Saturday, June 16, 2012

အခမဲ့ သီချင်းဆိုင်

တေးသီချင်းနှစ်သက်ကြတဲ့ သူငယ်ချင်းတို့အတွက် သီချင်း Album အလိုက် download ဆွဲနိုင်တဲ့ blog တစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ်။ မိမိနှစ်သက်ရာတေးသီချင်းများကို  နားဆင်ရင်း ဘဝအမောများပြေပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
Axlerose

Posted by KAE 

ဒေါ်အောင်ဆန်းဆုကြည် ရဲ့ နိုဗယ်လ် ဆုပေးပွဲ အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မှု

မြန်မာတို့ရဲ့ ဂုဏ်ယူလေးစား အားကိုးယုံကြည်၊  အမေတစ်ယောက်လို ချစ်ခင် မြတ်နိုးခြင်းကို ခံရတဲ့ အမေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဗယ်ဆု ပေးပွဲ အခမ်းအနားကို
ဇွန်လ ၁၆ ရက်နေ့ နယူးယောက်အချိန် စနေနေ့နံနက် (၇) နာရီ၊
စကာင်္ပူအချိန် စနေနေ့ည (၇) နာရီ၊
မြန်မာအချိန် စနေနေ့ညနေ (၅ နာရီခွဲ) တွင် အောက်ပါ လင့်မှ တိုက်ရိုက် ကြည့်ရှုနိုင်ပါသည်။
http://www.nobelprize.org/

16th June (Saturday) 2012
Live Webcast of Aung San Suu Kyi's Nobel Lecture, Oslo, Norway
1:00 PM. CET


Source: Min Kyaw Khine FB

Posted by ဂျစ်တီး

ပိတောက်စိတ်ကူး

ရွှေဝါရောင် တဖိတ်ဖိတ်နဲ့
လူ့ရဲ့စိတ်ကို မရိုးမရွစေတာ
ဒီတခါတော့ ငါလွမ်းရပြီထင်ရဲ့
ပန်းပိတောက်ရယ် ။

အဆက်အသွယ်ပြတ်ခဲ့တဲ့ တခဏ
စိတ်ကူး အိပ်မက်တွေ ပျက်ခဲ့ရတယ်
နင့်ကြောင့် ရယ်လို့တော့ မပြောပါဘူး
ပုံမှန်ရောက်လာတတ်ခဲ့တဲ့
တစ်နှစ်တစ်ခါဆိုတာက
ဖိအားပေးခဲ့တာပါ ။

ပျော်စရာတွေ ယူလာတတ်သလို
ပျော်စရာတွေလဲ ပြန်သယ်သွားတတ်တော့
နင့်ကြောင့်ပဲ ငါလွမ်းတတ်သွားပြီ။

နင့်ကြောင့် စိတ်ကူးတွေ ယဉ်ခဲ့ဖူး
နင့်ကြောင့် ပဲစိတ်ကူးတွေ ယိုင်ခဲ့ဖူး
ဘာမဟုတ်တဲ့ ပိတောက်စိတ်ကူး က
ငါ့ကို ရူးစေခဲ့တာလား ။

ပိတောက်ဖူးနဲ့ ငါ့စိတ်ကူးတဲ့
ခဏတော့ ငါ့မကြာခဏပဲ
ပျော်ဖူးပါတယ်
ပိတောက်စိတ်ကူးလေးရယ် ။     ။

Posted by တကိုယ်ငယ်