Tuesday, January 31, 2012

မျက်ကပ်မှန် ပထမဆုံး တပ်ဖူးသွားတဲ့ ဆင်ကလေး

         
 ဒီဆင်မကလေးကတော့ ဟော်လန်နိုင်ငံ အမ်စတာဒမ်မြို့က Artis ဆိုတဲ့ တိရိစ္ဆာန်ရုံက မြန်မာဆင်မကလေးဖြစ်ပါတယ်။  ခုအချိန်မှာတော့ ဒီဆင်မလေးဟာ အသက် ၄၄ နှစ်ရှိနေပြီ ဖြစ်ပြီးတော့ တရိစ္ဆာန်ရုံကိုလာတဲ့ ကလေးတွေရဲ့ အချစ်တော် ဆင်မလေးလည်း ဖြစ်ပါတယ်။  ဆင်မလေးရဲ့ နာမည်ကတော့ ၀င်းသီတာပါ။ 
          ဆင်မလေးဟာ အခြားသော တရိစ္ဆာန်ရုံထဲမှာရှိတဲ့ ဆင်တွေနဲ့ ကစားနေတုန်း သူ့ရဲ့ ဘယ်ဘက် မျက်ကြည်လွှာဟာ ဒဏ်ရာရသွားခဲ့ပါတယ်။  ဒါကြောင့်ပဲ တရိစ္ဆာန်ရုံက ဆရာဝန်တွေဟာ ဆင်မလေးရဲ့ မျက်လုံးကို မျက်ကပ်မှန် တပ်ဆင်ခြင်းအားဖြင့် ဆင်ကလေးရဲ့ မျက်ကြည်လွှာ ထိခိုက်မှု့ဒဏ်ကို ကာကွယ်ပေးခဲ့တာပါ။
          ဒီလို တပ်ဆင်တဲ့နေရာမှာတော့ အခက်အခဲအနည်းငယ်ရှိပါတယ်။  ဒါကတော့ ဆင်တွေဟာ အသက်ရှုထိခိုက်မှု့မရှိပဲ ကြာရှည်စွာ လဲလျှောင်းလို့မရပါဘူးတဲ့။  ဒါကြောင့် ဆင်မလေးကို ထုံဆေးပေးထားသည့်တိုင်အောင် မတ်တပ်ရပ်လျှက်အနေအထားမှာ ဆရာဝန်တွေက လှေကားနဲ့ တပ်ပြီး မျက်ကပ်မှန် တပ်ပေးခဲ့ရတယ်လို့ဆိုပါတယ်။ 

          
          ခုတော့ ဒီဆင်မကလေးဟာ ပျော်ရွှင်နေပြီလို့ဆိုပါတယ်။  နောက်ပြီးတော့ မျက်ကြည်လွှာမှာ ဖြစ်တဲ့ ဒဏ်ရာကလည်းမျက်ကပ်မှန်ကကာကွယ်ပေးထားလို့မကြာခင်မှာပြန်လည် ကောင်းမွန်သွားမယ်လို့ဆိုပါတယ်။




 Source: http://blog-aunghtut.blogspot.com/

အားရစရာတွေ ပါလားကွယ်တို့

ရန်ကုန်မြို့တော်အား စီးပွားရေးမြို့တော်အဖြစ် တည်ဆောက်ရန် မြေအောက်မီးရထားလမ်းများ ထည့်သွင်းဖောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ဇန်နဝါရီ ၂၆ ရက်က နေပြည်တော်၌ ကျင်းပသည့် ပထမအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး၌ ရထားပို့ဆောင်ရေးဝန်ကြီးဌာနဝန်ကြီး ဦးအောင်မင်းက လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ မေးမြန်းချက်ကို ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့သည်။ “ရန်ကုန်မြို့ကို စီးပွားရေးမြို့တော်အဖြစ် ဖော်ဆောင်ဖို့အတွက် မြေပေါ်မြေအောက် မီးရထားလမ်းတွေထည့် သွင်းဖောက်လုပ်သွားမယ်။ ဒီစီမံကိန်းကို နိုင်ငံခြားပညာရှင်တွေ ရေးဆွဲနေပါတယ်” ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးအောင်မင်းက ပြောသည်။ ရန်ကုန်မြို့တော်အား အဆင့်မြင့်မြို့တော်အဖြစ် တည်ဆောက်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေပြီး ယာဉ်သွားယာဉ်လာ ရှုပ်ထွေးသည့် နေရာများအတွက် မိုးပျံတံတားများ ဖောက်လုပ်နိုင်ရန်လည်း ပြင်ဆင်နေပြီဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။
  
ခေတ်လူငယ်