Saturday, April 30, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၂)

Noun
သမာရို:ကျသဒ္ဒါမှာတော့ ၀ါစင်္ဂရှစ်ပါး ( Eight Parts of Speech ) ရယ်လို့ဆိုတယ်။ Noun, Verb, Pronoun, Adjective, Adverb, Preposition, Conjunction, Interjection ပါတဲ့။ ကနေ့ခေတ် သဒ္ဒါများမှာတော့ အဲ့လိုမခွဲတော့ဘူး။ Lexical words ( အဓိပ္ပါယ်စကား ) နဲ့ Structural words ( အဆောက်အအုံ စကားလုံး ) ရယ်လို့ အဓိကအပိုင်းနှစ်ပိုင်း ခွဲလိုက်ပါတယ်။Lexical words ထဲမှာ Noun, Verb, Adjective, Adverb လို့ ခွဲလိုက်ပါတယ်။ Noun အကြောင်းစပြီးပြောမယ်....

Countable / Uncountable
Noun တွေကို ကျက်မှတ်ရာမှာ အေ၇းအကြီးဆုံးကတော့ ရေတွက်လို့ရတဲ့ Noun လား (Countable Noun)၊ ရေတွက်လို့မရတဲ့ Noun လား ( Uncountable Noun ) ခွဲခြား မှတ်ထားဖို့ပါပဲ။ အကြောင်းးကတော့....
၁။ Countable Nouns တွေမှာသာ Singular ( ဧက၀ုစ်ကိန်း ) နဲ့ Plural ( ဗဟုဝုစ်ကိန်း ) ရယ်လို့ Number ခွဲခြားမှု့ရှိပါတယ်။ Uncountable Noun တွေမှာ Singular သာရှိပြီး Plural မရှိပါဘူး။( ရှိခဲ့ရင် အဓိပ္ပါယ် အပြောင်းအလဲ ရှိပြီ။ )
၂။ Countable Noun တွေကိုသာ indefinite article လို့ ခေါ်တဲ့ a, an နဲ့တွဲသုံးနိုင်ပါတယ်။ Uncountable Noun တွေကို မသုံးနိုင်ပါဘူး။ ရေတွက်လို့ရတယ်၊ မရဘူးဆိုတာ အကြမ်းဖျင်းပြောရရင် လွယ်တယ်လို့ထင်စ၇ာပါပဲ။ ဒါပေမယ့် တစ်ချို့ အင်္ဂလိပ်စကားလုံးများကို ကျောင်းသားက ရေတွက်လို့ ရတယ်လို့ ထင်မှတ်မှားကြတယ်။ ဥပမာ.. paper - စက္ကူ၊ bread - ပေါင်မုန့် ၊ money -ငွေ ။ ဒါမျိုးတွေဟာ အင်္ဂလိပ်စကားမှာေ၇တွက်လို့မရတဲ့ အရာတွေဖြစ်တယ်ဆိုတာကို ကြပ်ကြပ်မှတ်ထားဖို့ လိုပါတယ်။ အသုံးများတဲ့ ရေတွက်မရတဲ့ နာမ်အချို့ကိုအောက်မှာ ဖော်ပြလိုက်ပါတယ်။


ဒုတိယပိုင်း (စင်ကာပူအတွေ့အကြုံ - ပထမ ၂ နှစ်) - အပိုင်း (၂) -ဦးအေးငြိမ်း

(၉) သင်္ဘောကျင်း အလုပ်သမားဘဝ
 စင်ကာပူမှ လူနေမှုဘ၀ကား တကယ့်ကို struggle ဖြစ်သည်။ “ဘ၀ဟူသည်တိုက်ပွဲ” ဟူသော စကားမှာ စင်ကာပူမှလူတို့အဘို့ ပိုမှန်ပါလိမ့်မည်။ ကလေးဘ၀ကတည်းက ကျောင်းကို အစောကြီးသွားကြရသည်။ အလုပ်စလုပ်ပါပြီဆိုကတည်းက ပင်စင်ယူပြီးသည်၏ ဟိုမှာဘက်အထိ အလုပ်လုပ်ကြရသည်။ အလုပ်၊ အလုပ်၊ အလုပ်နှင့် နေ့ရှိသရွေ့ အလုပ်လုပ်ကြရသည်။ တစ်ပတ်လျှင် ၅ ရက်၊ တချို့လည်း ၆ ရက် လုပ်ကြရ၏။ တစ်နှစ်လျှင်တစ်ခါ ခွင့်ရက်ရှည်ယူကာ နားကြသည်။ များသောအားဖြင့် တရုတ်များဆိုလျှင် တရုတ်နှစ်ကူးမှာ ခွင့်ရက်ရှည် ယူကြသည်။ မလေးတို့မှာ Hari Raya Puasa (ဟာရီရာယာပွာစာ) သို့မဟုတ် Hari Raya Haji မှာ ခွင့်ရက်ရှည်ယူသည်။ များသောအားဖြင့် ခွင့်ရက်ရှည်ယူကြသည်မှာ မလေးဖြစ်စေ၊ ကုလားဖြစ်စေ၊ တရုတ်ဖြစ်စေ၊ မိမိတို့လူမျိုး၏နှစ်ကူးမှာ ယူကြတာများသည်။ မြန်မာပြည်တွင် သင်္ကြန်တွင်း ရုံးရက်ရှည် ပိတ်သကဲ့သို့တည်း။


Friday, April 29, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၁)

Voice and Tense
မြန်မာကျောင်းသားတွေကို ကိုယ်ပိုင် အင်္ဂလိပ်စာလေး တစ်ကြောင်းလောက် အရေးဖွဲ့ ခိုင်းလျှင် အများစုဖြစ်လာတတ်တာကတော့ I am go, He is eat, You are write ဆိုတဲ့ ၀ါကျမျိုးတွေပါပဲ။ ဘာ့ကြောင့် ဒီလိုဖြစ်ကြရလည်းလို့  စိတ်ထဲမှာ စီစစ် စဉ်းစားကြည့်တဲ့ အခါ အင်္ဂလိပ်စာကို စသင်ကတည်းက I am here, He is there, This is a book ဆိုတဲ့ ၀ါကျမျိုးနဲ့  အစချီလေ့ရှိကြတာကိုး။ ဒီတော့ဆက်လက်ပြီး စနစ်တကျမသင်ရလျှင် အင်္ဂလိပ်စကားဆိုတာ I နောက်ကအမြဲ am ပါတယ်။ He, She နောက်က အမြဲ is ပါတယ်လို့  ကျောင်းသားရဲ့ မသိစိတ်ထဲမှာ အလိုလို အထင်ရောက်သွားတော့တာပါပဲ။
ဒါကြောင့် အင်္ဂလိပ်စာကို ကျကျနန မသင်ခဲ့ ရပါဘူး။ စနစ်တကျတတ်ချင်လှချည်ရဲ့ ဆိုတဲ့ ကျောင်းသားဟာ ပထမဦးဆုံး အဲသလို I နောက်က am ပါတယ်၊ He, She တို့ နောက်က is ထည့်ချင်တဲ့ အကျင့်ဆိုးကြီးကို အလျင်ဖျောက်ဖျက်ပစ်ဖို့  ကြိုးစားရမှာဖြစ်ပါတယ်။

