Saturday, April 30, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၂)

Noun
သမာရို:ကျသဒ္ဒါမှာတော့ ၀ါစင်္ဂရှစ်ပါး ( Eight Parts of Speech ) ရယ်လို့ဆိုတယ်။ Noun, Verb, Pronoun, Adjective, Adverb, Preposition, Conjunction, Interjection ပါတဲ့။ ကနေ့ခေတ် သဒ္ဒါများမှာတော့ အဲ့လိုမခွဲတော့ဘူး။ Lexical words ( အဓိပ္ပါယ်စကား ) နဲ့ Structural words ( အဆောက်အအုံ စကားလုံး ) ရယ်လို့ အဓိကအပိုင်းနှစ်ပိုင်း ခွဲလိုက်ပါတယ်။Lexical words ထဲမှာ Noun, Verb, Adjective, Adverb လို့ ခွဲလိုက်ပါတယ်။ Noun အကြောင်းစပြီးပြောမယ်....

Countable / Uncountable
Noun တွေကို ကျက်မှတ်ရာမှာ အေ၇းအကြီးဆုံးကတော့ ရေတွက်လို့ရတဲ့ Noun လား (Countable Noun)၊ ရေတွက်လို့မရတဲ့ Noun လား ( Uncountable Noun ) ခွဲခြား မှတ်ထားဖို့ပါပဲ။ အကြောင်းးကတော့....
၁။ Countable Nouns တွေမှာသာ Singular ( ဧက၀ုစ်ကိန်း ) နဲ့ Plural ( ဗဟုဝုစ်ကိန်း ) ရယ်လို့ Number ခွဲခြားမှု့ရှိပါတယ်။ Uncountable Noun တွေမှာ Singular သာရှိပြီး Plural မရှိပါဘူး။( ရှိခဲ့ရင် အဓိပ္ပါယ် အပြောင်းအလဲ ရှိပြီ။ )
၂။ Countable Noun တွေကိုသာ indefinite article လို့ ခေါ်တဲ့ a, an နဲ့တွဲသုံးနိုင်ပါတယ်။ Uncountable Noun တွေကို မသုံးနိုင်ပါဘူး။ ရေတွက်လို့ရတယ်၊ မရဘူးဆိုတာ အကြမ်းဖျင်းပြောရရင် လွယ်တယ်လို့ထင်စ၇ာပါပဲ။ ဒါပေမယ့် တစ်ချို့ အင်္ဂလိပ်စကားလုံးများကို ကျောင်းသားက ရေတွက်လို့ ရတယ်လို့ ထင်မှတ်မှားကြတယ်။ ဥပမာ.. paper - စက္ကူ၊ bread - ပေါင်မုန့် ၊ money -ငွေ ။ ဒါမျိုးတွေဟာ အင်္ဂလိပ်စကားမှာေ၇တွက်လို့မရတဲ့ အရာတွေဖြစ်တယ်ဆိုတာကို ကြပ်ကြပ်မှတ်ထားဖို့ လိုပါတယ်။ အသုံးများတဲ့ ရေတွက်မရတဲ့ နာမ်အချို့ကိုအောက်မှာ ဖော်ပြလိုက်ပါတယ်။


Some Uncountable Nouns

advice - အကြံဥာဏ်
air - လေ
bread - ပေါင်မုန့်
chalk - မြေဖြူ
cloth - အထည်စ
clothing - အ၀တ်အစား
coffee- ကော်ဖီ
fish - ငါး ( သားငါး )
flour - ဂျုံမှုန့်
food - အစားအစာ
fruit - သစ်သီး ( အစားအသောက် )
furniture - အိမ်ထောင်ပရိဘောဂ
glass - ဖန်၊ မှန် ( ကုန်ကြမ်းပစ္စည်း )
gold -ေ၇ွှ
grass - မြက်
hair - ဆံပင်၊ အမွှေး
information - သုတ
knowledge - အသိပညာ
meat - အသား ( အမဲ၊ ၀က်စသည် )
milk - ( နွားနို့စတဲ့ နို့ရည် )
money - ငွေကြေး၊ ပိုက်ဆံ
news - သတင်း
paper - စက္ကူ
rain - မိုး၊ မိုးရေ
rice - ဆန်၊ ထမင်း
salt - ဆား
scenery - ရှု့မျှော်ခင်း
stone - ကျောက် ( ကုန်ကြမ်း )
sugar - သကြား
tea - လက်ဖက်ခြောက်၊ လက်ဖက်ရည်
tobacco - ဆေး ( ဆေးလိပ်၊ ဆေးတံ၊ )
water -ေ၇
wheat - ဂျုံ
wood - သစ်သား

