` ငါ၏
ယာလက်ဖြင့် ဆန်စပါးရိက္ခာ ကိုပေးအံ့၊ ငါ၏၀ဲလက်ဖြင့် ၀တ်စား တန်ဆာ ပေးအံ့။ အမိသည်
သားငယ်အား ရင်ခွင်၌ နှစ်သိမ့်သကဲ့သို့ ငါသည်လည်း တိုင်းသူပြည်သားတို့ကို
နှစ်သိမ့်ပါအံ့၊´
(ကျန်စစ်သား၏
မူရင်း မွန်ဘာသာဖြင့် ရေးထိုးထားသော ရွှေစည်းခုံဘုရား ကျောက်စာကို မြန်မာပြန်မှ)
မကြာခင်ကဖြစ်ပျက်ခဲ့တဲ့
ရခိုင်အရေးအခင်းမှာ ကျွန်တော်တို့ဘက်က
အင်္ဂလိပ်လိုသတင်းရေးသားတင်ဆက်နိုင်မှုအားနည်းတော့ နိုင်ငံတကာမှာ
သူများတွေလိမ်ပြောသမျှ ကိုယ်ကလူဆိုးဖြစ်ရတော့တာပေါ့။ ဒါကိုသဘောပေါက်လာလို့
နာမည်ကြီးဂျာနယ်နှစ်စောင်လောက်ကတော့ အင်္ဂလိပ်လိုရေးလာကြပါပြီ။ ဒါကဥပမာပါ။
စာပေရေးသားခြင်းနဲ့တိုင်းပြည်ရဲ့ကောင်းကျိုးဆိုးကျိုးအပေါ်ထောက်ပံ့နိုင်ပုံပါ။
ဒါကြောင့် မြန်မာလိုလည်းရေးကြပါ။ အင်္ဂလိပ်လိုလည်းရေးကြပါ။
အင်္ဂလိပ်လိုရေးနိုင်ခြင်းကတော့
ကိုယ့်ဘ၀တိုးတက်မှုနဲ့တိုက်ရိုက်သက်ဆိုင်နေပြန်ပါတယ်။ ကျောင်းသားဘ၀မှာ essay
လိုပေါ့ပေါ့ပါးပါးတွေရေးရတဲ့အပြင် thesis, dissertation
လိုကျမ်းတွေခန့်ခန့်ငြားငြားရေးရတာလဲ မလွဲမသွေကြုံရမှာပါ။ အလုပ်ထဲရောက်ပြန်တော့
အများစုက ၀န်ထမ်းဘ၀မှာပဲကျင်လည်ရမှာဖြစ်တော့ အထက်ဌာနတွေကို report တွေရေးတင်ရဦးမှာပါ။
အဲဒီအခါမျိုးမှာ ကိုယ်တိုင်ဟန်ကျပန်ကျရေးနိုင်မှ
ကိုယ်လိုရာရောက်အောင်တင်ပြနိုင်ပါလိမ့်မည်။ ကျောင်းသားဘ၀ကလို စာအုပ်ထဲကကူးချတာတွေ
သူများကို ရှဲဒိုးရေးခိုင်းတာမျိုးတွေနဲ့တော့ရေရှည်မှာမဖြစ်နိုင်ပါဘူး။