈။ Vocabulary စာရင်းကို တစ်နေ့ ၃-၄ ကြိမ် ပြန်ကြည့်ပေးပါ။ အလုပ်သွားတဲ့လမ်းမှာ၊ ရထားစီး၊ ကားစီးသွားစဉ်မှာ Vocabulary စာရင်းထဲက စကားလုံးတွေကို မှတ်သားနေရတာ အဆင်မပြေဘူးဆိုရင် ဒါမှမဟုတ်ရင် ရှက်တယ်ဆိုရင် အီလက်ထရောနစ်အဘိဓာန် (Electronic Dictionary) ထဲမှာ ထည့်ထားလို့ရပါတယ်။ ဒါမှမဟုတ် လက်ကိုင်ဖုန်းထဲက To Do List (လုပ်စရာများစာရင်း) ထဲမှာ ထည့်ထားနိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း mp3 ဖွင့်စက် ( ဥပမာ iPod ) ထဲမှာ စာသားဖိုင်အနေနဲ့ ထည့်ထားလို့ရပါတယ်။  Format တစ်ခုကနေ တစ်ခုပြောင်းပြီးတော့ အဲဒီလိုအချက်အလက်တွေ စကားလုံးတွေ ထည့်နေရတဲ့အတွက် အချိန်အလဟဿဖြစ်သွားတယ်လို့ ထင်ရပေမယ့် ဒီလိုမျိုး Vocabulary တွေကို အချိန်ပေးပြီး အသုံးပြုမယ်ဆိုရင် အဲဒီ Vocabulary ကို တတ်သွားမှာပဲ ဖြစ်ပါတယ်။
Wednesday, May 16, 2012
အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ (၇)
At this rate (ဒီပုံအတိုင်းဆိုရင်)
You say at this rate to suggest what is going to happen if things continue to develop or progress in the same way as at present:
ဒီပုံအတိုင်းဆိုရင် at this rate ကို ကိစ္စတစ်စုံတစ်ခုသည် လက်ရှိနှုန်းအတိုင်းသာ ဆက်လက် ဖြစ်ပေါ် (သို့) တိုးတက်နေပါက မည်သို့ဖြစ်လာနိုင်သည်ကို အကြံပြုပြောဆိုလိုသည့်အခါတွင် အသုံးပြုပါသည်။
  1. The traffic is very bad. At this rate we won't get there before dark.
      ကားလမ်းပိတ်တာ တော်တော်ဆိုးနေတယ်။ ဒီပုံအတိုင်းဆိုရင် ငါတို့ အဲ့ဒီကို မမှောင်ခင်မရောက်နိုင်ဘူး။
  2. The builders have made very little progress this week. At this rate the house will certainly not be finished before Christmas.
      အိမ်ဆောက်တဲ့သူတွေက ဒီတစ်ပါတ်မှာ နည်းနည်းပဲပြီးတယ်။ ဒီပုံအတိုင်းဆိုရင် အိမ်က ခရစ်စမတ် မတိုင်ခင် လုံးဝ မပြီးနိုင်ဘူး။
With all due respect (အားတော့နာပါတယ်။)
You use with all due respect in a formal context when you disagree with what somebody has just said:
အားတော့နာပါတယ် with all due respect ကို တစ်စုံတစ်ယောက်ပြောဆိုလိုက်သည့်စကားကို သဘောမတူကြောင်း ကိုယဉ်ကျေးစွာပြောဆိုရာတွင် အသုံးပြုသည်။
  1. With all due respect, I think that your statement is not quite accurate.
      အားတော့နာပါတယ် ခင်ဗျားပြောတဲ့အကြောင်းက သိပ်တော့ မတိကျဘူးဗျ
  2. With all due respect, I feel that you are not telling the whole truth.
      အားတော့နာပါတယ်။ ကျနော်ကတော့ ခင်ဗျားအဖြစ်မှန်အကုန်လုံးကို မပြောသွားဘူးလို့ ခံစားရတယ်။
Thursday, May 10, 2012
Singapore - Yangon လေယာဉ်ပျံ လက်မှတ်များဈေးချ
