Thursday, February 09, 2012

မြန်မာယူ-၂၁အသင်း ပါဝင်ယှဉ်ပြိုင်မည့် ဘရူနိုင်းဖိတ်ခေါ်ဖလားပွဲ

ဖေဖော်ဝါရီလ(၂၄) မှ မတ်လ(၉)ရက်နေ့အထိ ဘရူနိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ဘရူနိုင်းဖိတ်ခေါ်ဖလားပွဲတွင် မြန်မာ ယူ-၂၁အသင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာ ယူ-၂၁ အသင်းသည် အုပ်စု မဲခွဲမှုအရ အုပ်စု(က)တွင် စင်ကာပူ၊ အင်ဒိုနီးရှား အစရှိသည့် အသင်းများနှင့်အတူ ကျရောက်လျှက်ရှိနေသည်။
(၆)သင်းပါဝင်သည့် အုပ်စု(က)တွင် မြန်မာ၊ စင်ကာပူ၊ အင်ဒိုနီးရှား တို့နှင့်အတူ ဖိလစ်ပိုင်၊ လာအိုနှင့် အိမ်ရှင် ဘရူနိုင်းတို့လည်း ပါဝင်လျှက်ရှိပြီး အုပ်စု(ခ)တွင်မူ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် အရှေ့တီမောတို့ ပါဝင်လျှက်ရှိနေသည်။ မြန်မာအသင်းသည် ဖေဖော်ဝါရီ(၂၅)ရက်နေ့တွင် စင်ကာပူအသင်းနှင့် အဖွင့်ပွဲအဖြစ် ပွဲဦးထွက် ယှဉ်ပြိုင်ရမည်ဖြစ်ကာ ဖိလစ်ပိုင်၊ လာအို၊ ဘရူနိုင်း စသဖြင့် အစဉ်လိုက် ဆက်လက် ကစားရမည် ဖြစ်သည်။ အုပ်စုနောက်ဆုံးပွဲစဉ် အဖြစ်မူ မတ်လ(၅)ရက်နေ့တွင် အင်ဒိုနီးရှား အသင်းနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။
အုပ်စုများနှင့် ဘောလုံးပွဲစဉ်များမှာ....

တတိယကမ္ဘာမှ ပထမကမ္ဘာသို့

ကျွန်တော်ဖတ်ခဲ့ဖူးသော စာအုပ်တွေထဲမှ စာအုပ်ကောင်းလေး တစ်အုပ်ပါ။ ယနေ့ ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ အခြားနိုင်ငံများကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးစားနေချိန်မှာ ဒီစာအုပ်လေးထဲမှာ ယနေ့ စင်္ကာပူနိုင်ငံဖြစ်လာအောင် မည်မျှခက်ခဲကြောင်းကို လေ့လာမှတ်သားနိုင်မှာပါ။ ကျွန်တော်တို့မြန်မာတွေလဲ ကိုယ်နိုင်ငံတိုးတက်ဖို့အတွက် မှတ်သားဆင်ခြင်နိုင်မှာပါ။
ဆရာဟိန်းလတ်ဘာသာပြန်ဆိုခဲ့သည့် တတိယကမ္ဘာမှ ပထမကမ္ဘာသို့ စာအုပ်ဖြစ်ပါတယ်။ မူရင်းစာအုပ်မှာ From Third World to First, The Singapore Story (1965 - 2000) By Lee Kuan Yew ပါ။
တတိယကမ္ဘာမှ ပထမကမ္ဘာသို့

ဟိန်းလတ်

သူရိယ ၊ တတိယအကြိမ် ၊ စက်တင်ဘာလ ၂၀၀၆

၂၀၀၂ ခုနှစ် အမျိုးသားစာပေဆု ဘာသာပြန် (သုတ) ဆုရ
 (စာအုပ်မျက်နှာဖုံး)
 (စာအုပ်ကျောဖုံး)