ဒါဥပမာ ပေးထားတာ ဖြစ်တယ်။ advice - အကြံဥာဏ်၊ knowledge - အသိတို့ကို ကြည့်ပြီး အလားတူစိတ္တဇနာမ်များ ( စိတ်ထဲမှာသာရှိပြီး ရုပ်ဝတ္ထု အကောင်အထည်မရှိတဲ့ နာမ်များ ) ကို နားလည်အပ်တယ်။ milk - နို့်ရည်၊ water-ေ၇ တို့ကို ကြည့်ပြီး အလားတူ သဘောဆောင်တဲ့ oil - ဆီ၊ butter - ထောပတ်စတာတို့ကို နားလည်အပ်တယ်။ gold -ေ၇ွှကို နမူနာယူပြီး silver - ငွေ၊ ( ဒီေ၇ွှနဲ့ ငွေကိုပဲ ကိုယ်စားပြုပြီး ကနေ့ခေတ်မှာ ခေါ်နေကြတာဖြစ်တဲ့ ) money - ငွေကြေးတို့ကို သဘောပေါက်သင့်တယ်.။ rice - ထမင်းေ၇တွက်မရတာကို နမူနာယူပြီး သူတို့နိုင်ငံသားတွေအတွက် ထမင်းဖြစ်တဲ့ bread - ပေါင်မုန့်ဟာရေတွက်မရတာကို သိအပ်တယ်။အဲ့ဒီရေတွက်မရတဲ့အ၇ာတွေကို အကြောင်းပေါ်လာလို့ ရေတွက်စ၇ာ ဖြစ်လာရင် ရေတွက်နိုင်တဲ့ ( ခြင်တွယ်နိုင်တဲ့ ) ပစ္စည်းတစ်ခုနဲ့ တွက်ဖက်ပြီးသုံးရတယ်။
a glass of milk - နို့တစ်ခွက်
a cup of tea - လက်ဖက်ရည်တစ်ခွက်
a cup of water -ေ၇တစ်ခွက်

အထက်ပါ စာရင်းထဲက Noun အခ်ျို့ဟာ အဓိပ္ပါယ် ပြောင်းလဲသွားကာ Countable
အဖြစ် သုံးနိုင်ကြတယ်။ ဥပမာ.. fish - စားစရာသဘော သုံးလျှင် Uncountable ဖြစ်ပါတယ်။ Plural - မလုပ်ရဘူး။ a မသုံးရဘူး။
Because fish is cheap, my mother cooks fish every day.
ငါးက ဈေးပေါတော့ အမေ နေ့တိုင်း ငါးချက်တယ်..။ ဒါပေမယ့် အကောင် ငါးကို ပြောချင်တာဆိုရင် a သုံးနိုင်ပါတယ်။ Singular / Plural ရှိပါတယ်။
I caught a fish yesterday. ( Singular )
ငါမနေ့က ငါးတစ်ကောင် မိတယ်။
Fish swim. ( Plural )
ငါးများ ရေကုးတယ်.။( ငါးမျိုးစုံတာကို ပြောချင်ရင် fishes လို့ Plural ဖြစ်သေးတယ်။)

အလားတူပဲ ဖန်သား၊ မှန်သားကို ပြောရင် glass ဟာ Uncountable ၊ ဖန်ခွက်ကို ပြောရင်တော့ Countable ဖြစ်သွားပါတယ်။
A window is made of glass. ( Uncountable )
ပြတင်းကို မှန်နဲ့ လုပ်တယ်။
i want a glass of water. ( Countable )
ငါေ၇တစ်ခွက် လိုချင်တယ်။