စင်္ကာပူနဲ့ရန်ကုန်မြို့ကြား အသွားအလာများနေတာနဲ့အမျှ လေကြောင်းလိုင်းများအနေနဲ့ အပြိုင်အဆိုင်ဈေးချလေ့ရှိပါတယ်။ အထူးသဖြင့် မြန်မာလေကြောင်းက အနိုမ့်ဆုံးဈေး S$230 လောက်နဲ့ SIN-YGN ကိုချပေးပေမယ့် ရန်ကုန်ကနေ စင်္ကာပူကိုလာတဲ့ဈေးကိုတော့ သိပ်ချလေ့မရှိပါဘူး။ Silk Air အနေနဲ့လောလောဆယ် အနိုမ့်ဆုံးဈေးဆိုလို့ S$345 မှာ online promotion ရောင်းပေးနေတာတွေ့ ရပါတယ်။
အခုမြန်မာပြည်မိုးတွင်းဝင်လာပြီး ခရီးသွားရာသီအခေါ် low season အတွက် Jet Star Asia ကနေ ချလိုက်တော့ ဈေးကိုတော့ ပြိုင်ဖက်လေကြောင်း လိုင်းတွေဖြစ်တဲ့ MAI နဲ့ Silkair တို့ ဘယ်လိုမှလိုက်မချနိုင်လောက်တော့ဖူးလို့ ထင်တာပါပဲ။ JetStar က လွန်ခဲ့တဲ့ ၂ ရက်မှာ Take a Friend FREE promotion နဲ့ ဈေးချတဲ့အခါ ရန်ကုန်ကပဲ စင်္ကာပူလာလာ၊ စင်္ကာပူကနေ ရန်ကုန်ပဲသွားသွား၊ အနိုမ့်ဆုံးဈေး (၂)ယောက်ကို S$344 နဲ့ဝယ်လို့ရပါတယ်။ တစ်ယောက်ကို အသွားအပြန် အပြီးအစီး ကီလို ၂၀၊ လက်ဆွဲ ၁၀ သယ်ခွင့်အပါ S$172 ပဲကျတော့တဲ့အတွက် အလွန်သက်သာတယ်လို့ ပြောရမှာပါပဲ။ (၂) ယောက်အတွက် S$344 လျော့လှပြီအောက်မေ့လို့ ဝယ်လိုက်ကြပြီးတဲ့
အခါမှာတော့ JetStar က Travel Asia Sales Promotion ကို Launch လုပ်လိုက်တဲ့အခါ ခရီးသည် ဘယ်နှစ်ဦးပဲသွားသွား ရန်ကုန် - စင်္ကာပူ၊ စင်္ကာပူ - ရန်ကုန်လက်မှတ်ကို အနိုမ့်ဆုံးဈေး တစ်ယောက်ကို S$158 နဲ့ ထပ်ပြီးဈေးချလိုက်ပါတယ်။ အခုမြန်မာငွေပေါက်ဈေးနဲ့ဆို ၁ သိန်းစွန်းစွန်းလေးပဲ ကျလို့ ရန်ကုန် - မန္တလေးလေပျံလက်မှတ်တွေ၊ ရန်ကုန် - ဘန်ကောက်လေပျံလက်မှတ်တွေထက်တောင် သက်သာသွားပါတယ်။ သို့သော် promotion လက်မှတ်ဖြစ်သည်နှင့်အမျှ weekend တွေမပါပဲ weekday တွေထဲမှာပဲ ရမှာပါ။ သူငယ်ချင်း ညီအကို၊ မောင်နှမများ ရန်ကုန်ကို သက်သက်သာသာလေးနဲ့ ပြန်ချင်တယ်ဆိုရင် သိရအောင် မျှဝေပေးလိုက်ပါတယ်။
အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု တိုးတက်စေမည့် နည်းလမ်း (၇၀) - အပိုင်း (၇)
၃၁။ စာဖတ်နိုင်တဲ့အဆင့်ကိုလည်း ကိုယ့်အဆင့်ကို ကိုယ်သိဖို့ဖြစ်ပါတယ်။ အားလုံးနီးပါး နားလည်တဲ့စာကို ဖတ်မယ်ဆိုရင် အများဆုံး တိုးတက်မှုရှိတယ်လို့ သုတေသနပြုလုပ်သူ အများစုက သဘောတူညီကြပါတယ်။ စာတစ်မျက်နှာလုံးမှာ မမြင်ဘူးတဲ့စကားလုံး တစ်လုံးနှစ်လုံးပဲရှိတယ်ဆိုရင် အဲဒါဟာ ကိုယ်နဲ့ကိုက်ညီတဲ့ အဆင့်ပါပဲ။ စာမျက်နှာတစ်မျက်နှာမှာ မသိတဲ့စာလုံး ၃လုံးနဲ့အထက် ပါနေပြီဆိုရင် ဒီထက်လွယ်တဲ့စာမျိုး ဖတ်သင့်ပါတယ်။ နောက်မှ ခက်တဲ့စာကို ပြန်ကြိုးစားကြည့်ဖို့ဖြစ်ပါတယ်။
၃၂။ အဆင့်လိုက်ပြုစုထားတဲ့ ဖတ်စာအုပ် (Graded readers) တွေကိုဖတ်ပါ။ (အလွယ်ဖတ် ဖတ်စာစာအုပ်တွေဖြစ်ပါတယ်။) အဲဒီစာအုပ်တွေကို ဘာသာစကားသင်သူတွေအတွက် သီးသန့်ရည်ရွယ်ပြီးရေးသားထားတာဖြစ်ပါတယ်။ ဥပမာ ပင်ဂွင်းဖတ်စာအုပ်တွေ (Penguin Readers) ဖြစ်ပါတယ်။ သတင်းစာ ဒါမှမဟုတ် အင်တာနက်မှာ ရေးထားတဲ့ စာတွေလောက် စိတ်ဝင်စားစရာကောင်းတာမျိုး ရှာဖတ်ဖို့ ခက်တတ်ပေမယ့် အဆင့် သတ်မှတ်ထားတဲ့ ဖတ်စာစာအုပ်တွေကို ဖတ်မယ်ဆိုရင် အများကြီး တိုးတက်မှုရှိနိုင်ပါတယ်။ အလုပ်အတွက် ဖတ်ရတဲ့သူတွေ၊ စာမေးပွဲအတွက် ဖတ်ရတဲ့သူတွေသာလျှင် ဘာသာစကား တတ်မြောက်ဖို့ ကိစ္စနဲ့ပတ်သက်ပြီး ပိုပြီးတော့ တတ်မြောက်နိုင်ပါတယ်။ Charles Dickens လိုမျိုး ဂန္ထ၀င်စာအုပ်တွေကို လွယ်ကူအောင် အဆင့်သတ်မှတ်ပြီးပြန်ရေးထားတဲ့ ဖတ်စာစာအုပ်တွေ ဖတ်ခြင်းအားဖြင့် အင်္ဂလိပ်စကား ပြောတဲ့ နိုင်ငံတွေက စာပေနဲ့ ယဉ်ကျေးမှု အကြောင်း အထွေထွေဗဟုသုတတွေ အချိန်တိုအတွင်း အများအပြားရသွားတဲ့ အကျိုးကျေးဇူးကိုလည်း ရရှိမှာဖြစ်ပါတယ်။
