Thursday, June 07, 2012

New Big Money


    မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တစ်သောင်းကျပ်တန်ငွေစက္ကူအမျိုးအစားသစ်ကို ၂၀၁၂ခုနှစ် ဇွန်လ၁၅ရက်တွင် စတင်ထုတ်ဝေမည်ဖြစ်ကြောင်း ယနေ့ညနေ (ဇွန်၇ရက်) ၆နာရီသတင်းတွင် တရားဝင်ကြေညာခဲ့သည်။
  အဆိုပါငွေစက္ကူအမျိုးအစားသစ်ကို အများပြည်သူအား ဘဏ်ဖွင့်ချိန် အ တွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေကြေးဌာန၊ ဘဏ်များနှင့်အစိုးရငွေတိုက်များတွင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုလက်ရှိတရားဝင် လှည့်လည်သုံးစွဲလျက်ရှိသည့် ငွေစက္ကူများနှင့် ငွေအကြွေများသည် တရားဝင်သုံးစွဲငွေများအဖြစ် ဆက်လက်တည်ရှိသွားမည်ဖြစ်ကြောင်းလည်း အဆိုပါသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
              တစ်သောင်းကျပ်တန်ငွေစက္ကူသစ်၏အရွယ်အစားမှာ 15x7 စင်တီမီတာရှိပြီး လက်ရှိသုံးစွဲနေသော ကျပ်၁၀၀၀တန်(အသေး)နှင့်ကျပ်ငါးထောင်တန်တို့နှင့်အရွယ်အစားတူညီသည်။
ပေါ်လွင် ထင်ရှားသောအရောင်မှာ အပြာရောင်ဖြစ်ပြီး၊ မျက်နှာစာတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်မြေပုံ၊ သပြေခက်နှစ်ခက်နှင့် ဆင်ဖြူနှစ်စီးနှင့် ကြာဖြူတစ်ပွင့်တို့ဖြင့် ဖွဲ့စည်းရိုက်နှိပ်ထားသည်။
“ထူး၂ခြား၂ဖြစ်မယ်မထင်ဘူး။         ငါးထောင်တန်ထွက်တုန်းကလည်း ငွေကြေးဖောင်းပွမှုနဲ့ပတ်သက်ပြီး ပြောခဲ့ကြတယ်။ ဒါပေမယ့် မဖြစ်ခဲ့ဘူး။ အခုလည်းဖြစ်မယ်မထင်ဘူး”ဟု စီးပွားရေးပညာရှင် ဦးခင်မောင်ညို(ဘောဂဗေဒ)ကသုံးသပ်ပြောကြားသည်။
Posted by ဂျစ်တီး