အိမ်လွမ်းသူ သူငယ်ချင်းသို့ ပေးစာ………………………

သူငယ်ချင်းလေးရေ …………..
ငါသတိရစွာနဲ့ စာရေးလိုက်ပါတယ် ။ မင်းအိမ်နဲ့ ဝေးနေခဲ့တာကြာလှပေါ့ ။ မင်းသံယောဇဉ်ရှိတဲ့ မင်းရဲ့ မိသားစုနဲ့ မင်းသူငယ်ချင်းတွေ အားလုံး မင်းအပေါ် အခင်အမင်တွေမပျက်သေးပါဘူး ။ သံယောဇဉ်တွေ မလျော့ သေးပါဘူးကွာ ။ မင်းအိမ်ကိုလွမ်းလို့ တစ်ခါတစ်ခါတစ်ခါ ငိုမိတယ်ဆို ? …. ငိုစရာရှိရင် ငိုသာငိုချလိုက်ပါနော် ။ ရင်ထဲမှာပေါ့သွားအောင်လို့ ပါ ။ ငိုတယ်ဆိုတာ အရှုံးပေးရတာလို့ စိတ်ထဲမထားပါနဲ့ ။ မျက်ရည်ဆိုတာ အသည်းရဲ့ စွန့် ပစ် ပစ္စည်းမို့ ၊ ငိုတဲ့ အခါအသည်းက ပိုပြီးသန့် သွားသတဲ့ …. အဲဒီင်္တော့ ငို ချင်တယ်ဆိုရင် အားရပါးရ သာငိုချလိုက်ပါနော်။ မင်းငိုပြီးရင်တော့ ငါစကားနည်းနည်းပြောပါရစေ ။အခု ချိန် မင်းငိုနေရသလို ငိုနေရတဲ့ လူတွေရှိနေသေးတယ်ဆိုတာကိုပေါ့ ။ မင်းတစ်ယောက်တည်းမဟုတ်ဘူးဆိုတာ သိစေချင်တယ်သူငယ်ချင်းရယ် ။ မင်းလိုပဲ တစ်ခြားသော သူငယ်ချင်းတွေ လည်း အမျိုးမျိုးသော အကြောင်းအချက်တွေ ၊ ရည်ရွယ်ချက်တွေ ၊ အခြေအနေတွေ ကြောင့် ကိုယ့် အိမ်ကိုယ့် ယာကို စွန့် ပြီး ရေခြားမြေခြားမှာ နေနေကြရတယ်လေ ။ မင်းတစ်ယောက်တည်း မဟုတ်ဘူး ……………… သူတို့ လည်း ငိုချင်နေကြတယ် ၊ မင်းတစ်ယောက်တည်း မဟုတ်ဘူး…………………သူတို့ လည်း ပျော်ချင်ကြတယ်၊ မင်းတစ်ယောက်တည်း မဟုတ်ဘူး…………………သူတို့ လည်းလွမ်းကြတာပဲ ၊ မင်းတစ်ယောက်တည်း မဟုတ်ဘူး…………………သူတို့ လည်းဝေးနေကြတယ်၊ အခြေအနေတွေက အမျိုးမျိုးပဲပေါ့ ……………………………………………………. …………………………………………….. ချို့ တဲ့ တဲ့ မိသားစု အခြေအနေကြောင့် …………. ……………………………………………….. လိုအပ်နေတဲ့ ငွေကြေးကြောင့် ………. ………………………………………………… တိုးတက်လိုတဲ့ ဘ၀တက်လမ်းတွေ နဲ့ ……………………………………………………… ပညာရေး အခြေအနေ တွေ ကြောင့် ……………………… အဲလို အမျိုးမျိုးသော ရည်ရွယ်ချက်တွေနဲ့ ကိုယ့် အသိုက်အမြုံ ကို ခဏစွန့် ခဲ့ ရပေမယ့် အချိန်တန်တော့ လွမ်းမိတာ သိုက်မြုံပါပဲ ။ မင်းတစ်ယောက်ထဲ ဒါတွေခံစားနေရတယ် မထင်ပါနဲ့ နော် …………………… လွမ်းရင်လည်းလွမ်းပေါ့ ……….. ပြီးရင် ငါတစ်ယောက်တည်း မဟုတ်ပါလား … ဒါဟာ အိမ်ကို စွန့်ခဲ့ သူတွေအားလုံးခံစားရမယ့် သဘာဝတစ်ခုပါပဲလို့တွေးမိစေချင်ပါတယ် ။ မင်းဒီလို အဝေးမှာ နေပြီး အလုပ်လုပ်တဲ့ အတွက် မင်းမိသားစုဟာ မင်းကြောင့် ဘယ်လောက်များပို ပြီးအဆင်ပြေသွားသလဲ ? မင်းမိသားစုဟာ မင်းကြောင့် ဘယ်လောက်များ ဂုဏ်ယူလိုက်ရသလဲ ဒါတွေ မင်းတွေးကြည့် ရင် မင်း လွမ်းရတာ တန်ပါတယ် ။ မင်းဘာသာမင်း ဘယ်လောက်ပဲ ဆိုးဆိုးပါ ။ မင်းမိသားစုအပေါ်သိတတ်တဲ့ စိတ်လေးတစ်ခုတည်းနဲ့ တင် မင်း နဲ့ သူငယ်ချင်းဖြစ်ရတာ ဂုဏ်ယူပါတယ်သူငယ်ချုင်း။ မင်းဟာ မင်းမိသားစုအတွက် မွေးရကြိုးနပ်တဲ့ သားသမီးတစ်ယောက် ၊ အမွေခံထိုက်တဲ့ သူတစ်ယောက် ဖြစ်လိမ့် မယ်လို့ ငါ ယုံကြည်ပါတယ် ။ သူငယ်ချင်းရယ် …. ဘ၀မှာ လွမ်းတဲ့ အခါလည်းလွမ်းရမယ် ကြမ်းတဲ့ အခါလည်းကြမ်းရမယ် အဲ ……. ချမ်းတဲ့ အခါတော့ …. အနွေးဓာတ်တွေပေးနိုင်မယ့် အိမ်ကို ပဲ လွမ်း ရတော့ တာပေါ့ ။။။။။။။။။။။ ဒါဟာ သဘာဝတစ်ခုပါ ……….. အလုပ်ထဲမှာ အဆင်မပြေတာလေးတွေ ရှိကောင်းရှိနိင်တာငါသိတယ် ။ မိသားစုမျက်နှာငဲ့ ပြီး စိတ်လိုက်မာန်ပါ မဆုံးဖြတ်ခဲ့တာတွေ အတွက် ရယ် သည်းခံခဲ့ တဲ့ အကြိမ်ပေါင်းများစွာအတွက် မင်းကို လေးစားနေမှာပါ ။ ဒါပေမယ့် တစ်ယောက်တည်းရှိနေလို့ မင်း အထီးမကျန်ပါဘူး ….. မင်းအနားမှာ …………………. မိသားစုအတွက်ဆိုတဲ့ စိတ်ကလေးရယ် ဘ၀ကို အရှုံးမပေးဘူးဆိုတဲ့ အားမာန်တွေရယ်ရှိပါသေးတယ် ….. နောက်တစ်ခါ မင်းအိမ်ကိုလွမ်းခဲ့ ရင် ၊ အထီးကျန်တယ်လို့ ခံစားခဲ့ ရရင် ။ ငါ့ကိုပြောပါနော် .. ကွန်ပြူတာရဲ့  ဒီဘက်က” ငါ ” မင်းရဲ့ အထီးကျန်မှုတွေကို နားလည်ပေးဖို့ အဆင်သင့် ရှိနေပါတယ် ။ လူကိုယ်တိုင် အနားနားရှိမနေနိင်ပေမယ့် …. ငါမင်းဆီက ခံစားမှုတွေကို မျှဝေပါရစေ ။ ရေတွေ မြေတွေ ဘယ်လောက်ပဲ့ ခြားခြား ငါတို့ ကောင်းကင်ကြီးကတစ်ဆက်တည်းပါ …………………………….. မှာလိုက်ပါရစေ …………….You’ll never walk alone ! ပြောလိုက်ပါရစေ …………. I always still beside you ! သူငယ်ချင်း စာက ရှည်သွားပြီမို့ ဒီလောက်နဲ့ တော်လိုက်တော့ မယ်နော် ။ ကျန်းမာရေးကို ဂရုစိုက်ပါနော် ။ အစစအရာရာ အဆင်ပြေပါစေ ။ မင်းကို အမြဲ သတိရနေမယ့် ……. ဘ၀တကွေ့မှာ ပြန်လည်ဆုံတွေ့နိုင်ပါစေ။ …….. …………………………………………………………………………………………………………………….
( အိမ်လွမ်းသူ အဝေးရောက် သူငယ်ချင်းများ အားလုံးအတွက် ပါ …..)
Posted By ၀တီ

အမောပြေ အမှတ်တရ ကျောင်းသားဘဝ

အဆောင်မှာ ငေါင်ငေါင်
ကျောင်းမှာဆို ယောင်တောင်တောင်
အပြင်မှာကျ ပေါကြောင်ကြောင်နဲ့
ကျုပ်တိုရဲ့ သယ်ရင်း မောင်ဟိုဒင်းကြီးမှာလ
မရှောင်ရင်လွတ်တဲ့ ဆတွတ်ရဲ့ ကျည်အဆံလို
လမ်းမှန်ကမ်းမှန်လည်းမသွား
ဟိုလျားလျားသည်လျားလျား
တစ်နေကုန် လမ်းသလားနေရမှ
စားဝင်တဲ့ လူစားမျိုးတကား။ ။

lecture လည်းမှန်မှန်မတက်
တက်ပြန်လည်း လိုက်မမှတ်ဘဲ
ဟိုကြောင်ကြည့် ဒီကြောင်ကြည့်
ငေါင်စီစီလုပ်ရင်လုပ်
မဟုတ်ရင်လည်း
ဘေးနားက သူ့ သယ်ရင်း မောင်မိုက်ပျင်းမယ်မိုက်ပျင်းတွေနဲ့
ကလောင်ကိုင် ဖက်ပြိုင်ကာ အဆဲပြိုင်ရင်ပြိုင်တယ် ။ ။