၃၃။ စာတစ်အုပ်လုံးကို အကူအညီမယူဘဲ ဖတ်ကြည့်ပါ။ အဘိဓာန်သုံးမယ်ဆိုရင် ဝေါဟာရ အသုံးအနှုန်းတွေ၊ ကာလတိုနှင့် ကာလရှည်နှစ်မျိုးစလုံး သင်ဖို့ အထောက်အကူဖြစ်တယ်လို့ တွေ့ရပါတယ်။ ဒါပေမယ့် အဘိဓာန်သုံးနေရတဲ့အတွက် စာဖတ်ရတာ နှေးသွားတတ်ပါတယ်။ အဲဒါဆို တချို့လူတွေက အင်္ဂလိပ်လို လုံးဝမဖတ်ဖြစ်တော့ဘူး။ တစ်ခါတစ်ခါ စာအုပ်တစ်အုပ်လုံးကို အလျင်အမြန် အပျော်ဖတ် ဖတ်သွားတာမျိုး လုပ်မယ်ဆိုရင် အခြားဘာသာစကားတစ်ခုနှင့် စာဖတ်ရတဲ့ အရသာကို သိရှိခံစားနိုင်မှာ ဖြစ်ပါတယ်။
၃၄။ တစ်အုပ်လုံး တစ်လုံးမကျန် ဖတ်မှတ်ပါ။ဒါကတော့ တခြားတစ်ဖက်စွန်းဖြစ်ပါတယ်။ ပင်ပန်းပေမယ့် စာအုပ်တစ်အုပ်လုံး တစ်လုံးမကျန် လေ့လာဖတ်ရှုပြီးတဲ့အခါ စိတ်ကျေနပ်စရာ အင်မတန်ကောင်းပါတယ်။ တစ်အုပ်လုံး ကျေကျေညက်ညက် ဖတ်ဖို့ လွယ်ကူတဲ့စာအုပ်မျိုး၊ ဝေါဟာရအသုံးအနှုန်းတွေကလည်း အသုံးဝင်တဲ့စာအုပ်မျိုးဖြစ်အောင်လို့ ဒီဆောင်းပါးမှာ ဖော်ပြထားတဲ့ အခြား အကြံပြုချက်တွေကို ကြည့်ပြီး ဘယ်စာအုပ်ကို စေ့စေ့စပ်စပ် ဖတ်မလဲ ရွေးချယ်ပါ။
Tuesday, May 08, 2012
အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ(၆)
Certainly not! (လုံးဝပဲ)
You use certainly not! as a stronger way of saying 'no' in answer to a question:
လုံးဝပဲ certainly not!ကို မေးခွန်းကို အငြင်းအနေဖြင့် ပြောရာတွင် ပိုမို ထိရောက်အောင် ပြောဆိုရာတွင် အသုံးပြုသည်။
  1. 'Are you going to give up work now you are 60?'
      အခုအသက် ၆၀ ရှိပြီဆိုတော့ အလုပ်က အနားယူတော့မှာလား။
     'Certainly not! I'm fit and healthy and well able to work.'
     လုံးဝပဲ။ ငါက ကျန်းမာတယ်။ ပြီးတော့ အလုပ်လုပ်နိုင်သေးတယ်။
  2. 'Did you lend Jack your car?'
     Jack ကို မင်းကားငှားလိုက်လား?
     Certainly not! He is a very bad driver.'
     လုံးဝပဲ။ သူက အရမ်းဆိုးတဲ့ ကားမောင်းသမားလေ။
Hardly (ဝေးပါသေးတယ်)
You say hardly when something seems very unlikely or unreasonable to you:
ဝေးပါသေးတယ် hardlyကို သင့်အတွက် တစ်စုံတစ်ခုသည် မဖြစ်နိုင် (သို့) ကျိုးကြောင်းမသင့်လျော်ပါက အသုံးပြုနိုင်သည်။
  1. Will Sara be at Meg's wedding?'
      Sara က Meg ရဲ့ မင်္ဂလာဆောင်မှာ ရှိမှာလား။
      'Hardly! She used to be engaged to the groom.'
      ဝေးပါသေးတယ် သူမက သတို့သားနဲ့ အရင်တုန်းက စေ့စပ်ဖူးတယ်လေ။
  2. Will we reach the hotel before dinner?'
      ဟိုတယ်ကို ညစာမစားခင်လောက်ရောက်နိုင်မလား။
      'Hardly! We've still 150 kilometres to go.
