Tuesday, March 06, 2012

မြန်မာဘောလုံးအသင်းကို အားပေးကြစို့

မြန်မာဘောလုံးပွဲကို နှစ်သက်အားပေးကြသော သူငယ်ချင်းတို့အတွက် မတ်လ(၇)ရက်နေ့ည စင်ကာပူစံတော်ချိန် (၈း၀၀)တွင် ဘရူနိုင်းနိုင်ငံတွင်ကျင်းပသည့် ဘရူနိုင်းဖိတ်ခေါ်ဖလားပွဲ၏ ပထမအကြိုဗိုလ်လုပွဲစဉ်တွင် မြန်မာ ယူ-၂၁ အသင်း နှင့် ဘရူနိုင်း ယူ-၂၁ အသင်း တို့ ယှဉ်ပြိုင်အားကစားကြပုံကို online မှတဆင့် တိုက်ရိုက်ကြည့်ရှူအားပေးနိုင်စေရန် ကြိုးစားတင်ဆက်ပေးသွားပါမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Posted by MTLA GTI Group

အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု တိုးတက်စေမည့် နည်းလမ်း (၇၀) - အပိုင်း (၁)

၁။ အင်တာနက်မှာ အင်္ဂလိပ်ဘာသာနဲ့ ဘလော့ဂ် (အင်တာနက်မှတ်တမ်း) ရေးပါ။ အင်္ဂလိပ်ဘာသာနဲ့ ရေးတာ မဟုတ်ရင်တောင်မှ စာရေးရင်း ကိုယ့်အကြောင်းကိုယ်ဖော်ပြတဲ့အခါ၊ ဒါမှမဟုတ် စိတ်ပါဝင်စားတဲ့ အကြောင်းအရာတွေကို ဖော်ပြတဲ့အခါ ဘယ်လိုဝေါဟာမျိုး လိုအပ်တယ်ဆိုတာ သိလာမယ်။ သဒ္ဒါမှားမှာ စိုးရိမ်မနေဘဲ ရေးရဲလာမယ်။ လူအများစုမှာ ကြုံတွေ့ရတဲ့ ပြဿနာက ဘာရေးရမယ်ဆိုတာ မသိတဲ့ပြဿနာ ဖြစ်ပါတယ်။ နေ့စဉ်စာရေးဖြစ်အောင် ပေးလေ့ရှိတဲ့အကြံဥာဏ်က အင်္ဂလိပ်ဘာသာနဲ့ နေ့စဉ်မှတ်တမ်း ဒါမှမဟုတ် ဂျာနယ်ရေးခြင်းဖြစ်ပါတယ်။ အခုခေတ်နဲ့ ပိုပြီး ကိုက်ညီအောင် ဘလော့ဂ် ရေးနိုင်ပါတယ်။ လူကြိုက်များတဲ့ အကြောင်းအရာတွေကတော့ ဘာသာစကား သင်ကြားတဲ့အတွေ့အကြုံ၊ ပြည်ပမှာ စာသင်ရတဲ့ အတွေ့အကြုံ၊ နယ်မြေဒေသအကြောင်း၊ မိခင်ဘာသာစကားအကြောင်း၊ ဒေသသတင်းတွေကို အင်္ဂလိပ်ဘာသာနဲ့ ဘာသာပြန်ခြင်းတို့ ဖြစ်ပါတယ်။