စာမေးပွဲ ဟေ့ဆိုရင်….
ဖင်ကြီးကိုမိုးထောင်ကာ
မျက်လုံးကပုဇွန်၊ လက်ရုံးကား jet အလျင်နဲ့
ရှေ့ နောက် ၀ဲယာ အရပ်လေးမျက်နှာပင်
နည်းသေးသည် အထင်ရှိသည်ထင့်
အရပ် ရှစ်မျက်နှာမက
မြင်မြင်သမျှ သူတွေထဲက
တောင်မဟုတ်မြောက်မဟုတ်
လုပ်ကြံပီး တုတ်ထားတဲ့
စာဗယုတ်တွေကိုလည်း
အဟုတ်ကြီးမှတ်ထင်ကာ
ဟိုတစသည်တစ ဘာတစ်ခုမှ မချန်
အကြားမလပ် မရပ်မနား
တရစပ်သာကူးသွားတော့တယ်
Am Is Are တောင်မလွဲ
ဇနကပင် ရှုံးလောက်သည့်ဇွဲမျိုးမို့
သြော် ထူးလိုက်သည့် သောက်ရူး
မူးများမှုးနေရော့သလားဟင် ။ ။

အကြံဥာဏ်လည်း မရှိ
မှန်မမှန်လည်းမသိ
ပင်ကိုဥာဏ်ဆိုတာ နတ္ထိ
စာပါရင်ပွဲပြတ်ပီအထင်ရှိသည့်
သင်းငနဲ ပညာဥာဏ် ငမွဲမှာလ
ကျိုးခါနီးသစ်ကိုင်းခြောက်တွေကိုမှ
အားကိုးတကြီး လှမ်းစွဲမှိလိုက်သလိုမျိုးမို့
စာမေးပွဲ ကြလိုက်ပုံများနှယ်
အုံး အုံး တောင်မြည်တယ်။ ။
( ကျောင်းသားဘ၀ ကိုပြန်အမှတ်ရပြီး….ပြန်လည် ကြည်နှုး နိုင်ကြစေကြောင်းအလို့ ငှာ…….)
 Posted By ၀တီ

အမေရိကန်မှာ တိုက်ခတ်သွားသော Tornado မုန်တိုင်းပါ



Posted by ငခဲ

Thursday, April 28, 2011

ဟိုရောက်ဒီရောက် English Language အကြောင်း (၃)

       ကျွန်တော်တို့ အင်္ဂလိပ်စာကို မူလတန်းကတည်းက သင်လာခဲ့ကြသော်လည်း အခုလို ဘွဲ့တွေဘာတွေ ရလာတဲ့ အထိ ကောင်းကောင်း အသုံးမချ နိုင်တာ အတော်ဆိုးတယ်ပြောရမယ်ဗျာ။ ပြန်စဉ်းစားကြည့်တော့ အသုံးချရလောက်အောင် ပြောရရေးရတာ သိပ်မရှိတာလည်းတစ်ကြောင်းပဲဗျ။ အင်္ဂလိပ်စာဆိုတာ စာမေး ပွဲဖြေ ရုံလောက်ပဲ လုပ်ခဲ့ရတာက ခပ်များများဖြစ်နေတာကိုး။ စိုက်လိုက်မတ်တပ် လုပ်နေတဲ့သူတွေ ရှိ တယ် ဆိုတာကလည်း သူတို့မှာအသုံးချစရာ နေရာရှိလို့ လုပ်နေတာလို့ ထင်တာပဲ။
       ဘာပဲပြောပြောပေါ့လေ၊ သူများနိုင်ငံမှာ လာအလုပ်လုပ်နေပြီ ဆိုရင်တောာ့ အထိုက်အလျှေက်ရေး တတ်ပြောတတ်ဖို့တော့ လိုလာပြီ။ စလုံးမှာ ကျွန်တော်လေ့လာကြည့် သလောက် မလေးတွေ ကောင်း တယ်ဗျ၊ ဖဦးထုတ်တွေက အပြောတော့ ကောင်းတယ်၊ အရေးမှာတော့ ပြောလောက်အောင် သိပ်မကောင်း လှဘူးလို့ ထင်တာပါပဲ။ ရွှေတွေကတော့ ကောင်းတဲ့သူ အတော်ကောင်းပါတယ်။ မကောင်းတဲ့ သူကတော့ ပို များမလားလို့ပဲ (ကိုယ်အပါအ၀င်)။ ဟိုတလောက သတင်းထဲမှာဖတ်လိုက်ရတာ အရှေ့တောင်အာရှမှာ မလေးကျောင်းသားတွေက အကောင်းဆုံးဆိုကိုး။ ကောင်းလှပြီထင်တဲ့ အိန္ဒိယက သူတို့ရဲ့ ရန်သူ တော် ပေါက်ဖော်ကြီး နဲ့ အဆင့်တူ နောက်မှာ ကျန်ခဲ့ပြီ။
         ဟိုးအရင် ဆရာမောင်သာနိုးရဲ့ စာအုပ်တစ်အုပ်ဖတ်ရင်းနဲ့ (is) ကိုပဲ တစ်ချို့အထက်တန်းအောင်ပြီး တဲ့ ကျောင်းသားတွေ ကောင်းကောင်းမသုံးတတ်လို့ အံ့သြမိတယ်လို့ ရေးတာဖတ်ဖူးတယ်။ General အရ တော့ is=ရှိသည်၊ ဖြစ်သည် ဆိုပြီးအော်ခဲ့ကြတာပဲလေ။ "I think, therefore I am" ဆိုတဲ့စကားလိုပေါ့၊ ငါတွေးတယ်၊ ဒါကြောင့် ငါရှိနေတယ်။ အဲဒီ verb (be) ရဲ့နောက်မှာ (to) လိုက်တဲ့ အသုံးလေးလဲ ကောင်းတယ်။ အဲဒီ form ဆိုမဖြစ်မနေ လုပ်ရမယ်ဆိုတဲ့ သဘောပါသွားပြီ။ "The maid is to come when her master calls" ဆိုတဲ့ အသုံးမျိုးပေါ့။
         Grammar ဆိုတာကလည်း တကယ်တမ်းတော့ ကျွန်တော်တို့ သင်ခဲ့သိခဲ့ ပြီးတာတွေက ခပ်များများ ပါ။ ခုချိန်မှာ ၁၀တန်းလောက်က Pattern စာအုပ်လေး တစ်ချက်လောက် ကောက်ကိုင်လိုက်တာနဲ့ အရမ်း တန်ဖိုးရှိသွားတာတွေ့ရပါလိမ့်မယ်။ မေ့မေ့လျော့လျော့ ဖြစ်နေတာတွေ ရှင်းကနဲ လင်းကနဲ ဖြစ်သွားလိမ့် မယ်ဆိုတာ ရဲရဲကြီးပြောရဲပါတယ်။ ခုချိန်မှာသိလိုက်တဲ့ အသိကခေါင်းထဲမှာ စွဲသွားပြီးတော်ရုံနဲ့ မမေ့တော့ ပါဘူး။ ဒါဆို Writing ပိုင်းမှာ အတော်အဆင်ပြေသွားပါပြီ။
Posted by ငခဲ  

မေတ္တာဆန်ရေ (စင်္ကာပူနိုင်ငံရဲ့ ဖြစ်လေ့ရှိတဲ့ ဓလေ့ဆိုး)