      ဝေးပါသေးတယ်။ နောက်ထပ် ကီလိုမီတာ ၁၅၀ လောက်သွားရဦးမယ်။
Sunday, May 06, 2012
သမ္ဗုဒ္ဓေသမိုင်းတရားတော် (ဗန်းမော်ဆရာတော်) Portland - Oregon July 5, 2011
From www.dhammavideo.com
Posted by Htun
ဆီမီးခုံ ရွာသို့ တပေါင်းလခရီး (မြန်မာ့အလှ မြန်မာ့ဘ၀)
သက်ဆွေထွန်း (MT), ညီညီအောင် (Civil), သိန်းသိန်းမြင့် (MP) တို့ ဆီမီးခုံရွာ အကြောင်းတွေ့လို့ တင်ပေးလိုက်တာပါ။
Posted by Htun
ဓာ​ရ​ဏ ပရိ​တ်ေ​တာ် အေြ​ကာ​င်း
ပါ​လ​ည်း ပါ​တ​ယ်။ မ​ပါ​လ​ည်း မ​ပါ​ဘူး လို့ြေ​ဖ​ရ​မ​ယ် ထင်တ​ယ်။ရှ​င်း​မ​ယ်​ေ​လ။
ပါ​ဝ​င်​ေ​န​တဲ့ ပါဠိ​စာသား​ေ​တြ​ကို ထု​တ်နု​တ်ြ​ပီး ရှ​င်ြး​ပ​မ​ယ်။ ဓာ​ရ​ဏ ပ​ရိတ်ထဲ​က ——–
၁။ ဗု​ဒ​ၶါ​နံ ဇီ​ဝိ​တႆ န သ​ကၠာ ေ​က​န​စိ အႏ​ၲ​ရာ​ေ​ယာ ကာ​တုံ ၊
၂။ ဗု​ဒ​ၶါ​နံ သ​ဗ​ၺ​ညဳ​တႆ န သ​ကၠာ ေ​က​န​စိ အႏ​ၲ​ရာ​ေ​ယာ ကာ​တုံ၊
၃။ ဗု​ဒ​ၶါ​နံ အဘိ​ဟ​ဋာ​နံ စ​တုႏ​ၷံ ပ​စ​ၥ​ယာ​နံ န သ​ကၠာ ေ​က​န​စိ အႏ​ၲ​ရာ​ေ​ယာ ကာ​တုံ၊
၄။ ဗု​ဒ​ၶါ​နံ အသီ​တိ​ယာ အႏ​ုဗ်​ဥၨ​နာ​နံ ဗ်ာ​မ​ပ​ၸ​ဘာ​ယ ဝါ န သ​ကၠာ ေ​က​န​စိ အႏ​ၲ​ရာ​ေ​ယာ ကာ​တုံ ဆို​တဲ့ ပါဠိ​စာသား ေ​လး​ပုဒ္ကေ​တာ့ ဝိ​န​ည်း​ပိ​ဋ​က၊ ပါ​ရာ​ဇိ​က⁠က​ဏ္ဍ အဋ္ဌ​က​ထာ ပထမ​အု​ပ်၊ စာမျ​က်နှာ ၁​၄​၇ – ၈ မှာ တိုက်ရိုက်လာ​တယ်လို့​ ဆို​ပါ​တ​ယ်။ (အဲ​ဒီ​စာ​အုပ္ထဲ​မွာ ဒီ​လို စဥ္ထား​တာ​ေ​တာ့ မ​ဟုတ္ပါ​ဘူး။ ဒါ​က သိပ္အေ​ရး​မ​ႀ​ကီး​ပါ​ဘူး။)
Autodesk AutoCAD 2013 64bit
Requirements to install 64-Bit AutoCAD 2013
1)Microsoft Windows 7 Enterprise, Ultimate, Professional, or Home Premium (compare Windows 7 versions) or Microsoft Windows XP Professional (SP2 or later)
2)AMD Athlon 64 with SSE2 technology, AMD Opteron® processor with SSE2 technology, Intel® Xeon® processor with Intel EM64T support and SSE2 technology, or Intel Pentium 4 with Intel EM64T support and SSE2 technology
3)2 GB RAM (4 GB recommended)
4)6 GB free space for installation
5)1,024 x 768 display resolution with true color (1,600 x 1,050 with true color recommended)
6)Internet Explorer 7.0 or later
ကျွန်တော် တင်ပေးလိုက်ပါပြီ။ ဖိုင်ဆိုဒ်ကတော့ 3.08 GB ရှိပါတယ်။ ကျွန်တော် ၁၃ဖိုင်ခွဲပြီး တင်ထားပါတယ်။
Installation procedures of Autodesk Autocad 2013
1.Install Autodesk Autocad 2013
2.Use as Serial 666-69696969, 667-98989898, 400-45454545 066-66666666 ..
  or anything matching those templates
3.Use as Product Key 001E1
4.Finish the installation & restart Autodesk Product
5.Before clicking on Activate
  You have 2 options :
   - a) Disable Your network Card, pull the network cable out or block with firewall
     (this is just to disable online serial check)
OR
   - b) Click on Activate and it will tell you that your serial is wrong, simply click
     on close and click on activate again.
Choose option a or b.
