Sunday, July 17, 2011

ဝါဆိုလပြည့်ကျော် ၁ရက် ရွှေတိဂုံစေတီတော်မှ ထူးခြားစွာ ကောင်းကင်ပေါ်တွင် အရိပ်ထင်

ဝါဆိုလပြည့်နေ့က ရွှေတိဂုံစေတီတော် နှစ် ၂၆၀၀ ပြည့် ဆီမီး ၂၆၀၀ ပန်း ၂၆၀၀ သစ်သီး ၂၆၀၀ ဆပ်ကပ်ပူဇော်ပွဲ အကြောင်း ကျွန်တော် "forever fiends" နဲ့ ဧဒင်ဥယျာဉ်မှာ စာတင်ခဲ့ပါတယ်။  ဘုရားရဲ့ နှစ်အတိကျကို ကျွန်တော်လဲ သေချာမသိပါဘူး။ ရန်ကုန်က သူငယ်ချင်းပြောပြလို့ ကျွန်တော်သိရသလို  ရွှေတိဂုံစေတီတော်နဲ့ ဝေးကွာ နေတဲ့ အဝေးရောက် ညီကိုမောင်နှမ သူငယ်ချင်းတွေအတွက် အသိပေးချင်စိတ်သက်သက်ပါ။ အမှားယွင်းတစ်စုံတစ်ရာပါခဲ့ ခွင့်လွှတ်ပေးဖို့တောင်းပန်ပါတယ်
နှစ် ၂၆၀၀ ပြည့်အထိမ်းမှတ်ပူဇော်ပွဲပုံတော်တွေကို ရန်ကုန်ကသူငယ်ချင်းအကူညီနဲ့ တင်ပေးလိုက်ပါတယ်။ ၀ါဆိုလပြည့်ကျော် ၁ရက်နေ့က ရိုက်ခဲ့တဲ့ပုံပါ။ connection အခက်ခဲကြောင့် ၂ပုံပဲ ကျွန်တော် တင်ပြနိုင်ခဲ့ပါတယ်။
ဒီပုံကတော့ ရွှေတိဂုံစေတီတော် နှစ်၂၆၀၀ပြည့်အတိမ်းမှတ် ပူဇော်ပွဲ ဆိုတာကို ဆိုင်းဘုတ်စာတန်းမှာ မြင်နိုင်ပါတယ်။
 
ဒီပုံကတော့တော်တော်ကိုထူးခြားပါတယ်။ ဘုရားရင်ပြင်တော်ပေါ်မှာ ည ၈လောက်က ကောင်းကင်ပေါ်မှာ  ရွှေတိဂုံ စေတီအရိပ် ထင်နေတုန်းရိုက်လို့ရခဲ့တာပါ။ အဲဒီချိန် ဘုရားပေါ်ရောက်နေတဲ့ သူတွေ အလုယက်ပူဇော်ကြ ဓာတ်ပုံရိုက်ကြနဲ့  ခဏပါပဲ ပြီးတော့မပေါ်တော့ပါဘူး။( အရင်ပုံမှန်ချိန်တွေ အဲလို ပေါ်မနေပါဘူးတဲ့ ) ကျွန်တော်ဖူးမြော်ရသလို ညီကိုမောင်နှမတွေ ဖူးမြော်ရအောင် တင်ပေးလိုက်ပါတယ်။.....  ဘယ်လို ဖန်တီးမှု့မျိုးမှမပါပါဘူး။ အဲချိန်ဘုရားရင်ပြင်တော်ပေါ်ရှိနေတဲ့ သူတွေလဲ ဒီဖြစ်စဉ်ကို မြင်တွေ့ကြမှာပါ။
 
connection အခက်ခဲကြောင့် ညီကိုမောင်နှမတွေအတွက် ဒီပုံတော်တွေကိုပဲ ဦးဦးဖျားဖျား တင်ပေးလိုက်ပါတယ်
ကျွန်တော့် သူငယ်ချင်းညီကိုမောင်နှမတွေအားလုံးနဲ့ လောကသက်ရှိအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ငြိမ်းအေးချမ်းသာရှိကြပါစေ။ မိသားစုတွေ မခွဲမခွာနဲ့ အပူပင်သောက ကင်းဝေးကြပါစေ...
(ကျွန်တော် Mail Box ထဲရောက်လာတဲ့ Forward Mail ကို သူငယ်ချင်းတို့အားလုံး ကြည်ညိုနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။)

 Posted by ဂျွန