                ယနေ့သည် အလုပ်ပိတ်ရက်ဖြစ်သောကြောင့် စာထိုင်ဖတ်ကာ စိတ်အပန်းဖြေဖို့ ကြိုတွေးထားခဲ့သည်။ ထို့ကြောင့် မနက်စာ စားပြီးထဲက ကော်ဖီတစ်ခွက်ဖျော်ပြီး ဝရန်တာသို့ စာအုပ်တစ်အုပ်နှင့် အတူ ထွက်လာသည်။ မနက်ခင်း ၉ နာရီ ကျော်ရှိသေးသလို ဒုတိယထပ်တွင်နေသော ကျွန်တော်တို့အခန်းရဲ့ ဝရန်တာဆီသို့ အပူဒဏ် မရောက်လာနိင် သေးတာကြောင့် အေးအေးလူလူ စာထိုင်ဖတ်ဖို့ အကောင်းဆုံး အခြေအနေလည်း ဖြစ်၏။
                ပက်လက်ကုလားထိုင်ကို နေရာချကာ ဘေးနားရှိ ခုံပုလေးပေါ်တွင် ကော်ဖီခွက်ကို တင်ထားလိုက်ခြင်းဖြင့် စာထိုင်ဖတ်ရန် ပြင်ဆင်ပြီး ဖြစ်သွာလေပြီ။ ထို့နောက် ခန္ဓာကိုယ်ကို သက်သောင့်သက်သာ အနေအထားဖြင့် စာထိုင်ဖတ်နေ လိုက်တော့သည်။ ခန့်မှန်းခြေ မိနစ် ၂၀ ကျော်ခန့်အရောက်တွင် အိမ်ရှေ့လမ်းမ ဆီမှ ကားတစ်စင်း ရပ်သံကို ကြားလိုက်ရ၏။ ကျွန်တော်တို့နေသော လမ်းသွယ်လေးသည် ကားအသွားအလာ နည်းပါးတတ်ပေမယ့် တနင်္ဂနွေလို အလုပ်ပိတ်ရက်များတွင်တော့ ကားစီးရေ အနည်းငယ် ဖြတ်သန်းလေ့ ရှိသည်။
              ဝရန်တာ ဘေးနားကပ်ကာ ထိုင်နေခြင်းဖြစ်သဖြင့် ခေါင်းစောင်းကာ ကြည့်လိုက်ရုံဖြင့် လမ်းမမှ မြင်ကွင်းများကို မြင်နိင်လေသည်။ ကားရပ်သံနှင့် မရှေးမနှောင်းမှာပဲ ကားတံခါး ဖွင့်သံ ပိတ်သံများကိုပါကြားလိုက်ရပြီးနောက် စကားသံ ထွက်ပေါ်လာသည်။
“ အဖေ နေကောင်းတယ်နော် ”
“ အေး ကောင်းတယ် မင်းတို့ရော ”
“ ကျွန်တော်တို့လည်း ကောင်းတယ် ”
“ မင်းတို့မလာတာတောင် ကြာပြီ ”
“ခုတလော အလုပ်တွေ များနေတယ်လေ”

         

စင်္ကာပူမှ သင်္ဘောကျင်းများ

လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ဝ ကျော်ကစပြီး ကြည့်ရင်တော့ စင်္ကာပူမှာ သင်္ဘောကျင်းအနေနဲ့
အင်္ဂလိပ်ရေတပ်အတွက် Sambawang Shipyard ရှိပါတယ်။ ဂျပန်တွေကလည်း Jurong
Shipyard, Hitachi-Zoezin Shipyard စတင်ခဲ့ကြတယ်။ စင်္ကာပူအစိုးရ အနေနဲ့
သင်္ဘောကျင်းလုပ်ငန်းကို ST Marine (Singapore Technology) နဲ့ Keppel
Shipyard စသဖြင့် ဝင်ရောက်ပါဝင်ခဲ့ရင်း အခုတော့ စင်္ကာပူအစိုးရ
ရှယ်ယာအများဆုံးရှိတဲ့ Sambawang Corporation နဲ့ Keppel Corporation ၂
ခုကပဲ တခြားသင်္ဘောကျင်းများကို လက်ဝါးကြီးအုပ် ဝယ်ယူသွားခဲ့ကြပါတယ်။ ၂ဝဝ၉
ခုနှစ်မှာတော့ KEPPEL CORPORATION (10 Billions S$) နဲ့ SEMBCORP (9
Billions S$) တို့ ဖြစ်ကြပါတယ်။ မြန်မာပြည်က လာတဲ့ အလုပ်သမားတွေကို
ဒီကုမ္ပဏီကြီး ၂ ခုနဲ့ ဆိုင်တဲ့ သင်္ဘောကျင်းများမှာ တွေ့နိုင်ပါတယ်။
အဲဒီသင်္ဘောကျင်းတွေရဲ့ Sub Contract လုပ်တဲ့ ကုမ္ပဏီအငယ်၊ အလတ်စားများ
S&E Companies မှာလည်း မြန်မာအလုပ်သမား၊ အင်ဂျင်နီယာများစွာကို
တွေ့ရပါတယ်။

လွန်ခဲ့သော ၁၉၉ဝ ကျော်ပိုင်းက စင်္ကာပူမှာ မြန်မာအလုပ်လာရှာသူများအတွက် အလွယ်ကူဆုံး အလုပ်ရနိုင်ပြီး၊ အစိုးရက
အလုပ်လုပ်ခွင့် မြန်မြန် ပါမစ်ချပေးတာက သင်္ဘောနဲ့ဆိုင်တဲ့ Marine Industry
ပါပဲ။ အလုပ်သမားအနေနဲ့တော့ ယခင်က အိန္ဒိယပြည်က အလုပ်သမားတွေပဲ သုံးနေရာကနေ
အခုနောက်ပိုင်းမှာ တရုတ်ပြည်မကြီးနဲ့ မြန်မာ၊ ဘင်္ဂလားဒေ့ခ်ျ အလုပ်သမား၊
အင်ဂျင်နီယာများစွာကို တွေ့နေရပါပြီ။ အထူးသဖြင့် Keppel Corporation က
သင်္ဘောကျင်းများမှာ မြန်မာများစွာ ရှိပါတယ်။ မြန်မာစာနဲ့ ဆိုင်းဘုတ်များ၊
အရည်အချင်းစစ် စာမေးပွဲများပင် ရှိနေကြပြီဖြစ်ပါတယ်။ စင်္ကာပူမှာ အစိုးရသုံး
ဘာသာကြီး ၄ မျိုး (အင်္ဂလိပ်၊ တရုတ်၊ မလေး၊ အိန္ဒိယ (Tamil) တို့ ဖြစ်ပါတယ်။
အခုတော့ သင်္ဘောကျင်းလောကမှာ မြန်မာဘာသာစကား ပြောသူ များလာတာကို မြင်ရပါတယ်။

သင်္ဘောနဲ့ဆိုင်တဲ့ အလုပ်များမှာ မြန်မာများ နေရာပိုရလာရေးအတွက် အလွန်ကောင်းမွန်တဲ့ စာအုပ်ငယ်
Singapore.info.2009.Build Your Future[1] ကို အင်တာနက်
http://monywa.org/singaporeinfo.htm မှာ ဒေါင်းလုပ်ဖတ်ရှုနိုင်ပါတယ်။
ပြုစုသူ အေးငြိမ်း ဖြစ်ပါတယ်။ အင်မတန် ကောင်းမွန်တဲ့ စာတမ်းငယ်ဖြစ်ပြီး၊
သင်္ဘောကျင်းများသာမက အခြား စက်ရုံအလုပ်ရုံလုပ်ငန်း လုပ်ကိုင်သူများအတွက်လည်း
ဘဝတိုးတက်ရာ လမ်းပြစာအုပ်ဖြစ်ပါတယ်။


ဒုတိယပိုင်း (စင်ကာပူအတွေ့အကြုံ - ပထမ ၂ နှစ်) -ဦးအေးငြိမ်း(လေးမျက်နှာ)

ဒုတိယပိုင်း (စင်ကာပူအတွေ့အကြုံ - ပထမ ၂ နှစ်)