6. Select I have an activation code from Autodesk
7.Once at the activation screen:
  start XFORCE Keygen 32bits version or 64bits version
8.Click on Mem Patch (you should see successfully patched)
9.Copy the request code into the keygen and press generate
10.Now copy the activation code back to the activation screen and click Next
  You have a fully registered autodesk product
NB: Make sure you are running the Keygen as administrator and with UAC off on Windows7
    And use the keygen for the right Product
မှတ်ချက်။ Keygun က Crack ဆိုတဲ့ဖိုင်ထဲမှာရှိပါတယ်။
အကယ်၍ ကီးဂျမ်းကို ရှာမတွေ့ရင် ဒီမှာ ဒေါင်းသွားပါ။
Source : မောင်ညီ (နည်းပညာနှင့် အထွေထွေ)
Posted by ဝတီ
Saturday, May 05, 2012
Vesak (ဝိသာခါ)နေ့ပူဇာမင်္ဂလာ ဓမ္မသဘင် ဖိတ်ကြားလွှာ
နဝမမြောက် ရွှေစင် တိပိဋကဓရ ဆရာတော် ဒေါက်တာ ဂန္ဓာမာလာ လင်္ကာရ၏ တရားတော်အား LiveDhamma.com ၏ (CHANNEL A) မှ ထုတ်လွှင့်သွားမည် ဖြစ်ပါသည်။
Posted by မောင်စူးစမ်း(MTLA GTI)
ကဆုန်လပြည့်နေ့ အကြောင်း
(ကဆုန်လပြည့်နေ့(ယနေ့) ရွှေတိဂုံစေတီတော် မြင်ကွင်း)
ကဆုန်လပြည့်နေ့ဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့အတွက် နှိင်းလို့မရနိုင်တဲ့ နေ့ထူးနေ့မြတ်တနေ့ဆိုတာ သေချာပါတယ်။ ဒါကြောင့်လဲ ၁၂ လ ရှိတဲ့အထဲက အခြောက်သွေ့ အပူပြင်းဆုံးလို့ ဆိုရမယ့် ကဆုန်လကို ရေပြတ်တဲ့လ၊ ရေရှားပါးတဲ့လ လို့ဆိုရတာပါ၊ သစ်ပင်ကြီးငယ်အားလုံး ရေရှားလွန်းလို့ ညှိုးရော်နွမ်းလျနေတာကြောင့် ရေလိုအပ်နေတဲ့အချိန်မှာ ဘုရားရှင်ရဲ့ ဖွားဖက်တော်၊ ပရိဘောဂစေတီ၊ သဗ္ဗညုတဥာဏ်တော်ရဲ့ မှီခိုရာဖြစ်တဲ့ မဟာဗောဓိပင်ကို ကာလဒါနလို့ဆိုရမယ့် ရေသွန်းလောင်းခြင်း ဥဒကဒါနကို ပြုကြခြင်းပဲ ဖြစ်ပါတယ်။
ကဆုန်လပြည့်နေ့နှင့် ပက်သက်ပြီး ဖြစ်ပျက်ခဲ့တဲ့ ဗုဒ္ဓ၀င်တွေက ဗုဒ္ဓဘာသာဝင်တို့အား ကြည်နူးမှု့၊ လွမ်းဆွေးမှု့၊ သက်တော်ထင်ရှား ဘုရားရှင်ကို တမ်းတမှု့တွေဖြစ်စေတာကြောင့် ကဆုန် ညောင်ရေသွန်းပွဲတော်ကို ပိုမိုအသက်ဝင်စေပြီး စိတ်ကိုတက်ကြွလန်းဆန်းစေပါတယ်။
“ဗျာဒိတ်တော် ခံ၊ ဖွား၊ ပွင့် ၊ စံ၊ ဟောညွှန် ဗုဒ္ဓဝံသ ဖြစ်တော်စဉ် ငါး၊ ကြုံကြိုက်သား၊ ထူးခြား ကဆုန်လ” လို့ ရှေးရှေး ပညာရှိတွေ မိန့်ဆိုထားခဲ့ကြပါတယ်။
(၁) ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမ
အမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခဲ့သည်။
(၂) မဟာသက္ကရာဇ် ၆၈-ခု ကဆုန်လပြည့်နေ့တွင် ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခဲ့သည်။ ( ဘီစီ ၆၂၃ )
(၃) မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူခဲ့သည်။
( ဘီစီ ၅၈၈ )
(၄) မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။
( ဘီစီ ၅၄၃ )
