Monday, July 18, 2011

ဦးခင်အောင် - ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ
Posted By မိတ္ထီလာGTI ကျောင်းသားပောာင်းတဦး

တရားဓမ္မ မမေ့ကြစေဖို့

    ကျွန်တော်တို့တွေ ရဲ့နေ့တဓူဝ ကိစ္စတွေမှာ စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာတွေများစွာနဲ့ လှုပ်ရှား ရုန်းကန်နေ ကြရတာတွေက များလှပါတယ်။ ဒီတော့ ကိုယ်အနားရတဲ့ အချိန်လေးတွေမှာ စိတ်အပန်းပြေမှုအတွက် ကိုယ်နှစ်သက်တာ လေးတွေလုပ်ပြီး Stress တွေကိုလျှော့ကြရပါတယ်။ ဒါဟာလည်း ကိုယ့်အလုပ်မှာ အောင်မြင်မှု အတွက်အထောက်အကူ ဖြစ်စေတာတော့ အမှန်ပါ။ ဗုဒ္ဒ္ဒ္ဓ္ဓ္ဓ္ဓ္ဓရဲ့အဆုံးအမ အတိုင်းကျင့်ကြံအား ထုတ်နေနိုင်ရင်တော့ ဒီသံသရာတင်သာမက၊ နောင်သံသရာအတွက်ပါ အင်မတန်မှ အကျိုးများလှပါတယ်။ အားတဲ့အချိန်မှာ ကျွန်တော်တို့အနေနဲ့ ဘုရားတရား မလုပ်ဖြစ်တာကများပါတယ်။ အောက်မှာဖော်ပြထားတဲ့ ပုံလေးကို တွေ့လိုက်တော့ ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ အတော်လေးပီတိဖြစ်မိတာ ကတော့ အမှန်ပါခင်ဗျာ။ တကယ်ကို မုဒိတာပွားမိပါတယ်။ ခေါင်းထဲမှာလည်း အသိဥာဏ်တစ်ခု လင်းလက်သွားပါတယ်။ ၎င်း သူငယ်ချင်းလို အင်မတန်မှ အလုပ်များလှသော သူပင် တရားဓမ္မကို အချိန်ရသခိုက် အကျိုးရှိအောင် လုပ်နေသကဲ့သို့ ကျွန်တော်တို့လို သူ့ထက်အချိန်ပေါများ သောသူတွေ အဖို့ ပိုပြီးအားထုတ် သင့်ပါကြောင်း နိဗ္ဗန်အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါတယ် ခင်ဗျာ။



Posted by MTLA GTI GROUP