(၅) စင်ကာပူသို့ ရောက်ရှိခြင်း

လေယာဉ်ကြီး လေပေါ်ပျံတက်ရန် ပြေးလမ်းပေါ်တွင်အရှိန်ယူကာ တအားစ’ ပြေးလိုက်သည်နှင့် ရင်ထဲတွင်လှပ်ကနဲ ဖြစ်သွားကာ မဖော်ပြနိုင်သော ဝေဒနာတစ်ရပ်ကို ခံစားလိုက်ရပါသည်။ သည်ဝေဒနာမျိုးကို မိသားစုနှင့်ခွဲခွာကာ နိုင်ငံခြားသို့ ယခုမှစတင်ထွက်ခွာလာသူ တိုင်း ခံစားရလိမ့်မည် ထင်ပါသည်။ တဖြည်းဖြည်း ဝေးကျန်ရစ်ခဲ့သော ရန်ကုန်မြို့ကြီးကို လေယာဉ်ပေါ်မှစီးကြည့်ရင်း ၀မ်းနည်းသလိုလို ခံစားမိပါသည်။ ထိုနေ့ထိုရက်မှစကာ ငါတို့မိသားစုနဲ့ ပြန်တွေ့ဘို့ ဘယ်နှရက်လိုသေးတယ် ဆိုသည်ကို နေ့တိုင်းတွက်မိပါတော့၏။
သင်္ဘောကျင်းတွင် အလုပ်လုပ်နေရင်းလည်း ကောင်းကင်တွင် ဖြတ်ပျံသွားသော လေယာဉ်တစ်စီးတလေကို မြင်ရတိုင်း မြန်မာပြည်ကို လွမ်းဆွတ်စိတ်များ ပေါ်မိပါသည်။ နက်ဖြန် အိမ်ပြန်ရမဲ့နေ့ဆို ဒီနေ့ဘယ်လောက် ပျော်ဘို့ကောင်းလိုက်မလဲ ဟုလည်း မကြာခဏ တွေးမိ၏။ သို့သော် ဤသည်မှာ စင်ကာပူရောက်ခါစ နှစ်များသာဖြစ်ပြီး ယခုတော့လည်း ရိုးသွားသဖြင့် သိပ်အထွေအထူး မခံစားမိတော့ပါ။ မြန်မာပြည်မှ မိသားစုထံပြန်ရသည်ကို ခဏအလည်သွားသကဲ့သို့ လည်းကောင်း၊ မြန်မာပြည်မှ စင်ကာပူသို့ပြန်လာမှ မိမိနေရပ်သို့ ပြန်လာရသကဲ့သို့လည်းကောင်း ကပြောင်းပြိ၊ ကပြောင်းပြန် ခံစားရပါသည်။
လူ့စိတ်များ ထူးဆန်းပါပေ့။

ခုမှသာ အနေကြာလို့ရိုးသွားရမည်။ ရောက်စကတော့ စင်ကာပူဆိုတာ အလွန်ထူးဆန်းသော၊ ခမ်းနားသော၊ လှပသောမြို့ကြီး ဖြစ်သည်။ လမ်းကြီးတွေကလည်း ကောင်း၊ ကားတွေကလည်း အသစ်၊ လူတွေကြည့်လိုက်လျှင်လည်း ကိုယ့်တိုင်းပြည်ကလူတွေလို ခပ်စုတ် စုတ်ကလေးတွေ မဟုတ်။ တောက်လို့ပြောင်လို့။ သစ်သစ်လွင်လွင်၊ ကြော့ကြော့မော့မော့။ ဘယ်ကြည့်လိုက်ကြည့်လိုက်။ အရာရာ အထူး အဆန်းတွေချည်း ဖြစ်သည်။
ကျွန်တော်တို့ အယောက် (၂၀) ပါ လူစုကို လေဆိပ်တွင် ကုမ္ပဏီမှ လာကြိုနေသည်။ လာကြိုသောလော်ရီကားဖြင့်ပင် သူတို့ခေါ် ရာ လိုက်ခဲ့ကြသည်။ ပထမဆုံးနေရသည်မှာ Yishun တွင် ဖြစ်၏။ Sembawang Road ပေါ်က နှစ်ထပ်အိမ်ကလေးတစ်လုံး၏ အပေါ်ထပ် တွင်ဖြစ်သည်။ အောက်ထပ်တွင် စားသောက်ဆိုင်ရှိသည်။ ကုန်စုံဆိုင်ကလေးလည်း ရှိသဖြင့် စားရေးသောက်ရေး အဆင်ပြေပါသည်။
လော်ရီပေါ်က ဆင်းကြတော့ အသက်ခပ်ကြီးကြီး လူကြီးနှစ်ဦးမှာ ကျွန်တော့် luggage ကို အတင်းထမ်းပြေးပါသည်။ ကျွန်တော် လည်း ဘုမသိ၊ ဘမသိနှင့် သူတို့နောက် ရောယောင်လိုက်ခဲ့၏။ အိမ်ခန်းမှာ အိပ်ခန်းသုံးခန်း ပါသည်။ အခန်းများမှာ အတော်ကျဉ်းပါသည်။ ကုတင်သုံးလုံးကို နံရံသုံးဘက်တွင် ကပ်ထားပါသည်။ အခန်းအလယ်တွင် ကွက်လပ်တစ်ခုရှိရာ ထိုကွက်လပ်သည်ကား ကျွန်တော်တို့၏ ထမင်းစားရာ၊ အပန်းဖြေရာ၊ ခေတ္တခဏထိုင်လိုကထိုင်ရာ မျိုးစုံသုံးနေရာပင် ဖြစ်ပါတော့သည်။

အရိမေတ္တေယျမြတ်စွာဘုရားလောင်း

ကျွန်တော် တို့ နေထိုင်သောဟောဒီကမ္ဘာမှာ
ဘုရားငါးဆူပွင့်မယ်လို့မှတ်သားကြားသိဖူးပါတယ် အခုဘုရားလေးဆူး
ပွင့်ထွန်းပြီးပါပြီ။ နောင်ပွင့်လတ္တံသော မြတ်စွာဘုရားမှာ
အရိမေတ္တေယျဘုရားရှင် ဟုသိရပါတယ်။ ဒီစာကိုပေးပို့သူက
ကျွန်တော်ရဲ့တစ်ဦးတည်းသော ကောင်မလေးပါ။
သူကျွန်တော့်ဆီဖုန်းဆက်ပြီးမေးလာပါတယ်။ အရိမေတ္တေယျ
ဘုရားဘယ်လိုပွင့်မလဲဆိုတာသိလားတဲ့..။

ကျွန်တော်က အရိမေတ္တေယျ ဘုရားပွင့်မယ်ဆိုတာတော့ သိကြောင်း ဘယ်တော့ပွင့်မယ်
ဘယ်လိုပွင့်မယ်ဆိုတာတော့ မသိကြောင်းပြောပါတယ်။ အဲဒါနဲ့ သူဒီနေ့
စာအုပ်တစ်အုပ်ဖတ်ရကြောင်း။ အဲဒီထဲမှာ အရိမေတ္တေယျ ဘုရားဘယ်လိုပွင့်မယ်
ဘယ်တော့ပွင့်မယ် ဘုရားရှင်ကိုဖူးမျှော်ချင်ရင် ဘာတွေလုပ်ရမယ်
စတာတွေပါကြောင်း။ သူဖတ်ပြီး အရမ်း ကြည်ညိုကြောင်း။ ပြီးတော့
တစ်ခြားမသိသေးသူများကိုလဲ ဗဟုသုတ အလို့ဌာသိစေချင်ကြောင်း။ သူအဲဒီစာကို
ဖတ်ပြီးပြီးချင်းပဲစက်ထဲမှာသူကိုယ်တိုင် အချိန်ပေးပြီးရိုက်ခဲ့ကြောင်း။
ပြီးတော့ ကျွန်တော် ကိုအဲဒီစာကို အလင်းစေတမန်မှာ ပို့စေချင်ကြောင်း
(သူကိုယ်တိုင်ပို့လည်းရပါတယ် ဒါပေမယ့်ကျွန်တော်ကိုကုသိုလ်ရစေချင်လို့တဲ့)
အလင်းစေတမန်မှတဆင့် မန်ဘာများက ဖော်ဝေါ့ပြန်လုပ်ပါက
သူတို့လည်းကုသိုလ်တိုးမှာဖြစ်ကြောင်း ၀မ်းသာအားရပြောလာပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်းဖတ်ပြီး အရမ်းကိုကြည်ညိုကာ
ဘုရားရှင်လက်ထပ်တော်မှာ လူဖြစ်ချင်စိတ် ကလေးဖြစ်လာပါတယ်။
စိတ်ထဲကလည်းဆုတောင်းနေမိတယ် ။ ဗုဒ္ဓဘာသာတိုင်းရဲ့ 
ရည်မှန်းချက်ပန်းတိုင်းက နိဗ္ဗန်ဖြစ်ပါတယ်။