(၅) မဟာသက္ကရာဇ် ၁၀၄ ခုနှစ် မှာ လေးသင်္ချေနဲ့ ကမ္ဘာတသိန်းကာလ ပါရမီ ဖြည့်ဆည်းရာ ကာလမှ စ၍ ယခုဘ၀ ဂေါတမ ဘုရားရှင် ဖြစ်တော်မူရာ ဘ၀ပေါင်းများစွာ ပါဝင်တဲ့ မဟာဗုဒ္ဓ၀င် အတ္ထုပ္ပတ္တိကိုလည်း ဒီ ကဆုန်လပြည့်နေ့မှာပဲ ဟောတော်မူခဲ့ပါသတဲ့။
( ဘီစီ ၅၈၇ )
ပါရမီ ဖြည့်ဖက်တို့ အတုယူဖွယ်ရာ
ဘုရားရှင် ကပိလ၀တ်ပြည်ကို ရောက်တော်မူတဲ့ အခါမှာ ဖခင်ဘုရင်ကြီးနဲ့ တကွ ကပိလ၀တ်နန်းတော် တခုလုံး အုံးအုံးကျွတ်ကျွတ် ဘုရားရှင်ကို လာရောက် ဖူးမြော်ဦးခိုက်ကြတယ်။ ဒါပေမယ့် အဲဒီအထဲမှာ ယသော်ဓရာ ပါမလာခဲ့ဘူး။ ယောက္ခမ ဘုရင်ကြိးကိုယ်တိုင် ဘုရားကို သွားရောက်ဖူးမြော်ဖို့ ပြောပေမယ့် ဘယ်လိုပြန်ပြောတယ် မှတ်ပါသလဲ။
Friday, May 04, 2012
JOB VACANCY ANNOUNCEMENT
Posted by ဝတီ
ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၂ ဦး ဆော်ဒီတွင် ခေါင်းဖြတ် ကွပ်မျက်ခံရ
ဘင်္ဂလာဒေခ်ျ့နိုင်ငံသား ၈ ဦး ခေါင်းဖြတ် ကွပ်မျက်ခံရပြီး (၇) လအကြာတွင် နောက်ထပ် ဘင်္ဂလီ ၂ ဦးကို ဆော်ဒီ အာရေဗီးယားတွင် မေလ ၁ ရက်နေ့က လူသတ်မူနှင့် ခိုးမူကြောင့် ခေါင်းဖြတ် ကွပ်မျက်ခဲ့သည်ဟု သိရသည်။
ခေါင်းဖြတ် ကွပ်မျက်ခံရသူ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား အလုပ်သမား (၂) ဦးမှာ Najoum Md Amin abdul sharif နှင့် Abdul Majid Abu Bakr Manza တို့ဖြစ်ကြသည်။
သူတို့ နှစ်ဦးအား တစ်နိုင်ငံတည်းသား လုပ်ဖေါ်ကိုင်ဘက် တစ်ဦးကို သတ်ဖြတ်ပြီး ငွေနှင့် မိုဘိုင်း တယ်လီဖုံးကို ခိုးယူမူကြောင့် ဆော်ဒီ အာရေဗီးယားနိုင်ငံ Jazan ဒေသတွင် ခေါင်းဖြတ် ကွပ်မျက်ကာ ပြစ်ဒဏ်ပေးလိုက်ခြင်း ဖြစ်ကြောင်း Saudi Press Agency (SPA) က ပြည်ထဲရေး ဌာနကို ကိုးကားပြီး သတင်း ရေးသား ဖေါ်ပြသည်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၂ ဦးကို လူမြင်ကွင်း ကွပ်မျက်ပြီးနောက် ဆော်ဒီ ပြည်ထဲရေး ၀န်ကြီးဌာနမှ လည်း သတင်း ထုတ်ပြန်ခဲ့သည်ဟု ဆိုသည်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၂ ဦးကို ကွပ်မျက်ရန် ဆော်ဒီတရားရုံးချုပ်မှ အတည်ပြုကာ ဘုရင်အုပ်ချုပ်ရေး အဖွဲ့မှ အမိန့်ထုတ်ခဲ့ကြောင်း သိရသည်။
လွန်ခဲ့သောနှစ် အောက်တိုဘာလ ၇ ရက်နေ့ကလည်း ဘင်္ဂလာဒေခ်ျ့နိုင်ငံသား (၈) ဦးကို အီဂျစ်နိုင်ငံသား အစောင့် တစ်ဦးကို ဓါးပြတိုက်ပြီး သတ်ဖြတ်ပစ်မူဖြင့် ဆော်ဒီနိုင်ငံ ရီယဒ်မြို့တွင် ခေါင်းဖြတ်သတ်ကာ ပြစ်ဒဏ်စီရင်ခဲ့သည်။
ဘင်္ဂလာဒေခ်ျ့ အစိုးရမှ အဆိုပါ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားများကို ခေါင်းဖြတ်သတ်ခြင်းမှ ချမ်းသာ ပေးရန် မေတ္တာရပ်ခံခဲ့သော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ကြားမူ မရှိဘဲ ခေါင်းဖြတ်ကာ ကွပ်မျက် ပစ်ခဲ့သည်။ 
မည်သို့ပင် ဆိုစေကာမူ အဲဒီလို့ နိုင်ငံမျိုးကို မြန်မာနိုင်ငံသားများ မသွားကြဖို့ တိုက်တွန်းချင်ပါတယ်။
 Posted By Htun
Thursday, May 03, 2012
ထောပတ်သီးစားခြင်းက အရွယ်တင်နုပျိုစေနိုင်
ထောပတ်သီးကမူ ဆဲလ်အဖွဲ့အစည်းထိ အကျုံးဝင် သက်ရောက်နိုင်သည့် သဘာဝ သတ္တိထူးမျိုး ပိုင်ဆိုင်ထားကြောင်း ဇီဝဓာတုနှင့် မော်လီကျူးဆိုင်ရာ ဇီဝဗေဒ နှစ်ပတ်လည် အစည်းအဝေးတွင် အမေရိကန် သုတေသီ ခရစ္စတီယန် ကော်တက်စ် ရိုဂျိုက ပြောကြားခဲ့သည်။
