Friday, May 18, 2012

အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု တိုးတက်စေမည့် နည်းလမ်း (၇၀) - အပိုင်း (၈)

၃၆။ အင်္ဂလိပ်လိုရေးထားတဲ့ ကလေးစာအုပ်တွေကိုဖတ်ပါ။ ဒါကလည်း အင်္ဂလိပ်စကားပြော ကလေး ရုပ်ရှင်တွေကို ကြည့်သလိုပါဘဲ။ လူကြီးအတွက် စာအုပ်တွေမှာထက် အရုပ်တွေပိုပါတော့ ဖတ်ရတာ ပိုလွယ်ပါတယ်။ ဇာတ်လမ်းကို နားလည်ဖို့အထောက်အကူဖြစ်ပြီး ရောင်စုံ စာမျက်နှာတွေမိုဖတ်ချင်စဖွယ်လည်း ဖြစ်ပါတယ်။
၃၇။ သင်ယူလေ့လာရမယ့် ဘာသာစကား အသုံးအနှုန်းတွေကို စာရင်းလုပ်ထားပါ။ ဥပမာ Vocabulary စာရင်းလုပ်ထားပါ။ Vocabulary စာရင်းကို လေ့လာကျက်မှတ်ဖို့ အချိန်မရလို့ စာရင်းထဲမှာ Vocabulary တွေ စုပုံလာနေသည့်တိုင်အောင် ဘယ်စကားလုံးတွေကို တတ်ဖို့လိုတယ်၊ ကျက်မှတ်ရမယ့်စာရင်းထဲမှာ ထည့်ထားရမယ်ဆိုပြီး ရွေးချယ်ရတဲ့အတွက် အဲဒီစကားလုံးတွေ တတ်ဖို့ အထောက်အကူပြုနိုင်ပါတယ်။
၃၈။ Vocabulary စာရင်းကို တစ်နေ့ ၃-၄ ကြိမ် ပြန်ကြည့်ပေးပါ။ အလုပ်သွားတဲ့လမ်းမှာ၊ ရထားစီး၊ ကားစီးသွားစဉ်မှာ Vocabulary စာရင်းထဲက စကားလုံးတွေကို မှတ်သားနေရတာ အဆင်မပြေဘူးဆိုရင် ဒါမှမဟုတ်ရင် ရှက်တယ်ဆိုရင် အီလက်ထရောနစ်အဘိဓာန် (Electronic Dictionary) ထဲမှာ ထည့်ထားလို့ရပါတယ်။ ဒါမှမဟုတ် လက်ကိုင်ဖုန်းထဲက To Do List (လုပ်စရာများစာရင်း) ထဲမှာ ထည့်ထားနိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း mp3 ဖွင့်စက် ( ဥပမာ iPod ) ထဲမှာ စာသားဖိုင်အနေနဲ့ ထည့်ထားလို့ရပါတယ်။  Format တစ်ခုကနေ တစ်ခုပြောင်းပြီးတော့ အဲဒီလိုအချက်အလက်တွေ စကားလုံးတွေ ထည့်နေရတဲ့အတွက် အချိန်အလဟဿဖြစ်သွားတယ်လို့ ထင်ရပေမယ့် ဒီလိုမျိုး Vocabulary တွေကို အချိန်ပေးပြီး အသုံးပြုမယ်ဆိုရင် အဲဒီ Vocabulary ကို တတ်သွားမှာပဲ ဖြစ်ပါတယ်။