အလွန်ကြည်ညိုစရာကောင်းသောဘုရားရှင်ရဲ့ တရားတော်အားနာကြားပြီး
ရှေ့တော်မှာတင်ကျွတ်တမ်းဝင် နိဗ္ဗန်စံရမယ်ဆိုရင် အကောင်းဆုံးပေါ့ဗျာ။


ရေးကြပါ။ ဖတ်မလို့။

တရက်တရက် မအားတဲ့ကြားထဲက မဖြစ်မနေ ကြည့်ဖြစ်တာတွေကတော့ email အရင်စစ်ကြည့်တယ်။ ဘယ်သူကများ ဘာပို့ ထားသလဲပေါ့။ ဒုတိယကတော့ ဒေါက်တာလွန်းဆွေ ဘလော့ဝင်ကြည့်တယ်။ မြန်မာပြည်သတင်းတွေ၊ နိုင်ငံတကာသတင်း ဖတ်ကြည့်တယ်။ အခုတော့ ကိုခဲနဲ့ ကိုဝတီတို့ရဲ့ ဘလော့မှာ ဘာတွေများ တင်ထားသလဲပေါ့။ ဖတ်စရာက သိပ်မရှိဖြစ်နေတယ်။ ကိုခဲရဲ့ English Speaking အကြောင်းတွေ ဆက်ပါအုံး။ ဂျပန်က ဗလကြီးကလဲ ဘာများတင်မလဲ စောင့်နေတယ်။ သူငယ်ချင်းရေးတာလေးတွေက ပိုဖတ်ကောင်းသလိုပဲ။
Posted by ထွန်းမြင့်ဌေး

Tuesday, April 26, 2011

ဟိုရောက်ဒီရောက် English Language အကြောင်း (၂)

  ဒီတစ်ခါတော့"Shall"ဆိုတဲ့စကားလုံးလေးကိုအသုံးချပုံလေးခေါင်းထဲရောက်လာလို့ပါ။ တတ်လို့ရေးတာမဟုတ်ဘူးဆိုတာအရင်ဝန်ခံပါရစေ။တွေ့မိတာ၊ကြားမိတာလေးတွေကို
ပြန်ဝေမျှတဲ့သဘောပါ။တွေ့တာ၊ကြားတာတွေကလည်းမှားနိုင်ပါတယ်။ဒီစာအုပ်ကဒီလိုရေးပေမယ့် နောက်တစ်အုပ်ကျတော့ နောက်တစ်မျိုး ရေးတာတွေလည်း ကြုံဖူးကြမှာပါ။ တစ်ခုခုကို သေသေချာချာ ရေးတော့မယ်ဆိုရင်Reference စာအုပ်တွေများများ ကိုင်နိုင်ရင်ပို ကောင်းပါတယ်။ ကိုယ့်အတွက် တော့မှန်တယ်ထင်ပြီးရေးလိုက်တာပါပဲ။ အ မှားပါသွားရင်ကျေးဇူးပြုပြီးအမှန်ပြင်ပေးကြပါလို့ မေတ္တာ ရပ်ခံ ပါရ စေ။ ဘာ ပဲ ပြောပြောနားလည်ပေးနိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်ဗျာ။ သိပြီးသားသူ များကလည်း သည်းခံပေးကြပါ။
        "Shall" ကိုအသုံးချပုံ အမျိုးမျိုးရှိပါတယ်။ English Grammer အရတော့ I နဲ့ We အတွက် "Shall" ကိုသုံးရပြီး He, She, They, It တို့အတွက် "Will" ကိုသုံးတယ်ဆိုတာ အားလုံးသိပြီးသား ဖြစ်ကြမှာပါ။ ဒါပေမယ့် ခုနောက်ပိုင်း အင်္ဂလိပ် လူမျိုးတွေ တောင်မှ "I will" "We will" ဆိုပြီးသုံးနေကြပါပြီ။ အေး ဆေးဖြစ်ကုန်ကြပါပြီ။ ဘာပဲ သုံးသုံးအတူတူဖြစ်နေပါပြီ။ ၀ါကျရဲ့ ရှေ့ဆုံးမှာထားပြီး သုံးရင်တော့ အမေးသ ဘော၊ အကြံဥာဏ်တောင်းတဲ့ သဘောဖြစ်သွားတယ် ဆိုတာလည်းလူတိုင်းသိကြမှာပါ။
          နောက်တစ်ခုကတော့ ခြိမ်းခြောက်တဲ့ သဘောလည်း သူ့ကို သုံးနိုင်ပါသေးတယ်။ "You shall die" ဆိုရင်တော့ ဒါ အဲဒီသဘောဖြစ်သွားတာပေါ့။ နောက်ပြီးတော့ အမိန့်ပေးတဲ့ သဘောမျိုးသုံးတာပါ။ အလုပ်မှာ အင်မတန်မှ အသုံးများသော အသုံးအနှုန်းဖြစ်ပါတယ်။ Contract တွေမှာဖြစ်ဖြစ်၊ Owner (သို့) Clientဆီကလာတဲ့Commentတွေမှာပဲဖြစ်ဖြစ်တွေ့ပါလိမ့်မယ်။မဖြစ်မနေလုပ်ကိုလုပ်ရမယ်လို့ဆိုလိုတဲ့ သဘောပါ။ ဒီလောက်ပါပဲခင်ဗျာ၊ နောက်မှတွေ့ကြတာပေါ့။
Posted by ငခဲ

မှတ်မိသမျှ ကိုအောင်ဆန်း၏ ကျောင်းသားဘဝ

ဗိုလ်ချုပ်အောင်ဆန်း(၀ါ)သခင်အောင်ဆန်း(၀ါ)ကိုအောင်ဆန်းနှင့်ကျောင်းနေဘက်နိုင်ငံရေးလုပ်ဖော်ကိုင်ဘက်တစ်ဦးဖြစ်ခဲ့၍ကျောင်း၌နေစဉ်ကမှတ်မိသမျှကိုမှတ်တမ်းတင်လိုက်ပါသည်။
ကိုအောင်ဆန်းသည်ကျွန်တော်တို့ထက်၂နှစ်စော၍တက္ကသိုလ်သို့ရောက်ရှိနေပါသည်။ကိုအောင်ဆန်းကိုကျွန်တော်တို့အတန်းဆင်းချိန်နှင့်သူ့အတန်းတက်ရန်သုတ်သီးသုတ်ပျာလာချိန်တို့တွင်“အင်းဝ” ဆောင်ရှေ့တွင်မကြာခဏဆုံစည်းမိတတ်ကြပါသည်။နောက်ကိုအောင်ဆန်းနှင့်ကျွန်တော်တို့ခင်မင်ရင်းနှီးလာခဲ့ကြပါသည်။
ကိုအောင်ဆန်း၏ကျောင်းသားဘ၀၀တ်ပုံဆင်ပုံမှာကျွန်တော်တို့အဖို့အထူးအဆန်းမဟုတ်သော်လည်းအများအဖို့အတော်ကြီးထူးဆန်းနေသလိုဖြစ်ခဲ့ပါသည်။ရှပ်အင်္ကျီကိုကြယ်သီးအပြည့်မတပ်ဘဲပင်နီအပေါ်အင်္ကျီကိုကပိုကရိုဝတ်၍မန္တလေးလုံချည်အနွမ်းကိုပင်ဆင်မြန်းကာဆံပင်စုတ်ဖွားနှင့်သင်ကြားပို့ချချက်များလိုက်ရန် မှတ်စုစာအုပ် လက်တွင်ကိုင်ပြီး စိုက်စိုက် စိုက်စိုက်သွားတတ်သည်ကိုယခုတိုင်ပင်မှတ်မိလျက်ရှိပါသည်။
ကျွန်တော်တို့အသိမိတ်ဆွေသူငယ်ချင်းများနှင့်တွေ့လျှင်ကိုအောင်ဆန်းသည်ပြုံး၍သာနှုတ်ဆက်ပြီးရှေ့ဆက်စိုက်စိုက်စိုက်စိုက်သွားလေ့ရှိပါသည်။တစ်ခုခုကိုအစဉ်အာရုံစိုက်ပြီးနေသောအသွင်မှာအမြဲထင်ရှား၍နေပါသည်။
ကိုအောင်ဆန်းသည်ကျောင်းတွင်သူငယ်ချင်းများနှင့်“ဟေးလားဝါးလား”စကားဖွဲ့လေ့မရှိပါ။သင်ကြားပို့ချသမျှကိုအမြဲအာရုံစိုက်ပြီးနားထောင်မှတ်သားလေ့ရှိပါသည်။ထို့ကြောင့်လည်းကိုအောင်ဆန်းစာမေးပွဲတိုင်းကောင်းစွာ အောင်မြင်သည်ချည်းဖြစ်ပါသည်။

Monday, April 25, 2011

ကောသလမင်းကြီး၏ အိပ်မက် ၁၆ချက်

ဘုရားရှင်လက်ထက်တော်မှာကောသလမင်းကြီးကအိပ်မက်၁၆ချက်မက်တော့ဘုရားရှင်ထံမေးမြန်းရာဘုရားရှင်က ပြန်လည်ဖြေကြားတော်မူခဲ့ပါတယ်။အဆိုပါအချက်၁၆ချက်က နောင်အနာဂတ်မှာ ဖြစ်ပေါ်လာမယ်လို့ဆိုပါတယ်။အခုဆိုရင်အချို့အချက်တွေ ဖြစ်ပေါ်နေပြီလို့ဆိုနိုင်နေပါတယ်။အဆိုပါ၁၆ချက်ကတော့….