ထောပတ်သီးသည် နုပျိုကျန်းမာခြင်းအတွက် သဘာဝ၏ လက်ဆောင်မွန် ဆေးကောင်းဝါးကောင်းတစ်လက် ဖြစ်နေကြောင်း သုတေသီများက ပြောကြားခဲ့သည်။ ခန္ဓာကိုယ်ကို အန္တရာယ်ပေးနိုင်သည့် မော်လီကျူးများကို ထောပတ်သီးက ဖယ်ရှားပေးနိုင်စွမ်း ရှိနေကြောင်း သိပ္ပံပညာရှင်များက ဆိုသည်။ အထူးသဖြင့် အိုမင်းရင့်ရော်မှုကို ဖြစ်ပေါ်စေသော ဓာတ်သဘာဝများကို ထောပတ်သီးက နှောင့်နှေးစေသလို နှလုံးနှင့် ကင်ဆာရောဂါများ မဖြစ်အောင် အကာအကွယ် ပေးနိုင်ကြောင်း သိရသည်။ ထိုသစ်သီးမှ ထွက်သော အဆီဓာတ်သည် ခန္ဓာကိုယ်ကို အဆိပ်သင့်စေသော မော်လီကျူးများအား တိုက်ဖျက်ပေးတတ်ပြီး ဓာတုဗေဒ ဘေးထွက်ဆိုးကျိုးများကို ချေဖျက်ပေးနိုင်သည်။
Wednesday, May 02, 2012
အင်္ဂလိပ်စာလေ့လာရာတွင် အသိများလေ ပိုလွယ်လေ
အကြားသန်ရန်အားထုတ်ရာတွင် အင်္ဂလိပ်စာလေ့လာရသည့် ရည်ရွယ်ချက်ပေါ်မူတည်ပြီး ဘာကို နားထောင်မလဲ ဆိုသည်မှာလည်း ကွဲပြားသွားနိုင်သည်။ ပညာရပ်တစ်ခုကို အင်္ဂလိပ်စကားပြော တက္ကသိုလ်တစ်ခုတွင် သင်ယူဖို့ ရည်ရွယ်ပါက လက်ချာဟု အများခေါ်ကြသော ဟောပြောပို့ချချက်များကို နားလည်နိုင်စွမ်းရှိရမည်။ ထို့ပြင် ၀ိုင်းဖွဲ့ဆွေးနွေးပြောဟန် (seminar) ကိုလည်း ယဉ်ပါးထားရပါလိမ့်မည်။
ထိုသို့ နားထောင်စရာများကို အင်တာနက်စာအိမ်များပေါ်တွင် ရှာနိုင်ပါသည်။ အင်္ဂလိပ်စာ လေ့လာ သူများအတွက် သီးသန့်ဟောပြောချက်များကိုမူ သိပ်ရှာတွေ့မည်မဟုတ်ဘဲ ပုံမှန်စကားပြောနှုန်းဖြင့် ပြောသော ဟောပြောမှု၊ ဆွေးနွေးမှု စကားပြောများကိုသာ များသောအားဖြင့် နားထောင်နိုင်ပါလိမ့်မည်။ bbcworldservice.com bbc.co.uk စာအိမ်များတွင် အကြောင်းအရာအမျိုးမျိုးကို ဆွေးနွေးဟောပြောထားသော နားထောင်စရာများစွာ ရှိပါသည်။
ဤနေရာတွင် အခက်အခဲတစ်ခုရှိပါသည်။ ပြောသော အသံများ၊ စကားလုံးများကို အကုန် ဖမ်းမိလျင်သော်မှ နားမလည်လိုက်သော အဖြစ်မျိုးရှိနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဆွေးနွေး ဟောပြောသော အကြောင်းအရာကို တီးမိခေါက်မိမရှိသောကြောင့်ဖြစ်ပါသည်။ ဥပမာ ဘီဘီစီ အင်္ဂလိပ်ပိုင်းရှိ သိပံ္ပဆိုင်ရာ သတင်းလွှာသော်လည်းကောင်း၊ ကျန်းမာရေးဆိုင်ရာ ဆွေးနွေးမှု အစီအစဉ်သော်လည်းကောင်း၊ စာပေဆွေးနွေးမှုများကိုလည်းကောင်း နားထောင် ရာတွင် ထိုအကြောင်းတို့ ၏ အခြေခံ သဘောများကိုအနည်းငယ် တီးမိခေါက် မိရှိထားပါက မြန်မြန်နားလည် နိုင်ပါလိမ့်မည်။
မေးစရာရှိပါသည်။ ထိုအရာတို့ကို မသိပါ။ ကျောင်းတွင်မသင်ခဲ့ရပါ။ ထို့ကြောင့် ဘယ်လိုသိနိုင်မလဲ။ သတိပြုစရာ တစ်ခုရှိပါသည်။ ၎င်းရေဒီယို အစီအစဉ်များမှာ သိပံ္ပပညာရှင် စာပေပညာရှင် ကျန်းမာရေးပညာရှင်များအတွက်သာ သီးသန့်ထုတ်လုပ်ထားသည် မဟုတ်ပါ။ သူလိုကိုယ်လို သာမန်နားဆင်သူများအတွက် မေးမြန်းဆွေးနွေးထားချက်များ ဖြစ်ပါသည်။ မေးမြန်းသူက နားထောင်သူများ လိုက်နိုင်မည်ဟု ထင်သည့်နေရာက စထားတတ်ပါသည်။ ထို့ကြောင့် ထိုအရာတွေကို မသိ၍ စနားမထောင်ဘူးဟု ဆင်ခြေမပေးသင့်ပဲ အကြောင်းအရာအသစ်များကို စိတ်ဝင်စားအောင် အားထုတ်သင့်ပါသည်။
