Tuesday, May 10, 2011

တန်ဖိုးရှိသော အဆိုအမိန့်များ

ဒီစာအုပ်ကိုဘာသာပြန်သူမှာ စာရေးဆရာကြီး'သုတေသီဘုန်းမြင့် သွေး'ဖြစ်ပါတယ်။

အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်မှာ ရည်ရွယ်ချက်၌တစိုက်မတ်မတ်လုပ်ခြင်းပင်ဖြစ်တယ်။
(ဘင်ဂျမင်ဒစ်ဆရေလီ)

အောင်မြင်ကျော်ကြားသူဖြစ်အောင် မကြိုးစားပါနှင့်၊ တန်ဖိုးရှိသောသူဖြစ်အောင် ကြိုးစားပါ။
(အယ်ဘတ်အိုက်စတိုင်း)

လူသားတို့၏ဘ၀တွင် မည်သည့်အရာမှ တည်မြဲခြင်းမရှိ သည်ကိုသတိရပါ။ ထို့ကြောင့် အဆင်ပြေသည့်အခါ၌ အလွန်အမင်းဝမ်းသာခြင်း၊ အဆင်မပြေသည့်အခါ၌ အလွန်အမင်း စိတ်ဓာတ်ကျခြင်း မဖြစ်ပါနှင့်။
(ဟင်းရစ်အစ်ဆန်)

သည်းခံလိုက်ကြစို့ သူငယ်ချင်းရေ.....

"သည်းခံလိုက်ပါ" ဆိုတဲ့ စကားလုံးက မြန်မာပြည်မှာ အသုံးအများဆုံး စကားလုံး ဖြစ်လာသလို၊ ယဉ်ကျေးမှု တစ်ခုလည်း ဖြစ်လာခဲ့ပါပြီ။ ကျွန်တော်တို့ ဘဝက ရေမလာရင်လည်း သည်းခံပေးရတယ်။ မီးမလာရင်လည်း သည်းခံပေးရတယ်။ ကုန်ဈေးနှုန်းတွေ တက်လည်း သည်းခံတယ်။ ဘတ်စ်ကား လာတာ ကြာတာကိုလည်း သည်းခံတယ်။ ဖုန်းလိုင်း ကြိုးပြတ်တာကိုလည်း လာပြင်တဲ့အထိ သည်းခံစောင့်ပေးတယ်။ သည်းမခံတာကတော့ သူတို့ပဲ။ ဖုန်းဘီလ် မဆောင်ရင် ဖုန်းပိတ်တယ်။ အမြတ်ခွန်ဆောင်တာ နောက်ကျရင် ဒဏ်ရိုက်တယ်။ မြေခွန်၊ အိမ်ခွန်၊ ဂိုထောင်ခွန် ဆောင်တာ နောက်ကျရင် ဒဏ်တပ်တယ်။ ဒီနေရာမှာ တွေးစရာတွေ ဖြစ်လာရပြီ။