(၁)အရပ်လေးမျက်နှာမှ လေးခုသော နွားလားဥသဘတို့သည်လာလတ်၍မင်းရင်ပြင်၌ဝှေ့မည်ဟုတွန်မြည်ကြုံးဝါးလျက်မဝှေ့ပဲသာလျှင်ဖဲလေကုန်၏။

နောင်အခါတရားမစောင့်သောမင်းတို့လက်ထက်၌အရပ်လေးမျက်နှာမှမိုးတို့သည်ရွာအံသကဲ့သို့ထစ်ကြိုးလျက်မရွာပဲသာလျှင် ပျောက်ပျက်ကုန်လတ္တံ့။ထိုအခါကာက်ပဲသီးနှံတို့ပျက်ဆီး၍လူတို့၌အစာရေစာရှားပါးငတ်မွတ်ခြင်း ဖြစ်လတ္တံ့။



ဘိုးရာဇာ


ဘိုးရာဇာသည်အင်းဝခေတ်၌ပေါ်ထွန်းသောထင်ရှားသည့်အမတ်ပညာရှိကြီုးဖြစ်သည်။မိတ္တီလာနယ်ဝန်ဇင်းရွာဇာတိဖြစ်၍သာမန်အရပ်သားမိဘနှစ်ပါးမှဖွားမြင်သည်။ငယ်စဉ်ကပင်စာပေကိုလေ့လာလိုက်စား၍ပညာဗဟုသုတကိုရှာမှီးသည်။အရွယ်ရောက်သော်ဝန်ဇင်းရွာသူကြီးသမီးနှင့်ချစ်ကြိုက်သည်။သူကြီးကဤသူငယ်သည်ပညာဗဟုသုတကိုသာလိုက်စားသည်။ကြိုးကြိုးပမ်းပမ်းဆင်းရဲခံ၍လုပ်ကိုင်စားမည့်သူမဟုတ်ဟုယူုဆကာမနှစ်သက်ချေ။သို့ရာတွင်သမီးနှစ်သက်သူဖြစ်သဖြင့်လက်ထပ်ခွင့်ပြုသည်။လယ်နှင့်နွားတရှဉ်းပေး ၍လွတ်ရာတွင်နေစေသည်။
         

Sunday, April 24, 2011

ဟိုရောက်ဒီရောက် English Language အကြောင်း (၁)

        စလုံးမှာလူပြောအများဆုံး စကားကတော့ Already ဆိုသော စကားဖြစ်မည်ထင်သည်။ ဒါပေမယ့် အတော်များများရဲ့ နားထဲမှာတော့ Ready ပဲကြားနေကြမှာ ဖြစ်သလို ကိုယ်တိုင် လည်း လိုက် ပြော နေ ကြတာတွေ့ရသည်။ တကယ်တမ်း စလုံး တရုတ်တွေ ကတော့ Already ဟုအသံထွက်ကြ ပါသည်။ ဒါ ပေမယ့်သိကြတဲ့အတိုင်း တရုတ်လေသံ ကမပျောက်တော့ အယ်ဒီ ဟုဖြစ်နေကြသည်။ သို့သော် ဖဦးထုတ် တွေကတော့ Already ဟု တစ်တစ်ခွခွ ကို အသံထွက်လေသည်။
         ဒီနေရာမှာ ကျွန်တော် ပြောချင်တာ ကတော့ သူများကို လိုက်မတုရန် ဖြစ်သည်။ Workers တွေ ဘယ်လိုပဲ အသံထွက်ထွက် ကိုယ်ကတော့ မှန်မှန်ကန်ကန် အသံထွက်တာ အကောင်းဆုံး ဖြစ်မယ် မ ဟုတ်လား။  မြန်မာတွေ အနေနဲ့ မှန်အောင်လဲ အသံထွက်နိုင်တာပဲလေ။ ဘယ်သူကမှတော့ ဘာမှလာ ပြောမှာမဟုတ်ပေမယ့် အကျင့်ဆိုတာပါတတ်သည်။ ကောင်းတာပဲ အတုယူစေချင်ပါသည်။
Posted by ငခဲ

စင်ကာပူ မှာ အလုပ်ရှာရသော အခက်အခဲများ

              အင်း ၂၀၀၅ ခုနှစ်လောက် ကပေါ. မြန်မာပြည် မှာနေရင်း စင်ကာပူမှာ သွားအလုပ်လုပ်ချင်တော. စင်ကာပူ က အလည်ပြန်လာတဲ.ကိုကို၊မမ တွေရဲ. စကားတွေ နားစွင်.ရတာပေါ.။ သူတို.တွေရဲ. အပြောအရ စင်ကာပူမှာလောလောဆယ် Draft man (Auto CAD)အလုပ်ဟာ ရှာရလွယ်တယ် ပေါ.နော်.။ ဒါကြောင်. ကိုယ်လဲ မြန်မာပြည် မှာ Auto CAD ကိုဇောက်ချ လေ.ကျင်.လိုက်ပါတော.တယ်။ သင်တန်း တွေ တက်တယ်ပေါ.နော်။ ဒါနဲ. လာမယ် လာမယ် နဲ. လုပ် တာ စိတ်ကပါပေမယ်. ငွေကမလိုက်နိုင်တော. ငွေစုရင်း ၂၀၀၈ ခုနှစ် နှစ်လယ်ထိရောက်သွား တာပေါ.။ စလုံး ကို လာဖို.လဲ အားလုံးသေသေချာချာ ပြင်ဆင်ရတယ်နော်။ မြန်မာပြည် ကတည်း က သူငယ်ချင်း ကို နေစရာ တနေရာ ရဖို.၁လလောက်ကြိုပြောရတယ်။ အဲ.လိုမှ မဟုတ်ရင် ရောက်လာလို. နေရာစရာ မရ လို. တည်းခိုခန်း တွေ ၊ သူများ အိမ်ဧည်.ခန်းတွေ ကပ်ပြီး အိပ်ရတာ တွေ ဖြစ်မယ် လို. သူငယ်ချင်းကပြောပြထားတယ်လေ။
           

အထီးကျန်ခြင်း – Loneliness

            အထီးကျန်ခြင်းဆိုတာတကယ်တော့အရာများစွာကိုစွန့်လွှတ်ဆုံးရှုံးလိုက်ရခြင်းပါပဲ။ကိုယ့်ကို ရစ် တွယ်နေ တဲ့ ပတ် ၀န်းကျင်၊ မိသားစု၊ သူငယ်ချင်း တွေနဲ့ချစ်ခင်နှစ်သက် သူတွေ၊ ကိုယ်မြတ်နိုး တဲ့ အရာ တွေကနေအဝေးကို ရောက်သွားတဲ့အခါ၊ ဒါမှမဟုတ် ဒါတွေကို ဆုံးရှုံးသွားရတဲ့အခါ အဲဒီ အ ထီး ကျန် ခြင်း ဆိုတဲ့ အ ရာဟာ ရင်ထဲကို ပြင်းပြင်းပြပြ ၀င်ရောက်လာပါတယ်။