Tuesday, May 01, 2012
ဘန်ကီမွန်းပြောတဲ့ သူ့ငယ်စဉ်ဘ၀နှင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး
ကိုရီးယားစစ်ပွဲကာလမှာ ကျနော် ကလေးအရွယ်ပဲ ရှိသေးပေမဲ့၊ ဆင်းရဲမွဲတေမှုကို ကိုယ်တိုင် ကြုံခဲ့ရပါတယ်။ ကျနော့်် ပတ်လည်မှာ ဆင်းရဲတဲ့ မြင်ကွင်းတွေ နေ့တိုင်း မြင်ခဲ့ရသလို၊ ကျနော်ကိုယ်တိုင်လည်း ဆင်းဆင်းရဲရဲ နေခဲ့ရပါတယ်။ ကျနော့်ငယ်စဉ်ဘ၀ အမှတ်ရစရာတွေထဲကတခုကတော့ နှစ်ဖက်တိုက်ပွဲတွေဖြစ်နေရာက လွတ်မြောက်ဖို့ ရွှံ့ညွန်တွေဖြတ်ပြီး တောင်တန်းတွေဆီ ပြေးခဲ့ရတာပါ။ နောက်ဘက်မှာ ကျနော်တို့ တစ်ရွာလုံး မီးလောင်ကျန် ခဲ့ပါတယ်။ ရှေ့မှာ ကျနော်နဲ့ ကျနော့်မိသားစုနဲ့ ဘာဆက်ဖြစ်မလဲဆိုတာ ရင်တမမပါ။
နောက်ဆုံး အဖြေကတော့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့တွေပါ။ နိုင်ငံပေါင်းစုံက မိတ်ဆွေတွေရဲ့ အကူအညီကြောင့် ကျနော်တို့နိုင်ငံဟာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ပြန်ရပ်လာနိုင်ပါတယ်။ ကြောက်မက်ဖွယ် ပဋိပက္ခတွေအပြီး၊ အပျက်အစီးပုံတွေကြားကနေ နိုင်ငံကို ပြန်လည်ထူထောင်ဖို့ ကြိုးစားခဲ့ပါတယ်။ သန်းနဲ့ချီတဲ့ ကိုရီးယားတွေရဲ့ အလုပ်ကြိုးစားလုပ်ကိုင်မှုနဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကြောင့် ကိုရီးယား သမ္မတနိုင်ငံဟာ နှစ်ငါးဆယ်တောင်မကြာဘဲ အဆုံးစွန်ဆင်းရဲမွဲတေမှုကနေ ချမ်းသာကြွယ်ဝတဲ့အဆင့်ကို ရောက်ရှိလာပါတယ်။
အခု ကျနော် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုချုပ် ဖြစ်တော့လည်း၊ ငယ်စဉ်က ဇာတ်လမ်းမျိုးတွေနဲ့ ကြုံတွေ့ ရင်ဆိုင်နေရတုန်းပါပဲ။ ကမ္ဘာပေါ်မှာ အဆုံးစွန်ဒုက္ခရောက်နေတဲ့ လူသန်းတစ်ထောင်ရဲ့ ဆင်းရဲမွဲတေမှု ပြဿနာကို ကူညီဖြေရှင်းဖို့ နေ့တိုင်း ကျနော် အလုပ်လုပ်နေရပါတယ်။
အာဖရိကတောင်ပိုင်းက ကုန်းကောက်စရာမရှိအောင် ဆင်းရဲမွဲတေနေတဲ့ မာလာဝီနိုင်ငံက ကျေးလက်တွေ ရောက်သွားတော့ ကျနော်ငယ်စဉ် ကြုံခဲ့ရတဲ့ ဆင်းရဲမွဲတေမှုနဲ့ အခက်အခဲဒုက္ခတွေကို ပြန်အမှတ်ရလာပါတယ်။
မြန်မာနိုင်ငံ (၁၃၀၀ - ၁၈၈၅) ဖြစ်ပေါ် တိုးတက်မှု အကျဉ်းချုပ်
မြန်မာနိုင်ငံ (၁၃၀၀ - ၁၈၈၅) ဖြစ်ပေါ်တိုးတက်မှု အကျဉ်းချုပ်ကို ကြည့်မယ်ဆိုလျှင် အောက်ပါအတိုင်း တွေ့ရမှာ ဖြစ်ပါတယ်။
၁၃၀၀ ပုဂံနိုင်ငံပျက်
၁၃၀၁ တရုတ်က မြင်စိုင်းကို ရအောင် မသိမ်းနိုင်
၁၃၁၂ ပင်းယမြို့တည်
၁၃၆၂ ဗညားဦး ရွှေတိဂုံ စေတီ ဉာဏ်တော်ကို ၆၆ ပေထိမြှင့်
၁၃၆၄ ရှမ်းဖျက်လို့ ပင်းယ၊ စစ်ကိုင်းပျက်
၁၃၆၅ အဝမြို့တည်
၁၃၆၈ ဇီးတောဆည် ဆောက်၊ မိတ္ထီလာကန် ပြန်ဆည်
၁၃၆၉ မဒမ က နန်းတော်ကို ဗဂိုးပြောင်း
၁၃၇၄ ရခိုင်က မြန်မာမှာ နန်းလျာတောင်း
၁၃၉၀ - ၉၁ ဗောလောကျန်းတော သေ၊ မင်းရဲကျော်စွာ မွေး
၁၄၀၄ ရခိုင်မင်းတွေ ရခိုင်ဘွဲ့အပြင် မဟာမေဒင်ဘွဲ့ကိုလဲယူ
၁၄၃၃ မြို့ဟောင်း (မြောက်ဦး) တည်
၁၄၃၅ ပထမ ဥရောပတိုက်သား နိကိုလိုဒီကွန်တီ ဗဂိုးရောက်