Wednesday, January 25, 2012

ဂလက်စကိုမှာ တွေ့တယ်ဆိုတဲ့ ဒိုင်ယာနာ မင်းသမီးရဲ့ ၀ိညာဉ်

 စကော့တလန်နိုင်ငံ ကလက်စကိုမြို့က ဘုရားကျောင်းတစ်ခုမှာတော့ ဒိုင်ယာနာ မင်းသမီးရဲ့ ၀ိညာဉ်ကို တွေ့ရပါတယ်လို့ ဆိုနေကြပါတယ်။  ဒီ ဗီဒီယိုကိုတော့ အဲ့ဒီဘုရားကျောင်းကို သွားလည်ပတ်တဲ့ တရုတ်ခရီးသွား အုပ်စုတစ်ခုက ရိုက်ယူခဲ့တာဖြစ်ပြီး အဲ့ဒီဗီဒီယိုထဲမှာတော့ ဘုရားကျောင်းရဲ့ ဆေးခြယ်ထားတဲ့ မှန်သားပြင်ပေါ်မှာ ဒိုင်ယာနာ ပုံနဲ့ ဆင်တူတဲ့ ရုပ်သဏ္ဍာန်ကို မြင်တွေ့ရတယ်လို့ဆိုပါတယ်။  ဂမ္ဘီရ လျှို့ဝှက်ဆန်းကျယ် ဖြစ်ရပ်တွေကို စိတ်ဝင်စားတဲ့ မိုင်ကယ်ကိုဟင် ဆိုသူကတော့ အခု ဒီ ဗီဒီယိုကို စစ်ဆေးပြီး သကာလမှာတော့ ဒါဟာ ထူးခြားဆန်းကျယ်တဲ့ မူမှန်ထက်ကို ကျော်လွန်နေတဲ့ ဖြစ်ရပ်လို့ ကောက်ချက်ချပါသတဲ့။ 
          “ခုထိတော့ ဒီဗီဒီယိုကို ကျွန်တော်ရော အခြားသော သုတေသန ပညာရှင်များပါ အဖြေရှာနေကြပါတယ်။ ဒါဟာ အလင်းပြန်မှု့ ဖြစ်ကောင်းလည်း ဖြစ်နိုင်သလို ဒါဟာ ၀ိညာဉ်လည်း ဖြစ်နိုင်ပါတယ် - ဒိုင်ယာနာ မင်းသမီးရဲ့ ၀ိညာဉ်ဖြစ်နိုင် သလိုပေါ့” လို့ ကိုဟင်က ပြောသွားပါတယ်။  ဒီ ဗီဒီယိုလေးကိုတော့ Paranormal mysteries လို့ခေါ်တဲ့ သိပ္ပံလွန် ဖြစ်ရပ်ဆန်းတွေရဲ့ အခန်းဆက်ထဲမှာ ထည့်သွင်းပြသဦးမယ်လို့ဆိုပါတယ်။  ဟုတ်သည် မဟုတ်သည်ထား အသုံးချတတ်သူများကျတော့ ကြွက်သေတစ်ခု အရင်းပြုပြီး ရုပ်ရှင်တွေဘာတွေ ထုတ်၊ ကြည့်တဲ့ လူတွေကကြည့်၊ ချမ်းသာတဲ့ လူက ချမ်းသာ သူ့ဟာနဲ့ သူတော့ ဟုတ်နေကြတာပါပဲ။ အောက်မှာတော့ YouTube က ဗီဒီယိုလေး ကို ကြည့်နိုင်ပါတယ်။




Posted by ကိုကိုနေ
Source: blog-aunghtut.blogspot.com/

Cartoon of the week




Posted by ဂျစ်တီး