       
အဲဒီစိတ် ၀င်ရောက်လာတဲ့ အခါ လူ သား တစ်ယောက်ဟာ အများကြီး ပြောင်းလဲသွားပါတယ်။ ပတ်ဝန်းကျင်ကို ကြောက်ရွံ့လာတယ်။ မိမိ ကိုယ် ကိုမုန်းတီးလာတယ်။ အရာရာကိုအဆိုးမြင်လာတယ်။ သံသယစိတ်နဲ့ကြည့်တတ်လာတယ်။ အယုံ အ ကြည် နည်း ပါး လာ တယ်။ မိမိ စိတ်ထင်ရာ ကို လုပ် တတ် လာတယ်။ အလေးအနက်ထားမှုယိုယွင်းလာတယ်။နာကျင် တယ်။ အ ချိန်တော် တော်များများ မှာကိုယ့်ရဲ့  သိစိတ်ရောမသိစိတ်ကပါအဲဒါရဲ့စိုးမိုးမှုကိုခံလာ ရပါတယ်။


      

ခင်သာဇာတိ မောင်သာဂိ

ကပ္ပိယ သာဂိ
      အရှေ့အရပ်မှထွက်ပေါ်လာသောနေမင်းကြီးသည် တနေ့တာမိမိ၏တာဝန်များ
ကိုထမ်းဆောင်ပြီးပြီဖြစ်၍အနားယူအိပ်စက်တော့မည်ဖြစ်၏။ ခင်သာရွာလေး၏ ဆည်း
ဆာချိန်အလှသည် အရှေ့ဘက်တွင်လယ်ကွင်းကျယ်ကြီးများနှင့် အနောက်ဘက်တွင်
ပုကွကွ အပင်ငယ်များ ဟိုတအုပ် ဒီတအုပ်ပေါက်ရောက်နေကြပြီး တောင်ဘက်တွင်
တော့ အလွန်တရာလှပသည့် သဲချောင်းကြီးတခုက ကာရံထားသည်။ မြောက်ဘက်
ခပ်လှမ်းလှမ်းတွင် ဟိုတစု ဒီတစုတဲငယ်လေးများရှိသည်။ ဆည်းဆာချိန်လည်းဖြစ်
နွားများကို ချည်တိုင်ပို့သည့်အချိန်လည်းဖြစ်ခြင်းကြောင့် နွားကျောင်းသားတို့၏ အော်
ဟစ်သံများ ကြိမ်းမောင်သံများ အပြင်နွားတို့၏တွန်ကြူးသံကိုလည်း ကြားနေရမည်
ဖြစ်သည်။

စင်ကာပူအတွေ့အကြုံ - ဦးအေးငြိမ်း (လေးမျက်နှာ)

ဒုတိယပိုင်း (စင်ကာပူအတွေ့အကြုံ - ပထမ ၂ နှစ်) - အပိုင်း (၃)

ကျွန်တော်ကား အမှားပေါင်းများစွာကို လုပ်ခဲ့သူဖြစ်၏။ အမှားများကို တွေးခဲ့၏။ အမှားများကို လုပ်ခဲ့၏။ ဆုံးဖြတ်ချက် အမှားများကို ချခဲ့၏။ မည်မျှအမှားများလုပ်ခဲ့သနည်းဟူမူ ကျွန်တော်လုပ်ခဲ့သမျှ အရာအားလုံးကိုသာ စာရင်းချကာ အမှားလုပ်ခဲ့သည့် အရေအတွက်နှင့် အမှန်လုပ်ခဲ့သည့်အရေအတွက်ကို ချရေးလိုက်ရလျှင် အမှားလုပ်ခဲ့သည့်အရေအတွက်က အမှန်လုပ်ခဲ့သည့် အရေအတွက်ထက် အဆပေါင်းများစွာ များကောင်း များနေနိုင်ပါသည်။ အချို့အမှုများဆိုလျှင် မှားမှန်းသိလျှက်နှင့် မိုက်မဲစွာ ဆုံးဖြတ်ခဲ့ခြင်းများပင် ပါပါသည်။
           

လူမစွမ်း နတ်မ

တနင်္ဂနွေနေ့လေး နေမြင့်အောင်အိပ်ရမလားမှတ်တယ် စောစောစီးစီးကို ဖုန်းမြည်လာတယ်လေ။ Silent လုပ်ပြီးမအိပ်မိတော့ ခု ဇိမ်ပျက်ရပြီ။ နံပတ်ကြည့်လိုက်တော့လည်း တခါမှ မမြင်ဘူးဘူးဖြစ်နေတယ်။
သန်း တာနဲ့ရောပြီး ဖုန်းပြန်ဖြေလိုက်တယ်...
“ဟားလို”
“ကိုဖိုးကျော်လား ဗျာ”
“ဟုတ်ပါတယ်”
“ကျနော်က မောင်ရာဇာပြည့်စုံမင်းသွေးပါ”
အောင်မယ်လေး…ရှည်းလျားတော်မူလို
က်တဲ့နာမည်
“အော်…အေး…ပြော မောင်မီးသွေး”
“မင်းသွေး ပါဗျ”
“ဟုတ်ပါပြီကွာ…ကိစ္စကိုပြောပါအုံး”
“ရန်ကုန် စမ်းချောင်းက ကိုသန်းထူး ကိုသိတယ်မလား”
“အင်း…သိတယ်၊ ဘာလဲ သူ ဆုံးပြီလား”
“အာ…မဟုတ်ပါဘူး၊ ကျနော်က သူညီဝမ်းကွဲလို့ ပြောမလို့ ပါ”
“အော်…ဒီလိုလား”
“ဟုတ်ပါတယ်၊ ကျနော်က အလုပ်လာရှာတာ၊ ကိုဖိုးကျော်ဆီဆက်သွယ်ပြီး လိုအပ်တာ အကူအညီတောင်းဖို့ မှာလိုက်လို့”
အေပေး သန်းထူး၊ ဒုက္ခပေးဖို့တော့ သတိရရှာသား။ ရုံးပိတ်ရက်လေးတရက်တော့ မနားရဘဲ အလုပ်ရှုပ်အုံးတော့မယ်။
“အင်း…ဒါနဲ့ မင်းက အခု ဘယ်မှာလဲ”
“စင်္ကာပူမှာ”

Saturday, April 23, 2011

GTI ကျောင်းဟောင်းဓါတ်ပုံ

ကျောင်းဟောင်းရဲ့ ဓါတ်ပုံ မရှိသေးတာ နဲ့ ကျောင်းသစ် ရဲ့ပုံပဲ လောလောဆယ်တင်ထား ပေမယ့် မကြာခင် မှာ အဟောင်းကော အသစ်ကော ပါတင်ထား ပါမယ်။ ကျောင်းဟောင်း ရဲ့ ပုံရှိတဲ့ သူများ ပေးပို့ ကူညီပေး ကြပါလို့ မေတ္တာ ရပ်ခံအပ် ပါတယ်။ လောလောဆယ် အနေနဲ့ ကျောင်းပြီးသွား တဲ့ သူအတော်များများ က ကျောင်းဟောင်းမှာ ပဲတက်ခဲ့ ကြတာဆိုတော့ အရင်ကျောင်းရဲ့ ပုံကို ပြန်တွေ့လိုက်တာ နဲ့ အရင်က အငွေ့ အသက်လေးတွေ ကို ပြန်ပြီးခံစားမိကြ လိမ့်မယ်လို့ ယုံကြည်ပါတယ်။

Posted by ငခဲ

Friday, April 22, 2011

လွမ်းနေဆဲ ငါတို့ ကျောင်းတော်ကြီး.......

ကဲ သူငယ်ချင်းတို.ရေ...
              ဘယ်တော.မှပြန်မရနိုင်တော.တဲ.ကျောင်းသားဘ၀အမှတ်တရတွေကိုပြန် လွမ်းကြရအောင်နော် ကျောင်းပြီးသွားတဲ.သူငယ်ချင်းများအားလုံး ဒီနေရာမှာဝင်ရောက်ရေးသားဖို.ဖိတ်ခေါ်ပါတယ်....   

Posted By ၀တီ                                                                                   

Sunday, April 17, 2011

Welcome to our blog

မင်္ဂလာပါ သူငယ်ချင်းတို့....

                နှစ်သစ် နဲ့အတူ တို့တွေရဲ့ Blog လေးကို စတင်လိုက်ပါပြီ ။ အားလုံး ၀ိုင်းဝန်းကူညီ အားဖြည့် ပေးကြ လိမ့် မယ်လို့ မျှော်လင့် ပါတယ် ။ အားလုံးအတွက် အကျိုး ရှိသော Blog လေးဖြစ်ပါစေ လို့ ရည်ရွယ် လျှက်.....

မိတ်ထီလာ GTI အဖှဲ့