သစ်သီးဆိုတာ စားစ၇ာ အဟာရအဖြစ် ပြောရင် fruit ဟာ Uncountable ဖြစ်ပြီး၊ လုံးချင်းသဘော ပြောရင်တော့ Countable ဖြစ်ပါတယ်။
Fruit is good for health. ( Uncountable )
သစ်သီးဟာ ကျန်းမာေ၇းအတွက် ကောင်းတယ်။
A mango is a fruit. ( Countable )
သရက်သီးဟာ သစ်သီးတစ်လုံးဖြစ်တယ်။

စက္ကူအဓိပ္ပါယ်နဲ့ ပြောရင် paper ဟာ Uncountable ဖြစ်ပြီး ၊ မေးခွန်းလွှာ ၊သတင်းစာ အဓိပ္ပါယ်များနဲ့ ဆိုရင်တော့ Countable ဖြစ်ပါတယ်။ အလားတူပဲ ဆောက်လုပ်ရာ၊ ထုလုပ်ရာပစ္စည်း အဓိပ္ပါယ်နဲ့ သုံးရင် stone ဟာ Uncountable ဖြစ်ပြီး၊ ကျောက်တုံး၊ ကျောက်ခဲအဓိပ္ပါယ်နဲ့ သုံးရင် Countableဖြစ်ပြန်တယ်။ အခြားအဓိပ္ပါယ်ပြောင်းတဲ့အလိုက် Uncountable က Countable ပြောင်းသွားတဲ့ စကားများကို နောင် စာဖတ်ရင်း မှတ်သားမိလာပါလိမ့်မယ်။
အထက်နားမှာ ဆိုခဲ့တဲ့အတိုင်း Uncountable တွေကို Plural မလုပ်ရပါဘူး။ Singular သုံးရတယ်။ a နဲ့ an ထပ်သုံးစ၇ာလည်း မလိုဘူး။ Countable မှာသာ Plural ရယ်လို့ ရှိတယ်။ a, an သုံးရပါတယ်။

Singular / Plural

ပထမဆုံး ကွဲကွဲပြားပြား ဖြစ်စေချင်တာကတော့ ဧက၀ုစ်၊ ဗဟုဝုစ် ( Singular / Plural ) ဆိုတာ အနည်းနဲ့ အများကို ပြောတာမဟုတ်ဘူးဆိုတဲ့အချက်ပါပဲ။ ဆ၇ာတစ်ချို့က အနည်းအများဆိုပြီး သင်နေကြတယ်။ဒါ အင်မတန်မှားယွင်းပါတယ်။ Singular ( ဧက၀ုစ် ) ဆိုတာ တစ်ခုတည်းကိုပြောတာ။ တစ်ခုထက်ပိုရင် အနည်းရော ၊ အများပါ Plural ( ဗဟုဝုစ် ) လို့ခေါ်ပါတယ်။

(A) Countable noun တွေကို Plural လုပ်ရာမှာ အသုံးများဆုံး နည်းကတော့ S ထည့်ပေးရတာပါ။boy - boys, dog - dogs, pen - pens

(B) Noun မှာ y နဲ့ ဆုံးနေတယ်။ y ရှေ့ကလည်း ဗျည်း ( a,e,i,o,u ကလွဲရင်ကျန်တဲ့ အက္ခ၇ာ ၂၁ လုံးကို ခေါ်တာပါ ) ရှိနေတယ်ဆိုရင် y ကို i ပြောင်း esထည့်ရပါတယ်။
baby ( y ရှေ့က b ရှိတယ် ) ------- babies
lady ( y ရှေ့က d ရှိတယ် ) .------- ladies
fly ( y ရှေ့က l ရှိတယ် ) ------------ flies

(C) ဒါပေမယ့် Noun မှာ y နဲ့ ဆုံးနေပေမယ့် y ရှေ့က သရရှိနေရင်တော့ s ပဲ ထည့်ရတယ်။ ဘာအပြောင်းအလည်းမှ မလိုပါဘူး။
boy ( y ရှေ့က o ၇ှိတယ် ) ----------- boys
day ( yေ၇ှ့က a ရှိတယ် ) ----------- days
monkey ( yေ၇ှ့က e ရှိတယ် )------ monkeys

(D) Noun ဟာ ch, s, sh, x, z တစ်ခုခုနဲ့ ဆုံးနေတယ်ဆိုရင် es ထည့်ပေးရပါတယ်။
branch ---------- branches
bus --------------- buses
dish -------------- dishes
fox ---------------- foxes
fez ---------------- fezes

(E) Noun မှာ o နှင့် ဆုံးနေလျှင်လည်း es ထည့်ပေးရပါတယ်။
mango ------------- mangoes
potato -------------- potatoes
hero ----------------- heroes

(F) တစ်ချို့ Noun တွေကတော့ o နဲ့ ဆုံးနေပေမယ့်လည်း s ပဲ ထည့်ရပါတယ်။ နိုင်ငံခြားစကားလုံးတို့၊ အတိုကောက်တို့ ဖြစ်တယ်။
piano ----------- pianos
solo ------------- solos
bamboo ------- bamboos

(G) Noun မှာ f or fe နဲ့ ဆုံးရင် f, fe နေ၇ာမှာ ves ထည့်ပေးရပါတယ်။
half ---------------- halves
knife -------------- knives

(H) တစ်ချို့ Noun မှာ f, fe ဆုံးပါလျှက် အပြောင်းအလည်း မရှိပဲ s ပဲ ထည့်ပေးရပါတယ်။
roof ----------- roofs
chief --------- chiefs

(I) Singular နဲ့ Plural အပြောင်းအလည်း ထူးခြားတဲ့ Nouns များကို အလွတ် ကျက်မှတ်ထားသင့်ပါတယ်။
child ----------- children
foot ------------- feet
goose --------- geese
mouse -------- mice
ox -------------- oxen
tooth ---------- teeth
woman ------women

(J) တစ်ချို့ Noun တွေမှာ Singular and Plural ပုံစံ အတူတူ တစ်ခုတည်းးပဲ ရှိပါတယ်။
sheep ........... ( a sheep, ten sheep )
deer, fish ....... ( အထက်မှာ ရှင်းပြခဲ့ပြီးပြီ )

(K) people ဟာ Plural ဖြစ်တယ်.။ ( လူများ ) လို့ အဓိပ္ပါယ်ရတယ်.။ အလားတူ police ဆိုတာလည်း Plural ပါပဲ.။ ( ရဲများ ) လို့ အဓိပ္ပါယ်ထွက်တယ်။
People are running about.
လူတွေ ဟိုပြေးဒီပြေး ပြေးနေကြတယ်။
The police are coming.
ရဲတွေ လာနေပြီ။
တကယ်လို့ peoples လို့ သုံးရင် ( လူမျိုးများ ) လို့ အဓိပ္ပါယ် ထွက်သွားတယ်။ ရဲသားတစ်ဦးကို ပြောချင်ရင် policeman ကိုသုံး၊ အများဆိုရင် policemen . ။

(L) scissors - ကတ်ကျေး ၊ pliers - ပလာယာ ၊ spectacles - မျက်မှန် ၊ glasses - မျက်မှန် ၊ trousers - ဘောင်းဘီရှည် ၊ pants - ဘောင်းဘီ ၊ အတွင်းခံဘောင်းဘီ ၊ shorts - ဘောင်းဘီတို တို့မှာ Plural ပဲ ရှိတယ်.။ Singular မရှိပါဘူး။

(M) news - သတင်း ၊ mathematics - သင်္ချာ ၊ physics - ရူပဗေဒ စတဲ့ Noun တွေဟာ Singular ဖြစ်တယ်။

(N) medium - media, datum - data စတဲ့ လက်တင်စကားလုံးများ ပြောင်းလည်းပုံကို စာဖတ်ရင်း တွေ့တဲ့အခါများမှာ မှတ်သွားပါ..။
Posted by ကိုတူး(မိတ္ထီလာ GTI)

No comments:

Post a Comment